အင်ပါ ရီယန် နယ်ပယ်သို့ တက်ရောက်ခြင်း။
Vol. 87 Ch. 1212
ခရမ်းငယ် စကားကြောင့်၊ လင်းယွန်မှာ အံ့အားသင့် သွားခဲ့သည်။ အမှန် အတိုင်း ပြောရ ပါလျှင်၊ သူမ၏ အကြံပြု ချက်သည် စိတ်ဝင် စားစရာ ကောင်းချေ၏။
ဓားကို ငုံ့ကြည့်ပြီး၊
“ ဒီဓားကို (၁၈) နှစ်ကြာ၊ ချိပ်ပိတ် ထားတာက၊ သနားစရာ ကောင်းလိုက်တာ ။ ”
-ဟု ရေရွတ် လိုက်သည်။
(၁၈) နှစ်ထက်ပင် ပို၍လည်း ကြာနိုင်၏။ နောက်ဆုံးတွင် အဖိုးကြီး နုပျို စဉ်က ဖန်ရွှမ်ဇီ ထံ၌၊ ဆုံးရှုံး ခဲ့ခြင်း ဖြစ်သည်။
ဤဓားဖြင့် အရှေ့ဘက် ပျက်သုဉ်းခြင်း နယ်မြေကို ရှင်းလင်းပြီး၊ သူ့ကိုယ်သူ နာမည် တစ်လုံး၊ တည်ဆောက် ယူနိုင် ခဲ့၏။
တစ်ချိန်တည်း မှာပင်၊ အဖိုးကြီး၏ မျိုးရိုး အမည်မှာ ဓားနန်းတော်မှ ဘိုးဘေး ကျန့်ဝူမင် (ဂျင်ဝူမင်) နှင့်၊ တူနေသည်။
သည်အပြင် ကောင်းကင် ဓားသုတ္တန်ကို ဖန်တီးသူ ကျန့်ဝူရ နှင့်လည်း၊ အလားတူ ဖြစ်နေ ချေ၏။
ကျန့် မျိုးရိုးတွင် ဇာတ်လမ်း တစ်ပုဒ် ရှိနိုင်ပြီး၊ ခွန်လွန် ဘုံ၌ များစွာ အရေးပါ အရာ ရောက် မှုများ၊ ရှိရ ပေမည်။
ငယ်ရွယ်စဉ်တည်း ကပင်၊ အစွမ်း ထက်သော ဓား တစ်လက် ရှိနေသည့် အဘိုး ကြီးမှာ၊ ဆန်းကြယ်ကြောင်း ပြောနိုင်၏။
မဟုတ်သော် လျှပ်စီး တစ်ထောင် ဓားကို ပိုင်ဆိုင် ခြင်းဖြင့်၊ သူ့ကဲ့သို့ လူတိုင်း၏ ပစ်မှတ် ဖြစ်လာ နိုင်ပေမည်။
ဆိုလို သည်မှာ အဖိုး ကြီးတွင်၊ အစွမ်း ထက်သော မျိုးနွယ် သို့မဟုတ် ဆရာ တစ်ဦး ရှိရမည် ဖြစ်၏။
ထို့အပြင် ယဲ့ဇီလင်မှ၊ ကျန့် မျိုးရိုးကို မခံယူဘဲ၊ ယဲ့ မျိုးရိုး အမည်အား ခံယူ ထားခြင်း မှာလည်း၊ စိတ်ဝင်စား စရာ ဖြစ်နေ ပြန်သည်။
တစ်ဖက်တွင် တိမ်လွှာဓား ဂိုဏ်း၏၊ တပည့် ဟူသော အထောက် အထားကို၊ မည်သူမျှ စိတ် မဝင် စားချေ။ ယင်းအစား လောဟွာ နောက်ခံ ကိုသာ၊ စိတ်ဝင်စား ကြသည်။
