← Chapters

မြို့တော်သို့။

Vol. 87 Ch. 1217

မြို့တော်သို့။

Vol. 87 Ch. 1217

ထိုအချိန်တွင် လင်းယွန် ရင်ခွင်ထဲသို့ ဝမ်ယုဝါက ပြေးဝင် လာတော့သည်။

“ စီနီယာ အစ်ကို၊ လွန်ခဲ့တဲ့ ရက်တွေက ဘယ်သွား နေတာလဲ၊ ယုဝါ လွမ်းလိုက်တာ၊ ဒါနဲ့ လော မိသားစုထဲ ဝင်ဖို့ သွားတာဆို၊ ယုဝါ တို့ကို ဂရု မစိုက် တော့ဖူးဆို။ ”

ဝမ်ယုဝါအား ငုံ့ကြည့်ကာ လင်းယွန်မှ ပြုံးလိုက် မိသည်။ ဘဝလှိုင်း ရိုက်ခတ်ခြင်း၊ ခံစား ဖူးပုံ မရ သေးချေ။

“ ကောင်းပြီ ... ကောင်းပြီ ... မငို နဲ့တော့၊ မင်းက လူကြီး ဖြစ်လာပြီ၊ ဒီလို မငို သင့်ဘူး။ ”

“ မဟုတ်ဘူး ... ၊ အစ်ကိုလင်း နောက်တစ်ခါ ထွက် မသွား ဖူးလို့၊ ကတိ ပေးပါ။ ”

ဝမ်ယုဝါက လွှတ် မပေးဘဲ၊ ကတိ တောင်းခံ လာ သဖြင့်၊

“ ငါ ... ကတိ ပေးတယ်။ ”

-ဟု လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။

“ မင်း ... ဘယ်ရောက် နေတာလဲ၊ အိုး ... ဒါက သတ်ဖြတ်ခြင်း ရည်ရွယ်ချက် လား။ ”

ဖုန်ကျန်း စကားကြောင့်၊ ယဲ့ဇီလင်၊ လျူချင်းယန်နှင့် အကြီး အကဲမှာ၊ လင်းယွန်ကို စိတ်ဝင် တစား ကြည့်လာ ကြသည်။

“ အဲဒါကို နောက်မှ ပြောပြမယ်၊ အခု ငါက လောမိသားစုရဲ့ သမက် ဖြစ်သွား ပြီလို့၊ ဘယ်သူ ပြောတာလဲ။ ”

လင်းယွန်က မျက်လုံးများ မှေးစင်းလျက်၊ ယဲ့ဇီလင် အနောက်တွင်၊ ရပ်နေသော လူအုပ်ထံ ဝေ့ကြည့် လိုက်သည်။

“ ငါ မပြော ဘူး။ ”

“ ငါလည်း တူတူပဲ။ ”

ဖုန်ကျန်းနှင့် လျူချင်းယန်က ချက်ချင်း ခေါင်းခါ လိုက်သည်။ ကျန်းလိချန် မှာမူ၊ အဆင် မပြေသည့် အမူ အရာဖြင့်၊ မျက်လုံးချင်း အဆုံး မခံ တော့ချေ။

“ စီနီယာ အစ်ကို ကျန်း ပြောတာ၊ အစ်မ လောက အစ်ကို လင်းရဲ့၊ အိမ်ထဲကို ဝင်သွားတာ မြင်ပြီး၊ အစ်ကို လင်းက တိမ်လွှာ ဓားဂိုဏ်းကို ဂရု မစိုက်တော့ ဖူးတဲ့၊ ယုဝါ တို့ကို၊ သူငယ်ချင်း လို့တောင်၊ မသတ်မှတ် ဖူးတဲ့။ ”

ကျန်းလိချန်မှာ မသိ သလို နေချင်ခဲ့ သော်လည်း၊ ဝမ်ယုဝါ စကားကြောင့်၊ မျက်နှာ ပျက်ယွင်း သွားသည်။

“ ငါ ... မဟုတ် ပါဘူး၊ ငါက ... နောက်လိုက် တာပါ။ ”

