မင်း ... စွမ်းရင်၊ ငါ့ကို ဒူးထောက်အောင် လုပ်။
Vol. 88 Ch. 1223
အပြာရောင် စံအိမ်မှ ပေးအပ် ထားသော အိမ် တစ်လုံးတွင်၊ တိမ်လွှာဓား ဂိုဏ်း၏ တပည့် များ၊ စုရုန်း နေကြသည်။
မနက်ဖြန် အတွက်၊ ရင်ဆိုင် ရမည့် ပြိုင်ဘက်၏ ခွန်အားကို တွေ့မြင် ပြီးနောက်၊ စိတ်ပျက် အားလျော့ နေမိ ကြသည်။
လေလွင့် နန်းတော် အနေဖြင့်၊ မိုးကြိုး ကျောင်းတိုက်ကို အနိုင်ယူ ရာ၌၊ ၎င်းတို့ ခွန်အား တစ်ဝက် မျှပင်၊ အသုံး မပြု ခဲ့ကြောင်း၊ ပြော နိုင်၏။
ချူထျန်းဟောင် မဆိုနှင့်၊ ဒုတိယ အသန်မာဆုံး ချင်းယန်၏ ခွန်အား သည်ပင်၊ ယဲ့ဇီလင်ကို ယှဉ်နိုင် လေသည်။
တိမ်လွှာဓား ဂိုဏ်း အနေဖြင့်၊ ယနေ့ နိုင်ပွဲသည် ကံကောင်းခြင်း မျှသာ ဖြစ်၏။ အထူး သဖြင့် ကျန်းလိချန်မှာ၊ ကြယ် ခန်းမ၏ သာမန် ပြိုင်ပွဲ ဝင် တစ်ဦးကို ရှုံးနိမ့် ပြီးနောက်၊ ထွက်ရလု နီးပါး ဖြစ်ခဲ့သည်။
“ အစ်ကို လင်း၊ မင်းမှာ တကယ် အကြံ ရှိလား။ ”
လျူချင်းယန်မှ မေးသည်။
“ ရှိတယ်။ ”
လင်းယွန်က ပြန်ဖြေ၏။
“ ပြောပါ ... ။ ”
“ ဒါက ... ၊ ကံကောင်းရင် ဖိုက်ဇီး ဖြစ်သွား လိမ့်မယ်။ ”
“ ဘာလဲ ဖိုက်ဇီး ... ။ ”
လင်းယွန်က စကားကို ကြားသော အခါ လျူချင်းယန်မှာ နား မလည်နိုင် ဖြစ်သွားသည်။ လင်းယွန်က ပြုံးလိုက်ပြီး၊
“ ငါတို့ ... ငါးပွဲလုံး အနိုင်ရ နိုင်တယ်လို့ ပြောချင်တာ။ ”
-ဟု ပြတ်သားစွာ ပြန်ဖြေ လာသည်။
လူတိုင်း တိတ်ဆိတ်သွား ချိန်တွင်၊ ကျန်းလိချန်မှ ဦးစွာ သံသယ ဝင်လာ တော့ သည်။
“ ဂျူနီယာ ညီလေး လင်း၊ အဲဒါက နည်းနည်းတော့ စိတ်ကူးယဉ် ဆန်နေတယ် မဟုတ်လား၊ မင်းက သန်မာတယ် ဆိုရင်တောင် ဒါက အသင်းလိုက် ပြိုင်ပွဲပါ။ ”
ယင်းစကားကို ဖုန်ကျန်း ကပါ သဘော တူ၏။
“ ဟုတ်တယ် ... အစ်ကို လင်း၊ မင်း နောက်နေတာ မဟုတ်လား၊ ငါတို့ ငါးပွဲ လုံးကို၊ ဘယ်လိုလုပ် နိုင်မှာလဲ။ ”
“ ငါက နောက်ပြောင် နေတဲ့ ပုံ ပေါက် လို့လား၊ ဒါမှ မဟုတ် မင်းတို့ အားလုံးက အမှိုက် တွေလား။ ”
