← Chapters

အဲဒီဓား ကျိုးတော့မယ့် ပုံပဲ။

Vol. 87 Ch. 1209

အဲဒီဓား ကျိုးတော့မယ့် ပုံပဲ။

Vol. 87 Ch. 1209

( ဓားကို စမ်းကြည့် ရမှာလား။ )

လင်းယွန် ခမျာ၊ စိတ်မသက် မသာ ပြုံးလိုက် မိသည်။ နောက်ဆုံးတွင် လူတိုင်း မက်မောသည့် လောင်ကျွမ်းခြင်း ဓားကို ချိုးမိ ခဲ့၏။

ယင်းကြောင့် လျှပ်စီး တစ်ထောင် ဓား ကျိုးမည် ကိုလည်း၊ စိုးရိမ် သွားသည်။ အထက် ပါ အချင်း အရာကို၊ လူအများ ကလည်း၊ သိချင် နေပုံ ရ၏။

ထို့ကြောင့် လူတိုင်း ငြိမ်သက်စွာ အာရုံစိုက် နေ တော့သည်။

“ လျှပ်စီး တစ်ထောင် ကိုတော့ ... သူ မချိုးလောက် ပါဘူး။ ”

ကုန်းဟောက်ရန်မှ ပြုံးလျက် ပြော လိုက်သည်။

“ မင်း ... ပါးစပ် ပိတ်ထား။ ”

ကျောက်ယန်မှ အော်ငေါက် လိုက်၏။ လောင်ကျွမ်းခြင်းကို၊ လျှပ်စီး တစ်ထောင် ဓား နှင့်၊ ယှဉ်စရာ အကြောင်း မရှိချေ။

သူတော်စင် ရူရ် တစ်ရာမှာ၊ ရူရ် တစ်ထောင်နှင့် ယှဉ်နိုင် သည်ဟု၊ မည်မျှပင် ဆိုစေ ကာမူ၊ တစ်ရာ ဟူသည် တစ်ထောင် မဟုတ်ချေ။

ထို့ပြင် မို မျိုးနွယ်မှ ပြုလုပ် ထားသော လက်ရာ ဖြစ်သဖြင့်၊ သူတော်စင် တစ်ထောင်၏ တန်ဖိုးကို၊ နဂါး သွေးလွှတ်ကြော နယ်ပယ်မှ၊ ကျွမ်းကျင် သူပင်၊ စိတ်ဝင် စားပေ၏။

“ ဘာဖြစ် တာလဲ၊ လျှပ်စီး တစ်ထောင် ဓားကို၊ သူ ချိုးစရာ အကြောင်း မရှိ ပါဘူး၊ ငါက စကား အဖြစ် ပြောရုံ လေးပါ။ ”

ကုန်းဟောက်ရန်မှ စိတ် မဆိုးဘဲ၊ ပြုံးကာ ပြန်ပြော လာသည်။ လင်းယွန်၌ ဤသို့ လုပ်ရန် အကြောင်း ပြချက် မရှိဟု၊ ယုံကြည်၏။

ပတ်ဝန်းကျင်မှ လူတိုင်းက၊ ဖန်မိသားစု အပေါ်၊ အရှက်ခွဲ လိုသည့် ရည်ရွယ် ချက်ဖြင့်၊ လင်းယွန်မှ လောင်ကျွမ်း ခြင်းကို ဖျက်ဆီး ပစ်ခြင်းဟု၊ ယူဆထား ကြသည်။

“ ခစ် ခစ် ခစ် ... လူမိုက်တွေ ပါလား၊ လင်းယွန် ... နင် လျှပ်စီး တစ်ထောင် ဓားကို ယူပြီး၊ ချိုးပြ လိုက်စမ်းပါ၊ ဒါမှ ... နင့် ခန္ဓာက ဘယ်လောက် သန်မာလဲ ဆိုတာ၊ သူတို့ သိကြမှာ ... ။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍၊ လှမ်းပြော လိုက်သည်။ သို့သော် လင်းယွန်မှာ သူမ အပေါ်၊ အာရုံ မစိုက်နိုင် သေးချေ။