“ နင် ဘာတွေ စဉ်းစား နေတာလဲ ... ၊ ငါပြော တာကို ကြားလား။ ”
ခရမ်းငယ်မှ မကျေ မနပ် နှုတ်ခမ်းဆူ လိုက်သည်။
“ သေချာပေါက် ... ၊ ပြန်ပေး ရမယ်၊ ငါ့ အတွက် ပန်းသင်္ချိုင်း နဲ့တင်၊ လုံလောက် နေပြီ၊ ဒါနဲ့ ... ပန်းသင်္ချိုင်း ဓားကို၊ သူတော်စင် ပစ္စည်း အဖြစ်၊ အဆင့်မြှင့် နိုင်မဲ့ နည်းလမ်း ရှိလား။ ”
လင်းယွန်မှ ပြန်မေး သည်။
“ ဒါက ... အသိဉာဏ် မရှိတဲ့၊ ဓား တစ်လက်ပဲ ... ၊ လျှပ်စီး တစ်ထောင် ဓားနဲ့၊ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ ပြစမ်း ... ဒီဧကရီ နင့် အတွက် ကြည့်ပေးမယ်။ ”
ခရမ်းငယ်က ပန်းသင်္ချိုင်း ဓားကို လှမ်း ယူပြီး၊ ဓားရိုးအား ညင်သာစွာ ဆုပ်ကိုင် လိုက် လေသည်။ သို့သော် ဓားအား မဆွဲနိုင် သဖြင့်၊ မျက်နှာ တစ်ပြင်လုံး နီရဲ သွားသည်။
“ ဒါက အဓိပ္ပါယ် မရှိဘူး … ။ ”
“ ဒီဓားဟာ ... လျှပ်စီး တစ်ထောင်ကို ချိုးခဲ့တဲ့၊ ဒါန်တမ် ထဲက ဓားရဲ့ အသိ အမှတ် ပြုမှုကို ရခဲ့တယ်၊ ကြည့်ရတာ ...
... နတ်ဘုရား လက်ရာများ လားလို့၊ ပြီးတော့ တောင်ပိုင်း ဧကရာဇ် အသက်ရှင် စဉ်က၊ ဒီဓားကို အသုံးပြု ခဲ့တယ်။ ”
လင်းယွန်က ဓားထုတ် ပေးလိုက်ကာ၊ ပြုံးလျက် ပြောပြ လိုက်လေသည်။ သည့်နောက် ပန်းသင်္ချိုင်း ဓားကို၊ အဆင့် မြှင့်တင် ခဲ့ပုံ အဆင့် ဆင့်အား၊ ပြန်ပြောင်း ပြောပြ မိ၏။
သူတော်စင် ပစ္စည်း တိုင်းတွင်၊ သူတော်စင် ရူရ် သို့မဟုတ်၊ နတ်ဘုရား ရူရ် များကို၊ ပင်မ ရူရ် အဖြစ် ရေးထွင်း ကြသည်။
ဤပန်းသင်္ချိုင်း ပေါ်ရှိ ရူရ် များသည်၊ သဘာဝ အတိုင်း၊ ထိုသို့သော ရူရ် အမျိုး အစား များ၊ မဟုတ် ကြချေ။ ထို့ကြောင့် မည်သည့် အဆင့်၌ ရှိနေမှန်း မသိခြင်း ဖြစ်သည်။
“ ဒီဧကရီက ကြယ်မိစ္ဆာ ပန်းရဲ့ ပွင့်ချပ် ပေါ်မှာ၊ သူတော်စင် ရူရ် တွေကို ပုံဖော်ဖို့၊ ပြောခဲ့ ဖူးတယ် မဟုတ်လား၊ တကယ်တော့ ...
