လူငယ် တွေက ပို သန်မာတယ်။
Vol. 87 Ch. 1215
ရှေးဟာင်း သားရဲ တစ်ကောင်၏ အစွယ် ကဲ့သို့၊ ကြက်သွေးရောင် ဓားမော့ တစ်လက်က ကောင်းကင်ကို ခွဲကာ၊ ဆင်းသက် လာသည်။
ဓားမှ ထုတ်လွှတ်သော မိစ္ဆာ ရောင်ဝါကို အခြေ ခံ၍၊ ဤအရာသည် နတ်မိစ္ဆာ သူတော်စင် ဓားတစ်လက် ဖြစ်ကြောင်း၊ ပြောနိုင်၏။
ဤဓါးကို ရင်းနှီး သည်ဟု ခံစား ရဖြင့် လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားသည်။ အဆုံးတွင် ဓား ပိုင်ရှင်အား ပြန်သတိရ လာပြီး၊ ပါးစပ် ဟောင်းလောင်း ပွင့်သွား လေသည်။
ထိုသူသာ ဆိုပါက ပို၍ ခက်ခဲ တော့မည် ဖြစ်၏။
“ ဟဲ ဟဲ ... ။ ”
ရယ်မော သံနှင့် အတူ၊ အနက်ဝတ် လူ တစ်ဦး ထွက်ပေါ် လာသည်။ ထို့နောက် မြေပြင် ပေါ် ဆင်းသက် လိုက်သော အခါတွင်၊ ရောင်ဝါ ကြောင့်၊ မြေပြင် တစ်ခုလုံး တုန်ခါ သွား လေသည်။
ယင်းက မည်မျှ အထိန်း အကွပ်မဲ့ သည်ကို ဖော်ညွှန်းရာ ရောက်ပေ၏။
“ ကောင်းကင် မြက်ပင် ခန်းမရဲ့၊ သတ္တမမြောက် ကာကွယ်သူ ယန်ထျဲက၊ ခန်းမ သခင်ရဲ့ အမိန့် အရ၊ သခင်ငယ် လောကို နှုတ်ဆက် ပါတယ်။ ”
ယန်ထျဲက ပြုံးပြီး လောဟွာအား ဦးညွှတ် လိုက်သည်။ ယင်းမှာ လင်းယွန်နှင့် အကြီးအကဲ ပိုင်တင်းကို၊ တိတ်ကျ သွားစေ ၏။
တတိယ ကောင်းကင်တွင် လျှပ်စီး ရည်ရွယ်ချက်ဖြင့်၊ သူတော်စင် လက်ရာ တစ်ပါး ကို သန့်စင် နေခဲ့သော၊ မိစ္ဆာ ကျင့်ကြံသူ ဖြစ် လေသည်။
လောဟွာမှ ခေါင်းညိတ် လိုက်ပြီး၊ ‘အဆင် ပြေတယ်၊’ ဟု ပြန်ပြော လိုက်သည်။ ထို့ကြောင့် ယန်ထျဲမှာ လောဟွာအား ခေါင်းမော့ ကြည့်၏။
ခန်းမ သခင်မှ ဤမိန်းကလေး၏ စကားကို နားထောင်ရန် စေခိုင်း ထားသည်။ သည့်နောက် ကောင်းကင်တွင် ရပ်နေသော အနက်ဝတ် လူ ကိုးဦးထံ လှည့်ကြည့် လိုက်၏။
“ အထက် တန်းစား တွေလား။ ”
ဖြောင့်မှန်သော ကျင့်ကြံသူ များကို ရိုက်နှက်ရ တော့မည် ဖြစ်သဖြင့်၊ ယန်ထျဲမှာ ဝမ်းသာ သွား မိသည်။
“ ငါ့ရဲ့ ... သွေးအစွယ် ဓားမော့က ... ၊ လျှပ်စီး တစ်ထောင် ဓားကို မယှဉ်နိုင် ပေမယ့်၊ သူတော်စင် ရူရ် တစ်ထောင် ပါပါတယ်၊ မင်းတို့တွေ စိတ်ဝင် စားလား။ ”
မျက်နှာ ဖုံးစွပ် လူ ကိုးဦးမှာ၊ တုန်လှုပ် ချောက်ချား စွာဖြင့်၊ နောက်တစ်လှမ်း ဆုတ် သွားသည်။
