← Chapters

ကြားလေ သွေး၍ ဝေးမှာ စိုးတယ်။

Vol. 88 Ch. 1228

ကြားလေ သွေး၍ ဝေးမှာ စိုးတယ်။

Vol. 88 Ch. 1228

ယဲ့ဇီလင် တစ်ယောက်၊ တိုက်ပွဲကို အနိုင် ရရှိသွား သဖြင့်၊ လေလွင့် နန်းတော် အတွက် နောက်တစ်ဆင့် တက်လှမ်းရန်၊ မျှော်လင့် ချက်အား၊ လုံးလုံး လျားလျား စွန့်လွှတ် လိုက်ရသည်။

ငရဲ လမ်းကို စိန်ခေါ် မည် ဟူသော ချူထျန်းဟောင် စကားမှာ၊ ဟာသ အဖြစ်သာ အဆုံးသတ် သွား၏။

“ ဂျူနီယာ ညီမလေး ယဲ့က ... ၊ ဒီလောက်တောင် သန်မာနေ တာလား။ ”

ကျန်းလိချန်နှင့် အခြား သူများမှာ၊ မယုံကြည် နိုင်ခဲ့ချေ။ လင်းယွန် သာလျှင် ပြုံးလျက်၊ ငြိမ်သက် နေမိ၏။

ရှေးဟောင်း သူတော်စင် မျိုးရိုးမှ၊ ဆင်းသက် လာသူ တစ်ဦး အနေဖြင့်၊ ဤသို့ မဖြစ်လာ နိုင်စရာ အကြောင်း မရှိချေ။

တိမ်လွှာဓား ဂိုဏ်းတွင် ရှိနေခြင်း ကြောင့်သာ၊ တိမ်မြုပ် နေခြင်း ဖြစ်သည်။ ဆန္ဒ ရှိသော် ပါရမီရှင် အဆင့်သို့၊ အချိန် မရွေး တက်လှမ်း နိုင်ပေ၏။

တရားခံမှာ အဖိုးကြီး ပေပင်။ ဂိုဏ်းနှင့် သူ့သမီး အပေါ်၊ လုံးဝ တာဝန်ယူမှု မရှိ ခဲ့ချေ။ သင်ပေး လိုစိတ် ရှိပါက၊ ယဲ့ဇီလင်မှာ တောက်ပ နေပြီ ဖြစ်သည်။

“ လင်းယွန် ... ကျေးဇူး တင်ပါတယ်။ ”

ယဲ့ဇီလင်မှ ထိုင်ခုံဆီ ပြန်ရောက် သည်နှင့် ပြုံးပြီး စကားဆို လိုက်သည်။ အဘယ့်ကြောင့် ဤသို့၊ ကျေးဇူးတင် စကားဆို ရမှန်း၊ အနားရှိ လူအချို့မှာ မသိ ကြချေ။

ကြည့်ရ သည်မှာ၊ နောက်ဆုံး ဓား သုံးကွက်ကို၊ လင်းယွန်မှ သင်ပေး ခြင်းအား ဆိုလိုပုံ ရသည်။

“ ကျေးဇူးတင် စရာ မလို ပါဘူး ... ၊ မင်း ... ငါ့ကို၊ အနမ်း တစ်ပွင့် ပေးရင် ... ၊ လုံလောက် ပါပြီ။ ”

မျက်စိ တစ်ဖက် မှိတ်ပြ လျက်၊ လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။ ယင်းက စောင့်ကြည့် နေသူ အချို့ကို၊ ဒေါသ ထွက်လာ စေ၏။

ယဲ့ဇီလင် ပြသ ထားသော အစွမ်းမှာ၊ ရင်သပ် ရှုမောဖွယ် ကောင်း သဖြင့်၊ မည်သူ မဆို သူမနှင့် အကြည့်ချင်း မဆုံဝံ့ ခဲ့ချေ။

လမ်းလျှောက် လာချိန်၊ လှစ်ခနဲ ပေါ်ပေါ် လာသော သွယ်လျသည့် ခြေတံ တစ်စုံကို ပြန်၍ မြင်ယောင် လာကုန်သည်။

ထို့ကြောင့် လင်းယွန် အပေါ်၊ မနာလို စိတ်များ ဖြစ်ပေါ် လာ၏။ သို့သော် လင်းယွန်၏ ပျက်ချော်ချော် စကား အပေါ်၊ ယဲ့ဇီမှ ဒေါသ မထွက်ဘဲ၊ အပြုံးဖြင့် တုန့်ပြန်သည်။

“ ငါ တကယ် ပေးတဲ့ အခါ ... ၊ နင် အဆင်ပြေ ပါ့မလား။ ”

