ကောင်းကင်မှ ဧည့်သည်များ။
Vol. 87 Ch. 1214
ခရမ်းငယ်မှာ ပြစ်မှု ကြီးများကို ကျူးလွန် ထားသည်လော။ ယင်းမှာ ဖြစ်နိုင်၏။ သို့မဟုတ် ပါက ဓား သူတော်စင်မှ ဖမ်းဆီး ထားမည် မဟုတ်ချေ။
လက်ရှိ အချိန်၌ လောဟွာ ထုတ်ဖော် ထားသော ရောင်ဝါမှာ လွှမ်းမိုး နိုင်လွန်း ချေ၏။ သူမ အနေဖြင့် တစ်စုံ တစ်ရာကို ပြုမူခဲ သော်လည်း၊ ဆုံးဖြတ် ပြီးသည့် အခိုက်တွင်၊ သူမအား မည်သူ မဆို စိတ်ပြောင်းအောင် လုပ်နိုင်မည် မဟုတ်ချေ။
လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက်၊
“ သူက ကလေးပဲ ရှိပါ သေးတယ်။ ”
-ဟု ပြောလိုက် မိသည်။
“ မဟုတ်ဘူး ... ။ ”
လောဟွာမှ ချက်ချင်း ငြင်းဆန်၏။
“ တကယ်ပါ ... ၊ သူက ကလေးပါ။ ”
လင်းယွန်မှ ခေါင်းမာစွာ ဆိုနေ သဖြင့်၊ လောဟွာ တစ်ယောက် အချိန် အတော်ကြာ တိတ်ဆိတ် သွားပြီး၊
“ ကောင်းပြီ ... ၊ ဒါပေမယ့် ... သူက နည်းနည်းတော့ စွဲဆောင်မှု ရှိနေတယ်၊ မင်း သူ့ အကြောင်း လုံးဝ မတေွးနဲ့၊ မဟုတ်ရင် ... ငါ ခွင့် မလွှတ်ဘူး။ ”
လောဟွာမှ လက်လျော့ လိုက်သဖြင့်၊ လင်းယွန်မှာ စိတ်သက်သာရာ ရသွားပြီး၊
“ မင်း ... ဒဏ်ရာ ရသေးလား။ ”
-ဟု စကား လမ်းကြောင်း ပြောင်း လိုက်သည်။
“ သူတို့က ငါ့ကို ထိ မရဲ ပါဘူး။ ”
လောဟွာမှာ ခရမ်းငယ်ကို တစ်ချက် ကြည့်ပြီး၊ ယုံကြည်မှု အပြည့်နှင့် ပြန်ပြော လာသည်။ သည့်နောက်၊
“ ရေခဲ ဖီးနစ် လက်ကောက်ကို၊ မင်း လုပ်ထားတာ မဟုတ်လား၊ ငါ ကြိုက်တယ်။ ”
“ နင် ကြိုက်တာ ကောင်းတယ်၊ ဒါက လက်ကောက် လေး တစ်ကွင်း ပဲ။ ”
ခရမ်းငယ်မှ မကျေ မနပ်ဖြင့် ပြန်ပြော လိုက်သည်။ သူမ အနေဖြင့် ပြေရာ ပြေကြောင်း ပြော လာသော၊ လောဟွာကို ရန်ငြိုးဖွဲ့ ထားပုံ ရသည်။
“ တစ်ယောက် ယောက် လာနေတယ်။ ”
ရုတ်တရက် အော်ဟစ်လျက် ဓားသေတ္တာ ထဲသို့၊ ပြေးဝင် ပျောက်ကွယ်သွား တော့သည်။ ယခင် အချိန် များ၌ ခရမ်းငယ်၏ တည်ရှိ မှုကို၊ ခြေရာ မခံနိုင် ရသည့် အကြောင်း ရင်းအား၊ လေဟွာ တစ်ယောက် နားလည် လိုက်၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် အကြီးအကဲ ပိုင်တင်းနှင့် ဘိုဘေး ဟွမ် တို့က ကောင်းကင်မှ ဆင်းသက် လာသည်။
ဘိုးဘေး ဟွမ်၏ အမူ အရာ အရ၊ ဤသို့ ခိုးဝင် တိုက်ခိုက်လာ မည်ကို ကြိုတင် မျှော်လင့် ထားပြီး ဖြစ်ပုံ ရသည်။
သူက လင်းယွန်နှင့် လောဟွာကို တစ်ချက်စီ ကြည့်ကာ၊