ကောင်းကင် မြက်ပင် ခန်းမ ဟူသည်၊ နတ်မိစ္ဆာ နယ်မြေ၌ ကြောက်မက်ဖွယ် အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင် ထားသည့် တန်ခိုးကြီး ဂိုဏ်း တစ်ဂိုဏ်း ဖြစ်သည်။
“ အိုး ... မင်းက ဖန် မိသားစုက အဖိုးကြီး မဟုတ်လား။ ”
မျက်နှာ ဖုံးရှင် ကိုးဦး အနက်မှ တစ်ဦးကို၊ ဓားမော့ဖြင့် ချက်ချင်း ခုတ်ပိုင်း လျက်၊ ရန်ထျဲမှ ပြောလာ လေသည်။
သူတော်စင် လျှပ်စီး ရူရ် တစ်ထောင် အသက်ဝင် လာပြီး၊ ကောင်းကင် တစ်ခုလုံး နီရဲ သွား၏။
အရာ အားလုံး ပုံမှန် ပြန်ဖြစ် သွားသော အခါတွင်၊ အနက်ရောင် မြူဖြင့် ဖုံးအုပ်သော မျက်နှာဖုံး ရှင်မှာ၊ ရင်ဘတ်၌ ပြတ်ရှ ရာကြီး ကျန်ရစ် ခဲ့သည်။
ထို့အပြင် မျက်နှာဖုံး တစ်ဝက် ခုတ်ဖြတ် ခံလိုက်ရ သောကြောင့်၊ ဖန်ရွှမ်ဇီနှင့် ဆင်သည့်၊ မျက်နှာ တစ်ခု ထွက်ပေါ် လာသည်။
“ ဝှစ် ... ။ ”
အဘိုးအိုက သူ့ အထောက် အထားကို ထုတ်ဖော် ခံလိုက် ရသဖြင့်၊ ချက်ချင်း လှည့် ထွက်သွား လေသည်။
ကျန်ရှစ်ဦး သည်လည်း ရန်ထျဲ၏ ဓားမော့ ကို ကြောက်ရွံ့စွာ ပြန်ကြည့်ပြီး၊ နောက် ဆုတ် လိုက် မိသည်။
ယန်ထျဲကြောင့် သူတို့ လုပ်နိုင် စရာ မည်သည့် အရာမှ မရှိ တော့မှန်း၊ နားလည် သွားကာ၊ ထွက်ခွာရန် ဆုံးဖြတ် လိုက်သည်။
သို့ မဟုတ်သော် ဖန် အဖိုးကြီး ကဲ့သို့၊ အထောက် အထားကို ဖော်ထုတ် ခံရပါက၊ ဂုဏ် သိက္ခာ အစွန်း အထင်း ဖြစ်ရ ပေလိမ့်မည်။ ယင်းက အဆင် မပြေ ချေ။
“ ဟေး ... မင်းတို့က လုယက်မို့ လာတာ မဟုတ် ဖူးလား၊ ဘာလို့ ချက်ချင်း စိတ်ပြောင်း သွား ကြတာလဲ။ ”
ထွက်ခွာ သွားသော လူအုပ်ကို ကြည့်ကာ၊ ရန်ထျဲမှ ပြုံးလိုက်သည်။ သို့သော် ချက်ချင်းပင် အပြုံးများ ပျောက်ကွယ် သွားပြီး၊ ဦးတည်ရာ တစ်ရပ် ထံသို့ မော့ကြည့် လိုက်သည်။
“ တကယ့် ဒုက္ခက ခုမှ လာတာ။ ”
သွေးအစွယ် ဓားမော့အား တင်းကြပ်စွာ ဆုပ်ကိုင်လျက်၊ ညည်းတွား လိုက်တော့၏။
ရန်ထျဲပင် ဒုက္ခတ မိသော လူမှာ၊ မည်သူ ဖြစ်မည်ကို တွေးတော ပြီးနောက်၊ သုံးယောက် သား ငြိမ်သက် သွားသည်။
လူ အချို့ကို မသတ် ပါက၊ ခြိမ်ခြောက်ရန် ခက်ခဲ နေပုံ ရ၏။ ဤအခိုက်တွင် ဓားတစ်လက်၊ မိုးကုပ် စက်ဝိုင်းမှ တရွေ့ရွေ့ ပျံသန်း လာသည်။
