← Chapters

အတွေးများ ရှုပ်ထွေး လာခြင်း။

Vol. 87 Ch. 1211

အတွေးများ ရှုပ်ထွေး လာခြင်း။

Vol. 87 Ch. 1211

လင်းယွန် အနေဖြင့် ကျောက်ယန် လိုက်ပါလာ ခြင်းကို နားလည် နိုင်သော်လည်း၊ ယဲ့ဖေးဖန် ကိုမူ တွေး မရချေ။

“ လင်းယွန် ... ၊ မင်း ဘယ်တော့ ထွက်ဖို့ စိတ်ကူး ထားလဲ။ ”

ကေျာက်ယန်မှ လောဟွာအား သိလို သိငြား တစ်ချက် တစ်ချက် ခိုးခိုး ကြည့်ကာ၊ မေးမြန်း လာသည်။

“ မနက်ဖြန် ... ။ ”

လင်းယွန်မှ ပြန်ဖြေ လိုက်၏။

“ လူတော်တော် များများက လျှပ်စီး တစ်ထောင် ဓားကို လိုချင် နေတယ်၊ လွယ်မှာ မဟုတ်ဘူး ... ။ ”

ကျောက်ယန်က ဆို၏။ ၎င်းကို သူသိ လေသည်။ အဖိုးကြီး၏ လုပ်ရပ်မှာ အဓိပ္ပါယ် မရှိ ချေ။

သူ့အား ဘေးကင်းစွာ ခေါ်ထုတ် ပေးရန်၊ အစီစဉ် မရှိ သည့်နောက်၊ ဤဓားအား ပြန်ယူ သွားရန်၊ ခက်ခဲ ပေမည်။

“ ရိုင်းပြတဲ့ အတွက် တောင်းပန် ပါတယ်၊ ဒါပေမယ့် မင်းရဲ့ နောက်ခံကို သိခွင့် ရှိမလား၊ အမှန်တော့ ရှေးဟောင်း သူတော်စင် မျိုးနွယ်စု တေွက၊ အရှေ့ဘက် ပျက်သုဉ်း နယ်မြေမှာ ရှားပါး ကြပါတယ်။ ”

အဆုံးတွင် ကျောက်ယန် ခမျာမှာ သည်းမခံနိုင် တော့ဘဲ၊ လောဟွာကို ပွင့်ပွင့် လင်းလင်း မေးမြန်း တော့သည်။

“ ငါ မပြော နိုင်ဘူး။ ”

ကျောက်ယန်၏ စကား အဓိပ္ပာယ်မှာ ရှင်းချေသည်။ သူမ နောက်ခံ ကိုသာ ထုတ်ဖော် လိုက်ပါက၊ လျှပ်စီး တစ်ထောင် ဓား နောက်သို့ မည်သူမျှ လိုက်ဝံ့ တော့မည် မဟုတ်ပေ။

သို့သော် လောဟွာမှာ သူ့ထက် ပြတ်၏။ လင်းယွန်မှ လွဲ၍ မည်သူ့ ကိုမျှ၊ အရော တဝင် မလုပ် ချင်ကြောင်း၊ သိသာ နေသည်။

“ ဒါဆို ... ဂရု စိုက်ပါ အစ်ကို လင်း၊ အပြာရောင် ကျောက်တုံး မြို့မှာ၊ ငါ့ရဲ့ ကျောက် မိသားစု ကူညီပေး နိုင်တာ ဘာမှ မရှိ ပါဘူး။ ”

ကျောက်ယန်က ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ကာ လင်းယွန်နှင့် အမှတ် အသားခြင်း လဲလှယ် သွားသည်။

ခွန်လွန်၌ အလင်း ဟူသော သူတော်စင် ရူရ်ကို ရေးထွင်း ထားသည့်၊ ကျောက်စိမ်းတုံး များ သာလျှင်၊ မိုင်ထောင် ချီသော အကွာ အဝေးကို၊ သတင်းများ ပေးပို့ နိုင်မည်။

“ အဟီး ... အစ်ကို လင်း ... ၊ ငါက ကောင်လေး ဖန်ပါ၊ ကျောက်စိမ်း တုံးခြင်း ဖလှယ် ရအောင်၊ ဘယ်သူ သိမှာလဲ၊ ငါတို့ အနာဂတ်မှာ ပြန်ဆုံနိုင် မလား ဆိုတာ။ ”

ယဲ့ဖေးဖန်က သူ၏ ကျောက်စိမ်း တုံးကို ကမ်းပေး လျက်မှ ပြောလာသည်။ ယဲ့ဖေးဖန်၏ အပြု အမူများ အရ၊ သာမန်လူ မဟုတ်ကြောင်း ပြောနိုင်၏။

