လိုက်ဖက် ညီသော စုံတွဲ။
Vol. 87 Ch. 1210
လောဟွာမှ အပ၊ လူတိုင်း လျှပ်စီး တစ်ထောင် ဓား၏ ဖိအားကို ရင်ဆိုင် ခဲ့ရသည်။ ယင်းမှာ ငွေဖြင့် ပေးဝယ်၍ မရသော ရတနာ ဖြစ်သဖြင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူကို၊ ဆွဲဆောင် နေသည်။
ဖန်ရွှမ်ဇီ သွန်းလုပ် ထားသော လောင်ကျွမ်းခြင်း ဓားမှာ၊ ဤဓားကို ယှဉ်နိုင် စရာ၊ အကြောင်း မရှိပေ။
ထို့ကြောင့် လျှပ်စီး တစ်ထောင် ဓား၊ ကွဲတော့ မည်ကို မြင်လိုက် ရသော အကြီးအကဲ ပိုင်တင်း ခမျာ၊ ပျော့ခွေ ကျသွားသည်။
လောဟွာပင် နာကျင် သွားရ၏။ ဓားကျိုး သွားသော် လင်းယွန် ကြိုးစားထား သမျှ၊ သဲထဲ ရေသွန် သကဲ့သို့၊ အချည်းနှီး ဖြစ်ရ ပေလိမ့်မည်။
လင်းယွန် ရင်အုံသို့၊ ဓား (၃) လက် ထုတ်ချင်းခတ် ဝင်ရောက်သော မြင်ကွင်းက စိတ်ထဲ စွဲထင် ကျန်ရစ်ဆဲ ဖြစ်သည်။
“ ဒီမှာ စောင့်နေ ... ၊ သွား ကြည့် လိုက် ဦးမယ်။ ”
လေဟွာမှ လက် နှစ်ဖက်ကို ဘယ်ညာ ဆန့်ထုတ်ကာ၊ ကောင်းကင်ပေါ် ခုန်တက်လျက် လင်းယွန်ထံ ဦးတည် လိုက်သည်။
“ သခင်ငယ် လော ... ။ ”
လင်းယွန်၏ လက်ရှိ အခြေ အနေကို မည်သူမျှ မသိနိုင် သောကြောင့်၊ ပိုင်တင်းက စိုးရိမ် တကြီး သတိ ပေးမိသည်။
လျှပ်စီး တစ်ထောင် ဓား သည်သာ လောင်ကျွမ်းခြင်း ကဲ့သို့ ပေါက်ကွဲ ပါက၊ ၎င်း၏ အဖျက် စွမ်းအားမှာ၊ နဂါး သွေးလွှတ်ကြော ကျွမ်းကျင် သူကိုပင်၊ သတ်ပစ် နိုင်သည်။
ထိုအချိန်တွင် လင်းယွန်မှာ လက်ရှိ အခြေအနေကို၊ ခက်ခက် ခဲခဲ ထိန်းချုပ် ထားရ လေသည်။ လျှပ်စီး တစ်ထောင် ဓား အနေဖြင့် စွမ်းအား အပြည့်ကို ထုတ်လွှတ် နိုင်၏။
ဒါန်တမ် အတွင်းရှိ ဓား မှာမူ၊ သံကြိုးမှ အလုံးစုံ လွတ်မြောက်ခြင်း မရှိသေး လေရာ၊ စွမ်းအား အပြည့်၊ မထုတ်လွှတ် နိုင်ချေ။
ယင်းက လင်းယွန်ကို ခေါင်းကိုက် သွားစေသည်။ ဤဓားသည် အဖိုးကြီး ကဲ့သို့ပင်၊ ဒေါသ ကြီးကြောင်း၊ ပို၍ နားလည် မိ၏။
ထို့ကြောင့် ဓားအိမ်ထဲ ပြန်၍ ထားလို သော်လည်း၊ လျှပ်စီး တစ်ထောင် ဓားမှာ အပြင်း အထန် ငြင်းဆန် နေပြီး၊ ဒါန်တမ် အတွင်းရှိ ဓားကို၊ ဆက်၍ ရန်ပြု တော့သည်။
“ ခရစ် ... ။ ”
နတ် ရူရ်ရှိ အက်ကွဲ ကြောင်းမှာ၊ တစ်စ တစ်စ ကြီးမားလာ သဖြင့်၊ စိုးရိမ် ပူပင် စိတ်များ အတိုင်း မသိ မြင့်တက် လာသည်။
နတ်ရူရ် ဟူသည် အချိန် အတိုင်း အတာ တစ်ခုသာ ရှိပါက၊ သူ့ကိုယ်သူ ပြန်လည် ပြုပြင် နိုင်လေသည်။
