← Chapters

လေလွင့် နန်းတော်နှင့် တိုက်ခိုက်ခြင်း။

Vol. 88 Ch. 1225

လေလွင့် နန်းတော်နှင့် တိုက်ခိုက်ခြင်း။

Vol. 88 Ch. 1225

သူတို့ ရောက်ရှိ လာသော အခါတွင်၊ ရင်ပြင်၌ လူများဖြင့် ပြည့်နှက် နေပြီ ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက လင်းယွန်ထံ ဦးစွာ လှည့်ကြည့် လာ ကြ၏။

သူတို့ အပေါ်၊ မည်သူမျှ အကောင်း မမြင်ကြ သော်လည်း၊ လင်းယွန်၏ တိုက်ပွဲကို စောင့်မျှော် နေကြဆဲ ဖြစ်သည်။

ကျန်းဟီကို အနိုင်ယူ ရာ၌၊ ခွန်အား (၇၀) သို့မဟုတ် (၈၀%) ခန့်သာ အသုံး ပြုခဲ့ရ မည်ဟု၊ လူတိုင်းမှ ယူဆထား ကြသည်။

ထို့ကြောင့် လင်းယွန်၏ စစ်မှန်သော ခွန်အားကို မြင်လို ကြသည်။ ဤတစ်ကြိမ်၌ ဖုန်ကျန်း အပါ အဝင်၊ မည်သူမျှ လူအုပ်၏ အကြည့်ကို၊ ကြောက်ရွံ့ခြင်း မရှိ တော့ချေ။

လင်းယွန် ပေးခဲ့သော တစ်ညတာ ငရဲခန်းသည် သူတို့ အားလုံး အပေါ်၊ အနည်းဆုံး ဆယ်နှစ် ကြာသည် အထိ၊ နှိုးဆွ ထားမည် ဖြစ်၏။

ကောင်းကင်ဓား ရည်ရွယ် ချက်သာ မက၊ အရိယာ ကောင်းကင်ဓား၏ သဘော တရားများ ကိုလည်း၊ မျှဝေ ပေး ခဲ့သည်။

လုံလောက်သော ယုံကြည်ချက်မျိုး ရှိ မနေ ခဲ့သော်၊ အရိယာ ကောင်းကင် ဓားကို မစမ်းသပ် ရန်၊ အထူး သတိပေး ခဲ့သည်။

“ အချိန် ကျ ပြီ ... ။ ”

လျူချင်းယန်မှ လှည့်ကြည့် လိုက်ရာ၊ မဲနှိုက်ရန်၊ လေလွင့် နန်းတော်က လျှောက်လှမ်း နေပြီ ဖြစ်သည်။ ပြိုင်ဘက် အမည်ကို နှိုက်ရန် တစ်ဖက် တည်းသာ လို၏။

တိမ်လွှာဓား ဂိုဏ်းသည် ယမန်နေ့ ပွဲတွင် မဲနှိုက် ခဲ့သူ ဖြစ်ရာ၊ ဤတစ်ကြိမ်တွင် လေလွင့် နန်းတော် အလှည့် ဖြစ်၏။ မည်သို့ပင် ဆိုစေ ကာမူ၊ ၎င်းက အရေး မကြီးချေ။

“ စိတ် အေးအေးထား။ ”

လင်းယွန်က သက်တောင့် သက်သာဖြင့်၊ သတိပေး လိုက်သည်။ ဆန္ဒရှိ သ၍ ပြိုင်ဘက်ကို ဖြတ်ကျော် နိုင်မည် ဖြစ်၏။

သူ့ ဘဝ တစ်လျှောက်၊ အရာ ရာတိုင်း အတွက်၊ ကံတရား အပေါ် မှီခိုခြင်း မရှိ ခဲ့ချေ။ ခွန်အား သည်သာလျှင်၊ စိတ်အချ ရဆုံး ဖြစ်၏။

“ လင်း ယွန် ... ။ ”

သူ့ အမည် ခေါ်သံကို၊ ရုတ်တရက် ကြားလိုက် ရသည်။ တစ်စုံ တစ်ယောက်သည် သူ့ အမည် ကျောက်စိမ်း ပြားကို ကိုင်လျက်မှ၊ အနည်းငယ် အံ့အားသင့် သွား ပြီးနောက်၊ ချက်ချင်း ရွှင်မြူး သွားသည်။

