ရိုက်နှက်ခြင်း။
Vol. 88 Ch. 1220
“ အံ့သြ စရာပဲ။ ”
ကျန်းဟီက လေထဲတွင် ဖြည်းညှင်းစွာ ပျံဝဲလာပြီး၊ လင်းယွန်ကို အပြုံးဖြင့် ငုံ့ကြည့်ကာ၊
“ မဆိုးဘူး ... ၊ ငါ ထင်ထား တာထက် ... ၊ မင်းပို သန်မာတယ်၊ နောက်ဆုံးတော့ ဒီပြိုင်ပွဲက စိတ်ဝင် စားစရာ ကောင်းလာပြီ။ ”
“ အိုး ... ဟုတ်လား။ ”
လင်းယွန်၏ မျက်လုံး များတွင်၊ လှောင်ပြုံးများ ထင်ဟပ် လာ၏။ တစ်ဖက် လူမှာ၊ သည်နေရာ၌ သူ့ကိုယ်သူ အသန်မာ ဆုံးဟု ထင်နေ ချေပြီ။ ဤမျှ အထိုး ခံထားရ သော်မှ၊ မှတ်ပုံ မရ သေးချေ။
သူတော်စင် နဂါး ခန္ဓာမှာ၊ ထိခိုက်ခြင်း မရှိ သော်လည်း၊ တစ္ဆေ မီးလျှံ တိုက်ပွဲဝင် ခန္ဓာကိုယ် မှာ၊ လုံးဝ ကြေမွ သွားပြီ ဖြစ်သည်။
“ ဒါပေမယ့် ... မလုံလောက် သေးဘူး၊ အားနည်း နေသေးတယ်၊ မင်းရဲ့ ကျင့်ကြံ မှုနဲ့၊ ငါ့ကို အနိုင် ယူဖို့ ဆိုတာ၊ လက်တွေ့မှာ မဖြစ် နိုင် ပါဘူး။ ”
ကျန်းဟီက ပြုံးပြီး လက် နှစ်ဘက်နှင့်၊ တံဆိပ် များကို၊ ရေးထွင်း၏။ သူ့ နောက်တွင် ပန်းချီကား တစ်ချပ် ပေါ်လာ တော့သည်။
ပန်းချီကားမှ ကြက်သွေးရောင် အလင်း တန်းများ ဖြာထွက် လာပြီး၊ သူ့ အပေါ် ဖုံးအုပ် သွားသည်။
သည့်နောက် ကွဲအက် နေသော ရူရ် များမှာ၊ မြင်သာသော အဟုန်ဖြင့်၊ ပြန်လည် ကောင်းမွန် လာ၏။
ခန္ဓာ ကိုယ်၌ အကြေးခွံ အထပ်ထပ် ဖြစ်တည် လာကာ၊ တစ္ဆ မီးလျှံ တိုက်ပွဲဝင် ခန္ဓာ ကိုယ်သည်၊ အဆင့် သစ်သို့ ရောက်ရှိ လာ တော့သည်။
ဤသို့ ရှားပါးသော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်နှင့်၊ ပန်းချီကား ချိတ်ဆက် ပြီးနောက်၊ ငရဲမှ လာသော နတ်ဆိုး တစ်ပါး အလား၊ ခံစား မိလာ စေသည်။
အရိုးများ တုန်ခါ သွားပြီး၊ ကိုယ်လုံး ကိုယ်ပေါက်မှာ၊ ဖောင်းကား လာတော့၏။ တစ်ချိန် တည်းမှာပင်၊ အဆုံးမဲ့ ဖိအားများ လင်းယွန်ပေါ် ကျရောက် လာ တော့သည်။
“ တစ္ဆေ မီးတောက်။ ”
ကျန်ဟီမှ ရိပ်ခနဲ ပျောက် သွားသည်။ ကြက်သွေးရောင် လက်သည်းကြီး တစ်ဖက်က၊ လေထုကို ခွဲလျက် လာနေသည် ကိုသာ၊ မြင်လိုက် ရ၏။
