← Chapters

အညံ့ဆုံး လူ။

Vol. 87 Ch. 1218

အညံ့ဆုံး လူ။

Vol. 87 Ch. 1218

ယဲ့ဇီလင် စကား များကို နားထောင် ပြီးနောက်၊ လင်းယွန်၏ အကြည့်များ တုန်ခါ လာသည်။ ဤအဆင့် ပြိုင်ပွဲကို သူ စောင့်မျှော် နေခြင်း ဖြစ်၏။

ဓား ညီလာခံမှာ အန္တရာယ် ရှိပြီး၊ ဓား ရည်ရွယ်ချက် အတွက်၊ အထောက် အကူ ရ ခဲ့သည်။ သို့သော် ပြိုင်ဘက် များမှာ၊ အင်ပြည့် အားပြည့်ဖြင့်၊ ရင်ဆိုင် ရခြင်းမျိုး မဟုတ်ချေ။

ထို့ကြောင့် ကေျာက်ယန်နှင့် ကုန်းစွန်းယန်အား အနိုင်ယူ နိုင်ခဲ့ လျှင်ပင်၊ စစ်မှန်သော နိုင်ပွဲ မဟုတ်ဟု ယုံကြည်သည်။

ဤပြိုင်ပွဲ မှာမူ၊ ကွဲပြား ချေသည်။ မျိုးဆက်တူ အတွင်း ထူးချွန် ထက်မြက် သူများ ပါဝင် လာသဖြင့်၊ ပြိုင်ဆိုင်မှု ပြင်းထန် နိုင်၏။

အင်ပါ ရီယန်သို့ ရောက်ရှိ ပြီးနောက်၊ မျိုးဆက်တူ များနှင့် တိုက်ပွဲ မဆင်နွှဲ ခဲ့ ဖူးသေးသည် ဖြစ်ရာ၊ ယင်းက စိတ် လှုပ်ရှား စရာ ပေပင်။

“ ဇီလင် ... ဒီအဆင့် ပြိုင်ပွဲရဲ့ ... ၊ ဆုလာဘ်က ဓားသူတော်စင် တောင် အပြင်၊ အခြား အရာတွေ ရှိသေးတယ် မဟုတ်လား။ ”

ဂိုဏ်းကြီး လေးဂိုဏ်း အပြင်၊ နောက်ထပ် အင်အားစုများ ပါဝင်နေ သဖြင့်၊ အကြောင်းပြ ချက် ကောင်းကောင်း ရှိရ ပေမည်။

“ မှန်တယ် ... ၊ ချန်ပီယံ ဖြစ်တဲ့ လူက နတ်နဂါး ရောင်ဝါရဲ့၊ သန့်စင် ပေးခြင်းကို ခံယူရ နိုင်မယ်၊ ဒါက နတ်နဂါး အင်ပါ ယာကြီး မှာတောင်၊ ရှားပါတဲ့ အခွင့် အရေးပဲ၊ ...

... နတ်နဂါး ရောင်ဝါက၊ ရုပ်ခန္ဓာနဲ့ ကြယ်စွမ်းအင်ကို ကြီးကြီး မားမား မြှင့်တင်ပေး လိမ့်မယ်၊ လုံလောက်တဲ့ နားလည်မှု ရှိရင်၊ ကောင်းချီး ကိုတောင် ရနိုင်မယ်။ ”

ယဲ့ဇီလင်မှ ခေါင်းညိတ်ပြီး၊ ရှင်းပြလာ လေသည်။ ဤပွဲသို့ ပါရမီရှင် အများ အပြား စုရုံး လာကြ သည်မှာ၊ သဘာဝ ပေပင်။

နတ်နဂါး ရောင်ဝါဖြင့် သန့်စင် ပေးခြင်းသည်၊ မည်သည့် ပါရမီရှင် အတွက် မဆို၊ အလွန် ဆွဲဆောင်မှု ရှိပေသည်။

