← Chapters

မရဏ သွေးလမင်း။

Vol. 88 Ch. 1221

မရဏ သွေးလမင်း။

Vol. 88 Ch. 1221

လူတိုင်းက ထိတ်လန့် တကြား ပြန်ကြည့်ကာ၊ တိတ်ဆိတ် သွားလေသည်။ ကျန်းဟီသည် ကြယ်ခန်းမ၏ ဂုဏ်သိက္ခာ အတွက်၊ လက်စား ချေရန် ရောက်ရှိ လာကြောင်း၊ ကြေညာ ခဲ့သည်။

သို့သော် ပန်းသင်္ချိုင်းနှင့် မတွေ့ခင်၊ ရိုက်နှက်ခြင်း ခံလိုက် ရ၏။ တိမ်လွှာ ဓားဂိုဏ်း အနေ ဖြင့်မူ၊ ပျော်ရွှင်ဖွယ် အတိ ဖြစ်လာ လေသည်။

ယဲ့ဇီလင် တစ်ယောက် သာလျှင် တည်ငြိမ်အောင် ထိန်းထား နိုင်၏။ လွန်ခဲ့သည့် ရက် အနည်း ငယ်၌၊ လင်းယွန် မည်သည့် အရပ် သို့၊ သွားခဲ့ မည်ကို၊ သိချင် လာသည်။

သွေးညှီ ရနံ့ များနှင့် အတူ၊ စိတ်နေ စိတ်ထား အနည်းငယ် ပြောင်းလဲ လာမှန်း၊ ခံစား မိသည်။

ယင်းက တာဝန် တစ်ရပ် သွားရောက် ထမ်းဆောင်ခြင်း မျိုးလည်း ဖြစ်နိုင် ပေမည်။

“ ဒီလူက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် ... ။ ”

ချူထျန်းဟောင်၏ မျက်လုံးများ မှေးကျဉ်း သွားသည်။ ကောလ ဟာလများ မှန်ကန်ပုံ ရပြီး၊ ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်သို့၊ အမှန် တကယ် ရောက်ရှိ သွားခြင်း ဖြစ်ပေမည်။

ဤသို့ ဆို လျှင်ပင် သည်မျှ သန်မာ မနေ သင့်ချေ။ အဆုံးတွင် ကျန်းဟီမှာ သူ့ ကြယ်စုကို ထုတ်ဖော် ထားခဲ့သည်။

တစ်ဖက် လူ၏ အမည် သတင်းကို သည်မတိုင်မီ လုံးဝ မကြားခဲ့ ဖူးသောကြောင့်၊ အနည်းငယ် ထူးဆန်း နေသည်ဟု ခံစား မိ၏။

သို့သော် ယင်းက သူ့ ယုံကြည် ချက်ကို မထိခိုက် စေချေ။ လင်းယွန် အပေါ် အနည်းငယ် ပို၍ လေးနက်လာ စေရုံသာ ရှိသည်။

ထိုလူ တစ်ယောက်တည်း ခွန်အားဖြင့်၊ တိမ်လွှာဓား ဂိုဏ်းကို မကယ်တင် နိုင်ချေ။ နောက် တစ်ဆင့် တက်လိုက သုံးပွဲ အနိုင် ရရန် လိုသည်။

“ ငရဲ လမ်းကို လျှောက်ဖို့ ဆိုတာက၊ မလွယ် ပါဘူး။ ”

လေလွင့် နန်းတော်၏ တပည့် များက၊ ချူထျန်းဟောင်နှင့် တူညီသော အမြင်များ ရှိ၏။ တစ်စုံ တစ်ဦးသည် ရလာဒ်ကို မကျေ နပ်သော် ငရဲ လမ်းကို ရွေးနိုင်သည်။

ငရဲလမ်း ဟူသော အမည်က၊ ချူထျန်းဟောင် ကိုပင်၊ ကြောက်ရွံ့သွား စေသည်။ သို့သော် ချက်ချင်း ခေါင်းယမ်း လိုက်၏။

လင်းယွန် မဆိုနှင့်၊ မရဏ သေွးလမင်းမှ ထိုပါရမီ ရှင်ပင်၊ ၎င်းလမ်းကို ရွေးချယ် ဝံ့မည် မဟုတ်ချေ။

ယင်းက စစ်မှန်သော ကျွမ်းကျင် သူများ အတွက်သာ၊ ရည်ရွယ် ထားခြင်း ဖြစ်လေသည်။

တစ်ဖက်တွင် အင်ပါ ရီယန်သို့ ရောက်ပြီးနောက်၊ ဤပွဲသည် လင်းယွန် အတွက်၊ ပထမဆုံး တိုက်ပွဲ ဖြစ်၏။