ဓား ညီလာခံသို့ တက်ရောက် ရသည့်၊ ရည်ရွယ် ချက်ကို မသိ သော်လည်း၊ သင်္ကေတ လဲလှယ်ရန် ကိုမူ၊ သဘောတူ လိုက်သည်။

“ ဒါဆို ... ငါ သွားတော့မယ်၊ အစ်ကိုလင်း။ ”

လင်းယွန် အပေါ် စိုးရိမ် ပေးခြင်းမျိုး မရှိ ခဲ့ဘဲ၊ ပြုံးလျက် နှုတ်ဆက် သွားသည်။ သူတို့ နှစ်ဦး ထွက်သွား ပြီးနောက်၊ လင်းယွန်က ပိုင်တင်းဘက် လှည့်ကာ၊

“ မနက်ဖြန် ... ၊ အပြာရောင် စံအိမ်ရဲ့ ပြိုင်ပွဲနေ့ မဟုတ်လား၊ ကြယ်ငှက်က အချိန်မီ သွား နိုင်ပါ့ မလား။ ”

“ ဒါက အနည်းဆုံး နှစ်ရက်နဲ့၊ နှစ်ည လောက်တော့ ကြာလိမ့်မယ်၊ မတော် တဆ ဖြစ်ရပ်တွေ ရှိလာရင်၊ သုံး- လေးရက် အထိ ကြာနိုင်တယ်။ ”

ပိုင်တင်းမှ ခေါင်းကုတ်လျက် ပြန်ဖြေသည်။

ပထမ ကောင်းကင် ကို ကျော်လွန်သွား သည်နှင့်၊ အဆို စလောက်သော အဟန့် အတား များ၊ ရှိလာတတ် သည်မှာ သဘာဝ ပေပင်။

အန္တရာယ် ပေးနိုင်သော မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များနှင့် နတ်ဆိုး သားရဲ များရှိရာ အရပ် ဖြစ်သည်။

“ စတုတ္ထ ကောင်းကင် ကနေ ဆိုရင်တော့ အချိန်မီ ပါတယ်။ ”

လောဟွာမှ ဝင်ပြောသည်။ ထိုစကားကို ကြားသော အခါတွင်၊ လင်းယွန် မျက်လုံးများ တောက်ပ သွား၏။

စတုတ္ထ အလွှာမှ သွားနိုင်သော်၊ အကွာ အဝေးအား၊ လေးဆ အထိ လျော့ပါးစေ နိုင်မည် ဖြစ်သည်။ လမ်းခရီး အဆင် မပြေမှုများ ရှိ လျှင်ပင်၊ တစ်ရက် အတွင်း ရောက်နိုင်၏။

“ စတုတ္ထ အလွှာ ကနေလား။ ”

၎င်းသည် မယုံနိုင် စရာ ကောင်းအောင် အန္တရာယ် များလွန်း သောကြောင့်၊ အကြီး အကဲ ပိုင်တင်း ခမျာ၊ မျက်လုံးပြူး သွား၏။

စတုတ္ထ အလွှာတွင် နေထိုင် နိုင်သော နတ်ဆိုး သားရဲ များမှာ၊ ရိုင်းစိုင်း ကြမ်းကြုတ် ပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ ကိုပင်၊ ဒုက္ခပေး နိုင်၏။

“ ငါ ... စဉ်းစား လိုက်ဦးမယ်၊ လင်းယွန် သွားပြီး အနားယူ လိုက်ပါ ... ၊ အင်ပါ ရီယန်ကို တက်လှမ်းဖို့ ကိုသာ အာရုံ စိုက်ထား။ ”

လောဟွာမှ ပိုင်နိုင်သော အမူ အရာနှင့်၊ ပြောလာ လေသည်။ ထို့ကြောင့် လင်းယွန် ခမျာ စိတ် သက်သာရာ ရသွားပြီး၊ ခေါင်းညိတ် လိုက်၏။

သုံးယောက်သား ဟွမ် မိသားစု စံအိမ်သို့ ပြန်လာ ခဲ့သည်။ သည့်နောက် ခြံဝင်း တစ်ခုပါ အိမ် တစ်လုံးကို၊ တောင်းဆို လိုက်၏။

အဆင့် ချိုးဖြတ်ခြင်း မပြုမီ၊ လင်းယွန် အတွက်၊ အပြည့် အဝ ပြန်လည် ကောင်းမွန်ရန် လိုပေမည်။

