သူ့ အကြောင်း မတွေးနဲ့။
Vol. 87 Ch. 1213
ရန်သူမှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား သဖြင့်၊ အမှောင် ထုနှင့် ပေါင်းစပ် ပျောက်ကွယ် နေသည်။
ခရမ်းငယ်နှင့် နဂါးလေးက လင်းယွန်ကို စိုက်ကြည့် ပြီးနောက်၊ ထွက်ခွာ သွားတော့၏။ ထိုအချိန်တွင် ဟွမ် အိမ်တော် တစ်ခုလုံး တိုက်ပွဲများ ပြင်းထန် နေပြီ ဖြစ်သည်။
သို့သော် အကြောင်း တစ်ခု ခုကြောင့် လင်းယွန် ခြံဝင်းသို့၊ ကနဦး ပင်မ နတ်ဘုရား တစ်ပါး သာလျှင်၊ ရောက်ရှိ လာ၏။
ဤသည်မှာ ထူးဆန်း လေသည်။ လျှပ်စီး တစ်ထောင် ဓား အတွက် လာခဲ့သည် ရှိသော်၊ သူ့ ထံသာ ဦးတည် ရပေမည်။
နဂါး သွေးလွှတ်ကြော နယ်ပယ် အများအပြား ပါရှိ သဖြင့်၊ ဆန္ဒ ရှိသော် သူ့အား သတ်နိုင်သည်။
အင်ပါ ရီယန် နယ်ပယ်သို့ ရောက်ရှိ ပြီးနောက်၊ သူ့ ခွန်အားကို မစမ်းသပ် ကြည့်ရ သေးသည် ဖြစ်ရာ၊ အခွင့်အရေး ရချေပြီ။
ထို့ကြောင့် သက်ပြင်းချ လိုက်ပြီး၊
“ မင်း တစ်ယောက် တည်းလား ... ။ ”
-ဟု မေးမိ၏။
“ ဘယ်လို ထင်လဲ ... ။ ”
အနက်ဝတ် မျက်နှာဖုံး ရှင်မှ အေးစက်စွာ ပြန်မေးသည်။ ပြီးနောက်၊
“ မင်းကို ... သူတို့က စိတ်မဝင် စားဘူး၊ မင်းသေ သွားရင်တောင်၊ လျှပ်စီး တစ်ထောင် ဓားကို၊ ငါတို့ မပိုင် သေးဘူး၊ ဒါပေမယ့် ... သင်ခန်းစာ တစ်ခုတော့ သင်ပေး ရမယ်။
လျှပ်စီး တစ်ထောင် ဓား ဟူသည် အကျော်ဒေးယျ ရတနာ တစ်ပါး ဖြစ်သဖြင့်၊ လင်းယွန်အား သတ်ခြင်းဖြင့်၊ ပိုင်ဆိုင်မည် မဟုတ်ချေ။
လုံလောက်သည့် ခွန်အားမျိုး မရှိသော် ပိုင်ဆိုင် သူတိုင်း သေရ ပေလိမ့်မည်။ လင်းယွန် မှ ခေါင်းညိတ် လိုက်ပြီး၊
“ ငါ နားလည်ပြီ၊ မင်းက ဖန်မိသားစု ကပဲ။ ”
-ဟု ပြန်ပြော မိသည်။
“ မင်း ... စကား အရမ်း များတယ်။ ”
အနက်ဝတ် လူက ပင်မ နတ်ဘုရား ရောင်ဝါကို ထုတ်လျက်၊ ပြေးဝင် လာသည်။ ထိုလူအား မျက်နှာ မူကာ၊ လင်းယွန်မှ လက် ဖဝါးနှင့် ပြန်၍ ရိုက်ချ လိုက်၏။
“ ဖပ် ... ။ ”
“ ဝုန်း ... ။ ”
လက်ဖဝါး နှစ်ဖက် ရိုက်မိ သွားသည်နှင့်၊ ခြံဝင်း တစ်ခုလုံး အပျက် အစီးများ ပြည့်နှက် လာသည်။
ရလာဒ် အနေဖြင့် လင်းယွန် ခမျာ၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်ပေး လိုက်ရ၏။
ပင်မ နတ်ဘုရား နယ်ပယ်နှင့် အင်ပါ ရီယန်ကြား ကွာဟ ချက်များ ရှိသော်လည်း၊ အင်ပါရီယန် အဆင့် (၃၀၀၀) အတွင်း ဝင်သူ တိုင်းမှာ၊ ကနဦး ပင်မ နတ်ဘုရား များကို သတ်နိုင် လေသည်။
