ဥပါဒါန်။
Vol. 88 Ch. 1224
လျှပ်စီး တစ်ထောင် ဓားကို ကိုင်ဆောင် လိုက် သည်နှင့်၊ အမည်ခံ အရိယာ ကောင်းကင် ဓားမှာ၊ နောက် တစ်ဆင့်သို့ ရောက်ရှိ သွား၏။
ယဲ့ဇီလင် သည်ပင်၊ ဆက်၍ မတ်မတ် ရပ်နေရန် ခက်ခဲ လာသည်။ သည့်စဉ် လင်းယွန် လက်ထဲရှိ ဓားအား သတိ ထားမိ သွား၏။
ထိုဓားကို လင်းယွန် လက်၌ တစ်ကြိမ်မျှ မမြင်ဖူး ခဲ့ချေ။ ဤသည်မှာ လောဟွာ နှင့်အတူ ထွက်ခွာ သွားခြင်းဖြင့်၊ ဆက်စပ် နေပုံ ရသည်။
ဓားရိုး ပေါ်တွင် ရေးသား ထားသော စကားလုံး များထံ အကြည့် အရောက်၌၊ သူမ မျက်နှာမှာ၊ ရုတ်တရက် ပြောင်းလဲ သွား၏။
“ ဒါ ... ၊ လျှပ်စီး တစ်ထောင် ဓားပဲ၊ လင်းယွန် နင် ... ၊ ဓား ညီလာခံကို သွားခဲ့ တာလား။ ”
အဖြေရှိ ပြီးသား မေးခွန်း နှင့်အတူ၊ သူမ မျက်ဝန်း တစ်စုံ၌ လေးစား ရိပ်များ ထင်ဟပ် လာတော့သည်။
“ ဒါ ... လျှပ်စီး တစ်ထောင် ဓားလား။ ”
မို မျိုးနွယ်မှ သွန်းလုပ် ထားသော၊ ဓား တစ်လက် အကြောင်း လူတိုင်း ကြားဖူး သဖြင့်၊ ဖုန်ကျန်းတို့ သုံးဦးမှာ၊ အံ့သြ သွားသည်။
ထိုဓားမှာ ဓားသမား တိုင်း၏ အိမ်မက် ဖြစ်၏။ ဓားကို ကိုင်ထား ရုံဖြင့်၊ အဘယ်ကြောင့် ကြောက်စရာ ကောင်းသော၊ ဤဖိအားမျိုး လွှတ်နိုင် သည်ကို၊ နားလည် လာမိသည်။
ပို၍ အရေးကြီး သည်မှာ၊ အတား အဆီး လေးရပ်ကို၊ လင်းယွန်မှ ဖြတ်ကျော် နိုင်ခဲ့သည် ဟူသော၊ အသိ ဖြစ်၏။
“ စကား ပြောချင်ရင် ... မတ်တပ် ရပ်ပါ၊ မဟုတ်ရင် ဒီဓားရဲ့ နာမည် ကိုတောင်၊ မင်းတို့ ပြော ပိုင်ခွင့် မရှိဘူး။ ”
“ ချွမ် ... ။ ”
ဓားအိမ် အတွင်းမှ လက်မ ဝက်ခန့် ဆွဲထုတ်ကာ၊ ကြိမ်မောင်း လိုက်သည်။ အလင်း လှိုင်းများ ပြေးထွက် လာပြီး၊ လူတိုင်း သွေးအန် ကုန်သည်။
“ ဗျစ် ဗျစ် ဗျစ် ... ။ ”
လျှပ်စီး များဖြင့် တောက်ပ နေသော လင်းယွန်ထံ ပြန်ကြည့်ကာ၊ မည်မျှ သန်မာလာ သည်ကို တွက်ဆ နိုင်ခြင်း မရှိ တော့ချေ။
လူတိုင်း မြေပြင် ပေါ်သို့ လဲကျ သွားပြီး မလှုပ်ရှား နိုင်တော့ဘဲ၊ ညည်းတွား နေမိ ကြ၏။ အလွန် ကြောက်စရာ ပေပင်။ ဘုရင် ရောင်ဝါမှာ ဤဓား ရောင်ဝါအား ယှဉ်နိုင် စရာ မရှိချေ။
( လင်းယွန် ... ၊ နင် ... အရမ်း အလျင်လို နေပြီ၊ သူတို့ မခံနိုင် တော့ဘူး။ )
လင်းယွန်၏ ရက်စက် ကြမ်းကြုတ် လွန်းသော လုပ်ရပ်မှာ၊ အမှန်ပင် ကြောက်စရာ ကောင်း သဖြင့်၊ ခရမ်းငယ်မှ မျက်မှောင် ကြုတ်ကာ သတိ ပေးလိုက်သည်။