အကြိမ် များစွာ စားသုံး ခြင်းဖြင့် ဆေးလုံး များ၏၊ အကျိုး သက်ရောက် မှုများမှာ၊ ကျဆင်း တတ်လေသည်။

အတိတ် ကာလ များ၌ ငြိမ်းအေးခြင်း ဆေးလုံးကို သောက်သုံး လိုက် ပါက၊ အထွတ် အထိပ်သို့၊ ချက်ချင်း ပြန်ရောက် ခဲ့သည်။

ယခုမူ သုံးကြိမ်မြောက် စားသုံးခြင်း ဖြစ်လေရာ၊ ထိုသို့ မရနိုင် တော့ချေ။ တစ်နာရီ အကြာတွင် မျက်လုံး ဖွင့်ကာ၊ အသက် ရှူထုတ် လိုက်၏။

ဒဏ်ရာ များမှ၊ ပြန်လည် ကောင်းမွန် လာသည်သာ မက၊ ဓား ပိုးအိမ်ပင် အက်ကွဲပြီး၊ ရွှေရောင် အငွေ့ အသက်များ စိမ့်ထွက် လာသည်။

သို့သော် ယင်း အက်ကွဲ ကြောင်းသည်၊ သေးငယ်လှ ပြီးဖြစ်ရာ၊ ဖြစ်စဉ်က လျင်မြန်စွာ ရပ်သွား ခဲ့၏။

“ ဟမ့် ... ။ ”

ပိုးအိမ် ကွဲရန် နှစ်ဝက်လောက် စောင့်ရ မည်ဟု ထင်ထား သော်လည်း၊ ဤအတိုင်းသာ ဆိုပါက၊ နှစ်လမှ သုံးလ အတွင်း ကွဲနိုင်၏။

အရိယာ ကောင်းကင် ဓားကို ရရန်၊ သုံးလသာ လိုတော့ သည်ဟု အဓိပ္ပါယ် ရသည်။ ဓားညီလာ ခံသို့ တက်ရောက် ခြင်းသည် မှန်ကန်သော ရွေးချယ်မှု ဖြစ်လာ လေပြီ။

အသက်နှင့် သေခြင်းအား အကြိမ်ကြိမ် ရင်ဆိုင်ရ စေသော အစီရင် သုံးရပ်ကိုသာ၊ ထိုသို့ ရင်ဆိုင် ရခြင်း မရှိ ပါက၊ အရိယာ ကောင်းကင် ဓား ရရှိရန်၊ ခြောက်လ ကြာမည် ဖြစ်သည်။

ထို့ကြောင့် လျှပ်စီး တစ်ထောင် ဓားကို အဘယ်ကြောင့် ရယူ ခိုင်းခဲ့ သည်ကို၊ အဆုံး၌ နားလည် လာ၏။ သူ့တွင် ပြီးပြည့် စုံသော ကောင်းကင်ဓား ရှိသည်ကို ထိုအဖိုးကြီးမှ သိ၏။

နားလည်မှု အတွက်၊ သူ့ကိုယ်သူ အားကိုး ရမည် မှန်သော်လည်း၊ အောင်မြင်မှု ရယူရန် မူ၊ တိုက်ပွဲ အတွေ့ အကြုံများ လိုအပ် လေသည်။

( ဒါကြောင့် ငါ့ကို ဓား ယူခိုင်းလိုက် တာလား။ )

လင်းယွန်မှာ အတွေး ပေါက် သွား၏။ အဖိုးကြီး အနေဖြင့် လျှပ်စီး တစ်ထောင် ဓားကို အမှန် တကယ် ရယူလို ပါက၊ သူ့ အင်အားနှင့် သိမ်းယူ နိုင်မည် ဖြစ်သည်။

ကျင့်ကြံမှုမှာ နဂါး သေွးလွှတ်ကြော နယ်ပယ်တွင် ဖြစ်သော်လည်း၊ လူတိုင်းထက် များစွာ သန်မာသည်။ လျှပ်စီး တစ်ထောင် ဓားသာ ပြန်ရ သွားသော်၊ ပြိုင်ဘက်ကင်း နေမည်မှာ သေချာ၏။

“ ငါ ... သူ့ကို အထင်လွဲ သွားပြီ ထင်တယ်။ ”

သက်ပြင်း ချကာ ညည်းတွား လိုက်မိ လေသည်။ ယဲ့ဇီလင် သည်လည်း၊ အလားတူ အတွေ့ အကြုံမျိုး လိုအပ် နေမှန်း သိသာ၏။ သို့သော် အဖိုးကြီးမှာ သူ့ အပေါ် ဘက်လိုက် ပေးခဲ့သည်။

