← Chapters

သူငယ်ချင်း ဟူသည်။

Vol. 87 Ch. 1216

သူငယ်ချင်း ဟူသည်။

Vol. 87 Ch. 1216

လျှိုထျန်းရီ နှုတ်ဆက် ပြီးသည်နှင့်၊ ရိပ်ခနဲ ပျောက်ကွယ် သွားပြီး၊ မိုးကုပ် စက်ဝိုင်း အစပ်၌၊ အလင်းတန်း သဖွယ် ပြန်လည် ထွက်ပေါ် လာသည်။

လျှိုထျန်းရီ၏ ဓား ရောင်ဝါသည် အဘယ်ကြောင့် ဤမျှ အားကောင်း နေသည်ကို၊ လူတိုင်း တွေးလိုက် မိ၏။

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် ခန့်က၊ ဓားဧကရာဇ်သည်၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ပါး ဖြစ်လာ ခဲ့၏။

ထို့ကြောင့် အကြွင်းမဲ့ ကောင်းကင် မြို့တော်သား တိုင်းမှာ၊ သူ့ကြောင့် ဂုဏ်တက် လာရသည်။

အမှန် အတိုင်း ဆိုရသော် လျှိုထျန်းရီမှာ၊ ဆက်၍ လုပ်ဆောင် ပါက၊ လျှပ်စီး တစ်ထောင် ဓားကို ထုတ်ယူ နိုင်ပေမည်။

သို့သော် လင်းယွန်မှ ပေါ့ပေါ့ ပါးပါး ဆွဲထုတ်ပြ ခဲ့ သည့်နောက်၊ အရှက် တရားကို ခံစား လာရပြီး၊ လက်လျော့ သွားသည်။

ဆိုလို သည်မှာ သူနှင့် ပူးပေါင်းရန် ဆန္ဒ မရှိသော ဓားအတွက်၊ ဆက်၍ အချိန် မဖြုန်းလို တော့ သည်လည်း ဖြစ်၏။

“ လင်းယွန် ... မင်း ... ။ ”

ကုန်းစွန်းယန်မှာ၊ အံကြိတ်လျက် စကားလုံးများ ပျောက်ဆုံး သွားသည်။ ဤကိစ္စ ကြောင့်၊ အနာဂါတ်တွင် အကြွင်းမဲ့ ကောင်းကင် မြို့သို့၊ ဝင်ရောက်ခွင့် မရှိ တော့ချေ။

ဤဖြစ်ရပ်သည် အကြီး အကဲ လျှိုထျန်းရီ အတွက်၊ လုံးဝ စိတ်အနှောက် အယှက် ဖြစ်သွား စေသော အရာ ဖြစ်သည်။

“ အထင် မလွဲ ပါနဲ့ ... ၊ သူ့ကို ငါ အမှန် အတိုင်း ပြောလိုက် တာပါ၊ ဒီဓားက မောက်မာ လွန်းတယ်။ ”

လင်းယွန်က ကူကယ်ရာ မဲ့စွာ ရှင်းပြ လိုက်သည်။ စေသနာဖြင့် လျှိုထျန်းရီကို သတိ ပေးခဲ့ ပေ၏။

ယုံကြည်ခြင်း၊ မယုံကြည် ခြင်းသည်၊ တစ်ဖက် သား၏ ဆုံးဖြတ် ပိုင်ခွင့် ဖြစ်လေပြီ။ အကျိုး ဆက်မှာ သူနှင့် မဆိုင်ချေ။

“ မင်း ... ။ ”

ကုန်းစွန်းယန် တစ်ယောက်၊ မည်သည့် စကားကို ဆက်ပြော ရမည်မှန်း၊ မသိ သဖြင့်၊ စိတ်ရှုပ် သွား၏။