ကွဲထွက် သွားပါမူ၊ ဝိညာဉ် ပျောက်ဆုံး နေသော ရုပ်သေး ကဲ့သို့၊ မိုမိသားစု မှသာလျှင်၊ ပြန် အသက် သွင်းနိုင်မည် ဖြစ်သည်။
“ ဟိုင်း ... ရား ... ။ ”
ကျယ်လောင်သော ကြုံးဝါးသံ ပြုလျက်၊ ခန္ဓာကိုယ် အတွင်း ကျန်ရှိ နေသော ကြယ်မိစ္ဆာ ပန်း များ၏ စွမ်းအားကို ချက်ချင်း ထုတ်ယူ လိုက်သည်။
နဂါး အမှတ် အသား ပွင့်လာကာ၊ သူတော်စင် ရူရ် တစ်ရာ တောက်ပ လာ၏။ ထို့နောက် အမည်ခံ အရိယာ ကောင်းကင် ဓားအား၊ နဖူး၌ စုစည်း လိုက်သည်။
သို့သော် ကြယ်မိစ္ဆာ ပန်းနှင့် ဓားဆန္ဒမှာ ယခင် တိုက်ပွဲများ တစ်လျှောက် အသုံး ပြုထား သဖြင့်၊ အထွတ် အထိပ် အခြေ အနေ၌ မရှိ တော့ချေ။
ကွဲအက် လိုက် လာသော နတ် ရူရ်၏၊ ကွဲအက်မှု နှုန်း ကိုမူ၊ ချက်ချင်း နှေးကွေး သွား စေရန် လုံလောက်၏။ လင်းယွန်က အသက် ပြင်းပြင်း ရှူ လိုက်ပြီး၊
“ အနန္တဓား အဖြစ် ပေါင်းစည်းခြင်း။ ”
-ဟု အော်ဟစ် လိုက်သည်။
တိမ်လွှာဓား (၁၃) ကွက်၏ စစ်မှန်သော ဝိညာဉ် တော်ကို ထပ်မံ ဆင့်ခေါ် လိုက်သည်။ သို့မှ သာလျှင်၊ လျှပ်စီး တစ်ထောင် ဓားမှ ထုတ်လွှတ် ထားသော ဖိအားကို လျော့ကျ စေတော့၏။
သို့သော် လျှပ်စီး တစ်ထောင် ဓားမှာ၊ လက်လျော့ သွားခြင်း မရှိချေ။ တိုးကာ ဒေါသ ကြီးလာ တော့သည်။
“ ဘယ်လို ပြုမူ နေထိုင် ရမလဲ သင်ယူပါ။ ”
စွမ်းအား အပြည့် ထုတ်ကာ၊ လျှပ်စီး တစ်ထောင် ဓား၏ ထက်ရှ မှုကို၊ ဝါးမြိုရန် ကြိုးစား လိုက်သည်။
“ ဝှစ် ... ။ ”
သည့်နောက် နတ်ဘုရား ရူရ် အက်ကွဲမှု နှုန်းမှာ၊ လုံးဝ ရပ်သွားပြီး ဓားအိမ် အတွင်းသို့ ပြန်ဝင်သွား တော့သည်။
“ ဝေါ့ ... ။ ”
အကျိုးဆက် အနေဖြင့်၊ မျက်နှာ တစ်ခုလုံး ဖြူဖျော့လျက်၊ လင်းယွန် ခမျာ ပါးစပ် အပြည့် သွေး အန်ချ လိုက်ရသည်။
ကောင်းကင်ရှိ အပြာရောင် ဓားရိပ်မှာ၊ တဖြည်းဖြည်း မှုန်ဝါး လာသည်။ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့၊ ရောက်ရှိ သော်မှ၊ စစ်မှန်သော ဝိညာဉ် တော်အား၊ နှစ်ကြိမ် တိုင်တိုင် သုံးရန်၊ လုံလောက်ပုံ မရချေ။
သွေးသား စွမ်းအင် ကုန်ဆုံး မှုမှာ၊ ကြောက်စရာ ကောင်းချေ ၏။
“ သေစမ်း ... ၊ ဒါ ... ငါ့ အကြောက်ဆုံး အရာပဲ၊ လျှပ်စီး တစ်ထောင် ဓားသာ ကျိုးသွား ခဲ့ရင်၊ ဘယ်လောက်တောင် နာကျင်ရ မလဲ။ ”
ခရမ်းငယ်မှ နှမျော တသ စွာဖြင့်၊ ပြော လိုက်သည်။ သို့သော် တစ်စုံ တစ်ရာ မှားယွင်း နေမှန်း၊ ရုတ်တရက် သတိ ထားမိ လာပြီး၊