မျက်စိတမှိတ် အတွင်း မှာပင်၊ တည်နေရာ ရွေ့ပြောင်း လိုက် သကဲ့သို့၊ အဖြူဝတ် အဖိုးအို တစ်ဦး၊ သူတို့ ရှေ့၌ ထွက်ပေါ် လာ၏။
“ ငါက ... ၊ အကြွင်းမဲ့ ကောင်းကင် မြို့တော်က လျှိုထျန်းရီပါ။ ”
အဖိုးအိုမှ လင်းယွန်အား ကြည့်ကာ၊ မိတ်ဆက် လာသည်။ အကြွင်းမဲ့ ကောင်းကင် မြို့တော် ဟူသည်၊ ဓားဧကရာဇ် တည်ခဲ့သော မြို့တော် တစ်ခု ဖြစ်သောကြောင့်၊ ပတ်ဝန်း ကျင်၌ လိုက်လံ စပ်စု နေသည့်၊ လူ အချို့ကို ရုတ်ရုတ် သဲသဲ ဖြစ်သွား စေသည်။
ကုန်းစွန်းယန်က အမှောင် ထဲမှ တိုးထွက် လာပြီး၊ စိတ်လှုပ်ရှား စွာနှင့်၊ အဖိုးအိုကို ဦးညွှတ် လိုက်သည်။
“ ဂျူနီယာ ကုန်းစွန်းယန်က၊ အကြီး အကဲ လျှိုကို နှုတ်ဆက် ပါတယ်။ ”
“ ဓားဧကရာဇ် မိသားစုရဲ့ ပြင်ပ တပည့်၊ မင်းက အရည် အချင်း ရှိတဲ့၊ လူ တစ်ယောက် ဆိုတာ ငါ ကြားဖူး ပါတယ်။ ”
လျှိုထျန်းရီမှ ခေါင်းညိတ်လျက်၊ အသိ အမှတ် ပြု လိုက်သည်။ ဓားဧကရာဇ် မိသားစု၏ ပြင်ပ တပည့် ဟူသော ရည်ညွှန်း နာမ်စားမှာ၊ ကိုယ့် အကြောင်း ကိုသာ သိသော ကုန်စွန်းယန် အတွက်၊ စိတ်လှုပ်ရှား စရာ ပေပင်။
ပြင်ပ တပည့် ဟူသည် အမြဲတမ်း ပြင်ပ တပည့် အဖြစ်သာ သတ်မှတ် ခံရပြီး၊ မြို့တော်ရှိ တပည့် များနှင့် ယှဉ်၍ မရ နိုင်ချေ။
သို့သော် ဤအကြီး အကဲအား ပျော်ရွှင်အောင် စွမ်းဆောင် နိုင်ပါက၊ ထိုအခွင့် အရေး ရရှိ မည်ဟု၊ သေချာပေါက် ယုံကြည်သည်။
လျှိုထျန်းရီက သူ့အား၊ အသိမှတ် ပြု ပြီးနောက်၊ မျှော်လင့် သကဲ့သို့ ဖိတ်ခေါ် ခြင်းမျိုး မရှိဘဲ၊ လင်းယွန်ထံ လှည့်သွားသည်။
သို့သော် လင်းယွန် နဖူးရှိ ကျွန် အမှတ် အသားကို မြင်ချိန်၌၊ အံသြ မှုအား မဖုံးကွယ် နိုင်ခဲ့ချေ။ သည့်နောက်၊
“ ကောင်လေး မင်းက လင်းယွန် မဟုတ်လား၊ ဓား ဧကရာဇ် မိသားစု ထဲကို ဝင်ဖို့ ... ၊ စိတ်ဝင် စားလား။ ”
-ဟု ပြုံးကာ ကမ်းလှမ်း လိုက်သည်။
ဤဖိတ်ခေါ် ချက်က ကုန်းစွန်းယန်အား မျက်နှာ ပျက်ယွင်း သွားစေသည်။ သူ့ တစ်သက် စောင့်မျှော် နေသော အခွင့် အရေးကို တစ်ဖက် လူမှ အလွယ် တကူ ရရှိ သွား၏။
“ အကြွင်းမဲ့ ကောင်းကင် မြို့တော်မှာ၊ မင်းလို ပါရမီ ရှင်တွေ ရှိသလို၊ မင်းထက် သန်မာ တဲ့ လူတွေလည်း ရှိတယ်၊ မင်းက ...