ယင်း ဆုလာဘ်သည်၊ အလွန် အကျိုး ရှိပုံ ပေါ်နေ သောကြောင့်၊ လင်းယွန်မှ သူ့ မေးစေ့ကို ပွတ်ကာ၊ ငြိမ် သွားသည်။

မြို့တော် အတွင်းရှိ လေထုမှာ၊ တဖြည်းဖြည်း ပူလာ သည်နှင့် အမျှ၊ အင်အား စုများ ပိုမို ရောက်ရှိ လာ တော့သည်။

ဤပွဲ၌ အသန်မာ ဆုံးသော သူများမှာ၊ နတ်နဂါး အင်ပါယာသို့၊ တိုက်ရိုက် ဝင်ရောက် နိုင်မည်။

လင်းယွန်က စိတ်ဝင် စား စရာ မရှိတော့ သဖြင့်၊ တိမ်လွှာဓား (၁၃) ကွက်ကို တွေးတော လျက်၊ မျက်လုံးများ မှိတ်ချ လိုက်သည်။

လေးနာရီ ကြာ ပြီးနောက်၊ ထက်ရှသော ဓားများကို ခံစားမိ သဖြင့်၊ မျက်လုံးများ ဖွင့်မိ သည်။ လေထဲ မျောနေသော ရင်ပြင် တစ်ခု ဝဲပျံနေ သည်ကို၊ မြင်လိုက် ရ၏။

၎င်းပေါ်တွင် ရပ်နေသော အဖိုးအိုမှာ အပြာရောင် စံအိမ် သခင် ဖြစ်သည်။ အဖိုးအိုက လူအုပ်ထံ ဝေ့ကြည့်ကာ၊

“ အပြာရောင် စံအိမ် နယ်မြေမှာ၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ ကျင်းပ ခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် ... ဒီတစ်ခါတော့ ...

... စည်းကမ်းချက် တွေနဲ့ ဆုကြေးတွေ အပြောင်း အလဲ ရှိလာ ပါတယ် ... ၊ ချန်ပီယံက ဓားသူတော်စင် တောင်အပြင်၊ ကိုယ်ပိုင် နယ်မြေ တစ်ခု ကိုလည်း၊ ...

... အုပ်ချုပ်ခွင့် ရမှာပါ၊ အပိုဆု အနေနဲ့၊ နတ်နဂါး ရောင်ဝါနဲ့၊ သန့်စင်ခြင်း ကိုလည်း၊ ခံယူ ရမှာပါ။ ”

စည်းမျဉ်း များနှင့် ဆုလာဘ်များ အကြောင်းကို လူတိုင်း သိပြီး ဖြစ်သောကြောင့် မည်သူမျှ ပြန်လည် မေးမြန်းခြင်း မရှိချေ။

ယင်းကို မြင်ချိန်တွင် အဖိုးအိုမှာ ခေါင်းညိတ်လျက်၊ စကား ဆက်ပြောသည်။

“ ဒီတစ်ကြိမ် အဆင့် သတ်မှတ်ချက် ပြိုင်ပွဲမှာ ... ၊ လေလွင့် နန်းတော်၊ တိမ်လွှာဓား ဂိုဏ်း၊ မိုးကြိုး ကျောင်းတိုက်၊ ကြိုးကြာ တစ်ထောင် မျှော်စဉ်၊

... ကောင်းကင်ဘုံ ကြယ် ခန်းမနဲ့၊ မရဏ သွေးလမင်း တို့ ပါဝင် ပါမယ်၊ ပြိုင်ပွဲ ဝင်တိုင်းက နတ်နဂါး အင်ပါယာက ချမှတ် ထားတဲ့ စည်းမျဉ်း တွေကို၊ ...