“ ကောင်းပြီ ... အနာဂတ်မှာ၊ ငါတို့ တိုက်ခိုက်ခွင့် ကြုံဦးမှာ သေချာ ပါတယ်၊ အဲဒီ အချိန် ဘာ ကန့်သတ်ချက်မှ မရှိတဲ့ အတွက်၊ မင်း ဘာတွေ လုပ်နိုင်လဲ ဆိုတာ ငါကြည့်မယ်။ ”

ကုန်းစွန်းယန် တစ်ယောက် လက်အား ဟန်ပါပါ ဝှေ့ယမ်းကာ၊ လှည့်ထွက် သွားတော့ လေသည်။

“ ဟား ဟား ဟား ... ၊ ကောင်းတယ် ကောင်လေး၊ အကြွင်းမဲ့ ကောင်းကင် မြို့က၊ အဖိုးကြီး ကိုတောင်မှ၊ ပါးရိုက် ဝံ့တယ်၊ ယောကျ်ား ဆိုတာ ဒါမျိုးကွ။ ”

လင်းယွန်ကို လက်မ ထောင်ပြလျက်၊ ယန်ထျဲမှ ချီးကျူး ရယ်မော လိုက်တော့သည်။ ထိုစကားကြောင့် လင်းယွန် ခမျာ အတွေးများ သွား၏။

အကြွင်းမဲ့ ကောင်းကင် မြို့မှာ၊ သန်မာကြ သည်လော။ ယန်ထျဲ သည်ပင် လျှိုထျန်းရီ ရှေ့၌၊ ဆင်ဆင် ခြင်ခြင် နေခဲ့ ရသည်။

အဆုံးတွင် မိစ္ဆာ ကျင့်ကြံသူ များ ဟူသည် မည်သည့် ကျွမ်းကျင်သူ များကို မဆို၊ ရိုင်းပြရန် တွန့်ဆုတ် နေမည် မဟုတ်ချေ။

“ အကြီး အကဲ ပိုင်တင်း၊ ဂိုဏ်းကို ပြန်သွားနှင့် ပါ၊ ငါပဲ ... လင်းယွန်နဲ့ အပြာရောင် စံအိမ်ကို သွား လိုက်မယ်၊ အချိန် မီဖို့ လိုတယ်။ ”

လောဟွာမှ ပြောလာသည်။ ကြယ်ငှက်မှာ ဒဏ်ရာ ရသွားပြီ ဖြစ်သော ကြောင့်၊ လောဟွာ အစီ စဉ်ကို ခေါင်းညိတ် လိုက်သည်။

“ လင်းယွန် ... ၊ မင်းရဲ့ စွမ်းဆောင်ချက် တွေကို ဂိုဏ်းချုပ်ဆီ၊ ငါ သေချာ ပြောပြ ပေး ပါ့မယ်။ ”

အကြီး အကဲ ပိုင်တင်းက လေးနက်သော အသွင်ဖြင့်၊ လင်းယွန်ကို စိုက်ကြည့်ကာ ကတိ ပေးလာသည်။ ယင်းက လျှိုထျန်းရီ ကိစ္စကို ရည်ညွှန်း နေမှန်း၊ လင်းယွန် သိ၏။

ဤသို့ ဆိုသော်၊ ဓားဂိုဏ်းနှင့် ဓားဧကရာဇ် မိသားစု ကြားတွင်၊ နက်ရှိုင်းသော အာဃာတ တရားများ၊ ရှိနေပုံ ရပြန်သည်။

“ စတုတ္ထ ကောင်းကင်ကို၊ ငါတို့ ဘယ်လို ဖြတ်သန်းကြ မလဲ။ ”

လင်းယွန်မှ အကြောင်း အရာ ပြောင်း လိုက်သည်။ ယန်ထျဲတွင် ကြယ်ငှက် မရှှိ သဖြင့်၊ အချိန်မှ ခရီး ဆက်ရန် မလွယ် နိုင်ချေ။

“ ဒါက ... လွယ်ပါတယ်။ ”