“ ရွှပ် ... ။ ”
လင်းယွန်က ဓားကို နောက်ပြန် ဆွဲထုတ်ကာ၊ လက်သည်းကို ခုတ်ချပစ် လိုက်သည်။
“ ထန် ထန် ... ။ ”
ဓားနှင့် လက်သည်းတို့၊ တိုက်မိ သွား ပြီးနောက်၊ မီးပွား များက၊ စင်ပေါ် ပျံ့လွင့်လာ တော့၏။
ထို့နောက် နဂါး ရောင်ဝါနှင့်၊ ကောင်းကင် ဓားတို့ ပေါင်းစပ် သွားကာ၊ နဂါး ဓားရောင်ဝါ အဖြစ်၊ လင်းယွန်ကို အုပ်မိုး လာသည်။
ရောင်ဝါ မြင့်တက် လာပြီး၊ ပြိုင်ဘက်၏ လက်သည်းကို၊ မတုန်မလှုပ် ကြံ့ကြံ့ခံ ကာကွယ် လိုက်လေသည်။
“ ခရစ် ... ။ ”
သူ့ ခြေထောက်ကို ဗဟို ပြုလျက်၊ ကြမ်းပြင်၌ အက်ကြောင်းများ ဖြစ်ပေါ် လာ၏။ ယင်းက ကျန်းဟီ မည်မျှ အစွမ်းထက် သည်ကို ပြသ နေသည်။
ကျန်းဟီ အတွက်မူ၊ ကြယ်ပန်းချီ ထုတ်ဖော်ပြီး နောက်တွင်ပင်၊ ပြိုင်ဘက် အပေါ်၊ လုံး၀ နှိမ်နင်း နိုင်ခြင်း မရှိ သဖြင့်၊ အံ့အားသင့် သွားသည်။
ပြိုင်ဘက် ခန္ဓာ ကိုယ်မှာ၊ မည်မျှပင် အစွမ်းထက် သော်မှ၊ သူတို့ကြား ကွာဟချက် ကြောင့်၊ လုံးလုံး ကြေမွ သွား သင့်၏။
ထို့နောက် ထူးထူး ဆန်းဆန်း အသံလှိုင်း များဖြင့်၊ ပတ်ဝန်း ကျင်ကို ကန့်သတ် ပစ်လိုက် သည်။
ထိုအချိန်တွင် လင်းယွန်မှာ၊ ဓားပိုးအိမ်တွင် ဓားရည်ရွယ် ချက်ကို စုစည်းလျက် တိုက်ပွဲအား၊ ပြန်လည် စတင် လာသည်။
“ တိမ်ဖုံး နေသော နေမင်းကြီး ... ။ ”
“ တိမ်နှင့် မုန်တိုင်း။ ”
“ ရွေ့လျား နေသော တိမ်။ ”
“ အဝေးမှ တိမ်တိုက်များ … ။ ”
ခြေတစ်လှမ်း မျှပင် မဆုတ် ခဲ့ဘဲ၊ တိမ်လွှာဓား (၁၃)ကွက်ကို၊ မတ်မတ် ရပ်လျက် ကျန်ဟီးထံ ပစ်လွှတ် နေသည်။
“ ကျီး ... ။ ”
ကောင်းကင်၌ ငှက်ပြာ လေးများ ဝဲပျံ လာပြီး၊ တိမ်လွှာဓား (၁၃) ကွက်မှာ စည်းချက် မှန်မှန် နှင့်၊ ထွက်ပေါ် လာသည်။
ထိုမြင်ကွင်းက ပရိသတ် အားလုံးကို ထိတ်လန့် သွားစေ၏။
“ ငါ့ ... ကောင်းကင်၊ တိမ်လွှာဓား (၁၃) ကွက်က၊ ဒီလောက်တောင် အားကောင်း နေ တာလား။ ”
“ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်၊ သူ့ဓား တစ်ချက်ချင်း စီက သရုပ်ဖော် အဆင့်ကို ရောက်နေပြီ။ ”
“ မယုံနိုင် စရာပဲ၊ သူက ဘယ်လိုလုပ် အညံ့ဆုံး ပြိုင်ပွဲဝင် ဖြစ်မှာလဲ၊ ငါ့ အမြင် အရ တော့ ... ၊ ဒီပွဲရဲ့ မြင်းနက် တစ်ကောင်ပါ ။ ”
လင်းယွန် ဓားဆွဲ လိုက်သည့် အခိုက်တွင်၊ စောင့်ကြည့် နေသူများ အားလုံး၊ စိတ်လှုပ်ရှား လာ တော့သည်။
ကောင်းကင်ဘုံ ကြယ်ခန်းမ သခင် မှာမူ၊ နဖူးမှ ချွေးများ ရွှဲလာပြီး၊ ကနာ မငြိမ် တော့ချေ။ ကျန်းဟီသည် ကြယ်ခန်းမ အတွက်၊ ပါရမီရှင် တစ်ဦး ဖြစ်၏။
အပြာရောင် စံအိမ် နယ်မြေ ကဲ့သို့သော နုံချာသည့်၊ နေရာ မျိုးတွင် သူ့ ပြိုင်ဘက် မရှိ သင့်ချေ။
ယခုမူ ကြယ်စင်စု အဆင့် ၌သာ ရှိသော လင်းယွန်နှင့် ရင်ဆိုင်ရန်၊ ခက်ခဲသည့် အနေ အထား နေရာမျိုး ဖြစ်နေ ခဲ့သည်။
ရုတ်တရက် ခန်းမ သခင်မှာ၊ ပန်းသင်္ချိုင်းနှင့် ရင်ဆိုင် ရစဉ်က ကြောက်ရွံ့မှုမျိုး ဝင်ရောက်လာ တော့၏။
“ မဟုတ်ဘူး ... ၊ ငါတို့ ဒီလို ထပ်ပြီး၊ ကျရှုံးလို့ မဖြစ်ဘူး။ ”
ပန်းသင်္ချိုင်းကို မတွေ့ခင်၊ အမည် မရှိ လူတစ်ယောက် ၏ ဖြိုခွင်းခြင်း ခံရ ပါက၊ ကြယ် ခန်းမမှာ၊ ခေါင်းဖော် ဝံ့တော့မည် မဟုတ်ချေ။
“ ငါ့ အလှည့် ... ။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ ကျန်းဟီ မတုန့်ပြန် နိုင်မီ၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက် ရာ၊ စင်မြင့် တစ်ခုလုံး၊ ပြင်းစွာ တုန်ခါ သွား၏။
ထက်ရှသော လင်းယွန်၏ ဓားရည်ရွယ် ချက်ကြောင့်၊ ကျန်းဟီ ခမျာ ခက်ခဲသော အနေ အထားသို့၊ ချက်ချင်း ရောက်ရှိ သွားသည်။
ငှက်ပြာလေး (၁၁) ကောင် လေထဲ ပျံသန်း နေစဉ်၊ တိမ် ပင်လယ်ကြီး အတွင်း၌ တောင်ကြီး တစ်လုံး၊ ဖြစ်တည် လာ၏။
“ ဧက ဒသမဓား- မြသားရောင် ကြယ်များ။ ”
အသက် ပြင်းပြင်း ရှူလျက်၊ ကောင်းကင်ပေါ် ပျံတက် လိုက်စဉ်၊ သူ၏ ဓား ရောင်ဝါမှာ၊ ပေါက်ကွဲ သွားသည်။
ရုတ်တရက် မရေ မတွက် နိုင်သော ဓား အလင်းများ ပြေးဝင် လာသဖြင့်၊ ကျန်းဟီကို ထိတ်လန့် သွားစေ၏။