ကျန်းလိချန်မှ ကူကယ်ရာ မဲ့စွာဖြင့်၊ ပြန်ဖြေရှင်း လိုက်သည်။

“ မင်းက တကယ် ကလေးဆန် တာပဲ။ ”

လင်းယွန်မှာ ဤမျှနှင့် ပြီးလိုက်သည့် အတွက်၊ ကျန်းလိချန် တစ်ယောက် သက်သာ ရာ ရသွား လေသည်။

သည့်နောက် အဖွဲ့မှာ သက်ဝင် လှုပ်ရှား လာပြီး၊ အပြာရောင် စံအိမ် မြို့တော်သို့ ဦးတည် လာခဲ့ တော့သည်။

သို့သော် ယဲ့ဇီလင်နှင့် အကြီး အကဲ တို့တွင် တစ်စုံ တစ်ရာကို စိုးထိတ် နေသော အသွင်များ ရှိနေမှန်း၊ ခံစား မိ၏။

“ လမ်းမှာ တစ်ခုခု ဖြစ်ခဲ့ တာလား၊ မင်းတို့ ဘာလို့ နောက်ကျ နေတာလဲ။ ”

လင်းယွန် သည်ပင်၊ စိတ်မရှည် တော့ဘဲ၊ မြို့ထဲသို့ ဝင်ရောက် စောင့်ဆိုင်းရန် ကြံရွယ်နေ မိသည်။

“ နည်းနည်းပါ၊ လေလွင့် နန်းတော်ရဲ့ လူတွေကို တွေ့ခဲ့တယ်၊ ချူထျန်းဟောင်က လေလွင့် ဘုရင် နည်းစနစ်ကို၊ အမြင့်ဆုံး အဆင့်ထိ ရောက်ရှိ သွားပုံပဲ။ ”

ယဲ့ဇီလင်မှ ဖြေကြား လာသည်။ ပန်းသင်္ချိုင်း အဖြစ် လေလွင့် နန်းတော်မှ၊ တပည့် အချို့အား တိုက်ခတ် ဖူးလေရာ၊ ထိုနည်းစနစ် အားကောင်း လှကြောင်း၊ လင်းယွန် သိ ထားသည်။

၎င်းကိုသာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိ နိုင်ခဲ့ ပါက၊ အင်ပါရီယန် အဆင့်တွင် ထိပ်တန်း (၈၀၀၀) သို့ ရောက်ရှိ သွားနိုင်၏။

“ ဒါပေမယ့် ... သူက အဲဒီလောက် မဟုတ်သေးဘူး၊ ငါတို့ရဲ့ တကယ့် ပြိုင်ဘက်က ရှဟိုကြွယ်၊ အင်ပါ ရီယန် အဆင့်မှာ၊ ...

... ထိပ်ဆုံး (၃၀၀၀) အတွင်းကို ဝင်ထားတယ်၊ သူ့လိုလူက မရဏ သွေးလမင်း အပေါ်၊ ကိုယ်စားပြု ပြုလာလိမ့် မယ်လို့၊ မထင်ထား မိဘူး။ ”

ထိုလူ အပေါ် ယဲ့ဇီလင်မှာ ကြောက်ရွံ့ အထင်ကြီး နေပုံ ရသည်။

“ အမှန်ပဲ ... ၊ ဒါကြောင့် မင်း ရောက်သည် ဖြစ်စေ၊ မရောက်သည် ဖြစ်စေ၊ ငါတို့ရဲ့ ရလဒ်ကို ပြောင်းလဲ နိုင်မှာ မဟုတ်ဘူး၊ ထိပ်ဆုံး သုံးနေရာ ဝင်နိုင်ခဲ့ ရင်တောင်၊ ကံကောင်း တယ်လို့ သတ်မှတ် ရမှာပဲ။ ”