လင်းယွန်မှ ပြုံးပြီး ငြိမ်နေ လိုက်၏။ နောက်ပြောင်ခြင်း မျှသာ ဖြစ်ပြီး၊ သူမသာ အမှန် တကယ် ပေးဆောင် လာပါက၊ အဆင် ပြေမည် မဟုတ်ခေျ။

“ ဟမ့် ... ၊ ရွံ့စရာ ကောင်းလိုက်တာ။ ”

ခရမ်းငယ်မှ အော်၏။ သူမကို လျစ်လျူ ရှုလျက်၊ မရဏ သွေးလမင်း၏ ဦးတည်ရာ ဆီသို့ လှည့်ကြည့်ကာ၊

“ နောက် တိုက်ပွဲက လွယ်မှာ မဟုတ်ဘူး၊ မရဏ သွေးလမင်းက လေလွင့် နန်းတော်ထက် ပို အားကောင်း တယ်။ ”

-ဟု စကား လမ်းကြောင်း ပြောင်း လိုက်သည်။

သူတို့၏ တိမ်လွှာဓား ဂိုဏ်းမှာ၊ ထိုမျှ မသန်မာ သည်ကို၊ သိထား သဖြင့်၊ လူတိုင်း၏ နှလုံး သားများ လေးလံ သွားသည်။

လေလွင့် နန်းတော်သည် ဘုရင် ရောင်ဝါ အပေါ်၊ အလွန် အမင်း မှီခို အားထား သောကြောင့်၊ အနိုင်ယူ နိုင်ခဲ့ခြင်း ဖြစ်သည်။

မရဏ သွေးလမင်း မှာမူ၊ ထိုသို့ မဟုတ်ချေ။ ထို့အပြင် ၎င်းသည် ပယင်း နယ်မြေမှ အလင်း အမှောင် လမင်း ကမ္ဘာနှင့် ဆက်စပ်မှု ရှိ-မရှိ တွေးတော လာမိ ပြန် သည်။

သူတို့၏ သဘာဝ ဖြစ်စဉ် အချို့မှာ၊ အနည်းငယ် ဆင်တူ၏။ ခရမ်းရောင် လနှင့် သွေးလ ဖြစ်သည်။ အမည် နှစ်ခုလုံး ၌လည်း၊ လမင်း အပေါ်၊ အသားပေး ထား၏။

“ ဇီလင် ... မရဏ သွေးလမင်း အကြောင်း မင်း သိလား။ ”

လင်းယွန်မှ ရုတ်တရက် မေးလိုက်သည်။

“ နည်းနည်း သိထားတယ်၊ မရဏ သွေးလမင်းက နတ်မိစ္ဆာ နယ်မြေမှာ ရှိတဲ့၊ ကြက်သွေးရောင် လမိစ္ဆာ ရဲ့ ...

... လက်အောက်ခံ အင်အားစုပဲ၊ သူက ဓားစံအိမ်လို သူ့ လက်တံကို ဆန့်ထား တယ်၊ တစ်ချိန်က ‘လ အင်ပါယာ’ ကိုတောင်၊ ...

... ထူထောင် ခဲ့ဖူးတယ်၊ အဆုံး မှာတော့ နတ်နဂါး အင်ပါယာက သူတို့ကို ဖျက်ဆီးပစ် ခဲ့တယ်။ ”

ယဲ့ဇီလင်မှ ရှင်းပြ သည်။ နတ်နဂါး အင်ပါယာကို၊ ရှေးဟောင်း အင်ပါယာ ကြီးနှင့် ခေတ်သစ် အင်ပါယာ ဟူ၍၊ နှစ်မျိုး ခေါ်ဆို ကြသည်။

ရွှေခေတ် ပျက်သုဉ်း ချိန်၌၊ ရှေးဟောင်း နတ်နဂါး အင်ပါယာ ကြီးမှာ၊ ဖျက်ဆီး ခံရသည်။ သည့်နောက် အမှောင်ခေတ် ကြီးစိုး လာပြီး၊ ဧကရာဇ် ကိုးပါး ထွက်ပေါ် လာသည်။

ထိုဧကရာဇ် ကိုးပါးမှ အမှောင်ခေတ်ကို၊ ဖယ်ရှားကာ၊ လက်ရှိ နတ်နဂါး အင်ပါယာအား၊ ပြန်လည် တည်ထောင် ထားခြင်း ဖြစ်သည်။

ရုတ်တရက် ယဲ့ဇီလင်မှာ တိတ်ဆိတ် သွားပြီး၊ တစ်စုံ တစ်ရာကို နားထောင် နေသည်။ ယင်းကို လင်းယွန်မှ သတိထား မိကာ၊ လှည့်ကြည့် မိ၏။

အပြာရောင် စံအိမ် သခင်မှ တစ်စုံ တစ်ခု ပြောဆို နေပုံ ရသည်။ ယဲ့ဇီလင်မှ ခေါင်းငြိမ့်ပြီး၊ သူတို့အား ပြန်လှည့် ကြည့်၏။

“ မရဏ သွေးလမင်းက၊ နောက်တစ်ဆင့် အတွက်၊ စည်းမျဉ်း အသစ် ပြောင်းချင် တယ်လို့ စံအိမ် သခင်ကို တင်ပြ လာတယ်၊ ...