“ မင်းတို့ ... အခု ထွက်သွားတာ ပို ကောင်းမယ်၊ ငါရဲ့ ဟွမ် မိသားစုက မင်းကို မကာကွယ် နိုင်တော့ဘူး။ ”
“ ကျေးဇူး တင်ပါတယ် စီနီယာ၊ ဒါလေးက လက်ဆောင်ပါ။ ”
လင်းယွန်က ငြိမ်းအေးခြင်း ဆေးလုံး တစ်လုံးကို ထုတ်ပေး လိုက်၏။ မောက်မာသော ဤလူငယ်၌ အသိတရား ရှိနေလိမ့် မည်ဟု၊ မထင်မိ ခဲ့သော ဘိုးဘေး ဟွမ် ခမျာ၊ အံ့အားသင့် သွားသည်။
ဆေးလုံးကို လက်ခံ ယူပြီး ပြုံးလျက်ဖြင့်၊
“ ဂရု စိုက်ပါ ... ၊ မင်းမှာ ရွေးချယ် စရာ မရှိရင်၊ လျှပ်စီး တစ်ထောင် ဓားကို စွန့်လွှတ် လိုက်ပါ၊ ငါ သိထားတာ တစ်ခုက ...
... ဒီဓားကို ကျန့်ကျန်းရှန် စွန့်ပစ် ခဲ့တာ ကြာပြီ ဆိုတာပဲ၊ ဒါကို အခုမှ ဘာလို့ ပြန်ယူခိုင်း ရတာလဲ ဆိုတာတော့ ငါလည်း မသိဘူး။ ”
ဘိုးဘေး ဟွမ် စကားကြောင့်၊ လင်းယွန် အတွေးများ ရှင်းလင်း သွားသည်။ အဖိုးကြီးမှာ အစီရင် သုံးရပ်ကို အသုံးချပြီး၊ သူ့အား သွေးယူ လိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် ခေါင်းညိတ် လျက်၊ အကြီး အကဲ ပိုင်တင်းထံ လှည့်ကြည့်ကာ၊
“ အကြီး အကဲ၊ ဂိုဏ်းချုပ် ဆီက သတင်း တစ်ခုခု ရှိသေးလား၊ သူ ငါ တို့ကို လာကြိုမယ် တဲ့လား။ ”
-ဟု မေးလိုက် မိ၏။
“ ဂိုဏ်းချုပ်က ကိုယ့် အစီစဉ်နဲ့ ကိုယ်၊ ပြန်လာ ခဲ့တဲ့၊ လျှပ်စီး တစ်ထောင်ဓား ကိုလည်း၊ မင်း အဆင် ပြေတဲ့ လူ၊ ပေးနိုင် တယ်တဲ့၊ ...
... သေမှာ မကြောက် ဖူးဆို ရင်တော့ ယူထားတဲ့၊ ပြီးတော့ ... သူ့ကို မျှော်မနေ နဲ့တဲ့၊ တိမ်လွှာဓား ဂိုဏ်းကနေ ထွက်လာမှာ မဟုတ် ဖူးတဲ့။ ”
ဂိုဏ်းချုပ်မှ ထိုသို့ တုန့်ပြန်မှု အပေါ်၊ လင်းယွန် တစ်ယောက် နား မလည်နိုင် ဖြစ် သွား မိသည်။
“ ကြည့်ရတာ ကျန့်ကျန်းရှန် ဇာတ်လမ်းကို မင်းတို့ သိပုံ မရ ဖူးပဲ။ ”
ဘိုးဘေး ဟွမ်က လင်းယွန်နှင့် ပိုင်တင်း တို့၏ စိတ်ပျက် နေသော အမူအရာကို တစ်ချက် ကြည့်ပြီး၊
“ တိမ်လွှာဓား ဂိုဏ်း ကနေ ... ၊ သူ ဘယ်တော့ ထွက်လာမှာ မဟုတ်ဘူး၊ ဒါက (၁၈) နှစ်ကြာ သွားပြီ ဆိုတော့၊ လူငယ် မျိုးဆက်က မသိ တော့တာ မဆန်း ပါဘူး။ ”
-ဟု ပြောလာ တော့သည်။
“ ဘာ များ လဲ ... ။ ”
လင်းယွန်နှင့် အကြီး အကဲ ပိုင်တင်းမှာ အံ့သြ သွားသည်။ ဘိုးဘေးဟွမ်က သက်ပြင်းချ လိုက်ပြီး၊
“ အဲ့ဒီ တုန်းက သူက သက်တံဓား သူတော်စင်ရဲ့၊ အထူး ချွန်ဆုံး တပည့် ဖြစ်ပြီး၊ ဓားဂိုဏ်းမှာ နံပါတ်တစ် ပါရမီ ရှင်ပဲ၊ ...
