ဧကရီ။
Vol. 88 Ch. 1222
ဓား ညီလာခံ မတိုင်မီ၊ ဖန် မိသားစုသည် အမှန် တကယ် ဂုဏ် သိက္ခာနှင့် ပြည့်စုံ ခဲ့သည်။ နောက်ဆုံးတွင် လူတိုင်းက လျှပ်စီး တစ်ထောင် ဓားကို ကြည့်ကာ၊ သူတို့၏ အမြင်ကို ချဲ့ရန် ရောက်ရှိ လာခြင်း ဖြစ်သည်။
နဂါးသွေး လွှတ်ကြော ကျွမ်းကျင် သူများ ပင်လျှင်၊ လျှပ်စီး တစ်ထောင် ဓား အတွက်၊ ဖန် မိသားစု အပေါ်၊ အလေး အနက် ထားပေး ရသည်။
သို့သော် ဓားညီလာခံ အပြီးတွင် အရာ အားလုံး ရှုပ်ပွသွား တော့သည်။ ဂုဏ်သတင်း ယုတ်လျော့ သွားသည် သာမက၊ စံအိမ်တော်မှ ထုတ်လွှတ် သော ရောင်ဝါ ပင်လျှင်၊ မှိန်ဖျော့ သွားခဲ့သည်။
ထို့ကြောင့် အစောင့် အကြပ် များမှာ၊ ယခင်ကဲ့သို့ ဥဒဟို သွားလာ နေခြင်းမျိုး မရှိ တော့ သဖြင့်၊ လူရိပ် နှစ်ရိပ်မှ၊ ပေါ့ပေါ့ ပါးပါး လှမ်းဝင် လာ ခဲ့သည်။
“ ဟိုမှာ ... ။ ”
လောဟွာက တောင်တန်း ပေါ်ရှိ နန်းတော် တစ်လုံးကို ညွှန်ပြ လိုက်သည်။
“ ဓားခန်းမ ထဲမှာ မနေ ဖူးလား။ ”
ထိုကဲ့သို့ ကျွမ်းကျင် သူသည် ဓားခန်းမ ထဲတွင်၊ ရှိနေ ရမည်ဟု ထင်ထား သောကြောင့်၊ လောဟွာ စကားက ယန်ထျဲကို အံ့သြ သွား စေသည်။
ဓားခန်းမ ဟူသည် ဓားစံအိမ်မှ တည်ဆောက် ပေးထားပြီး၊ အစီရင် များစွာကို၊ အခိုင် အမာ ချမှတ် ထားသည်။ ဖန်အိမ်တော် ထက်ပင် များစွာ လုံခြုံသော နေရာ ဖြစ်၏။
“ ဝှစ် ... ။ ”
တစ်ဖက်တွင် လုပ်ရ ကိုင်ရ ပို၍ လွယ်ကူ စေမည် ဖြစ်သောကြောင့်၊ ယန်ထျဲ တစ်ယောက် ခေါင်းညိတ်ကာ၊ လောဟွာ နောက်မှ လိုက်ပါ ပျံသန်း သွားမိ လေသည်။
နှစ်ယောက်သား ပျံသန်း လာစဉ်၊ မည်သည့် အစောင့် အကြပ် ကိုမျှ မတွေ့ ရချေ။ နန်းတော် အရှေ့၊ ဆင်းသက် လိုက်မှ သာလျှင်၊ စောင့်ကြပ် နေသော ပင်မ နတ်ဘုရား နှစ်ပါးကို တွေ့လိုက် ရသည်။
ထို့ကြောင့် သတ်ပစ်ရန် ပြင်နေ မိစဉ်၊ လောဟွာမှ ဦးစွာ လှုပ်ရှား သွား လေသည်။ ပင်မ နတ်ဘုရား နှစ်ပါးမှာ၊ ပေျာ့ခွေ လဲကျ သတိလစ် သွားတော့၏။
“ မဆိုင်တဲ့ လူတွေကို မသတ်နဲ့။ ”
တိကျသော ပစ်မှတ် ရှိနေပြီ ဖြစ်သဖြင့်၊ ကိုယ်ရှိန် သပ်ရုံမှ တပါး၊ ယန်ထျဲ အတွက် အခြား မရှိချေ။
ထို့ကြောင့် နန်းတော် ထဲမှ ထွက်လာသော အစောင့်တိုင်း၊ သူတို့အား မြင်သည်နှင့်၊ သတိ လစ် လဲကျ ကုန်သည်။