... အရွယ်ရောက် လာတဲ့ အခါ၊ သူတော်စင် ရူရ်ကို သဘာဝ အတိုင်း မွေးဖွား ပေးနိုင်တဲ့၊ ပန်း အချို့ ရှိပါတယ်၊ လောလော ဆယ်တော့ ဒီလို ပန်းမျိုး ရှားပြီး၊ ကျွေးရ မှာပဲ။ ”
ခရမ်းငယ်မှ ဓားအား စိုက်ကြည့်ပြီး၊ မျက်လုံးများ မှေးစင်းလျက် ပြောလာ တော့၏။
“ အဲဒီ ပန်းတွေကို၊ ရှာရ ခက်မယ် မဟုတ်လား၊ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် မျှော်လင့် ချက် ရှိလာ ပါပြီ။ ”
ခရမ်းငယ် စကား များကြောင့်၊ လင်းယွန် ခမျာ၊ စိတ်သက်ရာ ရသွား လေသည်။
“ ငါ ... အဆင့် ချိုးဖြတ် တော့မယ်၊ ဒါကြောင့် နဂါးလေးနဲ့ မင်း၊ ငါ့ကို စောင့်ရှောက် ပေးပါ။ ”
“ ဒီဧကရီက ဘာ အတွက် နင့်ကို၊ ကာကွယ်ပေး နေရ မှာလဲ၊ နင့် ... လောဟွာကို ခေါ်ထားလိုက်။ ”
ခရမ်းငယ်က လှည့်ကာ ထွက်ခွာ သွားလေသည်။ သို့သော် ခြံဝ အရောက်တွင်၊ မတ်တပ် ရပ်လျက်၊ အစီရင် တစ်ခုဖြင့် ဖုံးအုပ် ပေးနေ သည်ကို၊ ခံစား လိုက်ရ၏။
ခရမ်းငယ်မှာ ယခင် ကဲ့သို့ ချစ်စရာ ကောင်းနေသေး သောကြောင့် လင်းယွန်မှ၊ ပြုံးလိုက် မိသည်။
ထို့ကြောင့် အရွက် ကိုးရွက် သူတော်စင် သစ်သီးကို၊ ထုတ်ယူ လိုက်ပြီး၊ သူ့အမူ အရာမှာ၊ တဖြည်းဖြည်း လေးနက် လာတော့၏။
မျက်စိ တစ်မှိတ် အတွင်း၊ နှစ်ဝက်ခန့် ကုန်လွန် သွားပြီ ဖြစ်သည်။ ဤသစ်သီး ရရှိရန် ဖြတ်သန်း ခဲ့ရသော၊ အခက် အခဲ များကို ပြန်လည် အမှတ်ရ လာ၏။
ခွန်လွန်ကို ရောက်သည်နှင့် စားသုံး မည်ဟု အစောပိုင်း ခံယူထား သော်လည်း၊ နှစ်ဝက်ကြာ သည် အထိ၊ မစားသုံး ဖြစ်သေးချေ။
လောလော ဆယ်တွင်၊ ကောင်းကင် ဝိညာဉ်၏ ကန့်သတ် ချက်သို့ ရောက်ရှိ နေခဲ့ပြီး၊ အရိယာ ကောင်းကင် ဓားကို ရယူ နိုင်လု နီးပါး ပေပင်။
သူတော်စင် နဂါး ခန္ဓာ နည်းစနစ်ကို အောင်မြင်ကာ၊ တိမ်လွှာဓား (၁၃) ကွက်အား သရုပ်ဖော် အဆင့်ထိ၊ ရယူထား နိုင်၏။
အရည် အချင်း အားလုံးကို ညှစ်ထုတ် ထားပြီး ဖြစ်သောကြောင့်၊ အင်ပါ ရီယန်သို့ တက်လှမ်းရန်၊ အချိန် ကျပြီ ဖြစ်သည်။