... ဒါတင် မကဖူး၊ အင်ပါ ရီယန်၊ ပင်မ နတ်ဘုရားနဲ့၊ နဂါး သွေး လွှတ်ကြော နယ်ပယ် ဆိုတဲ့၊ အဆင့် သတ်မှတ်ချက် သုံးခု လုံးမှာ၊ နံပါတ် တစ်နေရာကို ရယူ နိုင်ခဲ့တယ်၊ ...
... ဓားဂိုဏ်းကို မြင့်မြတ်မြေ အဖြစ်၊ ပြန်လည် မြှင်တင် ပေးနိုင်မယ့် လူငယ် ပါရမီရှင် လို့လည်း ညွှန်းဆို လာကြတယ်၊ ဒါပေမယ့် ...
... ဒေါသကြောင့် အမှား တစ်ခုကို၊ သူ ကျူးလွန် ခဲ့တဲ့ အတွက်၊ သူ့ဆရာ သက်တံဓား သူတော်စင်က ဂိုဏ်းကနေ နှင်ထုတ် ပစ်လိုက်တယ်၊ ...
... သူ့ မျိုးရိုး အမည်ကို ပြန်ယူ ရပြီး၊ သူ့ တစ်သက် အပြာရောင် စံအိမ် ကနေ တစ်ဖဝါး မခွာဖို့ အပြစ်ပေး ခံထား ရတယ်။ ”
အဆင့် သုံးဆင့်တွင်၊ ပထမ နေရာကို ရယူထားကြောင်း သိရှိရ ချိန်၌ လင်းယွန် ခမျာ တုန်လှုပ် သွားသည်။
အဖိုးကြီးသည် သူ့ခေတ် သူ့အခါ၌ ဤမျှ အထိ၊ ကြီးစိုး နိုင်လွန်း လိမ့်မည်ဟု မထင်ထား မိ ခဲ့ချေ။ မယုံ နိုင်စရာ ပေပင်။
“ ဂိုဏ်း ... ဂိုဏ်းချုပ်က၊ တကယ်ပဲ သက်တံဓား သူတော်စင်ရဲ့ တပည့်လား။ ”
နယ်ပယ် သုံခု ချန်ပီယံ ဟူသော ဘွဲ့ထူးထက်၊ သက်တံဓား သူတော်စင် ဟူသော အမည်က၊ ပိုင်တင်းကို ဒူးများ ညွှတ်ခွေ သွားစေသည်။
“ သက်တံဓား သူတော်စင်က သန်မာ လို့လား။ ”
ထို့ကြောင့် လင်းယွန်မှ မေးမိသည်။
“ သူက အရှေ့ဘက် ပျက်သုဉ်း မြေရဲ့၊ ဓားသူတော်စင် သုံးပါး အနက်က တစ်ပါး ပါပဲ၊ ကျန့်ကျန်းရှန်ကို အပြစ် ပေးပြီး ထဲက ...
... သက်တံဓား သူတော်စင်က တပည့် အသစ် လုံးဝ လက်မခံ တော့ဘူး၊ ဒါတွေ ထားပါ ... အခု ငါ့ဟွမ် မိသားစု ခွန်အားက၊ ဒီဒုက္ခ တေွကို မကိုင်တွယ် နိုင်တော့လို့၊ ...