ဤဓားသည် ဖန်ရွှမ်ဇီမှ သွန်းလုပ် ထားသော၊ ဓား မဟုတ် သောကြောင့်၊ ကစားပြ နေစရာ မလိုဟု မြင်သည်။

သူ့ခန္ဓာ ကိုယ်မှာ ချွင်းချက် မရှိ၊ ဓားရှည် တိုင်းကို ချိုးပစ် နိုင်၏။ အရည်သွေး မြင့်မားလေ ကျိုးရန် အချိန် ပိုကြာလေ ဖြစ်သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ အဆုံး၌ ကျိုးမြဲ ဖြစ်သည်။ သို့သော် ရုတ်တရက် မို မိသားစုမှ သွန်းလုပ် ထားသော ဓားမှာ၊ မည်မျှ တောင့်ခံ နိုင်မည်ကို၊ သိချင် လာပြန်၏။

အဆုံးတွင် ဤဓားမှာ အဖိုးကြီးအား၊ ပြန်ပေးရမည့် ဓားမျှသာ ဖြစ်ပြီး၊ သူနှင့် မသက် ဆိုင်ချေ။ ထိုအတွေးက သူအား ပေါ့ပါး လာ စေသည်။

“ ဝှစ် ... ။ ”

စက္ကန့်ပိုင်း အတွင်း၊ လျှပ်စီး တစ်ထောင် ဓားထံ ပြေးကာ၊ လှမ်းဆွဲ လိုက်သည်။ ဓားထံမှ လေးပြင်း များဖြင့်၊ တွန်းထုတ် ခြင်းကို ခံလိုက် ရသေး၏။

ယင်းက လောင်းကျွမ်းခြင်း ဓားထက် တစ်ဆင့် မြင့်မားသော အနေ အထားတွင် ရှိမှန်း နားလည် လိုက်သည်။

သို့သော် မည်မျှ အားစိုက် စေကာမူ၊ ဓားကြီးမှာ၊ သူ့နောက် လိုက်ချေ။ ကျောက်တုံး ကျောက်ဆောင် ကြီး အလား၊ ငြိမ်သက် နေ၏။ ရှက်စရာ ပေပင်။

“ ဓားက လင်းယွန်ကို အသိ အမှတ် မပြုဘူး။ ”

“ ဘာလို့လဲ ကျင့်ကြံမှု အားနည်းလို့လား။ ”

ဖြစ်ပျက် နေသည်ကို ကြည့်ပြီး၊ လူတိုင်း သို့လော သို့လော ဖြစ်လာ၏။ လက်နက် များမှာ အဆင့် တစ်ခုသို့ ရောက်ပြီးနောက်၊ အတ္တဟု ခေါ်သည့် ဝိညာဉ်ကို၊ ရရှိမည် ဖြစ်သည်။

ထိုဝိညာဉ်က အသိ အမှတ် မပြုသော်၊ ဆွဲနိုင်မည် မဟုတ်ချေ။ ယင်းသည် လူအုပ်ကြီး အတွက်၊ ထူးဆန်း နေ၏။

လင်းယွန်သည် ဓားတာအို၌ ပြိုင်ဘက် ကင်းသော နားလည် နိုင်စွမ်း ရှိ၏။ အားမနာ စတမ်း ပြောရ ပါမူ၊ ပင်မ နတ်ဘုရား ကျွမ်းကျင် သူပင်၊ သူ့အား မယှဉ် နိုင်ချေ။

( ခရမ်းငယ် ... ဘာဖြစ် နေတာလဲ။ )

စိတ်ထဲမှ လှမ်းမေး လိုက်၏။

( စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒီဓားမှာ ခိုင်လုံတဲ့ သမိုင်းကြောင်း ရှိတယ် ... ၊ သူက နင့် လက်အောက် ဝင်လိုပုံ မရဘူး။ )

( ဒီလိုလား ... မင်းက၊ အဲဒီ အဖိုးကြီး လိုပဲ ဒေါသ တကယ်ကြီး တာပဲ၊ ငါ ... မင်းကို မဆွဲနိုင် ဖူးဆိုတာ မယုံဘူး။ )