ပင်မ ခန်းဆောင် အရောက်တွင် ဆံပင် ဆွတ်ဆွတ် ဖြူဖြူ နေသောအဖိုးအို တစ်ဦးက ထိုင်လျက်မှ ခေါင်းမော့ ကြည့်လာသည်။
အပေါ်ပိုင်း ဗလာ ကျင်းလျက်၊ ဒဏ်ရာ များကို ကုစား နေခဲ့ခြင်း ဖြစ်၏။ ဧည့်သည် နှစ်ဦး ရောက်ရှိ လာပြီ ဖြစ် သောကြောင့် ကုသပေး နေသည့်၊ အစေခံအား မောင်း ထုတ်ကာ ပြုံးလိုက်သည်။
“ ငယ်ငယ် ရွယ်ရွယ်နဲ့ ... ၊ တကယ် အငြိုးကြီး တာပဲ၊ ဘာလဲ ... ငါ့ကို တောင်းပန် စေချင် တာလား၊ မတောင်းပန် နိုင်ဘူး။ ”
ဤအဖိုးအိုသည် ဓား စံအိမ်၏ စည်းမျဉ်း များကို ချိုးဖောက်ပြီး၊ လင်းယွန်အား သတ်ရန် လိုက် လာသူ ဖြစ်သည်။
ဓားညီလာခံတွင် ဖန်ရွှမ်ဇီ သည်သာ အာဏာရှင် ဖြစ်သဖြင့်၊ သူ့ အနေဖြင့် ဝင်ရောက် စွက်ဖက် နိုင်ခြင်း မရှိ ခဲ့ချေ။
မဟုတ်ပါက လင်းယွန်ကို အကြိမ် တစ်ထောင် မက၊ သတ်ပြီး ဖြစ်ပေမည်။ သို့သော် ပြန်လာ ပြီးနောက်၊ ဤကိစ္စကို စိတ် ထဲမှ ထုတ်ကာ၊ မေ့ပစ် တော့မည် ဖြစ်သည်။
“ တရားခံ ဘယ်သူလဲ၊ မင်းလား ... ၊ ဖန်ရွှမ်ဇီလား ... ။ ”
အဖိုးအို၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ လောဟွာမှ မေးလိုက်သည်။
“ ဟား ဟား ဟား ... ၊ သူလား ငါ့ကို အမိန့် ပေးလို့ ရမှာ၊ သူသာ အခုလို သူရဲ ဘောကြောင် မနေရင်၊ မင်းနဲ့ အဲ့ဒီ တိရိစ္ဆာန် မသား ...
... သေတာ ကြာပြီ၊ သူက မင်းလို နို့နံ့ မစင် သေးတဲ့၊ ကောင်မလေးကို ကြောက် ပေမယ့် ... ၊ ငါ မကြောက်ဘူး။ ”
“ အဘိုးကြီး၊ မင်း ရဲ့ အခြေ အနေကို နားမလည် သေးဖူးလား။ ”
ယန်ထျဲမှ ဝင်ရောက် ခြိမ်းခြောက် လိုက်၏။
“ ငါ့ အခြေ အနေ လား၊ ဟား ဟား ဟား။ ”
အဘိုးအိုမှ လှောင်ပြောင် ရယ်မော လိုက်ပြီး။
“ မင်းကိုယ်မင်း တွေးပူ နေသင့်တယ်၊ ငါက မြို့ပြင်မှာ မင်းကို ကြောက်နေ နိုင်ပေမယ့်၊ ဒီမှာတော့ မဟုတ်ဘူး၊ ဒါက ငါ့ရဲ့ ဖန်အိမ်တော်ပါ။ ”
“ ချွမ် ... ။ ”
စကားဆုံး သည်နှင့် ဓားတစ်လက်ကို ဆင့်ခေါ် လိုက်သည်။ သူတော်စင် ရူရ် ပေါင်း တစ်ထောင်ခန့်၊ လေထုထဲ ပျံ့ကျဲ လာ၏။
သည့်နောက် အထွတ် အထိပ်၊ ပင်မ နတ်ဘုရား နယ်ပယ် ကွမ်းကျင်သူ အစောင့် (၁၈) ယောက် သည်လည်း၊ ပုန်းကွယ် ရာမှ ထွက်လာ ခဲ့ကြသည်။
ဖန် မိသားစု၌ ဘိုးဘေး ရာထူးကို ရရှိ ထားခြင်း မရှိ သော်လည်း၊ အသက် အရွယ်နှင့် ဝါစဉ် အရ၊ ဖန် မိသားစု၏ အင်အား အချို့ကို သုံးစွဲခွင့် ရထားသည်။
