← Chapters

ခရမ်းရောင် မိုးကြိုး နတ်သမီး။

Vol. 88 Ch. 1227

ခရမ်းရောင် မိုးကြိုး နတ်သမီး။

Vol. 88 Ch. 1227

နှင်းပန်းများ ကြွေကျ လာသည်နှင့် အမျှ ယဲ့ဇီလင် ခန္ဓာကိုယ် ပေါ်၌ ခရမ်းရောင် လျှပ်စီး များ၊ လက်လက် ထလာ တော့သည်။

“ ဖောင်း ဖောင်း ဖောင်း ... ။ ”

နှင်းပန်း ပွင့်များက၊ ချူထျန်းဟောင် ထုတ်လွှတ် ထားသော ဖိအားကို တိုက်ထုတ် လိုက် သဖြင့်၊ ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပေါ် လာသည်။

“ ကျီး ... ။ ”

ငှက် ဆယ်ကောင်မှ၊ လေှာင်အိမ် တစ်ခု သဖွယ်၊ ပျံသန်းလာ သဖြင့်၊ ချူထျန်းဟောင် ခမျာ၊ မျက်နှာ ပျက်ယွင်း သွားသည်။

ကောင်းကင်ဓား ရည်ရွယ် ချက်အား ကန့်သတ်ချက် အထိ၊ လွှတ်ထုတ် လိုက်သော ကြောင့်၊ ချူထျန်းဟောင်၏ ရောင်ဝါကို ကန့်သတ် နိုင်ခဲ့သည်။

ကြယ်စွမ်းအင် များက၊ ပတ်ဝန်း ကျင်၌ အလင်း၊ မီးတောက်၊ ဆီနှင်း၊ နှင်းပန်းနှင့် ဓား ရောင်ခြည်များ အဖြစ်၊ ထွက်ပေါ် လာ၏။

ဝှက်ဖဲကို သိမ်းထား လိုသော ချူထျန်းဟောင် အတွက်၊ ထုတ်ဖော် ရန်မှ တပါး ရွေးချယ် စရာ မရှိ တော့ချေ။

လူအုပ် အနေ ဖြင့်မူ၊ ဤတိုက်ပွဲ အပေါ်၊ စိတ်ကျေနပ် မိ၏။ လင်းယွန်နှင့် ကျန်းဟီ တို့၏ တိုက်ပွဲ ထက်ပင်၊ ပို၍ စိတ်လှုပ် ရှားစရာ ကောင်းလေသည်။

“ ဒါ စီနီယာ အစ်မရဲ့ ခွန်အားလား။ ”

ဖုန်ကျန်း ခမျာ အံ့အားသင့် သွား၏။

“ ဘာလို့ ... အစ်မ ယဲ့ရဲ့ ငှက်က၊ ငါတို့ ငှက်နဲ့ မတူရ တာလဲ။ ”

လျူချင်းယန်က မျက်မှောင် ကြုတ်လျက် ရေရွတ် လိုက်၏။ ငှက်များမှာ လျှပ်စီး ချပ်ဝတ် ကို ဝတ်ဆင်ထား သကဲ့သို့ တောက်ပ နေပြီး၊ ဘုရင့် ရောင်ဝါအား ကောင်းစွာ ပိတ်ဆို့ ထားသည်။

ယဲ့ဇီလင် တစ်ယောက် တိုက်ပွဲ၌၊ အဟုန် ရလာ သည်ကို၊ လူတိုင်း သတိထား မိလာသည်။ သူမတွင် စွမ်းအား တစ်ခု၊ ကိန်းဝပ် နေဆဲဖြစ် သည်ကို၊ လင်းယွန် ခံစား နိုင်၏။

၎င်းသည် မျှော်လင့်ခြင်း နှင်း သူတော်စင် မျိုးဆက် သွေးဖြင့်၊ တိမ်လွှာဓား (၁၃) ကွက်ကို သရုပ်ဖော် အဆင့်ထိ၊ ဆောင်ယူ ခဲ့ခြင်း ဖြစ်သည်။

တိမ်လွှာဓား သုတ္တန်ကို၊ သူမထံ လွှဲပြောင်း ပေး၍ မရ သည်မှာ၊ စိတ်မကောင်း စရာ ပေပင်။ ၎င်းကို ဓားသူတော်စင် တောင်ထိပ်၌ မှတ်တမ်း တင်ထားပြီး၊ မြင်နိုင်သူ များသာ ကျင့်ကြံနိုင် ပေမည်။ ထို့ကြောင့် ဝေမျှရန် နည်းလမ်း မရှိပေ။

စင်မြင့် ပေါ်၌ လျှပ်စီး များနှင့် မီးလျှံများ တောက်လောင် လာပြီး၊ အမျိုး မျိုးသော ဖြစ်စဉ် များ၊ ဆင်းသက် နေသည်။

ဤမြင်ကွင်းက လှံကို ချိန်လျက်၊ တိုးဝင် နေသော ချူထျန်ဟောင်အား၊ အခက် တွေ့သွား စေသည်။