... အရည် အချင်း ရှိတဲ့ အတွက်၊ ငါတို့ရဲ့ လမ်းညွှန်မှု အောက်မှာ၊ အပြည့် အဝ တူးဖော် နိုင်မယ်လို့၊ ငါ ယုံကြည်တယ်။ ”
လျှိုထျန်းရီက စိတ်ပါ လက်ပါဖြင့်၊ ဆက်ပြော လာသည်။ ထိုကမ်းလှမ်း ချက်သည် လျှပ်စီး တစ်ထောင် ဓားနှင့် အတူ၊ အသက် ရှင်လျက် ထွက်ခွာ နိုင်ပြီဟု အဓိပ္ပါယ် ရ၏။
“ ဒီကောင် တကယ် ကံကောင်းတယ် ... ။ ”
တိတ်တဆိတ် ခေျာင်းကြည့် နေသော ကုန်းဟောက်ရန်မှ မနာလို စိတ်ဖြင့် အံကြိတ် စကား ဆိုလိုက်သည်။
“ ကုန်းစွန်းယန် သွေးအန် တော့မယ် ထက်တယ်၊ ဒါက သူ စောင့်မျှော် နေတဲ့ အခွင့် အရေးပဲ၊ အခုတော့ လင်းယွန်ကို သူကိုယ်တိုင် ခေါ်ပေး မိပြီ။ ”
ဘေးနားရှိ ကျောက်ယန်မှ ပြုံးလျက် ဝင်ပြော လာတော့သည်။
“ ဆန္ဒ မရှိ ပါဘူး။ ”
သို့သော် လင်းယွန်မှ မဆိုင်း မတွ ငြင်းဆို လိုက်သည်။
“ ဟေး ... ခွန်လွန် နယ်မြေရဲ့ ... ၊ ဧကရာဇ် ကိုးပါးကို ... ၊ မင်း ... မသိ တာတော့ မဟုတ်ပါ ဖူးနော်။ ”
ယန်ထျဲမှ လင်းယွန်အား နားမလည် နိုင်စွာဖြင့်၊ အော်ပြော လိုက်သည်။ အဆုံးတွင် ခွန်လွန်ရှိ လူတိုင်းမှာ၊ ဧကရာဇ် ကိုးပါးကို သိပေ၏။
၎င်းတို့ အနက် ဓားဧကရာဇ်မှာ၊ ဓားတာအို၌ ဧကရာဇ် တစ်ဆူ ဖြစ်သည်။ သူ တည်ထားသော မြို့သည် သဘာဝ အားဖြင့်၊ ဓားသမားများ အတွက်၊ သန့်ရှင်းသော မြေ ဖြစ်၏။
ထို့ကြောင့် တစ်ချက် မစဉ်း စားဘဲ၊ မည်သည့် အရာမှ ကမ်းလှမ်းမှု အပေါ်၊ ငြင်းပယ် စေသည် အထိ၊ တွန်းအား ပေးနိုင်မှန်း၊ မသိ တော့ချေ။
“ တောင်းပန် ပါတယ် စီနီယာ ... ၊ လင်းယွန်က လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းရဲ့ တပည့် တစ်ယောက်ပါ။ ”
ပိုင်တင်းမှ အံကြိတ်လျက် အရဲစွန့်ကာ ဝင်ပြော လာသည်။
“ လျှပ်စီး တိမ်လွှာဓား ဂိုဏ်း။ ”
ဤအမည်ကို တစ်ကြိမ် မျှပင်၊ မကြားဖူး သောကြောင့်၊ လျှိုထျန်းရီ ခမျာ မျက်မှောင်ကျုံ့ လိုက်မိသည်။
“ အကြီး အကဲ လျှို ... ၊ အဲဒါက ဓားဂိုဏ်းရဲ့ လက်အောက်ခံ ဂိုဏ်းခွဲပါ။ ”
ကုန်းစွန်းယန်မှ မနေနိုင် တော့ဘဲ၊ အနားကပ် သွားကာ၊ ခပ်တိုးတိုး ရှင်းပြ ပေး လိုက်သည်။