( ငါ ဘာလုပ် နေလဲ ဆိုတာ ... ၊ ငါ သိတယ်။ )
လင်းယွန်မှ ပြန်ဖြေ၏။ သည့်နောက် ဓား ရောင်ဝါမှာ၊ ပို၍ အားကောင်း လာပြီး၊ အမည်ခံ အရိယာ ကောင်းကင် ဓားကို ဆယ်ပေသို့၊ ဆုတ်ခွာ စေလိုက်သည်။
ထိုစဉ် ဝမ်ယုဝါမှ ဦးစွာ ထရပ် လာသည်။ ယင်းက ခရမ်းငယ်ကို အံ့သြ သွားစေ၏။ များ မကြာခင် ကောင်းကင် ဓားကို ထုတ်လွှတ် လျက်၊ ယဲ့ဇီလင်မှ ဖြည်းညှင်းစွာ ထရပ် လာသည်။
“ ကောင်းကင်ဓား ဆိုတာ ... ၊ ဓား ရည်ရွယ်ချက်နဲ့၊ ကောင်းကင်ကို ပေါင်းစပ် ထား တာပဲ၊ ဒါက ဝိညာဉ်ရေး ဓားနဲ့၊ ကောင်းကင် ဓားကြားက ခြားနား ချက်ပဲ။ ”
ဓား ရည်ရွယ်ချက် နှစ်ခုကြား ခြားနား ချက်ကို နောက်တစ်ကြိမ် မျှဝေ လာသော၊ လင်းယွန် အသံက၊ လျူချင်းယန် နားထဲ ဝင်ရောက် လာသည်။
ဤတစ်ကြိမ်၌ ပို၍ ထိရောက် လာပြီး၊ အကန့် အသတ် မရှိသော အချက် အလက် များကို၊ များစွာ စုပ်ယူ လာ နိုင်၏။
မိနစ် သုံးဆယ် အကြာ၌၊ ဖုန်ကျန်း၏ ဓား ရည်ရွယ်ချက် ပေါက်ကွဲကာ၊ ကောင်းကင် ပေါ်၊ ပျံတက် သွားသည်။
( အိုး ... ၊ မယုံနိုင် စရာပဲ။ )
ခရမ်းငယ် စကားကို၊ လင်းယွန်မှ ပြန်လည် တုံ့ပြန်ခြင်း မရှိချေ။ ဤရလာဒ် အပေါ် မျှော်လင့် ပြီး ဖြစ်၏။
ထိုအဖိုး ကြီးသာ အနည်းငယ် လေးနက် ခဲ့ပါက၊ သူတို့ အားလုံးသည် ကောင်းကင် ဓား ရည်ရွယ် ချက်ကို၊ ယခင် အချိန်တည်း ကပင်၊ ပြီးမြောက်ပြီး ဖြစ်ပေ လိမ့်မည်။
အဖိုးကြီးသည် နယ်ပယ် သုံးခု၌ ချန်ပီယံ ဖြစ်ခဲ့ပြီး၊ ကောင်းကင် ဘုံကို အံတု နိုင်သော ပါရမီရှင် တစ်ဦး ဖြစ်သည်။
ထို့ကြောင့် သူ့သမီး ကိုပင်၊ မျက်လုံးထဲ မရှိလေရာ၊ ဖုန်ကျန်း ကဲ့သို့သော လူများ အပေါ် အာရုံ မစိုက် သည်မှာ သဘာဝ ပေပင်။
ယဲ့ဇီလင်နှင့် အဖွဲ့အား လင်းယွန်မှ၊ ဓား ရည်ရွယ် ချက်ဖြင့်၊ ညှဉ်းပန်း နှိပ်စက် နေချိန် တွင်၊ လေလွင့် နန်းတော် မှာလည်း၊ အလုပ် များနေ ခဲ့သည်။
ပြိုင်ပွဲဝင် တပည့် များက၊ စိုးရိမ် ပူပန်သော မျက်နှာဖြင့်၊ ဝိုင်းဖွဲ့ နေကြသည်။
“ ထျန်းဟောင်၊ ရှဟိုကြွယ်ကို အနိုင် ယူဖို့ ယုံကြည်မှု ဘယ်လောက် ရှိလဲ။ ”
အကြီး အကဲ တစ်ဦးမှ မေးသည်။ ချူထျန်းဟောင်မှ အနည်းငယ် စဉ်းစား လိုက် ပြီးနောက်၊
“ (၄၀%) ယုံကြည်မှု ရှိတယ် ... ၊ ဝှက်ဖဲကို ထုတ်ဖော် ရမယ် ဆိုရင်၊ (၅၀%) အထိ တိုးလာ နိုင်တယ်၊ ရှဟိုကြွယ် အကြောင်းကို ...