“ ဟား ဟား ဟား ... ၊ အစ်ကိုကြီး ချူနဲ့၊ စီနီယာ အစ်ကို ချင်း၊ ငါ ... သူ့ကို ရွေးလိုက်ပြီ။ ”

“ အင်း ... မဆိုးဘူး။ ”

“ ဟား ဟား ဟား၊ ဒါပဲလေ တိမ်လွှာ ဓားဂိုဏ်းက၊ အခု ဘာမှ မလုပ်နိုင် တော့ ပါဘူး၊ အစ်ကိုကြီး ကသာ၊ ယဲ့ဇီလင်ကို ရွေးနိုင် ခဲ့ရင်၊ ငါတို့ နိုင်ပွဲ ပြတ်ပြီ။ ”

လေလွင့် နန်းတော် အဖွဲ့သား များမှာ၊ ပြုံးရွှင်လာ သကဲ့သို့၊ ချူထျန်းဟောင် မှလည်း ပြုံးနေ ခဲ့၏။

လင်းယွန်၏ စစ်မှန်သော ခွန်အားကို မြင်ချင်သော ပရိသတ်များ မှာမူ၊ စိတ်ပျက် သွား ကြသည်။

ဖုန်ခွိုက်သည် လင်းယွန်၏ ပြိုင်ဘက် အဆင့်၌ မရှိချေ။ ထို့ကြောင့် ချူထျန်းဟောင် နှင့်၊ လင်းယွန် ပွဲကို ကြည့်လို ကြခြင်း ဖြစ်၏။

“ အကိုကြီး ... ၊ မင်း အလှည့်ပဲ၊ အစ်ကို ကြီးသာ ယဲ့ဇီလင်နဲ့ ကျရင်၊ ငါတို့က သူတို့ကို အနိုင် ရဖို့ သေချာ သွားပြီ။ ”

ချင်းယန်မှ ပြုံးလိုက်သည်။ တိမ်လွှာဓား ဂိုဏ်းတွင်၊ ယဲ့ဇီလင် တစ်ဦးသာ ဂရုစိုက် စရာ ရှိတော့ သဖြင့်၊ သူ့ စကားက မမှားချေ။

ချူထျန်းဟောင်က ကျောက်စိမ်းတုံး တစ်တုံးကို၊ လှန်လိုက်သည်။ ယင်းက လူတိုင်း မျှော်လင့် နေသော ယဲ့ဇီလင် ဖြစ်နေ၏။

“ အိုး ... ဟား ... ဟား ... ဟား ... ၊ ကံတရားက ငါတို့ ဘက်မှာ ရှိတယ်၊ အစ်ကို ကြီးက ယဲ့ဇီလင်ကို တကယ် ရွေးနိုင် ခဲ့ပြီ။ ”

“ ဒါ ... အရမ်း ကောင်းတယ်။ ”

သူ့အတွက် အကျိုး ရှိသော တိုက်ဆိုင်မှု ပေပင်။ ရှဟိုကြွယ်နှင့် မတိုက်မီ ယဲ့ဇီလင်အား အနိုင်ယူ ခြင်းဖြင့်၊ ယုံကြည် ချက်အား ပို၍ တည်ဆောက် လာ နိုင်မည် ဖြစ်၏။

ဖုန်ကျန်းနှင့် ချင်းယန်၊ ကျန်းလိချန်နှင့် ဟန်ယု၊ လျူချင်းယန်နှင့် ကျန်းထျန်းချမ်း ဟူ သည့် တွဲဆိုင်းများ၊ လျင်မြန်စွာ ထွက်ပေါ် လာသည်။

အထူး သဖြင့် ဖုန်ကျန်းသည် ချင်းယန်ကို ရင်ဆိုင် ရမည် ဖြစ် သောကြောင့်၊ တိမ်လွှာဓား ဂိုဏ်း အတွက်၊ အနည်းငယ် စိုးရိမ်ရ ပေသည်။