အရာရာကို မထီ မဲ့မြင် ပြုနိုင်သော အဖိုးကြီး၏ ခပ်ရွဲ့ရွဲ့ ဒေါသအား သတိ ရကာ၊ လင်းယွန် တစ်ယောက် မခံချင် စိတ်များ တဖွားဖွား ဖြစ်ပေါ် လာသည်။

သူတော်စင် နဂါး ပညာရပ်ကို ဖြန့် ကျက်လျက်၊ နဂါး အမှတ် အသားအား ပွင့်စေ လိုက်၏။ ထို့နောက် နဂါး ရူရ် တစ်ရာ ပေါ်လာသည်။

လက်ထဲသို့ နဂါး ရူရ် များကို ရွေ့လိုက်ရာ၊ နဂါးလက် တစ်ဖက် အသွင် လေထဲ၌ ထွက်ပေါ် လာသည်။

ကောင်းကင်၌ လျှပ်စီးများ တဟုန်းဟုန်း တောက်လောင် လာပြီး၊ သဘာဝ ဖြစ်စဉ်များ ထင်ဟပ် လာ၏။

သို့သော် လင်းယွန်မှာ၊ နဖူးမှ ချွေးများ စီးကျ လာသည် အထိ၊ အားစိုက် သော်မှ ဓားကို ဆွဲမရ သေးချေ။

“ ချပ် ... ။ ”

အချိန် အတော် ကြာမှ သာလျှင်၊ တစ် လက်မခန့် ဆွဲထုတ် နိုင်ခဲ့၏။ ယင်းမှ စူးရှသော ဓား အလင်းများ ဖြာထွက် လာသဖြင့်၊ လူတိုင်း မျက်လုံး မှိတ်လိုက် ရသည်။

လေးလံ လွန်းသော ဖိအားကြောင့်၊ လူတိုင်း၏ ရင်၌ အကြောက် တရားကို၊ စတင် ခံစား လာရသည်။

“ ငါ့ရဲ့ ... ဓား ရည်ရွယ် ချက်ကို ထိန်း မရ တော့ဘူး … ။ ”

ကျောက်ယန်၏ ဓားရည်ရွယ် ချက်မှာ၊ လျှပ်စီး တစ်ထောင် ဓားထံသို့ ပြေးဝင် ဦးညွှတ် ချင် နေ၏။

ယင်းကို၊ သူ တစ်ယောက် တည်း၊ ခံစား နေရခြင်း မဟုတ်ချေ။ နဂါး သွေးလွှတ်ကြော နယ်ပယ် အောက်ရှိ ဓားသမားတိုင်း၊ ခံစား နေရခြင်း ဖြစ်သည်။

“ ဟိတ် ... ။ ”

လင်းယွန်မှ ကျယ်လောင်သော ကြုံးဝါးသံ ပြုလျက်၊ ဓားကို အဆုံးထိ ဆွဲထုတ် လိုက်တော့ သည်။

ဓားအိမ်မှ လွတ်သည်နှင့်၊ နေမင်းကြီး တစ်စင်း ကဲ့သို့၊ အလင်းများ ဖြာထွက် လာကာ၊ ကောင်းကင်၌ လျှပ်စီးများ လက်ကုန် တော့ သည်။

ထို့စဉ် ကြောက်မက်ဖွယ် ဖိအားမျိုး ထုတ်လွှတ် နေသည့်၊ ရူရ် တစ်လုံးက၊ လေထဲ ပျံဝဲ ထွက်ပေါ်၊ လာ၏။

“ ဒုန်း ... ။ ”

နဂါး သွေးလွှတ်ကြော အောက်ရှိ၊ အားနည်းသော ဓားသမား အချို့က ဖြူဖျော့ နေသည့် မျက်နှာဖြင့်၊ ထိုရူရ် ထံတွင်၊ ဒူးထောက် မိကြသည်။

