← Chapters

လုံးဝ နှိမ်နင်းခြင်း။

Vol. 88 Ch. 1219

လုံးဝ နှိမ်နင်းခြင်း။

Vol. 88 Ch. 1219

ကောင်းကင်ဘုံ ကြယ်ခန်းမနှင့် တိမ်လွှာ ဓားဂိုဏ်း အကြား၊ တိုက်ပွဲ ငါးပွဲကို ကျင်းပမည့်၊ စင်မြင့် ငါးခု ရှိသည်။

“ စလိုက် ရအောင် ... ။ ”

စံအိမ် သခင်မှ အမိန့်ပေး လိုက်သော အခါ၊ သက်ဆိုင်ရာ စင်မြင့် များ၌ ကြယ် စွမ်းအင်များ ပေါက်ကွဲ ထွက်လာသည်။

“ ဟိတ် ... ။ ”

“ တိုက် ... ။ ”

သည့်နောက် ဖုန်ကျန်း၊ လျူချင်းယန်နှင့် ကျန်းလိချန် တို့က၊ သူတို့၏ ပြိုင်ဘက် များကို စတင် တိုက်ခိုက် ကြတော့၏။

လင်းယွန်မှ သူ့ရှေ့တွင် ရပ်နေသော ကျန်းဟီကို ကြည့်ပြီး၊

“ တိမ်လွှာ ဓားဂိုဏ်းမှ လင်းယွန်။ ”

-ဟု လက်ဝေှ့ ယမ်းကာ မိတ်ဆက် လိုက်သည်။

“ ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့ ကျန်းဟီ။ ”

ကျန်းဟီမှ ပြန်၍၊ နှုတ်ဆက် လာစဉ် လင်းယွန် နဖူးကို ကြည့်ကာ၊ အနည်းငယ် အံ့သြ သွားပြီး၊ ပြုံးလိုက် လေသည်။

“ စိတ်ဝင် စားစရာပဲ ... ၊ မင်းလိုမျိုး ... အရည် အချင်း ရှိတဲ့ လူကို၊ တိမ်လွှာ ဓားဂိုဏ်းရဲ့ အား အနည်းဆုံး ပြိုင်ပွဲဝင် အဖြစ်၊ သတ်မှတ် ကြ တယ်လား၊ ဒါက ငါ့ကိုတောင် လှည့်စား လုနီးပါး ပါပဲ။ ”

ကျန်းဟီမှ သူ၏ လျှို့ဝှက်ချက် အချို့ကို ရှာတွေ့ သွားကြောင်း၊ လင်းယွန် သိလိုက်သည်။

“ ဒါပေမယ့် ... မင်း ငါနဲ့ တွေ့တာ ကံဆိုး သွားတယ်၊ မင်းကို ဒုက္ခိတ ဖြစ်စေတဲ့ အတွက် ငါ့ကို အပြစ် မထင် ပါနဲ့၊ ...

... ပန်းသင်္ချိုင်း ကိုသာ အပြစ် တင်ပါ၊ ဒါက မင်းကို ပုဂ္ဂိုလ်ရေး အရ ... ၊ မုန်းတီးလို့ မဟုတ် ပါဘူး။ ”

“ သေချာလား ... ။ ”

လင်းယွန်မှ ပြုံးကာ ပြန်မေး မိသည်။ တစ်ဖက် လူ အနေဖြင့်၊ ပန်းသင်္ချိုင်း အတွက် ရောက်ရှိ လာခြင်း ဖြစ် သောကြောင့်၊ ညှာတာ နေစရာ အကြောင်း၊ မရှိ တော့ချေ။

“ ဒါဆို ... မင်းရဲ့ ခွန်အားကို အပြည့် ထုတ်ပါ။ ”

ကျန်းဟီ ခန္ဓာကိုယ် အတွင်းရှိ ကြယ် စွမ်းအင်များ ပေါက်ကွဲ လာပြီး၊ စင်မြင့် တစ်ခု လုံးကို ရုတ်တရက် ပူလာ စေသည်။ ထို့နောက် လင်းယွန်ထံ ပြေးဝင် လာတော့၏။

“ ဝှစ် ... ။ ”