လက်၌ တံဆိပ် တစ်ခုကို ဖန်တီး လိုက်ရာ၊ သွေးအစွယ် ဓားမော့က၊ ကောင်းကင်ပေါ် တက် သွားပြီး၊ အရွယ် အစား ကြီးမား လာ၏။

“ လာ ... ။ ”

သူတော်စင် ရူရ်များ တောက်ပ နေသော ဓားမော့ပေါ် ခုန်တက်ကာ၊ ယန်ထျဲမှ ဖိတ်ခေါ် လေသည်။

“ ဝှစ် ... ။ ”

လင်းယွန်မှာ အံ့သြသွား သော်လည်း၊ လိုက်ပါ ခုန်တက် မိ၏။ သည့်နောက် ယန်ထျဲ စကားများ အတိုင်း၊ ကြယ်စွမ်းအင် များကို ခြေထောက်ထံ ပို့လိုက် သည်။

ယင်းက သွေးအစွယ် ဓားမော့နှင့် တွယ်ဆက်ထား သကဲ့သို့၊ တစ်သားတည်း ဖြစ်သွား လေသည်။

ကြယ်စွမ်းအင်ကို ပြန် ရုတ်သိမ်း ကြည့်လိုက်သော အခါတွင်၊ ထိုခံစား ချက်များ ပျောက်ကွယ် သွားသည်။

“ သွား ရ အောင် ... ၊ ဟား ဟား ဟား ... ။ ”

ယန်ထျဲက တံဆိပ်အား ဓားထံသို့ ပေါင်းစည်းလျက်၊ လောဟွာနှင့် လင်းယွန်ကို ခေါ်ဆောင်၊ ပျံသန်း တော့သည်။

သူတို့ ထွက်သွား ပြီးနောက်၊ လူရိပ်များ ပေါ်လာပြီး၊ မိုးကုတ် စက်ဝိုင်း အတွင်း တိုးဝင် နေသော အနက်ရောင် အစက်ကို၊ ကြည့်မိ ကြ၏။

ဓားညီလာခံ အပြီးတွင်၊ မိစ္ဆာ ကျင့်ကြံသူ တစ်ဦး အကူ အညီဖြင့်၊ လင်းယွန် တစ်ယောက် ထွက်ခွာ သွားလိမ့် မည်ဟု မထင် မိချေ။

ထိုမိစ္ဆာ ကျင့်ကြံ သူတွင်၊ သူတော်စင် ရူရ် (၁၀၀၀) လက်ရာ ရှိသဖြင့်၊ ခရီးစဉ်မှာ ချောမွေ့ တော့မည် ဖြစ်၏။

သို့သော် ဤသို့သော မိစ္ဆာ ကျင့်ကြံသူ တစ်ဦးကို၊ လွယ်လွယ် ကူကူ ခေါ်ယူ နိုင်ခဲ့သည့်၊ လောဟွာ နောက်ခံ အပေါ်၊ သိချင် လာကြ ပြန်သည်။

“ ခရစ် ... ။ ”

ထိုစဉ် ကောင်းကင် အက်ကွဲကာ၊ သွေးအစွယ် ဓားမော့က စတုတ္ထ ကောင်းကင်သို့၊ ဝင်ရောက် သွား၏။

စတုတ္ထ ကောင်းကင် တွင်၊ ကျွန်းမျော များနှင့် ရှုပ်ယှက်ခတ် နေပေသည်။ ကျွန်းသည် အရွယ် အစား အားဖြင့်၊ အပြာရောင် စံအိမ် နယ်မြေ နီးပါး ရှိ၏။

၎င်းတို့တွင် ကျွမ်းကျင် ပညာရှင်များ လာရောက် နေထိုင် ကြသဖြင့်၊ အမျိုး မျိုးသော ဖြစ်စဉ် များလည်း၊ ထွက်ပေါ် နေသည်။

“ စတုတ္ထ ကောင်းကင်က အရမ်း သာယာတယ်၊ သူ့အထက် ဆို ဘယ်လောက် တောင် လှလိုက် မလဲ။ ”

လင်းယွန်မှ လွှတ်ခနဲ၊ ချီးကျူး စကား ဆိုမိသည်။

“ ပဉ္စမနဲ့ ဆဋ္ဌမက မဆိုး ပါဘူး၊ သူတို့ အထက် မှာတော့၊ အရင်ခေတ် တုန်းက ပျက်စီး ကုန်တဲ့၊ ကြယ်တာရာ နယ်မြေတွေ ရှိတယ်၊ ...