သည်မတိုင်မီ ကနဦး ပင်မ နတ်ဘုရား တစ်ပါးနှင့် တိုက်ခိုက်ခဲ့ သော်လည်း၊ လျှပ်စီး တစ်ထောင် ဓားကို အားကိုး ခဲ့သည်။ ထို့ကြောင့် စစ်မှန်သော တိုက်ပွဲဟု မယူဆ နိုင်ချေ။

ဓားညီလာခံနှင့် ယှဉ်သော်၊ ဤအဆင့် ပြိုင်ပွဲသည် စိန်ခေါ်မှု မရှိချေ။ ထို့ကြောင့် အများ ကြီး၊ သူ မျှော်လင့် နေမိ ခဲ့မှန်း သိလိုက်သည်။ သူ့ ခွန်အား (၅၀) ရာခိုင် နှုန်းပင်၊ အသုံး မပြုခဲ့ ရခေျ။

“ လင်းယွန် နိုင်ပွဲ ... ။ ”

ဒိုင် အဖိုးအို တစ်ဦး စင်မြင့်ပေါ် ခုန်တက် လာကာ၊ ကြေငြာချက် မထုတ် ပြန်မီ၊ လင်းယွန် မှ၊ ထွက်ခွာ သွားပြီ ဖြစ်သည်။

“ နင့် ... အတွက် ခက်ခဲ သွားပြီ။ ”

ယဲ့ဇီလင်က ခေါင်းညိတ် ပြပြီး၊ ရှားရှား ပါးပါး ပြုံးလျက် ဂုဏ်ပြု လာသည်။ လင်းယွန်မှ စကား ပြန် မဆိုချေ။ ပြုံးရုံသာ ပြုံးပြ လိုက်၏။

“ သူက ရှဟိုကြွယ်လား။ ”

သည့်နောက် မရဏ သွေးလမင်း အဖွဲ့ထံ လှမ်းကြည့်ကာ၊ မေးလိုက်သည်။ ၎င်း အဖွဲ့မှာ ရောက်ချိန် နောက်ကျ သဖြင့်၊ အသေ အချာ အကဲ မဖြတ် ရသေးချေ။

ထို့ကြောင့် မရဏ သွေးလမင်း အဖွဲ့ အတွင်းရှိ၊ ထူးထူး ခြားခြား ဖြစ်နေသော လူငယ် တစ်ဦးထံ၊ မေးဆတ် ပြလိုက်သည်။

“ မဟုတ်ဘူး၊ အဲဒါ သူ့ရဲ့ ဂျူနီယာ ကျောက်ချန်၊ သူ့ ဘေးက အဖြူဝတ် လူ ကမှ ရှဟိုကြွယ်ပဲ။ ”

ယဲ့ဇီလင်မှ သူ သတိ မထား မိသည့်၊ အဖြူဝတ် လူငယ် တစ်ဦးကို၊ ညွှန်ပြ လာသည်။ ယင်းက လ်ငးယွန်ကို အံသြသွား စေ၏။ ဤသို့ ညွှန်ပြခြင်း မရှိ ပါက၊ ထိုလူငယ်ကို သူ အာရုံစိုက် မိမည် မဟုတ်ချေ။

ဖြစ်တည် မှုကို ဖျောက်ထားသော ထိုလူငယ်ထံ၊ နောက်တစ်ကြိမ် ကြည့်မိ ပြန်၏။ ရှဟိုကြွယ်အား သတိ ထားမိ စေရန်၊ နှစ်ခါ ပြန်ကြည့် ရပေမည်။

ဤအရာကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် ထားခြင်းမျိုး မဟုတ်ကြောင်း လင်းယွန် သိ၏။ သတိထား ကြည့်ပါက ရှဟိုကြွယ် ဝန်းကျင်တွင်၊ လှိုင်းတွန့် များကို မြင်နိုင်သည်။

ဤလူငယ်သည် ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက် တစ်ဦး ဖြစ်ပြီး၊ သတိ မပြု ပါက၊ အသက် ဆုံးရှုံးမည် ဖြစ်သည်။

ထို့စဉ် ရှဟိုကြွယ်မှ ပြုံးလျက် သူ့အား လှည့်ကြည့် လာ၏။ ထိုအကြည့်က လင်းယွန် ကို၊ ကျောရိုး တစ်လျှောက် အေးစက် သွား စေသည်။

“ မိုးကြိုး ကျောင်းတိုက်နဲ့ ... ၊ လေလွင့် နန်းတော် တိုက်ပွဲ စပြီ။ ”

ယဲ့ဇီလင်မှ သတိ ပေး လာသဖြင့်၊ လင်းယွန်၏ အာရုံမှာ စင်မြင့် ဆီသို့၊ ချက်ချင်း ပြောင်းလဲ သွားစေ တော့သည်။