... ဒီတပည့်က နည်းနည်း သိထားတယ်၊ သတင်း တွေသာ မမှားရင်၊ သူက အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ် ရောက်နေ လောက်ပြီ။ ”
ထိုစကားကြောင့် လူတိုင်းက အသက် ပြင်းပြင်း ရှူလိုက်သည်။ ယင်းက ရှဟိုကြွယ်မှာ ကနဦး ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များကို သတ်နိုင်စွမ်း ရှိသည်ဟု အဓိပ္ပါယ် ရ၏။
“ ပြီးတော့ သူနဲ့ တွေ့မယ် လို့လည်း၊ ယတိပြတ် မပြော နိုင်တဲ့ အတွက်၊ အခွင့် အရေး ရှိနေတုန်း ပါပဲ။ ”
ချူထျန်းဟောင် စကားကြောင့်၊ လူတိုင်း ရင်၌ မျော်လင့် ချက်များ တောက်ပ လာသည်။ ထိုစဉ် ရုတ်တရက် တစ်စုံ တစ်ယောက်မှ သတိရ သွားပြီး၊
“ တိမ်လွှာ ဓားဂိုဏ်း အတွက်ရော ... ။ ”
-ဟု မေးမြန်း လာသည်။
“ ဟား ဟား ဟား ... ၊ ဘာများ စိတ်ပူ နေတာလဲ ... ၊ သူတို့မှာ လင်းယွန် တစ်ယောက် ပဲ၊ စိတ်ဝင်စားဖို့ ထိုက်တန် ပါတယ်။ ”
ချင်းယန်မှ ရယ်လျက် ပြန်ဖြေ ၏။ တိမ်လွှာဓား ဂိုဏ်းနှင့် ပတ်သက်၍၊ အထူး အထွေ မရှိ သောကြောင့်၊ အခြား သူများ ကလည်း၊ သဘော တူညီ မိသည်။
အလွန် ဆုံးရှိ လင်းယွန်နှင့် ယဲ့ဇီလင် သည်သာ ပြိုင်ဘက် ဖြစ်လာ နိုင်၏။ အခြားလူ သုံးဦးမှာ၊ အမှိုက် များသာ ဖြစ်သည်။
အထူး သဖြင့် ကောင်းကင်ဘုံ ကြယ်ခန်းမ၏ အမည်မဲ့ တပည့် တစ်ဦးထံ၊ ရှုံးနိမ့် သွားသော တပည့်ကြီး ကျန်းလိချန် ဖြစ်၏။
“ စိတ်မပူ ပါနဲ့ ... ၊ ငါတို့ ထဲက တစ်ယောက် ယောက်က၊ လင်းယွန်ကို အရှုံးပေး ရမယ် ဆိုရင် တောင်၊ ကျန်တာ နိုင်ပွဲ ပါပဲ။ ”
မျက်စိ တစ်မှိတ် အတွင်း တစ်ညတာ ကုန်လွန် သွားသည်။ အာရုဏ်ဦး အလင်းများ ဝင်ရောက် လာသော အခါတွင်၊ ရင်ပြင်၌ ပရိသတ် များ ပြည့်နှက် နေ၏။
ထိုအချိန်ထိ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း တည်းခိုရာ နေအိမ်၌၊ ယဲ့ဇီလင် အပါ အဝင်၊ လူတိုင်း နှုန်းချိစွာ လဲလျောင်း နေကြသည်။
ဖုန်ကျန်း တို့ အတွက်မူ၊ အရှည် ကြာ ဆုံးသော ညတစ်ည ဖြစ်ခဲ့၏။ သို့သော် မယုံနိုင် စရာ အသွင်ပြောင်း မှုကို၊ ကြုံတွေ့ ခဲ့ ရသည်။