မျက်စိ တစ်မှိတ် အတွင်း၊ မီတာ တစ်ရာအကွာ အဝေးကို ဖြတ်လျက်၊ လင်းယွန် အနားသို့၊ ရောက်ရှိ လာသည်။

၎င်းနှင့် အတူ ကြက်သွေးရောင် မီးလျှံများ တောက်လောင် နေသည့်၊ လက်သီး တစ်လုံးကို တွဲလျက် ထုတ်လွှတ် လိုက်သည်။ သို့သော် လင်းယွန်မှ အလွယ် တကူ ရှောင်တိမ်း သွားသည်။

လက်သီး လွဲချော် သွားသော်မှ၊ နောက်ကွယ်ရှိ အပူ လှိုင်းမှာ၊ လင်းယွန်ကို ရိုက်ခတ် နိုင်ဆဲ ဖြစ်သည်။

“ ဝှစ် ... ။ ”

သည့်စဉ် နောက်ထပ် မီးလက်သီး နှစ်လုံးက ထပ်မံ ဝင်ရောက် လာပြန်သည်။

“ ငါ့ နောက်မှာလား။ ”

ဤတစ်ကြိမ်တွင် လင်းယွန်က၊ နောက်ကျောမှ ဝင်လာသော တိုက်ခိုက်မှု များကို ရှောင်ရှားရန်၊ ခန္ဓာအား ဘေးသို့ ယိမ်းလျက်၊ မော့ကြည့် လိုက်သည်။

တစ်ချိန် တည်းမှာပင်၊ ဓား ရောင်ဝါများ ပေါက်ကွဲ ထွက်လာပြီး၊ သူတော်စင် နဂါး ခန္ဓာ မှာ၊ အသက်ဝင် လာ၏။

ခရမ်း- ရွှေရောင် ရူရ် များက၊ ညာဘက် လက်မောင်းသို့ တွန့်လိမ်တက် လာကာ၊ နဂါး လက်သည်း အဖြစ်၊ ပြေးထွက် သွားသည်။

“ ထွက် လာ ခဲ့ ... ။ ”

လေဟာနယ် အတွင်း လက်သီး ရိပ်များ ထုတ်ဖော်ကာ၊ ပုန်းကွယ် နေသော ကျန်းဟီကို၊ လင်းယွန်မှ လှမ်းဆွဲ ထုတ် လိုက်၏။

“ ဝှစ် ... ။ ”

သည့်နောက် ခြေ တစ်လှမ်း တိုး လိုက်ရာ၊ ကျန်းဟီ လက်ကောက် ဝတ်အား ဆုပ်ကိုင်မိ သွားသည်။

နဂါး ဟောက်သံများ ထွက်ပေါ် လာပြီး၊ ချက်ချင်း ကိုင်ပေါက် ပစ်လိုက်သည်။

“ မ ဆိုး ဘူး ။ ”

ဒူး တစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ကျန်းဟီ တစ်ယောက် ကြမ်းပြင် ပေါ် ပြန်၍၊ ကျဆင်း လာသည်။

သည့်နောက် လက်ဖဝါးတွင် တံဆိပ် တစ်ခုကို ဖန်တီးကာ၊ ကြမ်းပြင်နှင့် ထိကပ် လိုက် သဖြင့်၊ မီးလျှံများ ဟုတ်ခနဲ တောက်လောင် လာသည်။

ကြယ် စွမ်းအင်များ ရုန်းကြွ လာကာ၊ ပတ်ဝန်းကျင်ရှိ မီး စွမ်းအင်များ အားလုံးကို၊ လက်ဖဝါးထံ စုစည်း ပေးလာသည်။

ထို့နောက် ဒူးတစ်ဖက် ထောက်လျက် အနေအထား ဖြင့်ပင်၊ လင်းယွန်ကို ပြုံးလျက် မော့ကြည့် လိုက်၏။

မိစ္ဆာ ကျင့်ကြံသူ များ၏၊ မူပိုင် ရနံ့များ ဖြစ်သော သွေးညှီ နံ့များ တဟုန်ထိုး ပေါက်ကွဲ လာတော့ သည်။

ပြိုင်ဘက်မှာ တစ်စုံ တစ်ရာ၊ ပြောင်းလဲ နေသည်ကို၊ ခံစား ရ သော်လည်း၊ လင်းယွန်မှ ပြေးဝင်ရန် တုန့်ဆိုင်းခြင်း မရှိ ခဲ့ချေ။ တိုက်ပွဲ အစပြု နေပြီ ဖြစ်သော ကြောင့်၊ အုပ်စီး မှုကို အရယူ ရ ပေမည်။