လင်းယွန် မျက်နှာမှာ အေးစက် သွားပြီး၊
“ ဒါမှ မဟုတ် ... ငါ့ကို အမှိုက်လို့ ထင်နေကြ တာလား။ ”
-ဟု ဒေါသ တကြီး မေးမြန်း လိုက် တော့သည်။
“ ငါတို့ မထင် ပါဘူး။ ”
လူတိုင်းက အမြန် ငြင်းဆို လိုက်၏။ တိမ်လွှာဓား ဂိုဏ်းသို့ ရောက်ရှိ လာ ပြီးနောက်၊ လင်းယွန်ကို ဤမျှ ဒေါသ ကြီးမားသော အသွင် မျိုး၊ မမြင် ခဲ့ဖူး သဖြင့်၊ ယဲ့ဇီလင်ပင် အံ့သြ သွားသည်။
လင်းယွန် တစ်ယောက် အမှန် တကယ် အလေး အနက် ထားနေသည် လောဟု၊ သူမပင် တွေးမိ လာ၏။
“ ဒါက မဖြစ် နိုင်ဖူး ဆိုပေမယ့် ... ၊ နင်က ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ရောက် နိုင်တဲ့ လူဖြစ်လို့၊ ငါ ယုံတယ်။ ”
ရုတ်တရက် ယဲ့ဇီလင်မှ၊ ဝင်ပြော လာသည်။
“ မိုးကြိုး ကျောင်းတိုက်နဲ့၊ ကြိုးကြာ တစ်ထောင် မျှော်စဉ် ဆိုရင်တော့၊ ငါ့မှာ ဒီလို ယုံကြည် ချက်မျိုး မရှိ နိုင်ဘူး၊ ဒါက လေလွင့် နန်းတော် ဖြစ်တဲ့ အတွက် ...
... အဓိပ္ပါယ်က မတူ တော့ဘူး၊ သူတို့ အားလုံးက ပြိုင်ဘက်ကို ရင်ဆိုင်တဲ့ အခါ၊ ဘုရင် ရောင်ဝါကို အားကိုး ကြတာ ... ငါ သတိ ထားမိ တယ်။ ”
ဘုရင့် ရောင်ဝါသည် ကောင်းကင်ဓား ပိုင်ဆိုင် ထားသည့် ယဲ့ဇီလင် နှင့်ပင်၊ လက်ရည် တူ ရင်ဆိုင် နိုင်ပေ၏။
“ အဲဒီတော့ မနက် ဖြန်မှာ ... ၊ ဒီရောင်ဝါကို ကြံ့ကြံ့ ခံနိုင်အောင်၊ ငါ ကူညီ ပေးနိုင်ရင် အဆင် ပြေပြီ မဟုတ်လား။ ”
လင်းယွန် စကားက ပေါက်ကွဲ စေသော ဗုံးတစ်လုံးလို ထိတ်လန့် သွားစေသည်။ တစ်ည တည်းဖြင့် ၎င်းဖိအားကို ခံနိုင်ရည် ရှိအောင် လုပ်ယူ ရန်မှာ၊ လူတိုင်း အတွက် မယုံ နိုင်စရာ ပေပင်။
“ ဘာလဲ မဖြစ် နိုင်ဖူးလို့ ... ၊ ထင်နေ ကြတာလား၊ လောကမှာ မဖြစ် နိုင်ဖူး ဆိုတာ မရှိဘူး။ ”
လင်းယွန်က စကားကို ရပ်ကာ၊ ကျန်းလိချန်ထံ လှည့်ကြည့်ပြီး၊
“ မင်း ပြောခဲ့တာ တွေက ... မမှား ပါဘူး၊ ငါက တိမ်လွှာ ဓားဂိုဏ်း ကနေ ... ၊ မကြာခင် ထွက်သွား တော့မှာ၊ ဒါဟာ လျှို့ဝှက်ချက် မဟုတ် သလို၊ ...