“ အခု ... မင်း ငါ့ကို တောင်းပန်ပါ၊ မဟုတ်ရင် ငါ သတ်ရ လိမ့်မယ်။ ”
အဘိုးအိုက သူတော်စင် ရူရ် တစ်ထောင် ဓားဖြင့်၊ လောဟွာကို ထိုးချိန်ကာ ငေါက်ငမ်း လိုက် လေသည်။
သည်မြေခွေးအို ကြီးတွင် သူတော်စင် ရူရ် တစ်ထောင် ဓားရှိ လိမ့်မည်ဟု မထင် ထားသော ယန်ထျဲမှာ စိတ်ပူစ ပြုလာသည်။
ဖွဲ့စည်းမှုနှင့် လက်နက် စွမ်းအားများ အရ၊ သူ သည်ပင် ဤနေရာမှ ဒဏ်ရာ ကင်းကင်းဖြင့်၊ ထွက်သွား နိုင်မည် မဟုတ်ချေ။
လောဟွာကို ကာကွယ် ရမည် ဖြစ်သဖြင့် ပို၍ ဆိုးချေမည်။ သို့သော် လောဟွာ မှာမူ ဂရု စိုက်ပုံ မပြချေ။
“ ငါ ... ဒီမှာ ယူစရာ ရှိတယ်။ ”
လောဟွာမှ ပေါ့ပေါ့ ပါးပါးပင် ပြန်ပြော လိုက်သည်။
“ ဘာ ယူစရာလဲ။ ”
“ ခွေး ခေါင်း။ ”
အဘိုးအို ခမျာ ရုတ်တရက် အံ့အားသင့် သွားသည်။ ပြီးနောက် သဘောကျစွာ ရယ်မော လိုက်၏။
“ ဟား ဟား ဟား ... ။ ”
မကြာခင် အသတ်ခံ ရ တော့မည့် လူ တစ်ယောက် အတွက်၊ မည်သို့ ပြုမူရ မည်ကို ဤ မိန်းကလေး သိပုံ မရချေ။
“ ရယ်စရာ ပါလို့လား။ ”
လေဟွာက သူမ မျက်နှာ ပေါ်ရှိ ပဝါကို ဖယ်ကာ၊ ၎င်းအောက်ရှိ မျက်စိ ဖုံးရုံ မျက်နှာဖုံး အား၊ ဖြုတ်ယူ လိုက်သည်။
“ ငါက မရယ်လို့ ... ။ ”
အဘိုးအို၏ စကားသံ မဆုံးခင်၊ လောဟွာ ထံမှ ဖိအား တစ်ခု ပေါက်ကွဲ လာသည်။ တံဆိပ် တဆင့် ကျိုးပြတ် သွား သကဲ့သို့၊ ဧကရာဇ် ရောင်ဝါ ထွက်ပေါ် လာ၏။
ထိုရောင်ဝါကြောင့် ပင်မ နတ်ဘုရား (၁၈) ပါးကို ဒူးထောက် ကျသွား စေသည်။ အဖိုးအိုပင် မျက်နှာ တစ်ပြင်လုံး ရှုံ့တွလျက် ဒူးထောက် ကျသွား၏။
“ ဘာ ကြီး လဲ ... ။ ”
လောဟွာ နောက်တွင် ရပ်နေသော ယန်ထျဲမှာ၊ လုံးဝ အံသြ သွားပြီး၊ စကား တစ်ခွန်း မျှ၊ မပြောဝံ့ တော့ချေ။
မြင်နေ ရသော ဖိအားသည် သူ တစ်ကြိမ်မျှ မခံစား ဖူးသော အရာ ဖြစ်ပြီး၊ ၎င်းအား ခိုင်းနှိုင်း စရာ ဥပမာပင် မရှိ ခဲ့ချေ။
ဖိအား နယ်မြေ ပြင်ပရှိ၊ သူ့ဒူး တစ်စုံ သည်ပင်၊ ညွှတ်ခွေလာ ချေ၏။ လေဟွာ လက်မှ မျက်နှာ ဖုံးမှ၊ အဖြူရောင် အလင်းများ လက် သွားပြီး၊ အနည်းငယ် နေရာ ရွေ့ သွားသည်။
လောဟွာက မျက်နှာ ဖုံးအား ပြန်တပ် လိုက်စဉ်၊ ဖန် အဖိုးအို၏ ခေါင်းမှာ၊ ပြတ်ကျ သွား လေသည်။