ထိုအချိန်တွင် နဂါးလေးနှင့် ခရမ်းငယ်တို့၊ ဝင်ရောက် လာသည်။ ခရမ်းငယ်က ကုလားထိုင် တစ်လုံး၌ ဝင်ထိုင်ကာ၊ လင်းယွန်အား လမ်းညွှန် ပေးရန်၊ စစ်ဆေး လိုက်၏။

“ နင့် ... ဒဏ်ရာက သက်သာ လာပြီလို့ ... ၊ ငါ ထင်တယ်၊ အင်ပါ ရီယန် ရောက်ဖို့ ပြင်ဆင် ရအောင်။ ”

လင်းယွန်မှ ပြုံးလျက်၊ သူ့အတွေး များကို ပြန်လည် ပြောပြ လိုက်သည်။ ခရမ်းငယ် ခမျာ အနည်းငယ် စဉ်းစား သွားပြီး၊

“ နင့် ... အထင် မှန်နိုင်တယ် ... ၊ ဒီအဖိုး ကြီးက၊ နင့်ကို သေခြင်း တရားနဲ့ ...၊ ကြုံတွေ့ စေချင် ပုံပဲ၊ ဓားထက် နင့်ကို၊ ပို တန်ဖိုးထား နေတာ၊ သိ သာတယ်။ ”

-ဟု ပြောလာ တော့သည်။

ဤတစ်ကြိမ် အဖိုးကြီး အပေါ် ကြီးကြီး မားမား ပြစ်မှား မိခဲ့ ချေပြီ။ ထို့ပြင် ယဲ့ဇီလင်ကို ထုတ် မပြောမိ ခဲ့သဖြင့်၊ သူတို့ ဆက်ဆံရေး သည်လည်း ထိခိုက် နိုင်သည်။

“ ဝှစ် ... ။ ”

ရုတ်တရက် လျှပ်စီး တစ်ထောင်ဓားကို လင်းယွန်မှ ထုတ်ယူ လိုက်လေရာ၊ ခရမ်းငယ် တစ်ယောက် မျက်လုံးပြူး သွားသည်။

“ ဟေး ... ၊ နင် ... ဘာလုပ် နေတာလဲ၊ ငါ့ကို မခြောက်နဲ့ ... ။ ”

“ အဆင်ပြေ ပါတယ်။ ”

အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်က ဓားကို ဆွဲထုတ်၏။ အေးစက်သော အလင်းများ တစ်ဟုန်ထိုး ထွက်လာပြီး၊ ဓားမြည်သံ ပဲ့တင် ထပ် လာသည်။

ဓား လက်ကိုင်တွင် ‘လျှပ်စီး အရိပ်’ ဟု ရေးထွင်း ထားပြီး၊ တစ်ဖက်တွင် ရှေးကျသော အက္ခ ရာဖြင့်၊ ‘မို’ ဟု ပါရှိ လေသည်။

ကိုယ်ထည်အား နတ် ရူရ် တစ်လုံးနှင့်၊ သန့်စင်ပေး ထားကာ၊ သူတော်စင် လျှပ်စီး ရူရ် တစ်ထောင်ကို၊ ဝိုင်းရံထား စေသည်။

ထို့ကြောင့် လျှပ်စီး ရည်ရွယ် ချက်ကို၊ ဆုပ်ကိုင် ထားနိုင်သော ဓားသမားများ အတွက်၊ အထူး အသင့် လျော်၏။

မူလ စွမ်းအင်ကို ဖြန့်ကျက်ပြီး၊ ဓားထဲ လောင်းထည့်ရာ သူတော်စင် ရူရ် (၁၀) လုံးခန့် တောက်ပ လာသည်။

ထို့ထက် ပို၍ အသက် မသွင်း နိုင်ချေ။ လက်ရှိ ကျင့်ကြံမှု အရ ကန့်သတ်ချက် အထိ၊ တွန်းပို့ လျှင်ပင်၊ (၁၄)လုံး မျှသာ သုံးနိုင်မည် ထင်သည်။

ထိုပမာဏသည် လျှပ်စီး တစ်ထောင် ဓားဟု ခေါ်ဆိုရန် မထိုက်ချေ။ သို့သော် မိုးပြာ နဂါးဓား ရောင်ဝါ၏ စွမ်းအားကို၊ မြှင့်တင် ပေးနိုင်မည်။