အလား အလာ အားလုံးကို၊ တစ်ည တည်းနှင့်၊ တူးဖော် ခဲ့ခြင်း ဖြစ်သဖြင့်၊ ထပ်မံ တွန်းထုတ် လျှင်ပင်၊ သက်ရောက်မှု သိသိ သာသာ ရှိတော့မည် မဟုတ်ချေ။
ငြိမ်အေးခြင်း ဆေးလုံးကို ထုတ်ယူလျက်၊ ခြောက်ပိုင်း ပိုင်း ပြီးနောက်၊ လူတိုင်းကို ပေးဝေ လိုက်သည်။
ဒဏ်ရာ များမှာ၊ ကြည့်ရဆိုး သော်လည်း၊ ထင်သလောက် မပြင်း ထန်ချေ။ ဤဆေးဖြင့် သက်သာရန် လုံလောက်သည်။
သည်ဆေးလုံးသည် လင်းယွန် အတွက် နောက်ဆုံးသော ဆေးလုံး ဖြစ်၏။ သို့သော် သူ နှမျော တွန့်တိုခြင်း မဖြစ် မိချေ။
လင်းယွန် လက်ထဲရှိ ငြိမ်းအေးခြင်း ဆေးလုံးကို ကြည့်ကာ၊ ယဲ့ဇီလင်မှ အံ့အားသင့် သွားသည်။
ကျောက်စိမ်း ပလွေကို၊ ပြန်ပေးသည့် အတွက်၊ ပန်းသင်္ချိုင်းမှ လက်ဆောင် အဖြစ်၊ လင်းယွန်အား ပေးခဲ့ပုံ ရသည်။
ထိုစဉ်က အန္တရာယ် ကြုံလာ ချိန်တွင်၊ သူမ အသက်ကို ကယ်တင်ကာ၊ အနှစ် နှစ်ဆယ်ကြာ ငြိမ်သက် နေသော နှလုံးသားကို၊ လှုပ်ခါ စေခဲ့၏။
ရန်သူကို သတ်ရာ၌၊ တီးမှုတ် ခဲ့သော ပလွေသံကို မမေ့နိုင် သေးချေ။ တစ်ချိန်တည်း မှာပင် လင်းယွန်ထံ၊ အကူအညီ တောင်းခဲ့သော လုပ်ရပ်သည် မှန်သည် လောဟု၊ တွေးတော လာမိ ပြန်သည်။
“ ညီအစ်ကို ပန်းသင်္ချိုင်းက သူ့မှာ၊ ကိစ္စ လေးတွေ ရှိနေလို့၊ ဒီပွဲကို မလာနိုင် ဖူးလို့ ပြောခဲ့ တယ်၊ မဟုတ်ရင် သူ လိုက်လာ မှာပါ။ ”
ထိုစကားကြောင့် ယဲ့ဇီလင်မှာ လန့်နိုး သွားသည်။ သူမ အတွေး များကို တစ်ဖက် လူမှ မြင်နေ ပုံရ၏။ ဤလင်းယွန်နှင့် ပန်းသင်္ချိုင်းမှာ သူမ လက်လှမ်း မမီသည့် လူများ ဖြစ်သည်။
အာရုဏ်ဦး အလင်းရောင် အောက်၌ လူတိုင်းက၊ ဆေးလုံး အစိတ် အပိုင်းကို သန့်စင် ရန်၊ အာရုံစိုက် ကုန် သဖြင့်၊ လင်းယွန်မှ အသာ နောက်ဆုတ် လိုက်သည်။
သူ သည်လည်း မောပန်း နွမ်းနယ် နေပြီ ဖြစ်၏။ သို့သော် လူတိုင်း ကြီးထွား လာသဖြင့်၊ ထိုက်တန် လေသည်။ အဆုံးတွင် ဂိုဏ်းမှ သူ ထွက်သွား တော့မည် ဖြစ်၏။
အချိန် အတော်ကြာ ပြီးနောက်၊ စူးရှ တောက်ပသော မျက်လုံးများ ပြန်ပွင့်လာ လေရာ၊ လင်းယွန်မှ ပြုံးလျက်၊
“ သွား ရ အောင်၊ ငါတို့ လေလွင့် နန်းတော်ကို ဖြတ်ကျော် ကြမယ်။ ”
-ဟု ဆိုလိုက် တော့သည်။
***