“ လင်းယွန် ... ဘာဖြစ် နေတာလဲ၊ မကြောက်နဲ့ ငါ ရှိတယ်။ ”
-ဟု သတိပေး မိတော့သည်။
သို့သော် ကြိုးပြတ် သွားသော စွန် တစ်ကောင် ကဲ့သို့၊ လင်းယွန် ခန္ဓာ ကိုယ်မှာ၊ ကောင်းကင်မှ ပြုတ်ကျ သွားလေသည်။
ဤအမြင့်မှ ပြုတ်ကျ ပါက၊ သေရန် လုံလောက် လေသည်။ ကျင့်ကြံမှု သမိုင်းတွင်၊ ကောင်းကင်မှ ပြုတ်ကျ သေဆုံးသော ပါရမီရှင် အဖြစ်၊ ဦးစွာ မှတ်တမ်းဝင် သွားမည် ဖြစ်သည်။
သိုသော် လေပြေများ ဖြတ်တိုက် လာပြီး၊ လောဟွာမှ သူ့အား ဖမ်းလိုက်၏။
“ မင်း ... ဒီကို ဘယ်တုန်းက ရောက်လာ တာလဲ။ ”
ပိတ်စဖြင့် ကွယ်ထားသော လောဟွာ မျက်နှာကို မော့ကြည့်ကာ၊ လင်းယွန်မှ မေးမြန်း လိုက်သည်။
“ ငါ ... အရမ်း နာကျင် ရတယ် ... ။ ”
လောဟွာမှ ပြန်ဖြေ၏။ မျက်ဝန်း များကို မမြင်ရ သော်လည်း၊ နီထွေး နေသော နှုတ်ခမ်း တစ်စုံကြောင့်၊ ယင်းမှာ အမှန် ဖြစ်ကြောင်း၊ နားလည် လိုက်သည်။
“ အဆင် ပြေပါတယ် ... ၊ ခဏလောက် အနားယူ ပြီးရင်၊ ငါ သက်သာ သွားမှာပါ။ ”
လင်းယွန်မှ ငြိမ်းအေးခြင်း ဆေးလုံး၏ နောက်ဆုံး အာနိသင်ကို ချေဖြတ်ရန်၊ အသက် ပြင်းပြင်း ရှူကာ၊ ပြုံးပြ လိုက်သည်။
“ ငါ ဒီမှာ ... ၊ မနေချင် တော့ဘူး။ ”
လောဟွာမှ ဆို၏။ သူမ အနေဖြင့် ဤ ပတ်ဝန်းကျင်ကို မုန်းတီး ချေ၏။ ဖန် မိသားစုကို ရွံရှာကာ၊ ဓားခန်းမအား မမြင်လို တော့ချေ။
“ ဒါဆို ... ၊ သွား ရ အောင်။ ”
မြေပြင်သို့ ရောက် သည်နှင့်၊ လျှပ်စီး တစ်ထောင် ဓားကို၊ ဘယ်လက် ပြောင်းကိုင် လိုက်ကာ၊ လောဟွာ ရင်ခွင် ထဲမှ ခုန်ဆင်း သည်။
သည့်နောက် လောဟွာထံ ညာလက် ကမ်းပေး လိုက်၏။
“ ကောင်းပြီ ... ၊ ငါ နားထောင်မယ်။ ”
လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ပြီး၊ လောဟွာမှ ပြုံးသည်။
“ လာ ... ။ ”
နွမ်းနယ်နေ သော်လည်း၊ လောဟွာ လက်အား စွဲကာ၊ အဝေးသို့ ပျံသန်း လိုက်၏။ ဤအချိန်တွင် နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားမှာ၊ ထူးထူး ခြားခြား ရောင်ဝါများ ထွက်နေ သည်ဟု ထင်လာ ကြသည်။
ယင်းက ဆန့်ကျင်ဘက် လိင် အပေါ်၊ လွှမ်းမိုး နိုင်သော အသွင် အပြင်မျိုး ဖြစ်လာပြီး၊ လောဟွာနှင့် လိုက်ဖက် သည်ဟု၊ ခံစား လာရ စေ၏။
အပြာရောင် ဓားကြီး ပျောက်ကွယ် သွား ချိန်၌၊ လင်းယွန်တို့ စုံတွဲမှာ လူတိုင်း မြင်ကွင်းမှ ပျောက်ကွယ် နေပြီ ဖြစ်သည်။