“ ကြည့်ရတာ ... ငါ ရိုင်းပျ မိပုံပဲ။ ”
လှိုထျန်းရီ လေသံမှာ၊ ဖော်ရွေမှု အစား၊ ယဉ်ကျေးသော အသွင် ပြောင်းလဲ လာသဖြင့်၊ လင်းယွန်မှ အံ့အားသင့် သွားသည်။
ဓားဂိုဏ်းနှင့် ဓားဧကရာဇ် တို့ကြား၊ အာဃာတ တစ်စုံ တစ်ရာ ရှိသည် ဟူသော သတင်းမှာ၊ အမှန် ဖြစ်နိုင် မည်လော။
သို့သော် ဓားဂိုဏ်းသို့ မရောက် မချင်း ၎င်းအဖြေကို၊ သိမည် မဟုတ်ခေျ။ ဓားဂိုဏ်းနှင့် ဓားဧကရာဇ် မိသားစုကြား ရန်ငြိုးမှာ မရိုး ရှင်းဟု မြင်၏။
“ မင်း ... လျှပ်စီး တစ်ထောင် ဓားကို ပြန်ယူလာ နိုင်တယ်လို့ ငါ ကြားတယ်၊ ငါက မို မိသားစု လက်ရာ တွေကို စွဲလမ်းတဲ့ အတွက်၊ တခြား ရတနာ တွေနဲ့ လဲလှယ်ဖို့ မင်းမှာ ဆန္ဒ ရှိလား၊ မနစ်နာ စေရ ဖူးလို့ အာမခံ ပါတယ်။ ”
လျှိုထျန်းရီက လင်းယွန်အား သိမ်းသွင်း ခြင်းကို လျက်လျော့ လိုက်ပြီး၊ လာရင်း ကိစ္စထံ ဦးတည် လိုက်သည်။
“ ဒီဓားဟာ ဂိုဏ်းချုပ်ရဲ့ ဓားပါ ... ၊ လင်းယွန်မှာ ဆုံးဖြတ် ပိုင်ခွင့် မရှိ ပါဖူး စီနီယာ၊ စီနီယာသာ တကယ် စိတ်ဝင်စားရင် ဂိုဏ်းကို လိုက်လာလို့ ရပါတယ်။ ”
အကြီး အကဲ ပိုင်တင်းက၊ အကြံအစည် ကြီးများ စွာဖြင့် ဖိတ်ခေါ် လိုက်၏။ လျှိုထျန်းရီ ကဲ့သို့၊ ဓား ဧကရာဇ် မိသားစုဝင် တစ်ဦးကို သက်တော်စောင့် အဖြစ်၊ ခေါ်ယူနိုင် ပါက အရမ်းကောင်း ပေမည်။
“ အဲဒါမှ ဒုက္ခပဲ ... ။ ”
လျှိုထျန်းရီက ခေါင်းယမ်း လိုက်သည်။ ပြီးနောက် သက်ပြင်း ချကာ၊
“ ကောင်လေး ... ၊ ဓားကို ငါ ကြည့်လို့ ရမလား။ ”
“ ရပါတယ်။ ”
လင်းယွန်က လျှပ်စီး တစ်ထောင် ဓားကို ထုတ်ယူပြီး၊ လျှိုထျန်းရီထံ ကမ်းပေး လိုက်၏။ ဓားအား ပြန် မပေးမည် ကြောက်ပုံ မရချေ။
လျှိုထန်းရီမှ ဓားဆွဲထုတ် လိုသည်ကို၊ မြင်သော အခါတွင်၊ လင်းယွန်က ပြုံးလိုက်ပြီး၊
“ ဒါကို ... ၊ မြင်ခွင့် ရရုံနဲ့ ... ကြေနပ် သင့်တယ်၊ သူ့ကို ဆွဲထုတ် နိုင်မှာ မဟုတ်ဘူး။ ”
-ဟု သတိပေး မိ၏။
သူ့ စကားကြောင့် ကုန်းစွန်းယန်မှာ ဒေါသ ထွက်သွားသည်။