ယင်းက ပြီးပြည့် စုံသော နတ် ရူရ် တစ်လုံး ဖြစ်၏။ ၎င်း စွမ်းအားမှာ တစ်စုံ တစ်ယောက်မှ၊ သူတို့ နှလုံးသားကို၊ ဆုပ်ကိုင်ထား သလိုမျိုး၊ တင်းကြပ် လာစေသည်။

“ နတ်ဘုရား ရူရ်။ ”

တစ်ချိန် တည်းမှာပင်၊ ဖန် မိသားစုမှ လွှဲပြောင်း ပေးရန်၊ ဆန္ဒ မရှိ ရသည့် အကြောင်း ရင်းကို၊ လူတိုင်း နားလည် သွား၏။

တစ်စုံ တစ်ယောက်သည် နတ် ရူရ် တစ်လုံးအား၊ ဓားပေါ်တွင် ရေးထွင်း နိုင်သော်မှ၊ ထိုစွမ်းအား၏ အသိမှတ် ပြုမှုကို ရယူကာ၊ ထုတ်လွှတ်ရန် လွယ်မည် မဟုတ်ချေ။

ထို့ကြောင့် လင်းယွန်အား အသိ အမှတ် မပြုခဲ့ သည်မှာ၊ သဘာဝ ပေပင်။ ဤ ဓားမှာ နတ်ဘုရား လက်ရာ ဖြစ်ရန်၊ အလား အလာ ရှိသည်။

ခရမ်းငယ်ပင် စိတ်လှုပ်ရှား စွာဖြင့်၊ အော်ဟစ် လိုက်သည်။ ရှေးဦးခေတ် အချိန် ကပင်၊ ပစ္စည်း များ၌ နတ်ဘုရား ရူရ် တစ်လုံးအား ရေးထွင်းရန် ခက်ခဲ ခဲ့၏။

ရွှေခေတ် ပြီးနောက် နတ်ရူရ် များမှာ၊ ပျောက်ကွယ် ကုန်ပြီး၊ ၎င်းတို့၏ စွမ်းအားကို ဆုပ်ကိုင် နိုင်သူ၊ အများ အပြား မရှိ တော့ချေ။

“ ဒီအဖိုးကြီး ကံကောင်း တယ် ... ၊ ဒါက တကယ် ကောင်းတဲ့ ဓားတစ်လက်ပဲ၊ ဓားသမား တိုင်းရဲ့ အိပ်မက်ကို သူ ရထားတယ်၊ ပြီးတော့ လျှပ်စီး ရည်ရွယ် ချက်သာ ဆုပ်ကိုင် ထားရင် ပိုပြီး၊ ကြောက်စရာ ကောင်းလိမ့်မယ်။ ”

လင်းယွန်က ဓားအား စိုက်ကြည့်ကာ၊ ရေရွတ် လိုက်သည်။ သူ သည်လည်း လျှပ်စီး၏ သဘော သဘာဝကို၊ နားလည် ထားကြောင်း သတိ ရလာသည်။

ဆိုလို သည်မှာ သူ၏ မိုးပြာ နဂါးဓား ရောင်ဝါမှာ၊ ဤဓားဖြင့် ဆိုသော်၊ အဆင့် သစ်သို့ ရောက်ရှိ သွားမည် ဖြစ်၏။

ထိုအတွေးက ဓားသေတ္တာ ထဲတွင်၊ ရှိနေသော ပန်းသင်္ချိုင်း ဓားကို၊ တုန်ခါလာ စေ သည်။ ယင်းသည် မနာလို ဖြစ်နေမှန်း၊ နားလည် လိုက်သဖြင့်၊ လင်းယွန်မှ ပြုံးမိ၏။

“ လျှပ်စီး တစ်ထောင် ဓားက၊ ကောင်းပါတယ်၊ ဒါပေမယ့် ... ငါက ပန်း သင်္ချိုင်း ဓားနဲ့၊ ပိုသင့် တော်တယ်။ ”