အတွေး တစ်ချက် ဖြင့်ပင်၊ သူ့ ဝန်းကျင်၌ လျှပ်စီး လက်နေသော နဂါးကြီး တစ်ကောင်က၊ လှည့်ပတ် ပျံဝဲ လာသည်။

ဓားအား လွှဲခုတ် လိုက်သည်နှင့်၊ လျှပ်စီးများ သိုင်းခြုံ နေသော မိုးပြာ နဂါး ကြီးက၊ ပြေးထွက် သွား လေသည်။

ခရမ်းငယ်မှ အံ့အားသင့် သွားပြီး၊

“ နင့်ရဲ့ ဓားတွေကို ချိုးနေတဲ့ ခန္ဓာ ကိုယ်က ရှုံးသွား တာလား။ ”

-ဟု မေးလာသည်။

“ မဟုတ်ဘူး၊ သူက ထက်ရှ လွန်းတဲ့ ဓားတွေက ချိုးဖို့၊ အချိန် ပိုယူရ တယ်လို့၊ ခံစား မိတယ်၊ နောက်ဆုံးတော့ ဒီဓား ကိုလည်း သူ ချိုးဦး မှာပဲ၊ ...

... ဒါပေမယ့် ပန်းသင်္ချိုင်း ဓားက၊ ဘာလို့ မကျိုး ရတာလဲ၊ ဒါန်တမ် ထဲက ဒီဓားရဲ့၊ အသိ အမှတ် ပြုမှုကို ခံထားရ လို့လား၊ ဒါက စဉ်းစား စရာကြီး ... ။ ”

လင်းယွန်မှ ခေါင်းယမ်းကာ ပြော လိုက်သည်။ ခရမ်းငယ်က မေးစေ့ ကိုင်လျက် စဉ်းစား နေ၏။

“ နင် တွေးတာ ဖြစ်နိုင်တယ် ... ၊ ဒါနဲ့ လျှပ်စီး တစ်ထောင် ဓားကရော၊ အသိ အမှတ် ပြု ခံရပြီး ပြီလား။ ”

“ မ ထင် ဘူး ... ။ ”

လင်းယွန်မှ မရေ ရာသော အသံဖြင့် ပြန်ဖြေသည်။ လျှပ်စီး တစ်ထောင် ဓားသည်၊ သူ့ ဒါန်တမ်မှ ဓားနှင့် ပြိုင်ဆိုင်ချင် သော်လည်း၊ ၎င်းက လျစ်လျူရှု ထားသည်။

“ ကြည့်ရတာ ... ၊ လျှပ်စီး တစ်ထောင် ဓားက၊ ဒါန်တမ် ထဲက ဓားကြောင့် ငါ့ အပေါ်၊ စိတ်ပြောင်း သွားပုံ ရတယ်၊ သုံးခွင့် ပေးပြီ။ ”

“ အို ... ဒါဆို လျှပ်စီး တစ်ထောင် ဓားက၊ နင့်ကို လက်ခံ လိုက်တာပေါ့။ ”

ခရမ်းငယ်မှ ဝမ်းသာ အားရ ပြောသည်။

“ ဒါပေမယ့် ... ငါ ထင်တယ်၊ ဒီဓားလည်း မကြာဖူး၊ ကျိုးဦး မှာပဲ။ ”

လင်းယွန်က မရေရာသော အသံနှင့် ပြောလိုက်သည်။

“ အဟီး ... ၊ အဲဒီ အဖိုး ကြီးကို ... ၊ ပြန်မပေး နဲ့ဦး ... ၊ ငါ အဖြေ ရှာနိုင်မလား ကြည့်ရအောင်။ ”

ခရမ်းငယ်မှာ သည်ဓားအား သဘောကျ နေပုံ ရသည်။ လောင်ကျွမ်းခြင်း ဓား ကျိုးသွား စဉ်၊ ဤသို့ စိတ်လှုပ်ရှား ခြင်းမျိုး မရှိ ခဲ့ချေ။

***

( လျှပ်စီး တစ်ထောင် ဓား အမည်ကို၊ (Lightning Shadow) အဖြစ် ရေးသား ထား လေသည်။

ကျောက်ယန်၏ ဓားကို မိတ်ဆက် ရာ၌လည်း၊ (Lightning Shadow) အဖြစ် ယခင်က မိတ်ဆက် ခဲ့သဖြင့်၊ ရှုပ်ထွေးမည် ဆိုးကာ၊ လျှပ်စီး တစ်ထောင် ဓား အဖြစ်သာ၊ ဆက်လက် ရေးသား သွားပါမည်။ )

***

All Chapters