၎င်းတို့ နှစ်ဖွဲ့မှာ၊ တူညီသော အင်အားမျိုး ပိုင်ဆိုင်ထား သော်လည်း၊ အမှား အယွင်း မရှိ ပါက၊ လေလွင့် နန်းတော်မှ အနိုင်ယူ နိုင်မည် ဖြစ်သည်။

သို့သော် တိုက်ပွဲ စတင် ချိန်၌၊ မိုးကြိုး ကျောက်တိုက်မှာ အလဲ အကွဲနှင့် စင်မြင့် ပေါ်မှ ဆင်းသွား ရတော့၏။

လေလွင့် နန်းတော်မှ ချုထန်းဟောင်နှင့် ဂျူနီယာ တစ်ယောက်သည် ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပြသ လာပြီး၊ အထူး သဖြင့် ချူထျန်းဟောင်မှာ ပြိုင်ဘက် အပေါ် တစ်ချက် လှုပ်ရုံဖြင့်၊ အနိုင်ယူ နိုင်ခဲ့သည်။

သူထုတ်ဖော် ထားသော ဘုရင့် ရောင်ဝါမှာ၊ ကျန်းလိချန် အပါ အဝင်၊ တိမ်လွှာ ဓားဂိုဏ်းကို တုန်လှုပ် စေ၏။ ယဲ့ဇီလင်နှင့် လင်းယွန်မှ လွဲ၍ မည်သူမျှ သူ့ပြိုင်ဘက် မဟုတ် နိုင်ချေ။

လူတိုင်း တွက်ချက် နေမိစဉ် မရဏ သွေးလမင်း နှင့်၊ ကြိုးကြာ တစ်ထောင် မျှော်စဉ် တိုက်ပွဲ စတင် လာသည်။

၎င်းတို့ ကြား ရလာဒ်သည်၊ လေလွင့် နန်းတော် ထက်ပင် တုန်လှုပ်ဖွယ် ကောင်းနေခဲ့ ချေ၏။ ပြိုင်ပွဲဝင် ငါးဦး လုံးမှ အောင်ပွဲခံ သွားသည်။

ထို့အပြင် ၎င်းတို့ အားလုံး၏ ကြယ် ပန်းချီများ ထဲ၌၊ ထူးဆန်းသော ကြက်သွေး ရောင် လမင်းများ ရှိနေ ကြသည်။

ကြက်သွေးရောင် လ ပေါ်လာ သည်နှင့်၊ ဖိအားမှာ အဆင့် သစ်သို့ ရောက်ရှိ သွားသည်။ ရှဟိုကြွယ် ပြိုင်ဘက်မှာ ဆယ်ကြိမ် လှုပ်ရှား ပြီးနောက်၊ အရှုံးပေး သွားရ၏။

ထို့ကြောင့် ကြိုးကြာ တစ်ထောင် မျှော်စဉ်သည်၊ အနိမ့် ကျဆုံး ပြိုင်ပွဲဝင် အဆင့် သို့ လျော့ကျ သွားသည်။

ဤတစ်ကြိမ်တွင် အပြာရောင် စံအိမ် နယ်မြေ၏ ချိန်ခွင် လျှာမှာ၊ ပြောင်းလာ တော့ မည် အရိပ် အယောင် ပေပင်။

“ အပြာရောင် စံအိမ်က အနာဂါတ်မှာ၊ မိစ္ဆာကျင့်ကြံ သူတွေ အခြေချ နေထိုင်မဲ့၊ ဒေသ ဖြစ်လာ နိုင်တယ်။ ”

“ ဟုတ်တယ် ... ၊ နတ်နဂါး အင်ပါယာ ကြီးက သူတို့ကို လျစ်လျူရှု ထားတယ်၊ အင်ပါယာ အမြင်မှာ၊ မှန်ကန်တဲ့ လမ်းစဉ် ကျင့်ကြံ သူနဲ့၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တေွက အတူတူ ပဲ။ ”

“ အများကြီး မစဉ်း စားနဲ့ ...၊ မိစ္ဆာ ကျင့်ကြံသူတွေ အားကောင်းတာ ကိုတော့ ဝန်ခံ ရမယ်၊ မဟုတ်ရင် နတ်မိစ္ဆာ နယ်မြေကို ...