“ ဒါ … ”
တုန်လှုပ် ချောက်ချား နေစဉ်၊ လင်းယွန်မှ ဓားဖြင့် ခုတ်ချ လာသည်။ ထို့ကြောင့် မီးလျှံများ နှင့်၊ ချပ်ဝတ် တစ်ထည် ဖန်တီးကာ၊ အစွမ်းကုန် ခုခံ ကာကွယ် လိုက်မိသည်။
“ ခရစ် ... ။ ”
သို့သော် ဓားက ချပ်ဝတ်အား၊ တို့ဟူး တစ်တုံး ကဲ့သို့၊ လွယ်လင့် တကူ လှီးဖြတ် သွား တော့သည်။
အကြေးခွံများ ပွင့်ထွက်ပြီး၊ ပြတ်ရှ ရာများ ဖြစ်ပေါ် လာ၏။ သို့သော် နာကျင်မှုထက် ရှက်ရွံ့ မှုက ပိုချေပြီ။
“ အား ... လင်းယွန်၊ မင်းကို ငါ သတ်မယ်။ ”
“ အော် မနေနဲ့ ... ၊ ဒီဓား တစ်ချက်ကို အရင်ယူ ... ။ ”
လင်းယွန် နောက်ရှိ တိမ် ပင်လယ်မှာ၊ လျင်မြန်စွာ ကျုံ့ဝင် လာပြီး၊ ဓား ရောင်ဝါအား သိပ်သည်း သွားစေသည်။
“ တိမ်တွေ ထက်က တောင်တန်းကြီး။ ”
ပတ်ဝန်း ကျင်၌ လေဟာနယ် ပုံပျက် လာပြီးနောက်၊ တိမ်ပင်လယ် အတွင်း ပျံသန်း နေသော၊ ငှက်ပြာလေး (၁၂) ကောင်မှ၊ လေဖိ အားနည်း ရပ်ဝန်း တစ်ခုကို၊ ဖန်တီး လာသည်။
“ ရွှပ် ... ။ ”
လင်းယွန်က ဓားကို ခုတ်ချ လိုက်သော အခါတွင်၊ ကြောက်စရာ ကောင်းသည့်၊ အလင်း စုပ်ဝဲ တစ်ခု၊ ဖြစ်ပေါ် လာသည်။
အလင်း စုပ်ဝဲမှာ၊ ကမ္ဘာ ပေါ်ရှိ အလင်း တိုင်းကို စုပ်ယူ လိုက်သဖြင့်၊ ချက်ချင်း မှောင်ကျ သွားကာ၊ ကျန်းဟီကို စိတ်ပျက် အားငယ် လာ စေ၏။
ခန္ဓာကိုယ် ပေါ်ရှိ အကြေးခွံ များသည် တောက်ပ မှုများ အားလုံး ဆုံးရှုံး ကုန်ပြီး၊ လုံးဝ ကြေမွ သွားရသည် ။
“ အား ... ။ ”
ကျယ်လောင် လွန်းသော အော်သံက လူတိုင်းကို ကြက်သီးများ ထလာ စေသည်။ လင်းယွန်မှ ဓားကို အပြီးသတ် ပြီးသည်နှင့်၊ အကြေးခွံ များမှာ၊ လုံးဝ မကျန်ရှိ တော့ချေ။
“ ..... ။ ”
ထို့ကြောင့်် ကျန်းဟီ ခမျာ၊ ရှေ့သို့ ပြေးတက်လိုက်ပြီး၊ သူနှင့် ပေါင်းစပ် ထားသော၊ ပန်းချီ ကားကို၊ လင်းယွန် ထံသို့၊ ဦးစွာ ပျံသန်း စေလိုက်သည်။
“ ဝှစ် ... ။ ”
ဓားရောင်ဝါနှင့် ပန်းချီကား တိုက်မိ ပြီးနောက်၊ ပန်းချီကားမှ နတ်မိစ္ဆာ တစ်ကောင် ထွက်လာပြီး၊ လင်းယွန်ထံ ဆက်၍ တိုးဝင် လာ၏။