အကြီး အကဲ ပိုင်တင်းမှာ ကြည်နူးဖွယ် ကောင်းသော မြင်ကွင်း အတွင်း၊ နစ်မြုပ် နေရာ မှ ပြန်၍ သတိဝင် လာ၏။ သူ့အား ဤသို့ မေ့သွား လိမ့်မည်ဟု၊ မထင်ထား မိချေ။
“ ဒီလိုပဲ ... ထွက်သွား ကြတော့ မို့လား။ ”
ကောင်းကင်ပေါ် ခုန်တက်ကာ၊ အပြေး လိုက်သွား မိသည်။ သို့သော် အနား မကပ် ရဲဘဲ၊ အကွာ အဝေး တစ်ခု၊ သတ်မှတ် ထား၏။
သူ့ နည်းတူ ကျောက်ယန်နှင့်၊ ယဲ့ဖေးဖန် မှာလည်း၊ လုံလောက်သော အကွာအဝေး တစ်ခု ခြားကာ၊ နောက်ဆုံးမှ လိုက်ပါ လာလေသည်။
ဓားညီလာခံ အပြီးတွင်၊ ဖန် မိသားစုမှာ အရှုပ် အထွေးများ ရှင်းရန် လိုသဖြင့်၊ သူတို့ ဆက်နေ စရာ အကြောင်း မရှိပေ။
လက်ရှိ အချိန်တွင်၊ လင်းယွန်မှာ နူးညံ့သော လက်တစ်စုံကို မနာ လိုဖွယ်၊ ဆုပ်ကိုင် ထားနိုင် သော်လည်း၊ ရှေ့၌ သူ့အား စောင့်ကြို နေမည့်၊ ပြဿနာ များစွာ ရှိနေ ပေသည်။
လျှပ်စီး တစ်ထောင်ဓား နှင့်အတူ အသက် ရှင်လျက်၊ ထွက်ခွာ သွားရန်မှာ ထင် သလောက် အေးချမ်းမည် မဟုတ်ချေ။
“ ဝှစ် ... ။ ”
ဖန် စံအိမ်နှင့် ဝေးရာသို့ ရောက်ချိန်၌၊ လင်းယွန်တို့ နှစ်ဦးမှာ ကောင်းကင်မှ ဆင်းသက် လိုက်ပြီး၊ ပြန်၍ လှည့်ကြည့် သည်။
ထိုအရပ်၌ လင်းယွန် တစ်ယောက် နာကျင်ဖွယ် ဒုက္ခကို ခံစား ခဲ့ရသည်။ ယင်းက နောက် တစ်ကြိမ် မမြင်ချင် လောက် အောင်ပင်၊ လောဟွာ ရင်အား နာကျင် စေ၏။
“ တစ်ညလောက် အနားယူ သင့်တယ်။ ”
လောဟွာက လက်ကို လွှတ် ပြီးနောက်၊ လင်းယွန် ခန္ဓာကိုယ် ပေါ်ရှိ၊ ဒဏ်ရာ များအား စစ်ဆေး လိုက်သည်။
လက်ရှိ အချိန်၌ သူ သည်လည်း၊ ပင်ပန်း နွယ်နယ်မှုကို ခံစား နေ ရပြီ ဖြစ်ရာ၊ လင်းယွန်မှ ခေါင်းညိတ် ပြလိုက်၏။
ငြိမ်းအေးခြင်း ဆေးလုံးဖြင့် ထိန်းထား နိုင်သော်လည်း၊ အကျိုး သက်ရောက် မှုမှာ၊ လျော့နည်း သွားပြီ ဖြစ်သည်။
“ အကြီး အကဲ ပိုင်တင်းကို စောင့်ရအောင်။ ”
လင်းယွန်မှ အကြီး အကဲ ပိုင်တင်းနှင့် ဆွေးနွေး စရာ အချို့ ရှိနေသေး သောကြောင့်၊ နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“ ဝှစ် ... ။ ”
ခဏ အကြာတွင် သက်တောင့် သက်သာ အပြုံးနှင့်၊ အကြီး အကဲ ပိုင်တင်း တစ်ယောက် ကောင်းကင်မှ ဆင်းသက် လာ၏။
“ မင်းတို့ နှစ်ယောက် ... အဆင် ပြေတဲ့ အတွက် ဝမ်းသာ ပါတယ်။ ”
အကြီးအကဲ ပိုင်တင်းမှ လျှပ်စီး တစ်ထောင် ဓားထံ အကြည့် ရွေ့လိုက်ပြီး၊