တိုးဝင် နေစဉ်၊ လှံမှ ထွက်သော အလင်း ရောင်က၊ ဝံပုလွေ ဘုရင် အဖြစ်သို့၊ ချက်ချင်း ပြောင်းလဲ သွားသည်။ ၎င်းနှင့် အတူ၊ ရာပေါင်း များစွာသော ဝံပုလွေများ ထွက်ပေါ် လာ၏။

“ တိမ်နဂါး ... ။ ”

ယဲ့ဇီလင် ငေါက်သံကြောင့်၊ သူမကို ရစ်ခွေ နေသော တိမ်နဂါးက၊ ဝံပုလွေအုပ် အတွင်းသို့၊ ခုန်ဆင်း သွား လေသည်။

“ ဖောင်း ... ။ ”

သည့်နောက် ဓားနှင့် လှံတို့ တိုက်မိ သွားပြီး၊ ကြယ်ရောင်များ တောက်ပ လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲသံ များနှင့် အတူ၊ တိမ်နဂါး၌ အက်ကြောင်းများ ပေါ်လာ၏။

“ ဟိတ် ... ။ ”

ဤမြင်ကွင်းက ချူထျန်းဟောင် မျက်လုံးများကို တောက်ပ သွားစေသည်။ ကောင်းကင်ပေါ် ခုန်တက်ပြီး၊ ယဲ့ဇီလင်အား လှံဖြင့် လိုက်လံ ထိုးနှက် တော့သည်။

“ လျှပ်စီး အရိပ်။ ”

သို့သော် ထူးဆန်း စွာဖြင့်၊ နှင်းပွင့်များ အတွင်း၊ ယဲ့ဇီလင်၏ ပုံသဏ္ဍာန် ပျောက်ကွယ် သွားပြီး၊ သူ့ လှံဖျားမှ၊ လွတ်မြောက် သွား၏။

ချူထျန်းဟောင် ခမျာ၊ ရုတ်တရက် ပျောက်ကွယ် သွားသော ယဲ့ဇီလင်ကြောင့်၊ ထိတ်လန့် သွားသည်။

“ ဝှစ် ... ။ ”

လေလွင့် ဘုရင် နည်းစနစ်၏ ဒွါဒသမ အဆင့်ကို၊ ထုတ်ဖော်လျက် ကြမ်းကြုတ်သော သားရဲကြီး ကဲ့သို့၊ နှင်းပန်း များကို ဖျက်ဆီး တော့သည်။

“ တွေ့ ပြီ ... ။ ”

ပန်းပွင့် များ ကြားရှိ၊ ယဲ့ဇီလင် ထံသို့၊ လှံဖျားဖြင့် လှမ်းထိုး လိုက်သည်။ လှံနှင့် ထိချိန် ၌ အစိတ်စိတ် အမွှာမွှာ ကွဲကြေ သွား၏။

“ ပုံရိပ် ယောင် လား ... ။ ”

၎င်းနှင့် ဆန့်ကျင်ဘက် အရပ်တွင်၊ ခရမ်းရောင် ဝတ်စုံဖြင့်၊ လျှပ်စီး လက်နေသော ယဲ့ဇီလင်ကို ဓားကိုင်လျက် တွေ့လိုက် ရသည်။

၎င်းက တိမ်လွှာဓား (၁၃) ကွက်၏၊ ဧကာ ဒသမ ဓားဖြစ်သော မြသားရောင် ကြယ်များကို ထုတ်ဖော် လာသည်။

“ ရွှပ် ... ။ ”

ကြယ်ကြွေ သကဲ့သို့ ဓား အလင်းက၊ ချူထျန်းဟောင်ကို ထိမှန် သွား၏။ အဆိုပါ မြင်ကွင်းကြောင့်၊ လေလွင့် နန်းတော် ခမျာ၊ အသက်ရှူ ရပ်ကုန်သည်။

“ ယဲ့ဇီလင် ... ၊ နင် သေချင် နေတာပဲ။ ”

ချူထျန်းဟောင် နောက်၌၊ ရူရ်များ ပွင့်ထွက်လာပြီး၊ သွေးများ မီးတောက်လောင် နေသည့်၊ ပန်းချီကား တစ်ချပ်၊ ဖြစ်ပေါ် လာသည်။

ထိုသွေးမီးတောက် များက၊ ဘုရင် ဟူသော အက္ခရာ အဖြစ် ဖွဲ့တည် လာ၏။ ၎င်း အောက်၌ သေခြင်း တရား၏ အငွေ့ အသက်များ ပျံ့လွင့် နေလေပြီ။

“ ရှေးဟောင်း လေလွင့် ဘုရင် တံဆိပ်။ ”

လူရိုင်း ဘုရင် တစ်ပါး ကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းသော သွေးရောင် အလင်းများ၊ ထုတ်လွှတ် လာ၏။

“ ဟား ဟား ဟား ... ။ ”

“ ဝှစ် ... ဝှစ် ဝှစ်။ ”