... လိုက်နာမယ် လို့လည်း ယုံကြည် တယ်၊ စည်းမျဉ်း စည်းကမ်းကို မကြိုက် ရင်တော့၊ အခု ထွက်သွား ပေးပါ။ ”

အင်အားစု တိုင်းက နောက်ဆုတ်ရန် စိတ်ကူးမရှိ သည်ကို မြင်ပြီးနောက်၊ အဖိုးအိုမှ၊

“ ကောင်းပြီ၊ ဘယ်သူ ကမှ ထွက်ခွာဖို့၊ အစီအစဉ် မရှိ တာကြောင့်၊ ဆက်သွား ကြမယ်၊ အင်အားစု ခြောက်စုက မဲနှိုက်ပြီး၊ ပြိုင်ဘက် ရွေးရ ပါမယ်။ ”

ပြိုင်ပွဲမှာ ရိုးရှင်း လေသည်။ ကံနှင့် ခွန်အား လိုအပ်၏။ အဘိုးအို စကားဆုံး သည်နှင့်၊ အသီး သီးသော အင်အားစု များက၊ တိမ်လွှာဓား ဂိုဏ်းကို ပြုံးလျက် ကြည့်လာ ကြသည်။

ယင်းကြောင့် လျှပ်စီး တိမ်လွှာဓား ဂိုဏ်း ဟူသည်၊ လူတိုင်း အမြင်၌ အဖြည့်ခံ သက်သက် မျှသာ ရှိကြောင်း၊ သိသာ စေသည်။

လေထဲ ကျောက်စိမ်းတုံး တစ်တုံး လွင့်လာ သဖြင့်၊ ယဲ့ဇီလင်မှ ဖမ်းယူ လိုက်သည်။ ဝမ်ယုဝါ အပါ အဝင် လူတိုင်းက၊ သင်္ကေတ ပေါ်ရှိ အမည်ကို ကြည့်ရန် ဝိုင်းအုံ လာသည်။

“ ကောင်းကင်ဘုံ ကြယ်ခန်းမ ... ။ ”

ယဲ့ဇီလင်မှ အားလုံး ကြားသိ စေရန်၊ အသံထွက် ဖတ်ပြ လိုက်၏။ ယင်က ကံကောင်း သည်ဟု ဆိုနိုင်မည်။

မိုးကြိုး ကေျာင်းတိုက်၊ လေလွင့် နန်းတော်၊ ကြိုးကြာ တစ်ထောင် မျှော်စဉ်နှင့် မရဏ သွေး လမင်း တို့မှာ၊ ၎င်းထက် ပို သန်မာ ချေ၏။

“ ဆိုးတော့ မဆိုးဘူး၊ ငါတို့ ကံကောင်း တယ်လို့ ပြောရမယ်။ ”

ယဲ့ဇီလင်မှ မှတ်ချက် ပြုလိုက်၏။ ကျန်းလိချန် သည်လည်း၊ စိတ်သက်သာ ရာရ သွားသည်။

၎င်းမှာ နတ်မိစ္ဆာ နယ်မြေတွင်၊ သန်မာ လှသည် ဆိုသော်လည်း၊ ဂိုဏ်း အဆင့်သို့ မရောက် နိုင် သေးချေ။

ထို့ကြောင့် အချိန်တို အတွင်း၊ လျောက်ပတ်သော ပြိုင်ပွဲဝင် များကို ရှာဖွေရန်၊ ၎င်းတို့ အတွက် ခက်ခဲ ပေမည်။

“ ကျန်းဟီကို သတိထား၊ သူ့နဲ့ မဆုံရ သရွေ့ လူတိုင်း အဆင်ပြေ မှာပါ။ ”

သို့သော် လင်းယွန်မှ တုန်ပြန် စကား မဆိုမိချေ။ ကြယ် ခန်းမမှ ပါဝင်သူ ငါးဦးသည်၊ မရိုး ရှင်းကြောင်း၊ သူ ခံစား နိုင်၏။