... ကြယ်တာရာ နယ်မြေ တစ်ခုက၊ ကမ္ဘာ တစ်ခုနဲ့ ညီမျှပြီး၊ သူတို့မှာ ရှိတဲ့ နိယာမ တွေက၊ ဒီက နိယာမ တွေနဲ့ ကွဲပြားတယ်၊ ဒါပေမယ့် ...

... အဲဒီ နေရာမှာ၊ ရတနာ မျိုးစုံ တွေ့နိုင်တယ်၊ အချို့သော ရတနာ တွေက ဧကရာဇ် ကိုးပါးရဲ့၊ ရတနာတွေ နီးပါး အစွမ်း ထက်တယ်။ ”

ယန်ထျဲမှ ရှင်းပြ လာသည်။

“ သူတို့ အထက် မှာရော ဘာရှိလဲ။ ”

လင်းယွန်မှ ဆက်မေး၏။

ထိုမေးခွန်းကြောင့် ယန်ထျဲ မျက်နှာ ရှုံ့တွ သွားပြီး၊

“ (၃၆) လွှာကို၊ ကျော်လွန် သွားရင် ... ၊ အရမ်း အန္တရာယ် များတယ်၊ သူတော်စင်တောင် မရှင်သန် နိုင်ဖူးလို့ ကြားဖူးတယ်၊ ငါ့ရဲ့ ခွန်အားနဲ့ ကိုးလွှာ အထိပဲ သွားနိုင်တယ်၊ ...

... မဟုတ်ရင် သေခြင်း တရားပဲ ... ၊ ကြယ်တွေ ပွင့်နေတဲ့ ကောင်းကင်က၊ တကယ် လှပ ပေမယ့်၊ ဒီထက် ပို မသွား နိုင်တာ၊ စိတ်ပျက် စရာ ပါပဲ။ ”

-ဟု ရှင်းပြ လာသည်။

ယန်ထျဲ စကားကြောင့် လင်းယွန်မှာ စိတ်လှုပ်ရှား လာ၏။ ထိုကြယ်တာရာ နယ်မြေ များထံ၊ သွားချင် စိတ်များ ဖြစ်ပေါ် လာသည်။

သွေးအစွယ် ဓားမော့သည်၊ စတုတ္ထ ကောင်းကင် အလွှာ၌၊ လျင်မြန်စွာ ခရီးဆက် နေသဖြင့်၊ ပတ်ဝန်းကျင် အပေါ် ငေးမောလျက်၊ လင်းယွန်မှ ငြိမ်သက် သွားသည်။

ရုတ်တရက် တစ်စုံ တစ်ရာအား သတိရ သွားပြီး၊

( ခရမ်းငယ် .. ၊ ငါ ... အခု အင်ပါ ရီယန် ဖြစ်ပြီ ဆိုတော့ ... ၊ ဓား သေတ္တာထဲ ဝင်လို့ ရပြီ မဟုတ်လား။ )

-ဟု မေးမြန်း လိုက်သည်။

“ နင် ... ဝင်လို့ ရတယ်၊ ဒါပေမယ့် လောဟွာကို ခေါ် မလာနဲ့၊ သူရဲ့ နောက်ခံက ဆန်းကြယ်တယ်၊ ဒီ လျှို့ဝှက်ချက် ကသာ၊ သူ့ကို သွေးဆောင် သွားရင်၊ နင့်ရဲ့ လုံခြုံရေး အတွက်၊ ငါ အာမ မခံ နိုင်ဘူး။ ”