သို့သော် ထိုပါရမီ ရှင်များ အားလုံးသည် အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိချေ၏။ ထို့ကြောင့် ကြယ်စင်စု အဆင့်၌ ရှိသော တစ်စုံ တစ်ဦး အနေဖြင့်၊ ကနဦး ပင်မ နတ်ဘုရား တစ်ပါးကို သတ်ရန် မဖြစ် နိုင်ချေ။
လက်ဖဝါး ပြင်ပေါ်ရှိ ပေါက်ပြဲ နေသော သွေးကြော များကို ကြည့်ကာ၊ ကွာဟ ချက်ကို အကြမ်းဖျင်း တွက်ဆ လာနိုင်သည်။
သူ့ ရန်သူသည်၊ သာမာန် ကနဦး ပင်မ နတ်ဘုရား ဖြစ်နေ သည်မှာ ကံကောင်း ချေ၏။ ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ချက်မှ ပါရမီ ရှင်သာ ဆိုက၊ သေပြီး ဖြစ်ပေမည်။
“ အံ့သြ စရာ ပါလား တစ်ည တည်းနဲ့၊ ကြယ်စင်စု အဆင့်ကို တက်လှမ်း နိုင်ခဲ့တယ်၊ မင်းကို အလွယ် တကူ နှိပ်စက် နိုင်မယ်လို့၊ ထင်ထား ခဲ့တာ အခုတော့ ... ၊ နည်းနည်း အားစိုက် ရတော့မယ့် ပုံပဲ။ ”
အနက်ဝတ် လူက ဓား ရောင်ခြည်နှင့်၊ သိုင်းခြုံ ထားသော လင်းယွန်အား၊ စိတ်လှုပ်ရှား ခြင်း ကြီးစွာနှင့်၊ ပြန်ကြည့် သည်။
သူ့ကို စေလွှတ် ရသည့် အကြောင်း ရင်းမှာ၊ ပစ်မှတ်သည် ကောင်းကင် ဝိညာဉ် ၌သာ ရှိနေ သောကြောင့် ဖြစ်သည်။
“ ကြည့်ရတာ ... ၊ ငါ ... အချိန်မီ ရောက်လာခဲ့ ပုံပဲ၊ မင်းရဲ့ အရည် အချင်း အရ ဆိုရင်တော့၊ အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်မှာ၊ ထိပ်တန်း (၃၀၀၀) ထဲကို၊ အလွယ် တကူ ဝင်နိုင် လိမ့်မယ်။ ”
“ ချွမ် ... ။ ”
သူတော်စင် ဓားကို ထုတ်လျက်မှ၊ အနက်ဝတ် လူက တည်ငြိမ်စွာ ပြောလာသည်။ ၎င်းသည် ရူရ် တစ်ရာ ပါရှိသော ဓား ဖြစ်၏။
တစ်ချိန်တည်း မှာပင်၊ လင်းယွန် မှလည်း လျှပ်စီး တစ်ထောင် ဓားကို လက်ဝှေ့ ယမ်းကာ၊ ခေါ်ယူ လိုက်သည်။
ထိုလုပ်ရပ်က အနက်ဝတ် လူကို ပြုံးသွား စေ၏။ ဤဓားသည် ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက် (၁၀၀) အတွင်းရှိ၊ ပါရမီရှင် များပင်၊ အသုံး မချ နိုင်သော ရတနာ ဖြစ်သည်။
“ ဝှစ် ... ။ ”
ထိုစဉ် လင်းယွန်မှ အေးစက်သော အငွေ့ အသက်အား ထုတ်လွှတ်လျက်၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ ၊ ပြေးဝင် လာ၏။
“ ရွှပ် ... ။ ”
ခန္ဓာ ကိုယ်ကို နေရာ ရွေ့လိုက်ပြီး၊ လင်းယွန်၏ မျက်နှာအား ဓားဖြင့်၊ ခတ်ထုတ်ပစ် လိုက်သည်။
သို့သော် လင်းယွန်မှ ဤတိုက်ခိုက် မှုကို လျင်မြန်စွာ ရှောင်တိမ်း သွားသည်။ ရှောင်တိမ်း နေစဉ် ဓားဖြင့်၊ ပြန်၍ ခုတ်ချ လာသည်။