အင်ပါရီယန် နယ်ပယ်ကို၊ ကြယ် အဆင့်၊ ကြယ်စင်စု အဆင့်နှင့်၊ နက္ခတ် အဆင့် ဟူ၍ ထပ်မံ ခွဲခြား ထားသည်။
လက်ရှိ စုဆောင်းမှု အရ၊ သူ၏ အခြေခံ အုတ်မြစ်မှာ၊ နက္ခတ် အဆင့်တိုင် ရောက်ရှိရန် မျှော်လင့် နိုင်သည်။
အရွက် ကိုးရွက် သူတော်စင် သစ်သီး သည်လည်း ရှိနေပြီ ဖြစ်ရာ၊ အဆင်ပြေ နိုင်၏။ နတ်ကြယ် ပုလဲများ ပစ်ကျဲကာ၊ အခန်း အတွင်း ၌၊ မူလ စွမ်းအင် များဖြင့် ပြည့်စေ လိုက်သည်။
ပြင်ဆင်မှု ပြီးသည်နှင့်၊ အရွက် ကိုးရွက် သူတော်စင် သစ်သီးအား မျိုချ မိတော့သည်။ ခန္ဓာကိုယ် အတွင်း စွမ်းအင်များ ရုန်းကြွလာ သည်ကို၊ ချက်ချင်း ခံစား ရ၏။
အရွက် ကိုးရွက် သူတော်စင် သစ်သီး၊ ရင့်မှည့်ရန် အတွက်၊ နှစ်ပေါင်း ကိုးထောင်ကြာ လေသည်။
ထို့ကြောင့် စိတ်ကူး မယဉ် နိုင်သော စွမ်းအားများ ပါရှိသည်။ ဖြည်းညှင်းစွာ မျက်လုံး မှိတ်လျက်၊ ထိန်းညှိ လိုက်၏။
ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်သည်နှင့်၊ ခန္ဓာကိုယ် အတွင်း၊ မူလ စွမ်းအင်များ ရွေ့လျား သွားပြီး၊ ခရမ်းရောင် ပန်းအဖြစ် ဖွဲ့တည် လာသည်။
အရွက် ကိုးရွက် သူတော်စင် သစ်သီးအား၊ သန့်စင် နေစဉ် ကျင့်ကြံ မှုမှာ၊ အတား အဆီးထံ၊ တဖြည်းဖြည်း တိုးကပ် လာ၏။
လေးနာရီ ကြာပြီးနောက် ခန္ဓာကိုယ် အတွင်းမှ၊ မူလ စွမ်းအင်များ တဟုန်ထိုး မြင့် တက်လာ တော့သည်။
ကန့်သတ်ချက်သို့ ရောက်ရှိ သွားသော အခါတွင်၊ အခြေခံ အုတ်မြစ်မှာ တုန်ခါ သွားပြီး၊ ချောမွေ့စွာ စီးဆင်း ဖြတ်ကျော် နေ၏။
ဓားညီလာခံ၌ ရရှိ ခဲ့သော နားလည် မှုမှာ၊ ဓားရည်ရွယ် ချက်အား အသွင်ပြောင်း စေသည်။ နောက် တစ်နာရီ အကြာတွင်၊ မူလ စွမ်းအင်များ ပြောင်းလဲ တော့ မည်ကို ခံစား လိုက်ရ၏။
“ အင်ပါ ရီယန်ကို ရောက်တော့မယ်။ ”
ယင်းက မူလ စွမ်းအင် မှသည်၊ ကြယ် စွမ်းအင် အဖြစ်သို့၊ ပြောင်းလဲခြင်း လုပ်ငန်းစဉ် ဖြစ် လေသည်။
ခန္ဓာ ကိုယ်မှ ကြယ်ရောင်များ ယိုစိမ့်ကျ လာပြီး၊ ကျင့်ကြံ မှုမှာ အင်ပါ ရီယန် နယ်ပယ် အတွင်းသို့၊ ဝင်ရောက် လာ၏။