ထို့စဉ် အစေခံ များက၊ သင်္ကေတ ငါးခုကို ဗန်း တစ်ဗန်းပေါ် တင်ကာ၊ သယ်ဆောင် လာ ကြသည်။

ယဲ့ဇီလင်မှ ဦးစွာ သင်္ကေတ တစ်ခုကို ယူကြည့် လိုက်၏။ ရုတ်တရက် ချန်ရန် ဟူသော အမည်က၊ ကောင်းကင်ပေါ် ပျံတက် လာသည်။

သူမ အနေဖြင့် ကျန်းဟီကို ရင်ဆိုင်ကာ၊ ကျန်သူများ အပေါ်၊ ဖိအား လျော့ချ ပေးချင်ခဲ့ သော်လည်း၊ ဆန္ဒ မပြည့် တော့ချေ။

အဆုံးတွင် လင်းယွန် အလှည့် ရောက် လာသည်။ နောက်ဆုံး ကျန်သော သင်္ကေတကို ကြည့်ကာ၊

“ ဒီသင်္ကေတကို လှန်စရာ မလို တော့ဖူး ထင်တယ်။ ”

-ဟု ပြောလိုက် မိသည်။

ယင်းမှာ ကျန်းဟီ အမည် ဖြစ်မည်ကို၊ လူတိုင်း သိသည်။ သင်္ကေတအား လှန်လိုက်မိ သည်နှင့်၊ ကျန်ဟီ အမည်က၊ ကောင်းကင် ပေါ် လွင့်တက် လာသည်။

“ ဒီလူက ဘယ်သူလဲ ... ။ ”

“ သူက နက္ခတ် အဆင့် မှာတောင် မရှိပါလား၊ ကြည့်ရတာ တိမ်လွှာဓား ဂိုဏ်းမှာ ဘယ်သူမှ မကျန် တော့ဖူး ထင်တယ်။ ”

“ ဒီလို ပြောလို့တော့ မရဘူး၊ ကြယ်ခန်းမ အတွက်လည်း ဖိအား ရှိတယ်၊ အညံ့ဆုံး ဂိုဏ်း ကိုတောင်၊ မနိုင်ရင် မြောင်းထဲပဲ။ ”

“ အဲဒါတော့ အမှန်ပဲ။ ”

လင်းယွန်နှင့် ကျန်းဟီ အမည်ကို မြင်သည်နှင့်၊ ပတ်ဝန်းကျင်မှ ဆွေးနွေး သံများ ထွက်ပေါ် လာသည်။ ကျန်းလိချန်က ပြုံးပြီး၊

“ ဒါကို စိတ်မပူ ပါနဲ့ ... ၊ ဂျူနီယာ ညီလေးလင်း၊ မင်းကို အားနည်းသူ အဖြစ် မြင်တဲ့ အတွက်၊ နည်းနည်းတော့ ...

... ခံစား ရမှာပါ၊ ဒါပေမယ့် ... မင်း မနိုင် ရင်တော့ ... ရှုံးနိမ့်ကြောင်း ဝန်ခံလို့ လွယ်သွား ပါ လိမ့်မယ်၊ ဒါဆို ဘယ်သူ ကမှ အပြစ်တင် တော့မှာ၊ မဟုတ် ပါဘူး။ ”

“ အား အနည်းဆုံး ငါက ... ၊ အသန်မာဆုံး လူကို၊ ရင်ဆိုင် ရတာလား၊ မဆိုး ပါဘူး ... ။ ”

လင်းယွန်မှ ပြုံး လိုက်သည်။ အစောပိုင်း အချိန် ကတည်း ကပင်၊ ပြိုင်ဘက်ကို ကျန်းဟီ ဖြစ်ချင် ခဲ့၏။ ထို့ကြောင့် အခြား သူများ၏ အမြင်ကို၊ စိတ် မဝင်စား တော့ချေ။