လှုပ်ရှား မှုမှာ မြန်ဆန် လွန်း သဖြင့်၊ မျက်နှာဖုံးနှင့် ပစ်ကာ၊ ခေါင်းဖြတ် လိုက်သည် ကို၊ မမြင် လိုက် ရချေ။
သည့်အပြင် ဆွတ်ဆွတ် ဖြူ နေသော မျက်နှာဖုံးတွင်၊ သွေး တစ်စက် စွန်းထင်းခြင်း မရှိ သည်ကို ကြည့်ကာ၊ မည်မျှ မြန်မည်အား၊ တွက်ဆ နိုင် ပေမည်။
အရေး အကြီး ဆုံးမှာ၊ မျက်နှာဖုံး ဖယ် လိုက်စဉ်၊ ထွက်ပေါ် လာသော အလှ တရား ဖြစ်၏။ ထိုအလှသည် သူ့ ကဲ့သို့ အဖိုးကြီး ကိုပင်၊ လွမ်းမော သွားစေသည်။
သို့သော် ထက်ရှသော အကြည့်ကို ခံစားမိ သဖြင့်၊ တုန်လှုပ် သွားပြီး၊ ချက်ချင်း ဒူးထောက် ချလိုက် မိသည်။ သူ မည်မျှ ငေးမော နေမိ သည်ကို မသိ တော့ချေ။
“ ဒီ အစေခံက သခင်ငယ် လောကို နှုတ်ဆက် ပါတယ်။ ”
“ မင်းက ငါ့ရဲ့ အစေခံ မဟုတ်ဘူး ... ၊ ပြီးတော့ လော မျိုးရိုးလည်း မဟုတ်တဲ့ အတွက်၊ ငါ့ကို ဒီလို ဒူးထောက် စရာ မလို ပါဘူး။ ”
လောဟွာမှ လျစ်လျူရှုလျက်၊ လှည့်ထွက် သွား တော့သည်။
“ မြို့ရိုး ပေါ်မှာ၊ ဒီခေါင်း ကိုးလုံးကို ဆွဲထားလိုက်၊ ဖြတ်သွားတဲ့ လူတိုင်း မြင်ပါစေ။ ”
ထိုအသံ သည်သာ၊ လေထဲ ဝဲပျံလျက် လွင့်ကျန်ခဲ့ တော့၏။ သို့မှသာ ယန်ထျဲ ခမျာ အဖြစ် အပျက် အတွင်းမှ၊ လန့်နိုး လာလေသည်။
ရုပ်သွင်ကို ကြည့်မိ ခြင်းသည် သေဒဏ် ထိုက်သော ပစ်မှုမျိုး ပေပင်။ ဤသို့ ဆိုသော် လင်းယွန်သည် ထိုအပြစ်မှ မည်သို့ ကင်းလွတ် ခွင့်ရ သည်နည်း။
ထိုအကြောင်းကို ပိုတွေး လေလေ၊ ပို၍ သိသာလာ လေလေပင်။ သူ သည်ပင် လောဟွာ ၏ မျက်နှာကို မြင်လိုက် ရပြီးနောက်၊ အရာ အားလုံး လုပ်ဆောင် ပေးချင် နေမိသည်။
မြို့ရိုး ပေါ်၌ ဤခေါင်းကိုး လုံးအား ချိတ်ဆွဲ လိုက်ပါက၊ မည်မျှ တုန်လှုပ် သွားကြ မည်ကို သူ တွေးကြည့် နိုင်သည်။
အကြောင်း တစ်ခု ခုကြောင့်၊ အဆင့် အတန်းကို ဆက်၍ ဖုံးကွယ် ထားချင် ပုံ ပေပင်။ သို့သော် လင်းယွန်အား အနိုင်ကျင့် လိုသည့် မည့်သည့် အင်အား စုကို မဆို၊ သတိ ပေးရန်၊ အပျက်ကွက် ခဲ့ချေ။
မနာလို စရာ ပေပင်။ ငယ်ရွယ် စဉ်က သူ့ကိုယ်သူ ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင် တစ်ခိုင် အဖြစ်၊ ခံယူ ခဲ့ဖူး သော်လည်း၊ ဤမျှ အထိ၊ မလွှမ်းမိုး နိုင်ခဲ့ချေ။