နဂါး အမှတ် အသားအား ဆင့်ခေါ် လိုက်သော အခါ၊ ခရမ်း- ရွှေရောင် ရူရ် များက၊ ခန္ဓာကိုယ် တစ်ခု လုံးပေါ် ဖုံးလွှမ်း သွားသည်။
ယင်းကို သူတော်စင် ရူရ် တစ်ရာ ကိုယ်ထည် အဖြစ် ခေါ်ဆို နိုင်၏။ ပြီးနောက် သူတော်စင် သစ်သီးအား အဆုံးသတ် သန့်စင် လိုက်သည်။
ခန္ဓာ ကိုယ်ရှိ မူလ စွမ်းအင် များက၊ မီးတောင် တစ်လုံး ကဲ့သို့ ပေါက်ကွဲ လာသည်။ သို့သော် သူတော်စင် ရုပ်တုနှင့် ယှဉ်နိုင်သော သူ့ ခန္ဓာက၊ ထိုပေါက်ကွဲ မှုကို ထိန်းချုပ် နိုင်၏။
တစ်ချိန်တည်း မှာပင် ကြယ်ရောင်များ ကောင်းကင်မှ ဆင်းသက် လာပြီး၊ လင်းယွန်၏ ခန္ဓာ ကိုယ်နှင့် ပေါင်းစပ်ကာ၊ မူလ စွမ်းအင် များကို တဖြည်းဖြည်း ပြောင်းလဲ စေခဲ့သည်။
လင်းယွန်၏ ကြယ်စွမ်းအင် သိပ်သည်း ဆမှာ၊ အခြားသော အင်ပါ ရီယန် များထက် ပို၍ ပြင်းထန်၏။
သတိ မထား ပါက၊ ဤအသွင် ပြောင်းမှု မှသည်၊ ခန္ဓာကိုယ် ပေါက်ကွဲ သေဆုံး နိုင်ချေ ရှိ လေသည်။
တစ်နာရီ အကြာတွင်၊ မူလ စွမ်းအင် များအား၊ ကြယ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲ သော၊ လုပ်ငန်းစဉ် ပြီးဆုံး ခဲ့သည်။
အလင်း ရောင်များ ချွေးပေါက် များထဲမှ တိုးထွက် လာကာ၊ ကြယ် တစ်ပွင့်လို တောက်ပ နေခဲ့သည်။
“ ဟိတ် ... ။ ”
ကြွေးကြော်သံ နှင့်အတူ ကြယ်အလင်း အားလုံးကို ခန္ဓာကိုယ် ထဲသို့၊ ပြန်လည် ဆွဲယူ လိုက်၏။
ခရမ်းရောင် နန်းတော် အတွင်းသို့၊ မြစ် တစ်စင်း အသွင် ကြယ်ရောင်များ တိုးဝင် ပြီး၊ မူလ စွမ်းအင်ကို၊ အသွင်ပြောင်း တော့သည်။
များမကြာမီ၊ အကန့် အသတ် မရှိသော ကြယ်စွမ်းအင် များက၊ မြစ်ကြီး ကိုးသွယ် အဖြစ် ဖွဲ့တည် လာ၏။
ယင်းက ကြယ်စင်စု အထွတ် အထိပ် အဆင့်ကို၊ ကိုယ်စား ပြုသည်။ မြစ် ကိုးသွယ် ဖြစ်ပေါ် လာ ပြီးနောက်၊ နက္ခတ် အဆင့်သို့ တက်ရန်၊ ကြိုးစား ရာတွင်၊ ပြင်းစွာသော နာကျင်မှုအား၊ ခံစား လိုက်ရသည်။
ထို့ကြောင့် လုပ်ငန်းစဉ် ရပ်လိုက်ပြီး၊ မျက်လုံး ဖွင့်လျက်၊ ကြယ်စင်စု ခွန်အားကို စမ်းသပ်ရန်၊ မတ်တပ် ထရပ် မိသည်။