ထိုအချိန်တွင် ဒဏ်ရာများ ပြည့်နှက် နေသော ကျန်းဟီမှာ၊ နတ်မိစ္ဆာ နောက်ပါးမှ၊ ကပ်၍ ပြေးလိုက်သွား တော့သည်။
နတ်မိစ္ဆာ နီးကပ် လာ ချိန်တွင်၊ လင်းယွန် နဖူးရှိ ဓားပိုးအိမ်မှ ထုတ်လွှတ် ထားသော ရွှေရောင် အလင်း များမှာ၊ မီးတောက် သဖွယ်၊ လေထုကို ကူးစက် လာသည်။
ဤဓား ရည်ရွယ်ချက်မှာ၊ ကောင်းကင် တစ်စင်း ဖြစ်၏။ ရွှေရောင် အလင်းများ အလယ် ရပ်လျက်၊ နယ်မြေသစ် တစ်ခု ဖန်ဆင်းနေ သကဲ့သို့၊ အရာ ရာကို ကြီးစိုးစွာ ကြည့်သည်။
ထို့နောက်တွင် လေထုမှာ ဓားအသွင် မွေးဖွား လာပြီးနောက်၊ နတ်မိစ္ဆာ ပုံရိပ်ကို အပိုင်းပိုင်း ခွဲပစ် လိုက် တော့သည်။
“ အူး ... ။ ”
နတ်မိစ္ဆာ ဖျက်ဆီး ခံလိုက်ရ သဖြင့်၊ နောက်မှ လိုက်ပါ လာဆဲ ဖြစ်သော ကျန်းဟီ တစ်ယောက်၊ အကာ အကွယ် မဲ့သွားသည်။
ကြောက်လန့် တကြားဖြင့်၊
“ ငါ ... ငါ အရှုံး ပေးတယ် ... ။ ”
-ဟု အမြန် ဝန်ခံ လိုက်ရ တော့၏။
“ ဗြန်း ... ။ ”
ထို့ကြောင့် လင်းယွန်မှာ၊ ဓားသွားကို လှဲချ လိုက်ပြီး၊ ဓား ပြားနှင့် သူ့အား ပါးရိုက် လိုက်ရ လေသည်။
ထိုအသံသည် ပဲ့တင်ထပ် သွားကာ၊ ကောင်းကင်ဘုံ ကြယ်ခန်းမရှိ လူတိုင်းကို တုန်ယင် သွားစေ၏။
“ အွတ် ... ။ ”
ပါးရိုက်ခံ လိုက် ရသော ကျန်းဟီ ခမျာ၊ ကြမ်းပြင်ပေါ် ပြုတ်ကျ လာပြီး၊ အကြိမ်ပေါင်း များစွာ လှိမ့်ထွက် သွားလေ သည်။
လင်းယွန်ထံ ပြန်မော့ ကြည့်လိုက် ချိန်၌၊ အထင် သေးသော အကြည့်ဖြင့်၊ သူ့အား ကြည့် နေသည်ကို၊ မြင်လိုက် ရသည်။
“ အခု ... ဘယ်သူ အညံ့ ဆုံးလဲ ... ၊ မင်း သိပြီလား၊ မင်းလို လူက ပန်းသင်္ချိုင်း ခေါင်းကို ယူချင်နေ တာလား၊ ဘယ်လို တောင် စိတ်ပျက် စရာ ကောင်း လိုက်လဲ။ ”
ပန်းသင်္ချိုင်းကို အရှက်ခွဲ လိုသည့် နောက်တော့၊ သနား ငဲ့ညှာ နေစရာ အကြောင်း မရှှိချေ။
စည်းမျဉ်း များ ကြောင့်သာ မဟုတ် ပါက၊ ဓားဖြင့် ပါးရိုက်မည့် အစား၊ ကျန်းဟီ ခေါင်းကို ဖြတ်မိ မည်မှာ သေချာ လေသည်။
***