ချင်းယန်မှ ယဲ့ဇီလင်ထက် အားနည်းခြင်း မရှိချေ။ ထို့ကြောင့် ဆိုးရွားစွာ ရှုံးနိမ့် ရလိမ့် မည်ဟု၊ ကောက်ချက်ချ ကြသည်။

“ ဝှစ် ... ။ ”

များမကြာမီ ပြိုင်ဘက် များကို ရင်ဆိုင်ရန် လူရိပ် များက သက်ဆိုင်ရာ စင်မြင့်များ ပေါ်သို့ ပျံသန်း သွားကြ၏။

“ မင်းက ... ၊ တိမ်လွှာ ဓားဂိုဏ်းရဲ့ တပည့်ကြီးလို့၊ ငါ ကြားတယ်။ ”

ဟန်ယုက လှောင်ပြောင်ရန် အပြုံးဖြင့်၊ စကားစ လိုက် သော်လည်း၊ ကျန်းလိချန်မှ လျစ်လျူ ရှုကာ၊ ငြိမ်သက် နေခဲ့သည်။

“ ဘာလဲ ... မင်းက ကိုယ့်ကိုယ်ကို တပည့်ကြီး တစ်ယောက် အဖြစ်၊ တကယ် ထင်နေ တုန်းလား၊ မင်းကို ဆယ်ကြိမ် အတွင်း ငါ အနိုင်ယူ ပြမယ်။ ”

လှံ တစ်စင်းကို ထုတ်ယူပြီး၊ ဘုရင့် ရောင်ဝါအား လွှတ်လိုက် သဖြင့်၊ စင်မြင့် တစ်ခုလုံး တုန်ခါ သွား တော့၏။

ဘုရင် ရောင်ဝါသည် ဧကရာဇ် ရောင်ဝါ အောက်၌၊ ကြောက်စရာ အကောင်း ဆုံးသော ရောင်ဝါ တစ်ခု ဖြစ်သည်။ ဤမျှ အကွာ အဝေး မှပင်၊ ဘုရင် တပါး၏ အငွေ့ အသက်ကို လူတိုင်း ခံစားရ ချေပြီ။

သို့သော် ကျန်းလိချန်မှာ၊ မည်သည့် ဖိအား ကိုမျှ မခံစား ရသဖြင့်၊ အနည်းငယ် အံ့အားသင့် သွားသည်။

တစ်ချိန် တည်းမှာပင် သူ့ဓား ရည်ရွယ်ချက်ဖြင့်၊ ရန်သူကို အလွယ် တကူ နှိမ်နင်းနိုင် မည်ဟု ခံစား လာရ၏။

ဟန်ယု အနေဖြင့်၊ အားနည်း ချက်ကို ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် နေသည် ဟုပင်၊ သံသယ ဝင်လာ မိသည်။

ယမန် နေ့က လေလွင့် နန်းတော်၏ ဖိအားမှာ၊ သည့်ထက် ပြင်းထန် သည်ကို၊ သူ သိသည်။

“ လာပြီ ... ။ ”

ဟန်ယုက ပြုံးလျက် လှံဖြင့် လှမ်းထိုး လိုက်သည်။ ကျန်းလိချန် ခမျာ ခြေလှမ်း များစွာ ဆုတ်ခွာပြီး၊ ရှောင်ရှား လိုက်ရ၏။

အတွေးမှ လန့်နိုး လာကာ၊ တိုက်ပွဲအား အာရုံစိုက် လိုက်သည်။ အချိန် အနည်းငယ် ကုန် လွန်ပြီးနောက်၊ ပြိုင်ဘက်မှ ရည်ရွယ်ချက် ရှိရှိ အားနည်း ပြနေခြင်း မဟုတ်ကြောင်း၊ သတိထား မိလာ၏။

ဘုရင် ရောင်ဝါသည်၊ လင်းယွန်၏ နဂါး ဓားရောင်ဝါထက်၊ များစွာ အားနည်း နေချေပြီ။ ယှဉ်နိုင် စရာ မရှိချေ။ မနေ့က ရှုံးပွဲသည်၊ သူ့ ယုံကြည် ချက်အား၊ ကြီးစွာ ထိုးနှက် သွားပုံ ရသည်။