... စီနီယာ အစ်မ ယဲ့လည်း၊ ဒါကို သိပြီး သားပါ၊ အခု ငါ မင်းတို့ကို ကူညီ ပေးလို့ နိုင်ခဲ့ ရင်တောင်၊ တစ်ယောက်မှ ဆန္ဒ မရှိရင်၊ အနာဂါတ်မှာ ကျရှုံး ရဦး မှာပဲ။ ”
ထိုစကားကြောင့် လေထုမှာ ရုတ်တရက် တင်းမာ လာသည်။ သည့်နောက် ဖုန်ကျန်းထံ လှည့်ကြည့်ပြီး၊
“ မင်းရဲ့ ဓားရည်ရွယ် ချက်က ... ၊ အထွတ်အထိပ် ဝိညာဉ် ရေးဓား ရည်ရွယ်ချက် မဟုတ်လား။ ”
-ဟု မေးလိုက်သည်။
“ ဟုတ် ပါ တယ်။ ”
မေးခွန်း နှင့်အတူ လင်းယွန်မှ ဝိညာဉ်ရေး ဓားကို ထုတ်ကာ၊ သူ့ထံ လှမ်းကြည့်လာ သဖြင့်၊ ဖုန်ကျန်းက ဓားကို အမြန် ထုတ်လိုက် ရသည်။
သို့သော် နောက်ကျော၌ ချွေးများ ဖုံးလွှမ်းသွားပြီး၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် မှာ၊ ချက်ချင်း ပြိုကျ လာ၏။
“ ဝေါ့ ... ။ ”
သွေး တစ်လုတ် အန်လျက်၊ ဒူး တစ်ဖက် ထောက်ကျ သွားသည်။
“ ဓား ရည်ရွယ်ချက်က ဘုရင်ရဲ့ အရိပ် အာဝါသကို ခုခံ နိုင်တယ်၊ မင်းတို့မှာ ဘယ်လို အကြုံ မျိုးတွေ ရှိလဲ မသိ ပေမယ့်၊ ငါက မင်းတို့ အားလုံးထက် အသက်နဲ့ သေခြင်း အတွေ့ အကြုံတွေ ပိုရှိတယ်၊ ...
... ငါ့ တစ်ဘဝလုံး ဓားနောက် ကိုပဲ လိုက်ခဲ့တယ်၊ တစ်ခါမှ လက်လျော့ အရှုံး မပေး ခဲ့ဘူး။ ”
ထိုစကားများကို ပေါ့ပေါ့ ပါးပါး ပြောနေ သော်လည်း၊ မည်မျှ ခက်ခဲ ခဲ့မည်ကို လူတိုင်း တွေးယူ နိုင်သည်။
ပယင်း ကမ္ဘာတွင် အသက်နှင့် သေခြင်းကို ရင်မဆိုင် ရပါက၊ ကောင်းကင် လမ်း၌ ချန်ပီယံ ဖြစ်လာရန် နည်းလမ်း မရှိပေ။
ဖုန်ကျန်း၊ လျူချင်းယန်နှင့် ကျန်းလိချန် တို့တွင်၊ သူ့ထက် မြင့်မားသော စမှတ်များ ရှိကြ ပြီး၊ ၎င်းတို့ အားလုံးသည် ထူးချွန် သူများ ဖြစ် ချေ၏။
ယဲ့ဇီလင် မှာမူ၊ ရှေးဟောင်း သူတော်စင် မျိုးရိုးမှ ဆင်းသက် လာသူ ဖြစ်သဖြင့်၊ ပြောစရာ မရှိပေ။
သူမ နှလုံးသား ထဲရှိ နှောင်ကြိုး သာ ပြေလျော့သွား ပါက၊ လူတိုင်းကို ချန်ထားခဲ့ ပေလိမ့်မည်။
“ ဓားနဲ့ ပတ်သက်ပြီး၊ ငါ နားလည် ထားသမျှကို ဝေမျှ ပေးမယ်၊ မင်းတို့ အားလုံး ဘယ်လောက် အထိ၊ နားလည်နိုင် မလဲ ဆိုတာ ကြည့်ရအောင်။ ”
လူတိုင်း တုန်ခါသွား ကြသည်။ ဝမ်ယုဝါနှင့် ယဲ့ဇီလင် တို့ပင် အံ့အားသင့် သွားပြီး၊ ချက်ချင်း ထိုင်ချ လိုက်၏။
တာအို တရားဟော ဆရာ တစ်ပါး ကဲ့သို့၊ လင်းယွန် အသံက မှန်မှန် ထွက်ပေါ် နေသည်။ အကြောင်း အရာ တိုင်းသည်၊ ပြန်လှန် မေးခွန်း ထုတ်စရာ မလို အောင်ပင်၊ ရှင်းလင်း ပြတ်သား လှ၏။
တစ်နာရီ ကြာ ပြီးနောက်၊ သဘော တရား များကို ရပ်ကာ၊ လက်တွေ့ လေ့ကျင့် ပေးရန် ပြင် လိုက်သည်။