“ လင်းယွန် ... မင်း စကားကို၊ ပို ယဉ်ကျေး သင့်တယ်၊ ဓားဧကရာဇ် မိသားစုရဲ့ အကြီးအကဲ တစ်ဦးက၊ သူတော်စင် ရူရ် တစ်ထောင် ဓားကို မဆွဲ နိုင်ဖူး ဆိုတာ ဖြစ်နိုင် ပါ့မလား။ ”
သို့သော် လျှိုထန်းရီက ပြုံးလျက် ခေါင်းညိတ် လိုက်ပြီး၊
“ အဆင်ပြေ ပါတယ် ... ၊ နဂါး သေွးလွှတ်ကြော နယ်ပယ်က သာမာန် ကျွမ်းကျင်သူ တစ်ဦး အတွက်၊ ဒီဓားကို အမှန် တကယ် မထုတ် နိုင်ပါဘူး၊ ဒါပေမယ့် ငါ ကတော့ မတူ ... ဟမ့် ... ။ ”
စကား တပြော ပြောနှင့် ဓားကို ဆွဲထုတ် လိုက်သော လျှိုထျန်းရီ ခမျာ အပြုံးများ အေးခဲ သွားပြီး၊ အဆင် မပြေသော အနေ အထားဖြင့်၊ လင်းယွန်အား ပြန်ကြည့် လိုက်သည်။
“ ကျေးဇူး ပြုပြီး ... နည်းနည်း နောက်ဆုတ် ပေးပါ။ ”
ထို့နောက် နဂါး ကိုးကောင်ကို ဆင့်ခေါ် လိုက်ရာ၊ လေပြင်းများ တဝုန်းဝုန်း ရိုက်ခတ်လာ တော့၏။ အထက်ပါ မြင်ကွင်းက ယန်ထျဲကို ထိတ်လန့် သွားစေသည်။
“ ဒီအဖိုးကြီးက တော်တော် သန်မာ တာပဲ။ ”
တောက်ပသော ဓားရောင်ခြည်များ လျှိုထန်းရီ ခန္ဓာ ကိုယ်မှ မြှားတစ်စင်း ကဲ့သို့၊ ကောင်းကင်ပေါ် ပြေးတက် သွားသည်။
ယင်းက ဒုတိယ ကောင်းကင် ထိတိုင်၊ ဖောက်ထွင်း ဝင်ရောက် သွားသော်မှ၊ လျှပ်စီး တစ်ထောင် ဓားမှာ၊ လှုပ် မလာချေ။
ဤဓား၏ မောက်မာသော ဒေါသကို သိထားသည့်၊ လင်းယွန် မှာမူ၊ အံ့ဩခြင်း မရှိဘဲ၊ ရပ်ကြည့် နေမိသည်။
နောက်ဆုံးတွင် ၎င်းသည် သူ့ ဒါန်တမ်ရှိ ဓားကိုပင်၊ ရင်ဆိုင် ခဲ့သော လျှပ်စီးဓား ဖြစ်၏။ ထို့ကြောင့် နဂါး သွေးလွှတ်ကြော ကျွမ်းကျင်ထံ ဦးညွှတ် စရာ အကြောင်း မရှိချေ။
“ ကူညီ ပါရစေ။ ”
လင်းယွန်က ရှေ့တစ်လှမ်း လှမ်းတက် ပြောမိသည်။
“ မင်း ဆွဲနိုင် တာလား။ ”
လျှိုထျန်းရီမှ သံသယဖြင့် လင်းယွန်ကို ကြည့်လာသည်။ လင်းယွန်က ပြန်မဖြေ ခဲ့ဘဲ၊ ဓားကို အသာ ဆွဲထုတ် လိုက်သည်။
ဤမြင်ကွင်းကြောင့် လျှိုထျန်းရီမှာ အနည်းငယ် ငြိမ်သက် သွားပြီး၊ သက်ပြင်း တစ်ချက် ချကာ၊
“ လူငယ် တွေက လူကြီး တွေထက် ... ၊ တကယ်ပဲ အရည် အချင်း ပိုရှိ တာပဲ၊ ငါ အနား ယူ တော့မယ်။ ”
-ဟု ဆိုလျက် မဆိုင်း မတွ လှည့်ထွက် သွားတော့သည်။
***