ခရမ်းငယ်မှ လောဟွာကို ကြောက်ရွံ့စွာ လှမ်းကြည့်ပြီး ပြောသည်။

“ သူ့နဲ့ ပတ်သတ်ပြီး၊ ငါ့မှာ ခန့်မှန်းချက် အချို့ ရှိပါတယ် စိတ်မပူနဲ့။ ”

လင်းယွန်မှ နှစ်သိမ့် လိုက်၏။

“ ဒါဆို သူက ဘယ်သူလဲ။ ”

“ သူက ငါ့ကို မသိစေ ချင်မှတော့ ... ၊ ငါလည်း မပြော နိုင်ဘူး ။ ”

ဤခရီးစဉ် အတွင်း အဖြစ် အပျက်များ အပေါ် မူတည်ပြီး၊ လောဟွာ မည်သူ ဖြစ်မည်ကို နည်းနည်း သိလာ ပြီဟု ထင်၏။

သို့သော် သူမမှ ဝန်ခံရန် ဆန္ဒ မရှိသေး သဖြင့်၊ ထုတ်ဖော်မည် မဟုတ်ချေ။

“ ဟမ့် ... ၊ နင် ... လူယုတ်မာ။ ”

ခရမ်းငယ်မှ မကျေ မနပ်ဖြင့်၊ အော်ဟစ် လိုက်သည်။ နေ့တစ်ဝက် ကြာသော် ဓားမော့မှာ ကောင်းကင်ကို ခွဲလျက်၊ အောက်သို့ ပြန်၍ ဆင်းသက် လာ၏။

“ ရောက် ပြီ လား။ ”

“ အင်း ... အောက်က အပြာရောင် စံအိမ်ပဲ။ ”

ယန်ထျဲမှ လ်ငးယွန်ကို ခေါင်းညိတ် ပြလိုက်ပြီး၊ မြို့တော်သို့ မသွားဘဲ၊ မိုင်တစ်ရာ အကွာ၌၊ ဆင်းသက် ပေး၏။

“ ဝှစ် ... ။ ”

လင်းယွန်က ဓားမော့ ပေါ်မှ ခုန်ဆင်း လိုက်ကာ၊ ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့်ရှု မိသည်။

သို့သော် နောက် လှည့်ကြည့် လိုက်ရာ၊ လောဟွာ တစ်ယောက် ဓားပေါ်တွင် ရပ်လျက် ရှိနေဆဲ ဖြစ်သည်ကို၊ မြင်လိုက် ရ၏။

“ ဒီလမ်းက မြို့ဝင် လမ်းပဲ၊ မြို့ထဲကို ဝင်ချင်တဲ့ လူတိုင်း၊ ဒီလမ်း ကနေ ဖြတ်သွားရ လိမ့်မယ်၊ ယဲ့ဇီလင် တို့ကို စောင့်လို့ ရတယ်။ ”

“ မင်း မလိုက် ဖူးလား။ ”

လင်းယွန်မှ မေးမိ၏။

“ ငါ ... လုပ်စရာ လေးတွေ ပေါ်လာလို့၊ ယန်ထျဲနဲ့ လိုက်သွား ရဦးမယ်၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ ပြန်ဆုံ မယ်။ ”

လောဟွာမှ အကြောင်းရင်းကို၊ ပြောချင် ပုံမရ သောကြောင့်၊ လင်းယွန်က ဆက်မမေး တော့ချေ။ ယင်းအစား တိမ်လွှာဓား ဂိုဏ်းတွင် ပြန်ဆုံရန်၊ ကတိပြု လိုက်သည်။

“ ဝှစ် ... ။ ”

ပြီးသည်နှင့် သွေးအစွယ် ဓားမော့က၊ ကောင်းကင်ပေါ် တဟုန်ထိုး ပျံတက် သွားစဉ်၊ ယန်ထျဲမှာ သူ့ဘေးရှိ မိန်းကလေးထံ သံသယဖြင့် ခိုးကြည့် ၏။