“ ငါနဲ့ ... ငါးပေ အကွာကို လာနိုင်တဲ့ သူတိုင်း၊ ဘုရင် ရောင်ဝါကို ကြောက်ရွံ့ နေစရာ မလို တော့ဘူး၊ ပြိုင်ဘက်ကို အလွယ် တကူ အနိုင် ယူနိုင် လိမ့်မယ်။ ”
လင်းယွန် သူ့ဓားကို ထုတ်လျက် ပြော လိုက်သည်။ ထိုဓားရည်ရွယ် ချက်က သူတို့အား အံ့အားသင့် စေပြီး၊ ယဲ့ဇီလင် မှလွဲ၍ လူတိုင်း လွင့်စဉ် သွား ရသည်။
“ အ ... ။ ”
ကြမ်းပြင်ပေါ် ပြုတ်ကျ ချိန်၌ အရိုးများ ကွဲအက် သွားသလို ခံစား လိုက်ရ၏။
“ အား ... ကျွတ် ကျွတ်၊ မင်းက တကယ်ကို လုပ်တာပဲ။ ”
လျိုချင်းယန်က ညည်းညူ သည်။ ဖုန်ကျန်း မျက်နှာ သည်လည်း၊ နာကျင် မှုကြောင့် ပုံပျက် သွား ခဲ့၏။
“ ယုဝါ ဒီကိုလာ။ ”
ကြမ်းပြင် ပေါ်မှ ကုန်းရုန်းထ နေသော ဝမ်ယုဝါကို ကြည့်ကာ၊ လှမ်းခေါ် လိုက်သည်။ ဝမ်ယုဝါက ပြတ်သားသော အသွင်ဖြင့်၊ ထရပ်ရန် ကြိုးစား လိုက်သည်။
ထို့ကြောင့် ကြမ်းပြင်တွင် လဲလျောင်း နေသော လျူချင်းယန်ထံ ပြန်လှည့် ကြည့်ကာ၊
“ သူလို ကောင်မလေး တောင်မှ လုပ်နိုင် သေတာ၊ မင်းက ... ယောက်ျား မဟုတ် ဖူးလား၊ အခု ချက်ချင်း ထရပ်စမ်း။ ”
-ဟု ငေါက်ငမ်း လိုက်သည်။
ကျန်းလိချန်၊ ဖုန်ကျန်းနှင့် လျူချင်းယန် တို့ခမျာ၊ အံကြိတ်လျက် လင်းယွန်နှင့် (၁၅) ပေ အကွာသို့၊ တိုးကပ် လာတော့သည်။
“ ဝှစ် ... ။ ”
ထို့စဉ် လင်းယွန်မှ သူ့ဓားကို တွန်းထုတ် လိုက်ပြီး၊ သူတို့အား အဝေးသို့ ရိုက်ထုတ် ပစ် သည်။
ယခု အကြိမ်တွင်၊ လင်းယွန်၏ ဓား ရောင်ဝါမှာ၊ မယုံ နိုင်စရာ ပြင်းထန် နေပေ၏။ ယင်းက လူတိုင်းကို ကန့်သတ် နိုင်ရုံသာ မက ဘဲ၊ လုံးလုံး လျားလျား ဖိနှိမ် နိုင် လေသည်။
“ ဒါ မင်းတို့ လုပ်နိုင်တာ အကုန်လား၊ ဘယ်လိုတောင် စိတ်ပျက် စရာ ကောင်းလိုက် လဲ၊ ငါ့ရဲ့ ခွန်အား ကိုတောင် မထုတ်ရ သေးဘူး၊ ခု ထကြစမ်း ။ ”
တစ်ချိန်တည်း မှာပင် နဂါး တစ်ကောင် ပေါ်လာပြီး၊ ဓားရောင်ဝါနှင့် ထပ်မံ ပေါင်းစပ် သွားပြန်သည်။
ဤအသစ် ဖြစ်တည် လာသော ဖိအား အောက်တွင်၊ တောင်ကြီး တစ်လုံးဖြင့် ဖိထား ခံရ သကဲ့သို့၊ သုံးဦးသား ထ၍ မရ ခဲ့ချေ။
ယဲ့ဇီလင်မှ တပါး၊ လူတိုင်း အရိုးများ ကွဲအက် သွားကာ၊ နာကျင် ကိုက်ခဲ လာသည်။ ဤလင်းယွန်မှာ ကောင်းကင် ဝိညာဉ်၌ ရှိစဉ်၊ သန်မာ ကြောင်း သူတို့ သိ၏။
သို့သော် အင်ပါရီယန် တစ်ပါး ဖြစ်လာ ပြီးနောက်၊ အဆ မတန် အားကောင်း လာလိမ့် မည်ဟု၊ မထင်ထား မိချေ။
“ ဖုန်ကျန်း ... ၊ မင်းရဲ့ ဒေါသက ဘယ်ရောက် သွား တာလဲ၊ အင်ပါ ရီယန် တစ်ပါးကို ...