ရယ်မော သံနှင့် အတူ၊ လှံကို လှည့်ပတ် ကစား လိုက်သည်။ လှံအလင်း များက အရိုးစု လက်ကြီး အဖြစ်၊ နှင်း မုန်တိုင်းကို ဖြတ်ကာ၊ ငှက်များ ဆီသို့၊ ဦးတည် သွား၏။

နောက် တစက္ကန့်တွင်၊ ငှက် အများ အပြား မှာ၊ အရိုးစု၏ ဖမ်းယူ ချေမွခြင်း ခံလိုက် ရသည်။ ထို့ကြောင့် အော်ဟစ် သံများ ညံလာ၏။

“ မကောင်း တော့ဘူး။ ”

ကျန်းလိချန်၊ လျူချင်းယန်နှင့် ဖုန်ကျန်း တို့၏၊ မျက်နှာများ ပျက်ယွင်းလျက်၊ ထိုင်ခုံမှ ထရပ် လိုက် ကြသည်။

ဤသည်မှာ သူ၏ ဝှက်ဖဲ ဖြစ်သဖြင့်၊ ချူထျန်းဟောင် အသွင်မှာ အေးစက် နေသည်။ ဤမိန်းမအား အနိုင်ယူ နိုင်ခဲ့ လျှင်ပင်၊ ငရဲ လမ်းကို လက်လွှတ် လိုက်ရပြီ ဖြစ်သည်။

“ အရမ်း စိတ်ပျက် စရာပဲ။ ”

အံကြိတ် ကျိန်ဆဲ လိုက်၏။ လေလွင့် နန်းတော် ရှုံးနိမ့် သွား လျှင်ပင်၊ သည်မိန်းမအား သင်ခန်းစာ တစ်ခု ပေးရ ပေမည်။

သို့သော် သူ့ တိုက်ခိုက်မှု များကို၊ ရင်ဆိုင် နေသော ယဲ့ဇီလင် မှာမူ၊ မျက်နှာ ပြောင်းလဲခြင်း မရှိပေ။

“ ဟိတ် ... ။ ”

နှင်းပန်းများ လက်မောင်း တစ်လျှောက် ပွင့်လာပြီး၊ ဒွါဒသမ ဓားကို ချက်ချင်း ထုတ်ဖော် လိုက်၏။

အဆုံး မရှိသော တိမ်ပင်လယ် အတွင်း၌၊ လျှပ်စီးများ ဖုံးလွှမ်း နေသည့်၊ မိုးတိမ်တောင် တစ်လုံး ဖြစ်တည် လာသည်။

“ ရွှပ် ... ။ ”

ဓားကို ခုတ်ချ လိုက်သော အခါ၊ တိမ် ပင်လယ်နှင့် နှင်းပန်း များက၊ လေစုပ်ဝဲ အဖြစ် ပေါင်းစပ် သွားပြီး၊ အလင်း အားလုံးကို ဝါးမြို လိုက်၏။

တစ်လောက လုံး မှောင်ကျ သွားပြီး၊ အလင်းများ ပြန်ပေါ် လာသော အခါတွင်၊ အရိုး လက်မှာ အက်ကြောင်းများ ဖြစ်ပေါ် သွား၏။ အဆုံးတွင် ပေါက်ကွဲ တော့သည်။

“ ဒါ ... ဒါ မဖြစ် နိုင်ဘူး။ ”

ချူထျန်းဟောင်မှ မယုံကြည် နိုင်စွာဖြင့်၊ အော်ပြော လိုက်သည်။

“ နင် ... ဓားသူတော်စင် တောင်ပေါ် မတက်နိုင် ဘဲနဲ့၊ တိမ်လွှာဓား (၁၃) ကွက်ရဲ့၊ နောက်ဆုံး ဓား သုံးကွက်ကို၊ ဘယ်လိုလုပ် လေ့ကျင့် နိုင်တာလဲ။ ”

“ နင်နဲ့ ဘာဆိုင်လဲ။ ”

ယဲ့ဇီလင်မှ လျစ်လျူရှု ဟန်ဖြင့်၊ ပြန်ပြော လိုက်သည်။ အရိုး လက်ကို ဖျက်ဆီး ပြီးနောက်၊ ဓားက ချူထျန်းဟောင် ရင်ဘတ် ပေါ်သို့၊ ကျရောက် သွား၏။

“ ဝုန်း ... ။ ”

အရှိန်ကြောင့် ကြမ်းပေါ် ပြုတ်ကျကာ၊ နစ်မြုပ် သွား လေသည်။ နာကျင်မှုမှာ အသည်း ခိုက်လှ သဖြင့်၊ ချက်ချင်း သတိလစ် သွား၏။

“ တိမ်လွှာဓား ဂိုဏ်းမှ၊ ယဲ့ဇီလင် အနိုင်ရ။ ”

လူတိုင်း တိတ်ဆိတ် သွားသည်။ သည်နေ့ တိမ်လွှာဓား ဂိုဏ်းမှ လေလွင့် နန်းတော်အား၊ အပြီးတိုင်၊ ချေမှုန်း လိုက်ပြီ ဖြစ်၏။

***

All Chapters