မျက်နှာကို ဖုံးအုပ်ထား သောကြောင့်၊ မည်သူ မည်ဝါဟု ဖြစ်မည်ကို မသိနိုင် ခဲ့ချေ။ ပုံမှန် အားဖြင့် အပြာရောင် စံအိမ်သို့၊ လိုက်ပို့ ပြီးနောက်၊ သူ့တာဝန် ပြီးဆုံးပြီ ဖြစ်သည်။

သို့သော် ငြားလည်း ခန်းမ သခင်မှ၊ ဤမိန်းကလေး၏ အမိန့် တိုင်းကို လိုက်နာရန် မှာကြား ထားသည်။

“ အပြာရောင် ကျောက်တုန်း မြို့မှာ ... ၊ ငါတို့ လမ်းကို၊ ပိတ်ဆို့ ခဲ့တဲ့ လူ ကိုးဦးကို၊ မင်း သိလား။ ”

လောဟွာမှ ရုတ်တရက် မေးလာ သဖြင့်၊ အတွေးပြတ် သွားသည်။

“ ငါ သိတယ် ... ၊ မင်းမှာ စိတ်ကူး အချို့ ရှိနေ လို့လား။ ”

ခေါင်းညိတ်လျက်၊ ပြန်ဖြေ လိုက်၏။

“ မင်းမှာ ... ကောင်းတဲ့ အရာ အချို့ ရှိပုံပဲ။ ”

လောဟွာမှ မှတ်ချက် ပြုလိုက် သဖြင့်၊ ယန်ထျဲ တစ်ယောက် ဆိုးရွားသော အပြုံးကို ထုတ်ဖော် လိုက်သည်။ အဆုံးတွင် သူ၏ အကျွမ်းကျင် ဆုံးသော အရည် အချင်းမှာ၊ လူသတ်ခြင်း ဖြစ်သည်။

အဆင့် ပြိုင်ပွဲ သွားရာ လမ်းတွင်၊ လူများ စည်ကား လာသည်။ တစ်ဦး တစ်ယောက် ဖြတ် သွားတိုင်း၊ လင်းယွန်ထံ လှည့်ကြည့် မိကြ၏။

အသွင် အပြင် အရ၊ ထူးခြားခြင်း မရှိ သော်လည်း၊ စိတ်နေ စိတ်ထားမှာ၊ မရိုး ရှင်းမှန်း သူတို့ ခံစား မိသည်။

သို့သော် လင်းယွန်ကို မည်သူမျှ မြင်ဖူး ကြခြင်း မရှိ သဖြင့်၊ မည်သူ ဖြစ်နိုင်ကြောင်း မခန့်မှန်း နိုင် ကြချေ။

လင်းယွန်က ကျောက်ဆောင်ကြီး တစ်ခု ပေါ်တွင် ထိုင်ကာ၊ အစီရင် သုံးခုနှင့် ပတ်သက် သော၊ အတွေ့ အကြုံ များကို ပြန်ပြောင်း သုံးသပ် နေမိသည်။

သရဲဓား တစ်ရာ၊ နဂါး ဓားနှင့် သွေးကြော လေးသွယ် ဓား အစီရင်သည်၊ အမှန်ပင် အထင် ကြီးစရာ ကောင်းလှ ချေ၏။

ကောင်းကင် ဝိညာဉ် ကန့်သတ်ချက်၏၊ အလားအလာ အားလုံးကို၊ ထုတ်ယူနိုင် ခဲ့သည်။

“ တိမ်လွှာဓား (၁၃) ကွက်ကို၊ သရုပ်ဖော် အဆင့်ထိ ရောက်နေပြီ၊ ဒါပေမယ့် အပြာရောင် ဓားကို ခေါ်ယူ တဲ့အခါ၊ နောက်ထပ် စွမ်းအား ရှိနေသေး သလို၊ ...