ထို့ကြောင့် လင်းယွန်မှ၊ ကျန်းလိချန်အား စိုးရိမ် စွာနှင့် လှည့် တကြည့်ကြည့် ဖြစ်မိသည်။ ကျန်းလိချန် အဆင်ပြေ နေသည်ကို မြင်မှာသာ၊ စိတ် သက်သာရာ ရသွား၏။

သည့်နောက် အကြည့်ကို၊ ယဲ့ဇီလင်နှင့် ချူထျန်းဟောင်ထံ ရွေ့မိသည်။ ၎င်းတို့ နှစ်ဦးမှာ၊ တစ်ဦးကို တစ်ဦး အနိုင် ယူရန်၊ ခက်ခဲ သည်။

ငရဲခန်းကို ဖြတ်သန်း ပြီးနောက်၊ ယဲ့ဇီလင် ကောင်းကင် ဓားမှာ၊ အဆင့်မြင့် ကျွမ်းကျင် မှုသို့ ရောက်ရန်၊ အချိန် တစ်ခုသာ လိုပေ တော့၏။

ယင်းက တစ်ည တည်းနှင့် ပြီးမြောက် နိုင်သော အရာ မဟုတ်ချေ။ အဆုံးတွင် တိုက်ပွဲ အတွင်း၌၊ သူမကိုယ် သူမ သာ အားကိုးနိုင် ပေမည်။

ချူထန်းဟောင်ကို အနိုင် မယူ နိုင်သော်၊ တိမ်လွှာဓား ဂိုဏ်း အပေါ် ထားသော သူမ၏ စွဲလမ်း မှုမှာ၊ အလကား ပေပင်။

“ ကြည့် မနေနဲ့ ... မင်းက လွဲရင် ... ၊ ဘယ်သူမှ နိုင်ပွဲ ရမှာ မဟုတ်ဘူး။ ”

လင်းယွန်က အခြားသော စင်မြင့်များ ထံသို့၊ အကဲခတ် နေသည်ကို မြင်သော အခါ၊ ဖုန်ခွိုက် မှ ပြုံးကာ ပြောလိုက်သည်။

“ သေချာလား ... ၊ မင်းရဲ့ လေလွင့် နန်းတော်က၊ အနိုင် ရမယ် ဆိုတာ တကယ် သေချာ ပြီလား။ ”

လင်းယွန်မှ စိတ်ဆိုးခြင်း မရှိဘဲ၊ တည်ငြိမ်စွာ မေးခွန်း ပြန်ထုတ် လာ၏။

“ သေချာ တာပေါ့ ... ၊ မင်းနဲ့ ယဲ့ဇီလင် ကလွဲရင်၊ ကျန်တာ အမှိုက် တွေပဲ၊ ကံဆိုးတာက ယဲ့ဇီလင်က အစ်ကို ချူနဲ့ ကျသွားပြီ။ ”

“ မင်း စကား မပြောခင် ... ၊ တစ်ကြိမ်လောက် သေချာအောင် ပြန်ကြည့် သင့်တယ်။ ”

လင်းယွန်မှ အေးစက်စွာ ပြောလာ သဖြင့်၊ ဖုန်ခွိုက် ခမျာ နဝေ တိန်တောင် ဖြစ်သွားသည်။ စင်မြင့် များထံ ပြန်ကြည့် လိုက်ချိန်၌၊ သူ့ မျက်နှာ ပြောင်းလဲ သွား၏။

ဟန်ယုနှင့် ကျန်သူ များမှာ၊ အစ ပိုင်းတွင် အားသာ ချက်များ ရှိခဲ့ သော်လည်း၊ ယခု အခါ၌ ဆန့်ကျင်ဘက် ဖြစ်နေ တော့သည်။

သူတို့၏ ဘုရင် အငွေ့ အသက်သည်၊ ပြိုင်ဘက်များ အပေါ် ဖိအား ပေးနိုင်ခြင်း မရှိ တော့ချေ။ သည်မြင်ကွင်းက ဖုန်ခွိုက်ကို မျက်လုံးပြူး သွားစေ၏။

***

All Chapters