“ တစ္ဆေ မီးတောက် နံရံ။ ”

ကျန်းဟီ ရှေ့၌ သွေးရောင် မီးလျှံများ တောက်လောင် နေသည့်၊ နံရံ တစ်ချပ် ဖြစ်ပေါ် လာသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

သို့သော် လင်းယွန်၏ ဓား ရောင်ခြည် များက၊ ထိုနံရံကို ဖြတ်ကျော် လာ သဖြင့်၊ ခြေ သုံးလှမ်း ဆုတ်ခွာ ပေးလိုက် ရ၏။

တစ်ဖက် လူကို ဒဏ်ရာ ရအောင် မစွမ်းဆောင် နိုင်ရုံ သာမက၊ ပြန်၍ပင် ဖိအား ခံနေရ လေသည်။

သည့်အပြင် လင်းယွန်၏ ခန္ဓာကိုယ် ဝန်းကျင်၌ လှိုင်းထ နေသော စွမ်းအား အချို့ကို သတိထား မိလိုက်သည်။

၎င်းသည် မျိုးဆက်တူ ပါရမီရှင်များ အတွင်း၊ အဆပေါင်း များစွာ ကျော်လွန် နေသော အဆင့် တစ်ခု ဖြစ်သည်။ ယင်းက ကျန်ဟီအား အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာစေ၏။

“ မင်း စိတ်ပျက် သွားမှာ ... ၊ ငါ ကြောက်မိတယ်။ ”

စကား ဆုံး သည်နှင့် သူ့ အင်္ကျီမှာ၊ အစိတ်စိတ် အမွှာမွှာ ပွင့်ထွက် သွားပြီး၊ သတ္တု ကဲ့သို့ တောက်ပြောင် နေသည့်၊ ခန္ဓာ ကိုယ်ကို ထုတ်ပြ လိုက်တော့သည်။

ထိုခန္ဓာ၌ မိစ္ဆာ ရူရ်များ တလက်လက် တောက်ပ လာကာ၊ ထူးဆန်းသော ရောင်ဝါကို ပေးဆောင် နေလေသည်။

မျက်ဝန်း များ၌ ယုံကြည်မှု အပြည့် လင်းလက် လာပြီး၊ ထပ်မံ တိုက်ခိုက်ရန် တိုးဝင် လိုက်သည်။ ဤသည်မှာ သူ့ ဝှက်ဖဲ ဖြစ်သော၊ တစ္ဆေ မီးလျှံ တိုက်ပွဲဝင် ခန္ဓာကိုယ် ဖြစ်၏။

“ ဝှစ် ... ၊ ဘုန်း ... ။ ”

လျင်မြန် လွန်းသော အဟုန်ကြောင့်၊ လင်းယွန် ရင်ဘတ်အား ထိုးမိ သွားသည်။ သို့သော် အနည်းငယ် နာကျင် နေဆဲ ဖြစ်သဖြင့်၊ ခွန်အားကို အဆုံးထိ တွန်းထုတ်လျက်၊ ထပ်မံ ထိုးနှက် လိုက်၏။

“ ဘုန်း ... ၊ ဘုန်း ... ။ ”

တစ်ဖက်တွင် လင်းယွန်မှ ထိုလက်သီး နှစ်လုံးကို၊ ခန္ဓာကိုယ် သက်သက်ဖြင့် ခံယူကာ၊ သူ့အား ပြန်၍ ထိုးနှက် လာတော့သည်။

နှစ်ယောက်သား သားရဲ ကြီးများ ကဲ့သို့ တစ်ဦး လက်သီးကို တစ်ဦး၊ မရှောင် တိမ်းဘဲ၊ ‘တဘုန်းဘုန်း’ နှင့် မျက်နှာ ချင်းဆိုင်၊ ထိုးနှက် နေကြ တော့သည်။

“ ဝှီး ... ။ ”

ပြင်းထန် လွန်းသော ခွန်အားကြောင့်၊ နှစ်ဦးစလုံး၊ ပို၍ သွေးဆူ လာသည်။ လေခွင်းသံ များက၊ ပရိသတ်ကို တုန်လှုပ် သွားစေသည်။