... ဒီက မြန်မြန် ထွက်သွားတာ ပိုကောင်း လိမ့်မယ်၊ ကောင်လေး ... မင်းက ဒီဓားထက် ပို အရေး ကြီးတယ် ဆိုတာ သိထားပါ၊ ဒီဓားကို ကျန့်ကျန်းရှန်က စွန့်လွှတ် လိုက်ပြီ။ ”
ဘိုးဘေး ဟွမ်မှ သက်ပြင်း ချကာ၊ သတိ ပေးလိုက်သည်။ သို့သော် လင်းယွန်မှာ ပေါ့ပေါ့ ပါးပါး ဖြစ်မလာ ခဲ့ဘဲ၊ ရှုပ်ထွေးသော အမူ အရာဖြင့်၊ မျက်မှောင်ကြုတ် သွားသည်။
ဤဓားကို မို မိသားစုမှ သွန်းလုပ် ထားပြီး၊ နတ်ရူရ် တစ်လုံးကို သူတော်စင် ရူရ် တစ်ထောင် ဖြင့်၊ ဝိုင်းရံပေး ထား၏။
သူတော်စင် ရူရ် ဆယ်လုံးကို အသုံးပြု နိုင်ရုံနှင့်ပင်၊ ပင်မ နတ်ဘုရား တစ်ပါးအား သတ် နိုင် ပေသည်။ ထို့နောက်တွင် သုံးယောက် သား၊ ဟွမ် အိမ်တော်မှ ထွက်ခွာ လာကြသည်။
လမ်း တစ်လျှောက် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များ၏ အငွေ့ အသက် များစွာကို၊ တိုး၍ ခံစား လာရသည်။
“ သူတို့ ထွက်သွားပြီ ... ။ ”
“ မသေ ဖူးလား ... ။ ”
“ ဟွမ် စံအိမ်မှာ သူ သေမယ်လို့၊ ထင်ထားတာ ဒီကောင် တကယ် ကံကောင်း သွားတယ်။ ”
လင်းယွန် တို့အား မြင်သည်နှင့်၊ အပြာရောင် ကျောက်တုံး မြို့တော် အတွင်း၊ ရုတ်ရုတ် သဲသဲ ဖြစ် သွားလေသည်။
ဟွမ် စံအိမ်ရှိ တိုက်ပွဲကို၊ သူတို့ သိချေ၏။ လူတိုင်းက လျှပ်စီး တစ်ထောင် ဓားကို မည်သူ ရယူ သွားမည်အား၊ တွက်ဆ နေမိ ခဲ့သည်။
မြို့ပြင် ရောက်သည်နှင့် ချောင်မြောင်း နေသည့် မြေခွေး အိုကြီး များကို၊ လင်းယွန် တို့မှ ခံစား နိုင်သည်။
“ လျှပ်စီး တစ်ထောင် ဓားက၊ တစ်ကယ်ပဲ လူကြိုက်များ တာပဲ။ ”
လောဟွာမှ လေထု အတွင်းရှိ အငွေ့ အသက် များကို အာရုံခံကာ သုံးသပ် လိုက်၏။ သူမ စကားကြောင့် အကြီး အကဲ ပိုင်တင်းမှာ၊
“ သခင်ငယ် လော အစီ အစဉ် တစ်ခုခု ရှိလား။ ”
-ဟု ထုတ်မေး လာ၏။
“ ဒီမြို့က အရင် ထွက်ရအောင် ... ။ ”
လောဟွာက ကြယ်ငှက်အား နှစ်သိမ့် ပေးနေသော အကြီးအကဲ ပိုင်တင်းထံ တစ်ချက် ကြည့်ကာ၊ ပြန်ပြော လိုက်သည်။
“ သူတို့ နောက်ကို လိုက် ... ။ ”
မြို့တွင်းမှ စပ်စု လိုသော လူရိပ် များက၊ ကောင်းကင်ပေါ် ပျံတက် လာသည်။ ကြယ်ငှက် မှာ အရှိန် အဟုန်ဖြင့် မြို့တော်အား ထားရစ် ခဲ့သည်။
နဂါး သွေးလွတ်ကြော နယ်ပယ်မှ၊ ကျွမ်းကျင်သူများ ထွက်ပေါ် လာခြင်း မရှိသေး သော်လည်း၊ ၎င်းတို့ မျက်စိ အောက်၌ ပျံသန်း နေရ ခြင်းသည် စိတ် မချမ်းသာ လှချေ။
“ ကျီး ... ။ ”
ထို့စဉ် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု၊ ပထမ ကောင်းကင်ကို ခွဲလျက် ဟန့်တား လာသဖြင့်၊ ကြယ်ငှက်မှ ထိတ်လန့် သွားလေသည်။