ကျန်းလိချန်မှ ဝင်ရောက် ပြောဆို လာသည်။ သည့်နောက် စကား ခေတ္တ ရပ်လိုက်ပြီး၊

“ မင်းက ကြယ်စင်စု အဆင့် မှာပဲ၊ ရှိနေသေးတယ် ဆိုတာ မမေ့ ပါနဲ့၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ရောက်ခဲ့ ရင်တောင်၊ အရှုံး ကနေ ပြေး မလွတ်နိုင် သေးဘူး။ ”

“ ဒါက မသေချာ ပါဘူး။ ”

လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။

“ အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်ရဲ့၊ ထိပ်ဆုံး (၃၀၀၀) အတွင်း ဝင်နိုင်တဲ့၊ လူတွေက အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်မှာ ရှိတယ်၊ ...

... သူတို့က ... ၊ ကနဦး ပင်မ နတ်ဘုရား တွေကို အလွယ် တကူ သတ်နိုင်တယ်၊ တစ်ခါမှ မကြုံ ဖူးတော့ ဒါတွေကို၊ မင်း ဘယ်လိုလုပ် သိနိုင် မှာလဲ၊ အဟက် ... ။ ”

ကျန်းလိချန်မှ လှောင်ပြုံး ပြုံး လိုက်သည်။ ကျန် လူများက ကျန်းလိချန်၏ စကား များကို ထောက်ခံ ဟန်ဖြင့်၊ နှုတ်ဆိတ် သွား၏။

သို့သော် ယဲ့ဇီလင်မှ ကျန်းလိချန်အား အေးစက်စွာ စိုက်ကြည့်ပြီး၊

“ ဘာပဲ ဖြစ်ဖြစ်၊ နောင်တ မရှိအောင် ... ၊ ငါတို့ အစွမ်းကုန် လုပ်ကြ ရမယ်။ ”

-ဟု စကားဝိုင်းကို အဆုံးသတ် လိုက် တော့သည်။

မြို့တော် အလယ်တွင် ကျယ်ပြော လှသော ရင်ပြင် တစ်ခု ရှိသည်။ လူတိုင်းက ထိုနေရာသို့ ဦးတည် နေကြ၏။

တိမ်လွှာ ဓားဂိုဏ်း ရောက်ရှိ လာသော အခါတွင်၊ လူတိုင်းက ပြုံးစိ စိဖြင့် လှည့်ကြည့် လာ ကြသည်။

အထူး သဖြင့် မိန်းမ တစ်ယောက် နောက်တွင်၊ ရပ်နေသော တပည့်များ အပေါ် ဖြစ်၏။

ယဲ့ဇီက ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်း များကို မှာကြား လျက်မှ၊ သတ်မှတ် ထားသော ထိုင်ခုံများ ဆီသို့၊ ဦးတည် လိုက်သည်။

အမှန် အတိုင်း ဆိုရသော်၊ ဤပြိုင်ပွဲ၌ ဓားသူတော်စင် တောင်ကို ဆုံးရှုံးရ လျှင်ပင်၊ ဆုံးရှုံးမှု ကြီးမား သည်ဟု မဆို နိုင်ချေ။

သူ မထွက် ခွာခင်၊ တိမ်လွှာဓား သုတ္တန်နှင့် တိမ်လွှာဓား (၁၃) ကွက်ကို၊ မှတ်တမ်း တင်ပေး ခဲ့မည် ဖြစ်သည်။

ထို့ကြောင့် ဓားသူတော်စင် တောင်ကို လက်လွှတ် ရလျှင်ပင်၊ တိမ်လွှာဓား ဂိုဏ်းမှာ ပြန်လည် ရုန်းထလာ နိုင်မည် ဖြစ်၏။

ထိုအချိန်တွင် အခြား အင်အား စုများ ရောက်ရှိ လာသည်။ ချူထျန်းဟောင်မှ လေလွင့် နန်းတော်ကို ဦးဆောင်လျက်၊ ကြွကြွ ရွရွ ဝင်ရောက် လာ၏။

ဤလူ အပေါ်၊ လင်းယွန်မှာ အထင်ကြီး မိခြင်း မရှိချေ။ သို့သော် ကြယ် ခန်းမ၌ တွေ့စဉ် ကထက် ပို၍ သန်မာ လာသည် ကိုမူ၊ ခံစား မိသည်။

“ သူက အပြာရောင် စံအိမ် နယ်မြေရဲ့ လူငယ် မျိုးဆက်မှာ၊ အသန် မာဆုံး ပါရမီရှင် ချုထျန်းဟောင်ပဲ၊ သူ့ နောက်က လူက ...