“ ဘုန်း ... ။ ”

အကြိမ်ပေါင်း များစွာ ထိုးနှက်မှု အပြီးတွင်၊ တစ်ဦးကို တစ်ဦး၊ နောက်ပြန် ဆုတ်အောင် တွန်းထုတ် နိုင်ခဲ့သည်။

“ ဝေါ့ ... ။ ”

ယင်းက ကျန်ဟီကို သွေးအန်လျက်၊ ကြမ်းပြင် ပေါ်သို့ ပြန်၍ ဆင်းသက် မိစေ၏။ သူ့ခန္ဓာ ကိုယ် ပေါ်ရှိ ရူရ် များမှာ၊ အက်ကွဲ ကြောင်းများ၊ ပြည့်နှက် နေသည်။

ရုပ် ခွန်အားချင်း ယှဉ်ရာ၌၊ ပြိုင်ဘက်အား ရှုံးနိမ့် သွားပြီ ဖြစ်သည်။ လင်းယွန် ခန္ဓာ ကိုယ်မှ ဖြာထွက် နေသော ဓားရောင်ဝါက၊ စင်မြင့်ကို ဖုန်မှုန့်များ ထောင်းထောင်း ထလာ စေသည်။

“ ချွင် ... ။ ”

တစ်ချိန် တည်းမှာပင် နဂါး ဟောက်သံနှင့် ဓားမြည် သံများ တပြိုင် နက်တည်း၊ ပဲ့တင်ထပ် နေတော့၏။

“ သူတော်စင် နဂါး ခန္ဓာကိုယ်။ ”

နှုတ်ခမ်း ထောင့်မှ သွေးများကို သုတ် လိုက်ပြီး၊ ကျန်းဟီ အမူ အရာမှာ၊ လေးနက်သွား လေသည်။ လင်းယွန် ခွန်အားသည်၊ မျှော်လင့် ထား သည်ထက်၊ ကျော်လွန် နေပေ၏။

၎င်းသည် သူတော်စင် ရူရ် တစ်ရာ လက်ရာနှင့် ယှဉ်နိုင်သည်။ ယင်းက သူ့ကို ကြက်သီး ထလာ စေသည်။

ဤလင်းယွန်သည် ဘီလူး တစ်ကောင် ဖြစ်ချေ၏။ သို့သော် သည်မျှ နုံချာသော အရပ် ထံ၊ အဆိုပါ ဘီလူးမျိုး ရောက်ရှိ လာ နိုင်စရာ၊ အကြောင်း မရှိချေ။

ထို့ကြောင့် မျိုးဆက် တစ်ခု တည်းတွင်၊ သူ့ကို ခြိမ်းခြောက် နိုင်သူ မည်သူ့မျှ မရှိဟု ယုံကြည် မိခြင်း ဖြစ်သည်။

အခြားသော တိုက်ပွဲများ ပြီးဆုံး သွားပြီ ဖြစ်သဖြင့်၊ လူတိုင်းက သူတို့ထံ အာရုံစိုက် လာ ကြသည်။

ဖုန်ကျန်းမှ အပ၊ ယဲ့ဇီလင်၊ ကျန်းလိချန်နှင့် လျူချင်းယန် တို့၏ တိုက်ပွဲ များမှာ စောလျင်စွာ ပြီးဆုံး သွားခဲ့သည်။

မျက်ဝန်း ထောင့်မှ ထိုတိုက်ပွဲများ အပေါ်၊ လင်းယွန် တစ်ယောက် ခြုံငုံမိ ခဲ့သည်။ အထူး သဖြင့် ဖုန်ကျန်း အပေါ် ဖြစ်၏။

တိုက်ပွဲ အတွင်း ဖုန်ကျန်း သုံးနေသော ဓားရေးမှာ၊ ထိုစဉ်က ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ သရုပ်ဖော် အဆင့်ကို၊ သူ ရယူပြ ခဲ့သော ဓားရေး ဖြစ်သည်။

ယင်းကို သရုပ်ဖော် အဆင့် ထိတိုင်၊ ဆောင်ယူ ထား သဖြင့်၊ ပြိုင်ဘက် အပေါ်၊ ကောင်းစွာ ထိန်းချုပ် နိုင်ခဲ့သည်။