... ခံစား ရတယ်၊ သရုပ်ဖော် အဆင့် အထက်မှာ၊ နောက်ထပ် အဆင့် တစ်ခုခု ရှိ နေတာ များလား။ ”

ထိုစဉ်က အပြာရောင် ဓားကို ဆင့်ခေါ် လိုက်ချိန်တွင်၊ အဖိုးအို သုံးယောက်မှာ၊ မျက်စိ ကန်းသွား ခဲ့သည်။

ဓားရေး နည်းစနစ် တိုင်းကို၊ ကနဦး၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ပြီးပြည့် စုံသော ကျွမ်းကျင်မှု အဖြစ် ပိုင်းခြား ထား၏။

သရုပ်ဖော် အဆင့်သည်၊ ကိုယ်ပိုင်သော အရာ အဖြစ်သို့၊ အောင်မြင်စွာ ပြောင်းလဲခြင်း ဖြစ်သည်။

သို့သော် ယင်းမှာ တစ်ပါးသူ၏ ပေါင် အတွင်း၌ ရှိနေဆဲ ဖြစ်၏။ ၎င်းမှ လွတ်မြောက် သွားသည့်၊ အဆင့် တစ်ခု ရှိသင့် ချေပြီ။

အပြာရောင် ဓားသည်၊ ထိုအဆင့်သို့ လမ်းပြနိုင် မည်ဟု ထင်၏။ ယင်းမှာ အရိယာ ကောင်းကင် ဓားမှ၊ ရ လာသော အတွေး ဖြစ် လေသည်။

ယခင်က ထိုဓားကို နားမလည် နိုင် သောကြောင့်၊ ဤအဆင့်အား မတွေး နိုင်ခြင်း ဖြစ်သည်။

တိမ်တိုက်များ အောက်တွင်၊ ရှိနေသော သူ့အတွေးမှာ၊ မည်မျှ ဖောက်ထွက် နိုင်ပါစေ၊ ပိတ်မိ နေဆဲ ဖြစ်သည်။

အရိယာ ကောင်းကင် ဓား ဟူသည် တိမ်လွှာကို ဖြတ်ကျော်ရန် ရည်မှန်း ထားပြီး၊ လွတ်မြောက် ခြင်းဟု အဓိပ္ပါယ် ရ၏။

ထို့စဉ် ဓားပိုးအိမ်မှာ အက်ကွဲ လာပြီး၊ ရွှေရောင် အလင်း မြူများ ယိုစိမ့်ခြင်းနှင့် အတူ၊ အမည်ခံ အရိယာ ကောင်းကင် ဓားသည်၊ ပို၍ အားကောင်း လာတော့၏။

လာမည့် ရက်ပိုင် အတွင်း၊ နက်ရှိုင်းသော ထိုးထွင်း သိမြင်မှုများ ရရှိနိုင် မည်ဟု၊ ယုံကြည် ချေပြီ။

သည့်စဉ် အဝေးမှ လာနေသော၊ လူရိပ် များကို သတိ ထားမိသည်။ အဖွဲ့ကို ဦးဆောင် လာသူမှာ၊ ခရမ်းရောင် ဝတ် အမျိုး သမီး တစ်ဦး ဖြစ်ချေ၏။

ယင်းအမျိုး သမီးသည် သဘာဝ အတိုင်း ယဲ့ဇီလင် ဖြစ်ကာ၊ သွယ်လျသော ခြေတံ အလှ တရားကို၊ ပေါ်လွင် စေသည် အထိ၊ ဝတ်ရုံအား ဘေးမှ ခွဲထား လေသည်။

တစ်ယောက်ကို တစ်ယောက် သတိ ထားမိသွား ချိန်၌၊ နွေးထွေးသော ခံစားချက်များ ကိုယ်စီ၊ ဝင်ရောက် လာတော့သည်။

***

All Chapters