သည့်စဉ် သိပ်သည်းသော ရောင်ဝါ တစ်ခု၊ ဟွမ် စံအိမ်ပေါ် ဆင်းသက်လာ သည်ကို၊ ခံစား လိုက်ရသည်။
“ နဂါး သွေးလွှတ်ကြော နယ်ပယ်လား။ ”
မျက်မှောင် ကြုတ်လျက် တွေးဆ လိုက် မိသည်။ ၎င်းနှင့် အတူ၊ ပင်မ နတ်ဘုရားများ သည်လည်း ပါလာ နိုင်၏။
ကျောက်ယန် သတိ ပေးသော စကား များမှာ၊ အမှန်ဖြစ် လာချေပြီ။ သူ့အား ထွက်ခွာ ခွင့် ပေးလိုပုံ မရ ကြချေ။
ဤနေရာသည် ဟွမ် စံအိမ် ဖြစ်ပြီး၊ အပြာရောင် ကျောက်တုံး မြို့၌ ဘိုးဘေး ဟွမ်ကို မည်သူမျှ မစော်ကား ဝံ့ဟု ယုံကြည်၏။
ထို့ကြောင့် လှမ်းထွက် လိုက်ရာ၊ ခရမ်းငယ်နှင့် နဂါးလေးက အနားရောက် လာပြီး၊
“ လင်းယွန် ... ၊ တစ်ယောက် ယောက် ရှိနေပြီ။ ”
-ဟု သတိပေး လာတော့သည်။
“ ငါ သိတယ်။ ”
ဟွမ် မိသားစု၏၊ ကောင်းကင် ယံ၌ လူများစွာ ပျံဝဲနေ သည်ကို သူ မြင်နေ ရသည်။ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များသည်၊ ဟွမ် မိသားစု အကြီး အကဲ များနှင့်၊ မျက်နှာ ချင်းဆိုင် လာသည်။
နေရာ တိုင်း၌ တိုက်ပွဲ များဖြင့်၊ ရုန်းရင်းဆန်ခတ် ဖြစ်ပွား နေသည်။ လောဟွာ တည်းခိုရာ ခြံဝင်းသို့ လှည့်ကြည့် မိစဉ်၊ ဒေါသများ တောက်လောင် လာ၏။
“ ဝှစ် ... ။ ”
ပင်မ နတ်ဘုရား သုံးပါးကြောင့်၊ လေဟွာကို သွား ကူညီရန် ပြင်လိုက်စဉ်၊ သူ့ လမ်းသို့ ပင်မ နတ်ဘုရား တစ်ပါး ဆင်းသက် လာသည်။
ထိုသူမှာ လောဟွာထံ သွားသော ကျွမ်းကျင်သူ များထက်၊ လွန်စွာ အားနည်း ချေ၏။ ယင်းက သူ့ အပေါ်၊ လျှော့တွက် နေကြမှန်း၊ နားလည် လိုက်သည်။
“ ဧကရီ ... ၊ နဂါးလေးကို ခေါ်ပြီး၊ သွားကူညီ ပေးပါ။ ”
လင်းယွန်မှ တည်ငြိမ်စွာ ပြောသည်။
“ နင် ကရော ... ။ ”
လင်းယွန်မှ မည်သူ့ကို ရည်ရွယ်ကာ၊ ကူညီစေ ချင်မှန်း သိသော်လည်း၊ ခရမ်းငယ်က သွားရန် စိတ်ကူး မရှိချေ။
“ ငါ ... သူနဲ့ ကစားလိုက် ဦးမယ်။ ”
အနက်ရောင် မျက်နှာဖုံး ရှင်ထံ လှည့် ကြည့်ကာ၊ ပြန်ဖြေ လိုက်သည်။ အင်ပါ ရီယန်သို့ ရောက် သည်နှင့်၊ ပင်မ နတ်ဘုရား တစ်ပါးကို ရင်ဆိုင် ရခြင်းမှာ၊ စိတ်လှုပ်ရှား စရာ ပေပင်။
***