ယဲ့ဇီလင်မှ လင်းယွန်ထံ လှည့်ကြည့် လိုက်ရာ၊ ပြိုင်ဘက် အပေါ် ဂရုစိုက်ခြင်း မရှိ ကြောင်း၊ သိလိုက်သည်။

ထို့နောက် သူမ အကြည့်က လျူချင်းယန်နှင့် ဖုန်ကျန်းပေါ် ရွေ့သွား၏။

“ မင်းတို့ နှစ်ယောက် အတွက်၊ ဖိအားတွေ ရှိနေတယ်၊ နှစ်ယောက် ထဲက တစ်ယောက်က နိုင်ပွဲ ရယူ နိုင်ရင်၊ ငါတို့ နောက် တစ်ဆင့်ကို တက်ရောက်ဖို့၊ အခွင့် အရေးများ ပါမယ်၊ ...

... ဒါပေမယ့် မင်းတို့ နှစ်ယောက်လုံး ရှုံးရင်တော့၊ မသေချာ နိုင်တော့ဘူး၊ ဖိအား အကုန်လုံး လင်းယွန် အပေါ်၊ ရောက်သွား လိမ့်မယ်။ ”

လက်ရှိ အချိန်၌၊ လင်းယွန် မည်မျှ သန်မာလာ သည်ကို မသိချေ။ အထူး သဖြင့် အင်ပါ ရီယန်သို့ ရောက်ရှိ လာ ပြီးနောက်၊ သူမ မမြင်နိုင် တော့ခြင်း ဖြစ်သည်။

သို့သော် လွန်ခဲ့သည့် ရက် အနည်း ငယ်၌၊ အလွန် အန္တရာယ် များသော တိုက်ပွဲများ၊ ဆင်နွှဲ လာခဲ့ရ မည်ကို၊ ပြောနိုင်သည်။

သွေးညှီ ရနံ့ များနှင့် အတူ၊ ဓား ရည်ရွယ် ချက်မှာ၊ အသွင်ပြောင်း သွားကြောင်း၊ ခံစားမိ လေသည်။

ထို့ကြောင့် ကြယ်စင်စု အဆင့် ၌သာ ရှိနေ သော်လည်း၊ မျှော်လင့်ချက်မှာ လင်းယွန် အပေါ် တင်ထားဆဲ ဖြစ်သည်။

“ ဘယ်လို တောင် ... ပျင်းစရာ ကောင်းလိုက်လဲ၊ သူက ဘယ်သူလဲ။ ”

ကျန်းဟီမှ မျက်မှောင် ကြုတ်လျက်၊ ညည်းတွား လိုက်သည်။ ပန်းသင်္ချိုင်း အတွက်၊ ဤနေရာသို့ ရောက်ရှိ လာခြင်း ဖြစ်၏။

“ သူ့ကို အထင် မသေးနဲ့ ... ။ ”

ကြယ်ခန်းမ သခင်က လင်းယွန်ကို တစ်ချက် ကြည့်ကာ၊ သတိပေး လိုက်သည်။

“ အိုး ... ငါ နားထောင် နေပါတယ်။ ”

ကျန်းဟီမှ ပြုံးကာ ဆိုသည်။

“ တိမ်လွှာဓား ဂိုဏ်းရဲ့ ... ၊ နံပါတ် တစ် ပါရမီ ရှင်ပဲ၊ ကောင်းကင်း ဝိညာဉ် ကန့်သတ် ချက်ကို၊ ရောက်ရှိ ထား တယ်လို့၊ ...