လင်းယွန် လက်၌ ဓားမှာ၊ အစွမ်းထက် နေသောကြောင့်၊ စိတ် အနှောင့် အယှက် ဖြစ်မိ သည်။ အကြိမ်ပေါင်း များစွာ ဖိနှိမ်ရန် ကြိုးစားခဲ့ သော်လည်း၊ မအောင် မြင်ချေ။
ထို့ကြောင့် နက္ခတ်ကို ဆင့်ခေါ် လိုက် သည်နှင့်၊ နောက်ကျော၌ ပန်းချီကား တစ်ချပ် ပွင့်လာပြီး၊ ဓား ရောင်ဝါက ခြံဝင်း အပြည့် ဖုံးလွှမ်း သွားတော့၏။ ယင်းက လင်းယွန်၏ ဓား ရောင်ဝါကို၊ ဖိနှိမ် လာလေသည်။
“ မင်းက ဓားတာအိုမှာ၊ ပါရမီရှင် တစ်ယောက် ဆိုရင်ကော ဘာဖြစ်လဲ၊ အကြွင်းမဲ့ ခွန်အားတွေ ရှေ့မှာ၊ ဘာမှ မဟုတ် ပါဘူး။ ”
မဆိုင်း မတွဘဲ၊ အနက်ဝတ် လူက လင်းယွန်၏ လည်ပင်းကို ဓားနှင့် လွှဲ ခုတ်ချ လိုက်သည်။
ခွန်အားကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သော အခါတွင်၊ အဖျက် စွမ်းအားမှာ မယုံ နိုင်ဖွယ် မြင့်တက် လာ၏။
သို့သော် သူ့ဓားမှာ၊ ဧရာမ တောင်ကြီး တစ်လုံးပေါ် ကျရောက်သွား သကဲ့သို့ လင်းယွန် ထံ၊ မရောက် တော့ချေ။
တစ်ချိန်တည်း မှာပင် တစ်ဖက် လူ၌ ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့် တောက်လောင် လာ သည်ကို မြင်လိုက် ရသည်။
ထို့ကြောင် လင်းယွန်၏ ရောင်ဝါမှာ ကြယ်စင်စု အဆင့် မှသည်၊ နက္ခတ် အထွတ် အထိပ် အဆင့်သို့၊ ရောက်ရှိ လာသည်။
ယင်းက ကနဦး ပင်မ နတ်ဘုရား နယ်ပယ် ရောက်လုလု ပေပင်။
“ ထန် ... ။ ”
သူ့ဓားကို အလွယ် တကူ ဟန့်တား လိုက်သော ပြိုင်ဘက်ကို ကြည့်ကာ၊ အနက်ဝတ် လူ ခမျာ၊ ထိတ်လန့် သွား လေသည်။
“ ဒါက မင်း ... လုပ်နိုင်တာ အကောင်းဆုံး ပဲလား၊ စိတ်ပျက်စရာ ကောင်းလိုက်တာ ... ။ ”
လင်းယွန် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာပြီး၊ သူ့ စကား များက အနက်ဝတ် လူ ကို အသက်ရှူ ကြပ်သွား စေသည်။
သည့်အပြင် သေခြင်း တရားက၊ သူ့ကို အုပ်မိုး လာသည်ဟု ခံစားမိ သဖြင့်၊ အမြန် ပြန် ဆုတ်လိုက် မိ၏။
ထိုအချိန်တွင် လင်းယွန် နဖူးရှိ၊ ဓားပိုးအိမ် ပွင့်လာပြီး ရွှေအလင်း မြူများ ရစ်သိုင်း လာလေ သည်။
အနက်ဝတ် လူ အတွက်၊ ကောင်းကင် တစ်ခုလုံး ထမ်းထားရ သကဲ့သို့၊ ကြီးစွာသော ဖိအားကို၊ ချက်ချင်း ခံစား လိုက်ရ၏။
သို့သော် တစ်ဖက် လူ၏ ဓား ရည်ရွယ် ချက်မှာ၊ စတုတ္ထတန်း အဆင့်သို့၊ မရောက်သေး သည်ကို၊ သတိ ထားမိ လာပြီး၊ စိတ်သက်သာ ရာ ရနေစဉ်၊ ဓားရောင် တစ်ချက် လက်လာ တော့သည်။
“ ရွှပ် ... ။ ”