“ အိုး ... ဒီဓားက မကျိုး ဖူးပဲ။ ”
-ဟု ပြုံးရွှင်စွာ ဆိုလာ တော့၏။
“ အင်း ... မကျိုးဘူး၊ ဒါပေမယ့် ... နတ်ဘုရား ရူရ်က ပျက်စီး သွားပြီး၊ သူ့ကိုယ်သူ ပြုပြင်ဖို့ အချိန် လိုဦးမယ်။ ”
နတ်ဘုရား ရူရ်နှင့် သူတော်စင် ရူရ်မှာ၊ မတူချေ။ သူတော်စင် ရူရ်တွင် အသိဉာဏ် မရှိ သောကြောင့် ပြုပြင်ရန်၊ ဝိညာဉ် ရေးရာ ဆရာ သခင်များ လိုအပ်သည်။
နတ်ဘုရား ရူရ် မှာမူ၊ အသိဉာဏ် အချို့ ရှိပေ၏။ ထို့ကြောင့်ပင် ရှေးဦးခေတ်မှ စကာ ယခု အချိန်ထိ၊ နတ်ရူရ် များကို ထိန်းသိမ်း ထားနိုင်ခြင်း ဖြစ်သည်။
“ ကောင်းတယ် ... ၊ ဘာပဲ ဖြစ်ဖြစ် ဂိုဏ်းချုပ်ကို တင်ပြ ရမယ်၊ သူ့ဆီက အမိန့်ကို စောင့်ရင်း၊ ဟွမ် မိသားစု စံအိမ်မှာ၊ ငါတို့ တစ်ည နေရအောင်။ ”
ဖန် မိသားစုမှာ သူ့အား လွှတ်ထားမည် မဟုတ်ကြောင်း၊ နားလည် သဖြင့် လင်းယွန် ခမျာ၊ အတွေးနက် သွား၏။
ထို့အပြင် အခြားသော ကြားဖြတ် လုယက် ယူငင် ချင်သော သူများလည်း ရှိနေ နိုင်ပေမည်။
“ အပြာရောင် စံအိမ်ရဲ့၊ အဆင့် သတ်မှတ်ချက် ပြိုင်ကို၊ ဘယ်လို သဘော ရလဲ။ ”
လင်းယွန် မေးခွန်းကြောင့်၊ အကြီး အကဲ ပိုင်တင်း မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊
“ အင်ပါ ရီယန် တစ်ပါး မဟုတ် သေးရင်၊ မစဉ်း စားတာ ပိုကောင်းမယ်၊ နက္ခတ် အဆင့်က ကျွမ်းကျင်သူ တွေနဲ့၊ ယှဉ်ပြိုင်ဖို့ ဆိုတာ ခက်ခဲ ပါတယ်။ ”
အကြီး အကဲ ပိုင်တင်း မမှားချေ။ ဓားညီလာခံတွင် အောင်မြင် ရသည့် အကြောင်း အရင်းမှာ၊ လူတိုင်း ကောင်းကင် ဝိညာဉ်သို့ ကန့်သတ် ထားခြင်းကြောင့် ဖြစ်သည်။
မူလ ကျင့်ကြံမှု အတိုင်းသာ ဆိုပါက ကုန်းစွန်းယန် မဆိုနှင့်၊ ဖန်ရှောင်းယန် ကိုပင် နိုင်ယူ နိုင်မည် မဟုတ်ချေ။
“ စိတ်မပူနဲ့ ... မနက် ဖြန်ဆို၊ အင်ပါ ရီယန် နယ်ပယ်ကို ရောက်လိမ့်မယ်။ ”
ကောင်းကင် ဝိညာဉ် နယ်ပယ်၌၊ အချိန် အတော်ကြာ နေခဲ့ပြီး ဖြစ်ရာ၊ ဓား ညီလာခံမှ ရသော အတွေ့ အကြုံ များကို၊ ရိတ်သိမ်း ချေဖျက်ရန်၊ အချိန် ကျပြီ ဖြစ်သည်။
“ ဒါက နည်းနည်း အလျင်လို နေလားလို့။ ”
အကြီး အကဲ ပိုင်တင်းမှ စိုးရိမ်စွာ သတိပေး လိုက်သည်။
“ ညီအစ်ကို လင်း။ ”
“ အစ်ကို လင်း ... ။ ”
ရုတ်တရက် ပုံရိပ် နှစ်ရိပ်၊ ကောင်းကင်မှ ဆင်းလာပြီး ပြုံးကာ၊ နှုတ်ဆက် တော့သည်။ ၎င်းတို့ နှစ်ဦးမှာ သဘာဝ အတိုင်း၊ ကျောက်ယန်နှင့် ယဲ့ဖေးဖန် ဖြစ်၏။
***