ထိုအချိန်တွင် ဖန်ရွမ်ဇီက ဖန်မောင် နှစ်မ အား ကာကွယ် ပေးရန်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် အကြီး အကဲ များနှင့် အတူ၊ ဓားခန်းမ အပေါ်ဆုံး လေသာ ဆောင်၌ ရပ်နေ ခဲ့သည်။
ဤနေရာသည် ဖန် အိမ်တော်၌ လုံခြုံဆုံး ဖြစ်၏။ သူတော်စင် တစ်ပါး ပင်လျှင်၊ အစီရင် အတွင်း ဝင်ရန်၊ အချိန်ပေး ရပေမည်။
ဖန် မောင်နှစ်မ မှာမူ၊ မည်သည့် အရာများ ဖြစ်ပျက်နေ သည်ကို မသိ သော်လည်း၊ အသက် အန္တရာယ် ရှိသော အခြေ အနေသို့ ကျရောက် နေမှန်း နားလည် ထားသည်။
ထို့ကြောင့် နှစ်ယောက်သား စိတ်လှုပ်ရှား နေပြီး၊ အသက်ပင် ရဲရဲ မရှု ဝံ့ချေ။ ဤနေရာသို့ မနေ့ည ကတည်း ခေါ်ဆောင်ခြင်း ခံခဲ့ ရသည်။
သည့်အပြင် သူတို့ အဖိုး ဖန်ရွှမ်ဇီမှာ၊ လေးနက်သော မျက်နှာဖြင့် ဦတည်ရာ တစ်ရပ် ထံသို့၊ တစ်ညလုံး စိုက်ကြည့် နေခဲ့သည်။
ရုတ်တရတ် လရောင်ကို နောက်ခံ ပြုကာ၊ ကျောခိုင်း ပျံသန်း သွားသည့် အဖြူရောင် လူရိပ် တစ်ရိပ်ကြောင့်၊ ဖန်ရွှမ်ဇီ အမူ အရာ ပြောင်းလဲ သွားသည်။
တစ်ဆက် တည်းမှာပင်၊ ခေါင်းပြတ် တစ်လုံးကို ကိုင်ဆောင်လျက်၊ ကြက်သွေးရောင် ဓားမော့ တစ်လက်အား၊ ထမ်း ထားသော အနက်ဝတ် အဖိုးအို တစ်ဦး၊ လိုက်ပါ သွားသည်။
“ အဘိုး ... ။ ” (အဖိုး၏ ဦးလေး။)
ဖန်ရှောင်ယု မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ဤအဘိုး အိုသည် မိသားစု အတွင်း၊ ဝါစဉ် အကြီး ဆုံးသော ပုဂ္ဂိုလ် ဖြစ်၏။
ဖန်ရွှမ်ဇီ၏ အဖေသည် ဘိုးဘေး ရာထူးကို ရရှိခဲ့ သောကြောင့်၊ ကောင်းမွန်သော ဆက်ဆံ ရေးမျိုး မရှိ တော့ချေ။
အထူး သဖြင့် ဖန်ရွှမ်ဇီမှာ၊ ကောင်းကင် ဝိညာဉ် ရေးရာ ဆရာ သခင်၊ ဖြစ်လာ ပြီးနောက် လူတိုင်းက ထိုအဖိုး ကြီးကို မေ့လျော့ သွားသည်။
“ သူ့ကို သတိပေး ခဲ့တယ်၊ သူ့ကိုယ်သူ မနှမျော မှတော့ ... ၊ ငါလည်း ဘာမှ မလုပ်ပေး နိုင်ဘူး။ ”
ဖန်ရွှမ်ဇီမှ သက်ပြင်း ချကာ ပြောလာသည်။
“ အဲဒီ မိန်းမ ကရော ဘယ်သူလဲ ... ။ ”
ဖန်ရေှာင်ယုက မကျေ မနပ်ဖြင့် မေးလိုက်၏။ သူမ လေသံကြောင့် ဖန်ရွှမ်ဇီမှ ညင်သာစွာ လှည့်ကြည့်ပြီး၊
“ ရှောင်ယု ... ၊ မြေးက ဖန် မိသားစုရဲ့ မင်းသမီး ဆိုပေမယ့်၊ မြေး စော်ကားလို့ မရတဲ့၊ လူတွေ အများကြီး ရှိတယ်၊ ဒီကမ္ဘာ ကြီးက မြေးလေး ထင်ထား တာထက် ...