သူ့ ကိုယ်သူ ကာကွယ် လိုက်သော သူတော်စင် ရူရ် တစ်ရာ ဓားမှာ၊ တမဟုတ်ချင်း ကျိုးကျ သွားပြီး၊ ထိုဓား အလင်းက လည်မြိုကို ဖြတ်ဝင် သွားသည်။
“ ဒါ ... ။ ”
လျှပ်စီး တစ်ထောင် ဓားကို ကိုင်လျက်၊ ရပ်နေသော လင်းယွန်ထံ အံ့ဩစွာ ပြန်ကြည့် မိစဉ်၊ လည်ပင်း တစ်လျှောက် စူးရှ လာပြီး၊ ပေါက်ကွဲ သွား တော့သည်။
“ ဖောင်း ... ။ ”
“ ဆိုတော့ ... ငါ့ ခွန်အားက ... ၊ အခု အင်ပါရီယန် အဆင့် သတ်မှတ်ချက်၊ ထိပ်ဆုံး (၃၀၀၀) အတွင်းကို ဝင်ပြီပေါ့။ ”
အရှေ့ဘက် ပျက်သုဉ်းခြင်း နယ်မြေတွင်၊ အသက် နှစ်ဆယ် မတိုင်မီ၊ ထိပ်ဆုံး (၃၀၀၀) သို့ ရောက်ရှိ နိုင်သည်မှာ အထင် ကြီးစရာ ဖြစ်၏။
“ ဂါး ... ။ ”
ဤအခိုက်တွင်၊ ဒရာကိုပီ တစ်ကောင်၏ ငေါက်ငမ်း သံကို ကြားလိုက် ရသည်။ လက်ကိုင် တုတ်ဖြင့်၊ ပင်မ နတ်ဘုရား တစ်ပါးအား၊ နဂါးလေးမှ ရိုက်ချ လိုက်ခြင်း ဖြစ်သည်။
၎င်းနှင့် မနီး မဝေးတွင် အလယ် အလတ် ပင်မ နတ်ဘုရား နှစ်ပါးကို လောဟွာမှ ရင်ဆိုင် နေ၏။ ထိုကြောင့် အရိယာ တေးသွားမှာ၊ ဗျပ်စောင်းမှ တသွင်သွင် ထွက်ပေါ် လာသည်။
ဂီတသံ ပြောင်းလဲ လာသည်နှင့် အမျှ၊ ကင်းဗတ်စ ပေါ်တွင် စုတ်ချက်များ ပြေးလွှားနေ သကဲ့သို့၊ အမျိုး မျိုးသော ဖြစ်ရပ် ဆန်းများ ပေါ်ပေါက် လာ၏။
များမကြာခင် ခမ်းနားသော ပန်းချီကား တစ်ချပ် ပွင့်လာသည်။ ယင်းက ရှေးဟောင်း မြို့ တစ်မြို့ ပုံသဏ္ဍာန် ဖြစ်၏။
ထိုရှေးဟောင်း မြို့တော်မှ ကောင်းစွာ ကာကွယ်ပေး သဖြင့်၊ ပင်မ နတ်ဘုရား နှစ်ပါးမှ အကြပ်ရိုက် လာကြသည်။
သို့သော် အရိယာ တေးသွား ပြီးဆုံး တော့မည် ဖြစ်ရာ၊ အချိန် တစ်ခု ရောက်သည် နှင့်၊ ရှေးဟောင်း မြို့တော် ကွဲရ ပေလိမ့်မည်။
“ ဒီလူတွေ ... လောဟွာ နောက်မှာ တစ်ယောက် ယောက် ရှိ- မရှိ၊ စမ်းသပ် နေကြ တာပဲ။ ”
မဆိုင်း မတွဘဲ နတ်ကျောက်စိမ်း ဝါး ပလွေကို ထုတ်ယူ လိုက်သည်။ သည့်နောက် အမည်ခံ အရိယာ ကောင်းကင် ဓားကို ထည့် သွင်းလျက်၊ အရိယာ တေးသွားအား တီးမှုတ် လိုက် တော့၏။
များမကြာခင် ဗျပ်စောင်း သံနှင့် ပလွေသံ၊ ပေါင်းစည်း သွားပြီး၊ လောဟွာ နောက်ကွယ်ရှိ ရှေးဟောင်း မြို့တော်ကို၊ ပေ တစ်ရာ အထိ တိုးချဲ့ နိုင်ခဲ့သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော အလင်း ရောင်များ ထွက်ပေါ် လာပြီး၊ အလယ် အလတ် ပင်မ နတ်ဘုရား နှစ်ဦးကို၊ သွေးအန် သွားစေ တော့သည်။
“ ထွက် သွား ... ။ ”