သို့သော် အခြားသော တိုက်ပွဲ သုံးခု၏ ရလာဒ်မှာ သူ့အပေါ် ဖိအား ဖြစ်စေပြီ ဖြစ်သည်။ ယင်းကို ဖုန်ကျန်း မှလည်း သိ၏။ သူ အနိုင်ရ ခဲ့လျှင်ပင်၊ နောက်တစ်ဆင့် တက်ရန် မသေချာ သေးချေ။

“ တောင်းပန် ပါတယ်။ ”

ကျန်းလိချန်နှင့် လျူချင်းယန် တို့က၊ မျက်နှာများ ပျက်ယွင်း စွာနှင့်၊ တောင်းပန် လိုက် လေသည်။

“ တောင်းပန် စရာ မလိုဘူး၊ မင်းတို့ အကောင်းဆုံး လုပ်ခဲ့ တာပဲ။ ”

ယဲ့ဇီလင်မှ ပြန်ပြော လိုက်၏။ ထိုစဉ် စင်မြင့်ပေါ်မှ နိုင်ပွဲနှင့် အတူ၊ ဆင်း လာသော ဖုန်ကျန်းအား၊ လှည့်ကာ ပြုံးပြ လိုက်သည်။

“ ဂျူနီယာ ဖုန်က၊ ဓားရေးကို သရုပ်ဖော် အဆင့်ထိ၊ ဆုပ်ကိုင်ထား နိုင်တာပဲ။ ”

သို့သော် ထိုချီးကျူး စကားက၊ ဖုန်ကျန်းအား ရှက်ရွံ့ သွားစေ၏။

“ စီနီယာ အစ်ကို လင်းက ... ၊ အဲဒါကို ခြေလှမ်း ခုနစ်လှမ်းနဲ့၊ အောင်မြင် ထားတယ်၊ သူနဲ့ ယှဉ်ရင် ဒါက ဘာမှ မဟုတ် ပါဘူး။ ”

“ တောက် ... ၊ ငါတို့ ရှုံးတော့ မှာလား။ ”

ကျန်းလိချန်မှ နာကျင် စွာဖြင့် တောက်ခေါက် လိုက်သည်။ ပို၍ သတိထား ခဲ့ ပါက၊ ပြိုင်ဘက်ကို သူ ရှုံးမည် မဟုတ်ကြောင်း၊ အာမခံ နိုင်သည်။

“ အဲဒီ လိုလည်း မဟုတ် သေးပါဘူး၊ လင်းယွန်က လက်ရှိ အချိန်မှာ အသာစီး ရနေ ပါသေးတယ်။ ”

လင်းယွန်နှင့် ကျန်းဟီ ထံသို့၊ လှမ်းကြည့်ပြီး ယဲ့ဇီလင်မှ ပြောလိုက်သည်။

“ ဘယ် လို ... ။ ”

“ မဖြစ် နိုင်တာ ... ။ ”

လူတိုင်း စိတ်လှုပ်ရှား လာပြီး၊ ခေါင်း မော့ကြည့် လိုက်သည်။ ထိပ်တိုက် ရင်ဆိုင်မှုများ အပြီးတွင်၊ သွေးအန် နေသော ကျန်းဟီကို၊ မြင်လိုက် ရသည်။

“ လင်းယွန်က ဒီလောက်တောင် သန်မာ နေတာလား။ ”

မယုံ ကြည်သော အာမေဋိတ် သံများ၊ ညံ လာပြီး၊ ကျန်းလိချန် တင်မက၊ လူတိုင်း ပါးစပ် ဟောင်းလောင်း ပွင့်ကုန် ကြသည်။

“ စီနီယာ အစ်ကို လင်း၊ ဆက်လုပ်ပါ။ ”

ဝမ်ယုဝါက မျက်နှာ တပြင်လုံး နီရဲ လာပြီး၊ လက်သီး များကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် ထားသည်။

ဤအခိုက်တွင် တိမ်လွှာဓား ဂိုဏ်း၏ မျှော်လင့် ချက်များ အားလုံးမှာ၊ သူမ၏ အစ်ကို လင်း အပေါ် တွင်သာ ရှိနေပြီ ဖြစ်သည်။

***

All Chapters