... မိုးကြိုး ကျောင်းတိုက်ရဲ့ ရွှမ်ဖန်နဲ့၊ ကြိုးကြာ တစ်ထောင် မျှော်စဉ်က ရှန်းဒေါင်းလျှို၊ သူတို့ ကလည်း အားနည်း သူတွေ မဟုတ်ဘူး၊ ဒီအဆင့် ပြိုင်ပွဲ အတွက်၊ အချိန် အတော်ကြာ ကတည်းက၊ ပြင်ဆင် ထားတဲ့ လူတွေ။ ”

ယဲ့ဇီလင်မှ မိတ်ဆက် ပေးသည်။ လင်းယွန်မှာ ငြိမ်သက် သွား၏။ ဓားညီလာခံ တွင် ကုန်းစွန်းယန် ကဲ့သို့ လူမျိုး ကိုပင်၊ အလေး မထား ခဲ့ချေ။

မည်သူ မဆို သူနှင့် တိုက်ခိုက် လိုပါက၊ ကောင်းကင် ဝိညာဉ်သို့ ကန့်သတ် ရပေမည်။ ဤပွဲမှာ ထိုသို့ မဟုတ်ချေ။ လူတိုင်းက ခွန်အား ကို၊ အကုန် အစင် ထုတ်ဖော် နိုင်မည် ဖြစ်သည်။

သို့သော် သူ သည်လည်း၊ ကြယ်စင်စု အဆင့်ကို ရောက်ရှိ နေပြီ ဖြစ်သောကြောင့်၊ အခွင့် အရေးများ ရှိနေသည်။ သည်ပြိုင်ပွဲတွင် စိတ်လှုပ်ရှား စရာ အချို့ ကြုံတွေ့ လာနိုင် မည်ဟု၊ ယုံကြည်၏။

ချူထျန်းဟောင် မှာမူ၊ အကြည့် ပြန်ရုတ် သွားသော လင်းယွန်ကို သတိထား မိသွားပြီး၊ မျက်မှောင်ကြုတ် လိုက်သည်။

“ သူက ဘယ်သူလဲ ... ။ ”

“ လင်းယွန် ... ၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းကို ရောက်လာတဲ့ ပါရမီရှင် အသစ်။ ”

ရွှမ်ဖန်မှ လင်းယွန်ကို သိသဖြင့် ချက်ချင်း ပြန်ဖြေသည်။

“ အိုး ... ဒါဆို သူပေါ့ ... ၊ ထင်တော့ ထင်သား ... ၊ နည်းနည်းလေး ထူးခြား နေပါ တယ်လို့။ ”

ချူထန်းဟောင်မှ အပြုံးဖြင့် မျက်လုံးများ မှိတ်ချ လိုက်သည်။ မကြာ သေးမီ အချိန် များ၌ လင်းယွန် အကြောင်းကို ကြားသိ ထားသည်။

ထိုသတင်း များမှာ၊ ချဲ့ကား နေခြင်းသာ ဖြစ်မည်ဟု ထင်ထား မိ၏။ ယခုမူ ၎င်းသတင်း မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ အရေး မကြီး တော့ချေ။

လင်းယွန်၏ ကျင့်ကြံ မှုမှာ၊ အားနည်း နေသဖြင့်၊ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ရောက်ရှိ ခဲ့လျှင်ပင်၊ သူ ဝှက်ဖဲ များကို အန်တု နိုင်မည် မဟုတ်ဟု ယုံကြည်သည်။

“ သူ့အလား အလာက ကြောက်စရာ ကောင်းတယ် ဆိုပေမယ့်၊ ဒီအချိန် မှာတော့ ခေါင်းထဲ ထည့်ထား စရာ မလို ပါဘူး၊ တကယ့် ပြိုင်ဘက်က ဟိုလူ ... ။ ”