လင်းယွန်က ကောင်းကင်းမှ ဆင်းသက် လာပြီး၊ မောင်းထုတ် လိုက်သည်။ အကူ အညီ ရောက်ပြီ ဖြစ်ရာ၊ အနက်ဝတ် မျက်နှာ ဖုံးရှင် နှစ်ဦးက၊ ထွက်ပြေး သွားတော့သည်။
အဖြေ ရပြီ ဖြစ်သောကြောင့် ဆက်နေရန် မလိုအပ် တော့ခြင်းလည်း ဖြစ်၏။ များမကြာခင် မည်သူမျှ မလာခဲ့ သကဲ့သို့ လူတိုင်း ထွက်ခွာ သွား ကြသည်။
လောဟွာမှ ဗျပ်စောင်းကို သိမ်းပြီး၊ လင်းယွန် ရင်ဘတ် ပေါ်ရှိ ဓား ဒဏ်ရာအား ကြည့်သည်။ ဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိ သော်လည်း၊ ဝတ်ရုံစကို သွေးများ စွန်းထင်း စေဆဲ ဖြစ်သည်။
“ မင်း ... အဆင် ပြေလား ။ ”
“ အဆင် ပြေတယ်၊ သူတို့ရဲ့ ပစ်မှတ်က ... ၊ ငါ မဟုတ်ဘူး။ ”
“ အင်း ... ငါ သိတယ်။ ”
လောဟွာမှ ခေါင်းညိတ် ပြ၏။
“ သူတို့က ... ငါ့ အနားမှာ တာအို စောင့်ရှောက်သူ မရှိတိုင်း၊ လုပ်ချင်တာ လုပ်နိုင် လိမ့်မယ်လို့ ထင်နေ ရင်တော့၊ စိတ် မကောင်း စရာ ပါပဲ။ ”
“ ဒါဆို ... နင့်ရဲ့ အထောက် အထားကို ဘာလို့ ဖုံးကွယ် နေရသေး တာလဲ၊ စိတ် မရှုပ် ရအောင်၊ ထုတ်ဖော် လိုက်ပါလား။ ”
ရုတ်တရက် ကောင်းကင်မှ ဆင်းသက် လာပြီး၊ ခရမ်းငယ်မှ မကျေ မနပ်ဖြင့် ပြောလာ လေသည်။ ယင်းကြောင့် လောဟွာက၊ ခေါင်းမော့ ကြည့်၏။
ထိုအကြည့်တွင် ဧကရီ တစ်ပါး ကဲ့သို့သော၊ လွှမ်းမိုး ချုပ်ကိုင် လိုသည့် ရောင်ဝါ တစ်မျိုးမျိုး ကပ်ညိ နေချေေသည်။
သူမ ထံမှ ဤသို့ အေးစက်သော အငွေ့ အသက် များကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ထို့အပြင် သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်လွှတ် လာသဖြင့်၊ ခရမ်းငယ် တစ်ယောက် ထိတ်လန့် သွားပြီး၊ သူ့ နောက်သို့ အမြန် ဝင်ပုန်း လာလေသည်။
ဝတ်ရုံစကို ဆုပ်ကိုင် ထားသော လက် တစ်စုံမှာ၊ ကြောက်ရွံ့ မှုကြောင့် တုန်ယင် နေခဲ့ သည်။ ခရမ်းငယ်မှ သည်မျှ ကြောက်ရွံ့နေ သည်ကို၊ တစ်ကြိမ်မျှ မကြုံ ဖူးချေ။
“ လင်းယွန် ... ဖယ်၊ သူမှာ ... အပြစ် တွေနဲ့ ပြည့်နေတယ်။ ”
လောဟွာမှ ဆို၏။ သူမက ခရမ်းငယ်ကို သတ်ချင် နေပုံ ရသည်။ အနက်ဝတ် လူ များနှင့် ရင်ဆိုင် ရသည့် အခါ တွင်ပင်၊ ထိုမျှ ပြင်းပြသော ရည်ရွယ် ချက်ကို၊ မပြသ ခဲ့ချေ။
“ လင်းယွန် ... ၊ ဒီဧကရီ မသေ ချင်ဘူး၊ ငါ့ကို ကယ်ပါ။ ”
လောဟွာအား ချောင်းကြည့်လျက်၊ ခရမ်းငယ်မှာ တုန်လှုပ်သော အသံဖြင့်၊ ငိုယို အကူ အညီ တောင်းလာ တော့သည်။
***