ပန်းသင်္ချိုင်း ဓားအား နှစ်သိမ့် ပြီးနောက်၊ သူ့အတွေး များအား ရှင်းထုတ်လိုက် မှသာလျှင်၊ ငြိမ်သက် သွားသည်။

“ မြန်မြန် ... ဓားကို ပစ်ချလိုက်၊ သူ ကျိုးတော့မယ်။ ”

ထိုစဉ် လေထု ထဲရှိ နတ် ရူရ်၌၊ အက်ကြောင်းများ ထင်လာ သဖြင့်၊ ခရမ်းငယ် ခမျာ ထိတ်လန့် သွား လေသည်။

( ထန် ... ထန် ။ )

လင်းယွန် တစ်ယောက် ထိတ်လန့် စွာနှင့်၊ ဓားအား လွှတ်ချရန် ကြိုးစား မိသည်။ သို့သော် ၎င်းဓားက သူ့လက်တွင် တွယ်ကပ်ကာ၊ ဒါန်တမ် ထဲရှိ ဓားကျိုးနှင့် ဒေါသ တကြီး တိုက်ခိုက် တော့၏။

ဒါန်တမ် အတွင်း၌၊ အချိန် အတော်ကြာ တိတ်ဆိတ် နေခဲ့သော၊ သံကြိုး ကိုးချောင်းပါ ဓား ကလည်း၊ တောက်ပသော အလင်းများ ထုတ်လွှတ်ကာ၊ တိုက်ခိုက် လာသည်။

“ ဖျစ် ... ။ ”

ထိုအလင်းက ယခင် လင်းယွန် အသုံးပြု ခဲ့ဖူးသော ငွေရောင် အလင်း ဖြစ်ပြီး၊ လေထဲရှိ လျှပ်စီး နတ် ရုရ်အား အက်ကြောင်းများ ထပ်မံ ထင်ဟပ် လာစေ၏။

သို့သော် လျှပ်စီး တစ်ထောင် ဓားမှ အလင်းများ ဖြာထွက်ပြီး၊ သူ့ကိုယ်သူ ကာကွယ် ရန်၊ ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ် အမျိုးမျိုး၊ ဖြစ်ပေါ် လာသည်။

ယင်းက ရက်စက် ကြမ်းကြုတ်သော သားရဲကြီး နှစ်ကောင်မှ၊ မျက်နှာ ချင်းဆိုင် တိုက်ခိုက် နေသကဲ့သို့၊ ခံစား ကြရ စေ၏။

လေးလံသော ဖိအားကြောင့်၊ ဒူးများ ကွေးညွှတ် လာပြီး၊ လူတိုင်း မြေပြင်ပေါ် ပြိုကျ ကုန်ကြ သည်။

လောဟွာက လင်းယွန်ကို သံသယ အတွေးဖြင့်၊ ကြည့်နေ လျက်မှ အကြီး အကဲ ပိုင်တင်း ပခုံး ပေါ်သို့၊ လက်တစ်ဖက် တင်လိုက်သည်။

သို့မှသာ ဖိအားများ ပျောက်ကွယ် သွားပြီး၊ အကြီးအကဲ ပိုင်တင်း တစ်ယောက် အသက် ဝဝ ရှူလာ နိုင်တော့၏။

“ သခင်ငယ် လော၊ ဒါ ... ဒါ ... ဘာဖြစ် တာလဲ။ ”

“ အဲဒီဓား … ကျိုး တော့မယ့် ပုံပဲ။ ”

လောဟွာမှ မရေ မရာ ပြန်ဖြေသည်။ ထိုစကားကြောင့် အကြီး အကဲ ပိုင်တင်း ခမျာ၊ နောက် တစ်ကြိမ် ဒူးများ ခွေကျ သွား၏။

၎င်းသည် နတ်ဘုရား ရူရ်ကို အမာခံ ပြုထားသော လျှပ်စီး တစ်ထောင် ဓား ဖြစ်၏။ ဓားကျိုး သွားပါက၊ ဂိုဏ်းချုပ်မှ မည်သို့ တုံ့ပြန် လာမည်ကို၊ မတွေး နိုင်တော့ချေ။

***

All Chapters