... အရှက် ခွဲလို့ မရဖူး ဆိုတာ၊ မင်း ငါ့ကို ပြောခဲ့တဲ့ စကား မဟုတ်လား၊ အခု အဲ့ဒီ မာန ဘယ်မှာ လဲ။ ”
ထိုစကားက အနာ ဟောင်းကို ထိမိ သောကြောင့် ဖုန်ကျန်း တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။
လင်းယွန် ပြောပြ ခဲ့သော ကောင်းကင်ဓား ဟူသည်ကို၊ ရုတ်တရက် ပြန်၍ သတိရ လာပြီး၊ အံကြိတ် လိုက်မိ၏။
ကောင်ကင်ဓားကို အန်တုရန်၊ အထွတ် အထိပ် ဝိညာဉ် ရေးဓားအား၊ ကန့်သတ်ချက် အထိ တွန်းထုတ်ကာ၊ တဖြည်းဖြည်း ထရပ် လိုက်သည်။
ဓား သူတော်စင် တောင် ရှေ့၌၊ ခံစားခဲ့ ရသော အရှက် တရား များကို၊ မမေ့ နိုင်ချေ။ သို့သော် ထိုအချိန်က သူကိုယ်တိုင် တောင်းဆို ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် လင်းယွန် အပေါ်၊ ရန်ငြိုး မထားခဲ့ဘဲ၊ ပျော့ညံ့ လွန်းသော သူ့ကိုယ် သူသာ မုန်းတီး ခဲ့သည်။
“ အွတ် ... ။ ”
ထို့စဉ် နဂါးဓား ရောင်ဝါ အောက်၌ ထရပ် လာနိုင်သော သူ့ရင်ဘတ် ထံသို့၊ ဓား ရောင်ဝါ တစ်ခု၊ ပြေးဝင် လာ ပြန်သည်။
“ ခရစ် ... ။ ”
ဖုန်ကျန်း၏ နရိုးများ ကွဲအက် သံက ကျန်းလိချန်နှင့် လျူချင်းယန်ကို ဒေါသထွက် လာ စေသည်။
လင်းယွန်မှ ဤမျှ အထိ၊ ရက်စက်စွာ ပြုမူ ပြနေရန် မလိုဟု ထင်၏။ သို့သော် မထင်မှတ် ထားသော မြင်ကွင်း တစ်ရပ် ဖြစ်လာသည်။
“ ဟား ဟား ဟား ... မလုံ လောက်ဘူး၊ လင်းယွန် ... မင်း စွမ်းရင်၊ ငါ့ကို ဒူးထောက် အောင်လုပ်။ ”
ရုတ်တရက် အရူး တစ်ယောက် ကဲ့သို့ ရယ်မောကာ၊ ဖုန်ကျန်း တစ်ယောက် ထရပ် လာခြင်း ဖြစ်သည်။
“ ကောင်းပြီ မင်းဆန္ဒ အတိုင်းပဲ ... ။ ”
လင်းယွန်မှ ညှာတာရန် စိတ်ကူး မရှိချေ။ အမည်ခံ အရိယာ ကောင်းကင် ဓားကို ဆက်၍ ထုတ်လွှတ် လိုက်သဖြင့်၊ အခန်း အတွင်း ရွှေရောင်များ တောက်ပ လာသည်။
“ ဝှစ် ... ။ ”
ထိုမျှနှင့် မရပ် သေးချေ။ ဓားကြီး တစ်လက်အား၊ ထပ်မံ ထုတ်ယူ လိုက်သည်။ ၎င်းဓား ထွက်ပေါ် လာသည်နှင့်၊ ရောင်ဝါက လူတိုင်း အပေါ်၊ ဖုံးလွှမ်း သွားတော့၏။
***