... သတင်း ပြေး နေတယ် ... ၊ ကျော်ကြားမှုကို မလိုချင်တဲ့ အတွက်၊ သူ့ကို တော်တော် များများက၊ မသိ ကြဘူး။ ”

“ ဒါဆို ... သူက အား အနည်းဆုံး မဟုတ် ဖူးပေါ့။ ”

ကျန်းဟီမှ တစ်ထစ် လျော့ကာ ပြန်မေး လိုက်သည်။

“ မှန်တယ် ... ၊ လင်းယွန်က ကြယ်စင်စု အဆင့် မှာပါ၊ ဒါပေမယ့် ပန်းသင်္ချိုင်း ကတော့ အနည်းဆုံး နက္ခတ် အဆင့်မှာ ရှိနိုင်တယ်၊ ဒါကြောင့် သူ မဟုတ်ဘူး။ ”

လူတိုင်းကို ပလွေနှင့် သတ်ခဲ့သော ပန်းသင်္ချိုင်း၏ ပုံရိပ်အား ပြန်မြင် ယောင်ကာ၊ ကြယ်ခန်းမ သခင်မှ ဆိုလိုက်သည်။

“ ကြည့်ရတာ ပန်းသင်္ချိုင်းက ... ၊ ဒီကို ပါမလာဖူး ထင်တယ်၊ ဘာပဲ ဖြစ်ဖြစ် ဒီလူက ငါ့ကို အံ့အား သင့်စေရင် ကောင်းပါတယ်၊ မဟုတ်ရင် ပျင်းစရာကြီး ... ။ ”

ကျန်းဟီမှ စိတ်ပျက် လက်ပျက်နှင့်၊ ညည်းတွားဆဲ ဖြစ်သည်။ သူ့အမည်မှာ အင်ပါ ရီယန် အဆင့်တွင်၊ သတ်မှတ် ခံထား ရ၏။

ထို့ကြောင့် ပန်းသင်္ချိုင်း အတွက်သာ မဟုတ်သော်၊ ဤမျှ နုံချာသော နေရာသို့၊ လာ မိမည် မဟုတ်ချေ။

ယဲ့ဇီလင် ဦးဆောင်သော အဖွဲ့မှာ ရှေ့ လှမ်းထွက် လိုက်သည်။ ပြီးနောက် ကျန်းလိချန်၊ ဖုန်ကျန်းနှင့် လျူချင်းယန် တို့အား ရှေ့သို့ ကျော်တက် စေ လိုက်ပြီး၊ ယဲ့ဇီလင်မှ လင်ယွန်ကို ရပ်စောင့် နေသည်။

“ လင်းယွန် ... ၊ ကျန်းဟီက မရိုး ရှင်းဘူး၊ လူတိုင်းရဲ့ ယုံကြည်ချက် ပျက်စီး သွားမှာ စိုးလို့၊ ငါဘာမှ မပြော ခဲ့တာ။ ”

“ စိတ်မပူနဲ့ ... ငါ သိတယ်။ ”

လင်းယွန်မှ ခေါင်းညိတ်ကာ၊ ပြန်ပြုံးပြ လိုက်သည်။ ထိုယုံကြည် ချက်ကို မြင်သည်နှင့် ယဲ့ဇီလင်မှ ခေါင်းညိတ် ပြပြီး၊ စင်မြင့် ပေါ်သို့ ပျံသန်း သွားတော့သည်။

“ စီနီယာ အစ်ကို လင်း ... ၊ မင်း လုပ်နိုင်တယ်။ ”

ဝမ်ယုဝါက ရွှင်မြူး စွာဖြင့်၊ အားပေး လိုက်သည်။ လင်းယွန်မှ ပြန်လှည့် ကြည့်ကာ၊ လက်မ ထောင်လျက် ပြုံးပြ လိုက်သည်။

မည်သူမှ မည်သည့် စကားများ ဆိုနေ ကြစေကာမူ၊ ဝမ်ယုဝါ တစ်ယောက် သည်သာ သူ့ အပေါ် အကြွင်းမဲ့ ယုံကြည် နေ၏။

“ ဟား ဟား ဟား ... ။ ”

သူမ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူအများ ကြားရန် လုံလောက် ချေသည်။ ထို့ကြောင့် ရယ်မော သံများ ထွက်ပေါ် လာ တော့၏။

***

All Chapters