... ဖျက်သိမ်း ခဲ့တာ ကြာပြီပေါ့၊ မရဏ သွေးလမင်းက ဓားသူတော်စင် တောင်နဲ့ ... ၊ နတ်နဂါး ရောင်ဝါကို လိုချင်လို့၊ ထွက်လာ တာကိုပဲ ကြည့်။ ”

“ ချန်ပီယံ ဘယ်သူ ဖြစ်မယ် ထင်လဲ ... ၊ လေလွင့် နန်းတော် အတွက်တော့ ... ခက်ခဲ လိမ့်မယ် ထင်တယ်။ ”

လူတိုင်းက ထိုအင်အားစု နှစ်ခု ကိုသာ၊ ယှဉ်ကြည့်လာ ကြသည်။ တိမ်လွှာဓား ဂိုဏ်း အတွက်မူ၊ ယဲ့ဇီလင်နှင့် လင်းယွန်တို့ သန်မာ ရုံဖြင့်၊ အလုပ် မဖြစ်ချေ။

“ ကြည့်ရတာ မနက် ဖြန် ... ၊ လေလွင့် နန်းတော်က၊ ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်လာမယ် ထင်တယ်။ ”

ကျန်းလိချန်မှ စိတ်ပျက် လက်ပျက်ဖြင့်၊ ရေရွတ် လိုက်သည်။ ပြိုင်ဘက်ကို ရှုံးနိမ့် သွား ပြီးနောက်၊ လျူချင်းယန် သည်လည်း၊ အားလျော့ လာခဲ့သည်။

“ ချူထျန်းဟောင်က အရမ်း သန်မာတယ်၊ သူ့ရဲ့ ဘုရင့် ရောင်ဝါ အောက်မှာ၊ ရပ်ဖို့တောင် မလွယ်ဘူး။ ”

“ ငါတော့ အဲဒီလို မမြင်ဘူး ... ။ ”

လင်းယွန်က လျူချင်းယန် စကားကို ချက်ချင်း ငြင်းဆန် လိုက်သည်။ ပြီးနောက်၊

“ လေလွင့် နန်းတော်မှာ ချင်းယန်နဲ့ ချူထျန်းဟောင်ပဲ ရှိပါတယ်၊ ကျန် သုံးဦးက နက္ခတ် အဆင့်၊ အထွတ် အထိပ် ဆိုတော့၊ သိပ် ကြောက်စရာ မလို ပါဘူး။ ”

“ နင့်မှာ ... ၊ သူတို့ကို အနိုင် ယူဖို့၊ နည်းလမ်း ရှိလား။ ”

စကား လုံးများ နောက်ကွယ်ရှိ ဝှက်ထားသော အဓိပ္ပါယ်ကို ကောင်းစွာ ခံစား နိုင်သောကြောင့်၊ ယဲ့ဇီလင် တစ်ယောက် မျက်လုံးများ တောက်ပ လာခဲ့သည်။

“ ညကျမှ ဆက်ပြော ကြတာပေါ့။ ”

လင်းယွန်မှ ခေါင်းညိတ် ပြီးနောက်၊ တွက်ချက် နေဟန်ဖြင့်၊ အင်အားစု နှစ်ခု၏ ပြိုင်ပွဲ ဝင်တိုင်းကို၊ လှမ်းကြည့် လေသည်။

ဒိုင် အဖွဲ့က ယနေ့ နိုင်ပွဲရ ထားသော၊ အင်အားစု သုံးရပ်၏ ပြိုင်ပွဲ အတွင်း၊ ကြာချိန် များကို တွက်ချက်ကာ၊ မရဏ သွေးလမင်းကို ဗိုလ်လု ပွဲသို့၊ တိုက်ရိုက် တက်ရောက် စေခဲ့သည်။

ထို့ကြောင့် လေလွင့် နန်းတော်နှင့် တိမ်လွှာဓား ဂိုဏ်းမှာ၊ အကြို ဗိုလ်လု ပွဲအား ဆင်နွှဲ ရမည် ဖြစ်၏။

“ သွား ရအောင်။ ”

ပွဲစဉ်ကို ကြေငြာ လိုက်ပြီ ဖြစ်သဖြင့်၊ လင်းယွန်မှ အချိန် မဖြုန်းလို တော့ဘဲ၊ ထွက်ခွာ ရန် ပြင်လိုက်သည်။

လေလွင့် နန်းတော် သည်လည်း၊ တစ်ချိန် တည်းမှာပင်၊ ထရပ် လာ၏။ ၎င်းတို့မှ ပျော်ရွှင် ပုံ မပြဘဲ၊ မရဏ သွေးလမင်း အဖွဲ့ ထံသို့၊ ကြည့်လိုက် ကြသည်။

သဘာဝ အတိုင်း တိမ်လွှာဓား ဂိုဏ်းနှင့် တိုက်ပွဲ အပေါ်၊ စိတ်ပူပုံ မရချေ။ နိုင်ပွဲ အဖြစ် အပိုင် တွက်ထားပြီး ဖြစ်လေသည်။

***

All Chapters