ရှန်းဒေါင်းလျှိုက လူငယ် တစ်ဦးထံ၊ မေး ငေါ့ပြ လိုက်သည်။ ယင်းက မရဏ သွေးလမင်း အဖွဲ့ ရှိရာ အရပ် ဖြစ်၏။

ထိုအင်အား စုတွင် ဉာဏ်ကြီးရှင် တစ်ဦး ရှိနေ သည်ဟု၊ ကောလ ဟာလများ ထွက်ရှိခဲ့ ဖူးသည်။ သို့သော် ထိုလူ မည်မျှ သန်မာ သည်ကို မသိ ကြချေ။

ထို့ကြောင့် ချူထျန်းဟောင် သည်ပင်၊ ဤလူငယ် အပေါ်၊ အလေး အနက် ထားရ ချေ သည်။ အပြာရောင် စံအိမ်မှ မထွက် ခွာခင် ထိုသို့သော ပြိုင်ဘက်မျိုး တွေ့ရ သည်မှာ ကျေနပ် စရာ ပေပင်။

“ သူက ဘယ်သူလဲ ။ ”

ကြယ်ခန်းမ သခင် အနားရှိ၊ လူငယ် တစ်ဦးအား ကြည့်ကာ၊ လင်းယွန်မှ မေးလိုက် လေသည်။ ဤလူ သည် ချူထျန်းဟောင် ထက်ပင် သန်မာ ချေ၏။

“ သူ့ နာမည်က ကျန်းဟီ၊ ပန်းသင်္ချိုင်း အတွက် လာတာလို့၊ ငါ ကြားထားတယ်၊ ပန်း သင်္ချိုင်းကို ငါတို့နဲ့ အတူ ရှိနေ မယ်လို့၊ ထင်နေ ကြ တာလား မသိဘူး။ ”

ယဲ့ဇီလင်မှ သူမကိုယ် သူမ လှောင်ပြောင် လိုသော အပြုံးကို ထုတ်ဖော်လျက်၊

“ ပန်းသင်္ချိုင်း သာ ငါတို့နဲ့ အတူ ... ၊ တကယ် ရှိနေခဲ့ရင်၊ အခုလို စိတ်ပူ နေစရာ တောင် ... မလို ပါဘူး။ ”

-ဟု သက်ပြင်း ချကာ၊ ပြောလာ တော့သည်။

သွေ့ရော် ပင်လယ်မှ ပြန်လာ ပြီးနောက်၊ ပန်းသင်္ချိုင်းမှာ ထပ်ပြီး ပေါ်မလာ တော့ချေ။ ယင်းက သူမကို နာကျင်စေ ခဲ့သည်။

ရည်ရွယ်ချက် ရှိရှိ ရှောင်နေခြင်း ဟုပင်၊ တွေးတော ထင်မြင် လာ မိ၏။

“ နင့်မှာ ကျောက်စိမ်း ပလွေရှိ သေးလား။ ”

ယဲ့ဇီလင်မှ ရုတ်တရက် မေးသည်။

“ မရှိ တော့ဘူး၊ ငါ ... သူ့ကို ပြန်ပေး လိုက်ပြီ။ ”

နတ်ကျောက်စိမ်း ပလွေမှာ၊ သူ့ လက်ထဲ ရှိနေသည် ဖြစ်သဖြင့်၊ ယင်းကို လိမ်ညာ ခြင်းဟု၊ သတ်မှတ်၍ မရချေ။ အမှန် ဖြစ်သည်။

“ ငါ နားလည် ပြီ ။ ”

ယဲ့ဇီလင် မျက်လုံး ထဲရှိ အလင်းများ၊ မှိန်ဖျော့ သွားလေသည်။ အဆိုပါ အသွင် အပြင် အပေါ်၊ လင်းယွန် တစ်ယောက် နားမလည် နိုင် ဖြစ်သွား မိ၏။

***

All Chapters