... ပိုကျယ်တယ်၊ ဒီနေ့ သင်ခန်းစာက မြေး အတွက်၊ လုံလောက်နိုင် မယ်လို့၊ အဖိုး မျှော်လင့် ပါတယ်၊ အဖိုးက မြေးကို တစ်သက်လုံး စောင့်ရှောက် ဖို့တာ မဖြစ် နိုင်ဘူး။ ”
ဤစကားကို ပြောဆို နေစဉ်၊ ပန်းတိုင် ပျောက်သွားသော အဘိုးအို တစ်ဦးနှင့် တူသွား လေသည်။ ဓား ညီလာခံက အရာရာကို ပြောင်းလဲ သွားစေ တော့၏။
“ တောင်းပန် ပါတယ် အဖိုး ... ၊ အနာဂတ်မှာ ဒီမြေးက ဆင်ဆင် ခြင်ခြင် နေထိုင် ပါ့မယ်။ ”
ဖန်ရှောင်ယုက သူမ အဖိုးအား မော့ကြည့်ကာ၊ ကတိပေး လိုက်သည်။ မိသားစု အတွက် ဒုက္ခ များကို၊ ယူဆောင် ပေးမိ ခဲ့၏။
ပုရွက်ဆိတ် တစ်ကောင်ကို၊ ဒူးထောက် ခိုင်းရုံ မျှဖြင့်၊ ဖန်မိသားစု တစ်စုလုံး ပျက်သုဉ်း လု နီးပါး၊ သက်ရောက် သွားသည်။
စိတ်မကောင်း စရာ ပေပင်။ သူမ အဖိုး ကြောင့်သာ မဟုတ် ပါက၊ ဖန် မိသားစု ဟူသည် ယနေ့မှ စကာ၊ ပျောက်ကွယ် သွားရ ပေ လိမ့်မည်။
“ အဖိုး အဆင်ပြေ ပါတယ်။ ”
ဖန်ရွှမ်ဇီက ပြန်၍ ပြုံးပြ လိုက်သည်။ မည်သည့် ပြစ်မှုများ ကျူးလွန် နေပါစေ၊ သူ့ နှလုံး သားသည် သည်မြေး အတွက် ဖြစ်တည် နေခြင်း ဖြစ်၏။ အစားထိုး စရာ မရှိချေ။
“ မြေးလေးက ရှောင်းယန်နဲ့ အတူ၊ ဓားစံအိမ်ကို သွားရမယ်၊ မြေး မငယ် တော့ဘူး၊ အပြင် လောကကို ကြည့်ဖို့ အချိန် ရောက်ပြီ။ ”
သည့်နောက် ဖန် မောင်နှစ်မ အတွက်၊ အစီအစဉ် များကို ထုတ်ဖော် ပြောပြ လိုက်ပြီး၊ လက်စား ချေခြင်း မပြုရန်၊ သတိ ထပ်ပေး ခဲ့သည်။
ဖန် မိသားစုသည် သာလျှင်၊ အပြစ် ပြု ခဲ့သော တရား ခံများ ဖြစ်ပြီး၊ မျိုးပြတ်အောင် မသတ်ခဲ့ သည်ကို၊ ကျေးဇူးတင် ရပေမည်။
“ သူက ဘယ်သူလဲ၊ အဖိုးတောင် မတက် နိုင်ရအောင်၊ သူ့ရဲ့ နောက်ခံက ဓားစံအိမ်ထက် ပိုတောင့် နေလို့လား။ ”
တစ်ချိန်လုံး ငြိမ်သက် နေသော ဖန်ရှောင်းယန်မှ မေးခွန်း ထုတ်လိုက်သည်။ သူ့မြေး စကားကြောင့် ဖန်ရွှမ်ဇီက လောဟွာ ထွက်သွားသည့် အရပ်ထံ ပြန်ကြည့်ကာ၊
“ သူ ဘယ်သူလဲ ဆိုတာ ကိုသာ၊ ထုတ်ပြောလာ ခဲ့ရင်၊ ငါတို့ရဲ့ ဖန် မျိုးရိုးကို အပြီး ဖျက်သိမ်း ပစ် ရလိမ့်၊ သူက ထုတ်မပြော ချင်လို့၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ...
... ကျွမ်းကျင်သူ ကိုးယောက်ကို၊ သတ်ပြ ခဲ့တယ် မဟုတ်လား ... ၊ ဒါကို ငါက ... ဘာလို့ သူ ဘယ်သူလဲ၊ သိချင် နေရဦး မှာလဲ။ ”
-ဟု ပြန်ဖြေ လိုက်တော့၏။
***