“ ကျီး ... ။ ”
အဆုံးတွင် သူတို့ စိုးထိတ် နေသော အချိန်သို့၊ ကျရောက် လာပြီ ဖြစ်သည်။ ဖိအား တစ်ခုက ကြယ်ငှက်အား မြေပြင်သို့ ချက်ချင်း ဆင်းသက် စေတော့၏။
လေထု အလယ်တွင်၊ မျက်နှာဖုံး တပ်ထားသော အနက်ဝတ် အဖိုးအို တစ်ဦး ထွက်ပေါ် လာလေသည်။
“ ဓား ... ။ ”
၎င်းက လက်ဖဝါး ဖြန့်ကာ တောင်းလာ၏။ ထိုစဉ် နောက်ထပ် လူရိပ်များ ထပ်မံ ဆင်းသက် လာသည်။
“ ဒီလောက် လူတွေ များ နေတာ ... ၊ ငါဘယ်သူ့ကို ပေးရ မှာလဲ၊ လိုချင်တဲ့ လူက ကိုယ်တိုင် လာယူ ပါလား။ ”
လင်းယွန်မှ မဲ့ပြုံး ပြုံးကာ တုန့်ပြန် လိုက်သည်။ ကောင်းကင် ချပ်ဝတ် ရှိနေသည့် နောက်၊ ဤလူ များကို မကြောက်ချေ။
“ ဓားကို ထားပြီး ... ၊ မင်း ထွက်သွား။ ”
မျက်နှာတွင် အနက်ရောင် မြူများဖြင့်၊ ရစ်သိုင်း နေသော အဖိုးအို တစ်ဦးမှ လှမ်းပြော လာသည်။
ဤအဖိုးအို များသည်၊ သူတို့အား တစ်ချိန်လုံး စောင့်ကြည့် နေသော နဂါး သွေးလွှတ်ကြော နယ်ပယ်ကျွမ်းကျင် သူများ ဖြစ်ချေ၏။
“ မင်း ... ဒီမှာ စကား ပြောနိုင်တဲ့ အဆင့် မရှိ သေးဘူး။ ”
“ ဓား ထားခဲ့ ... ၊ ငါတို့ အချင်းချင်း ... ရန်တိုက် ပေးဖို့ မစဉ်း စားနဲ့၊ ကျန်တာ ငါတို့ ကိုယ်တိုင် ဆုံးဖြတ်မယ်။ ”
“ အသက်ကို ချမ်းသာ ပေးလိုက်တာ ကျေးဇူးတင် ... ၊ မဟုတ်ရင် မင်း ဘေးက ကောင်မ လေးတောင်၊ သေရ လိမ့်မယ်။ ”
နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ကိုးဦး တိတိ၊ ထွက်ပေါ် လာပြီး၊ ကောင်းကင်တွင် ရပ်လျက်၊ ငေါက်ငမ်း လာတော့သည်။
ဤအရာက လင်းယွန်ကို လူသတ်ချင် စိတ်များ ဖြစ်ပေါ် လာစေ၏။ ထိုစဉ် လောဟွာမှ သူ့လက်အား ဆုပ်ကိုင် လာသည်။
“ သူ ရောက်လာပြီ။ ”
“ ဘယ်သူ ... ရောက်လာ တာလဲ မိန်းကလေး၊ မင်းက ငါတို့ကို ခြောက်လှန့်ဖို့ ကြိုးစားနေ တာလား၊ မင်းသာ ...
... ရှေးဟောင်း သူတော်စင် မျိုးနွယ် စုက ဆိုရင်၊ အနည်းဆုံး ကျွမ်းကျင်သူ တစ်ယောက် ရှိနေ ရမယ်၊ ဖန်ရွှမ်ဇီက မင်းကို ကြောက်နေ ပေမယ့် ငါတို့ မဟုတ်ဘူး။ ”
မျက်နှာကို အခိုး အငွေ့ များဖြင့် ပုံဖျက် ထားသော အဖိုးအို စကားကြောင့်၊ ကျန်အဖိုးအို များက၊ ပြုံးသည်။
ထို့စဉ် ကောင်းကင် တစ်ခုလုံး ရုတ်တရက် ကြက်သွေးရောင် ပြောင်းလဲ သွားပြီး၊ မကောင်း သော ခံစားချက်များ၊ ပျံ့လွင့် လာ၏။
“ မိစ္ဆာ ကျင့်ကြံသူ။ ”
လင်းယွန်မှာ အံ့သြ သွားလေသည်။ ဤလူသည် လောဟွာ ရည်ညွှန်းသော တတိယ လူ ဖြစ်နိုင် ခေျ၏။
***