... ဒါက နှစ်ဘက် စလုံး၊ ကိုယ်စားပြု ပြိုင်ပွဲဝင် တစ်ယောက်ကို ရွေးပြီး၊ ရင်ဆိုင်ချင် တယ်တဲ့။ ”

ဤအဆို ပြုချက်သည် အနည်းငယ် စိတ်ဝင် စားစရာ ကောင်းသော ကြောင့်၊ လင်းယွန် ခမျာ ပြုံးလိုက် မိသည်။

မရဏ သွေးလမင်း အနေဖြင့်၊ အချို့သော အရာ များကို မြင်ပုံ ရပြီး၊ သူတို့ အပေါ်၊ အလေး အနက် ထားလာ ခေျပြီ။

တိမ်လွှာဓား ဂိုဏ်းသည် ဝှက်ဖဲ များကို ထုတ်ဖော် ထားပြီး ဖြစ်၏။ မရဏ သွေးလမင်း အပေါ်မူ၊ မမြင်နိုင် ကြ သေးချေ။

ထို့ကြောင့် မရဏ သွေးလမင်း အနေဖြင့်၊ပြိုင်ပွဲ ပုံစံကို ပြောင်းလဲ လိုခြင်းသည်၊ အဓိပ္ပါယ် မရှိဟု၊ လူအများက ယူဆ လာသည်။

“ ဒီလူတွေ ဘာလုပ်ဖို့ ကြိုးစား နေကြ တာလဲ ... ။ ”

“ ငါတို့ တိုက်ပွဲကို မြင်ပြီး၊ သူတို့မှာ အနိုင် ရဖို့ ယုံကြည်ချက် မရှိ ကြ တော့ဘူး၊ ဒါပေမယ့် သူတို့က ရှဟိုကြွယ် ကိုတော့ ယုံတယ်။ ”

ယဲ့ဇီလင်မှ ရှင်းပြသည်။ ဤသည်မှာ ယဲ့ဇီလင်ကြောင့် ဖြစ်မှန်း၊ လင်းယွန်က မှန်းဆ နိုင်၏။

သူမ၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ ထိုမရဏ သွေးလမင်း အဖွဲ့သား အတွက်၊ ခန့်မှန်းထား သည်ထက်၊ ကျော်လွန် သွားပုံ ရသည်။

ရှဟိုကြွယ် သည်သာ လင်းယွန်နှင့် ယဲ့ဇီလင်အား ရင် မဆိုင် ရပါက၊ နိုင်ပွဲ နှစ်ပွဲ ပေး ရမည် ဖြစ်သည်။ ထို့အပြင်၊ ကျန်းလိချန် နှင့်၊ ဖုန်ကျန်း မှလည်း၊ အစွယ်ထွက် လာချေပြီ။

လင်းယွန် တစ်ယောက် ကျိုးကြောင်း ဆင်ခြင် နေစဉ်၊ ယဲ့ဇီလင် အပါအဝင် လူတိုင်း၏ မျက်လုံးများ၊ သူ့ထံ ကျရောက် လာသည်။

ပြိုင်ဘက်မှ ရှဟိုကြွယ်အား ယုံကြည် သည်ထက်၊ သူတို့က လင်းယွန် အပေါ် ယုံကြည် မှာ၊ ပိုချေ၏။

“ သူတို့က ... ဒီလို ဖြစ်ချင်တယ် ဆိုမှတော့ ပြောစရာ မရှိတော့ ပါဘူး။ ”

လင်းယွန်က ပြုံးကာ ဖြေလိုက်သည်။ ဤအဆိုကို ငြင်းဆန် လိုက်ပါက၊ ရှဟိုကြွယ်ကို ကြောက်နေ သည်ဟု မြင်ကြ ပေမည်။ ချန်ပီယံ ဖြစ် လျှင်ပင်၊ အရသာ ရှိမည် မဟုတ်ချေ။

ယဲ့ဇီလင်မှ အကြောင်းပြန် စကားကို ရရှိ ပြီးနောက်၊ စံအိမ် သခင်က မတ်တပ် ထရပ်လာ လေသည်။

“ တိမ်လွှာဓား ဂိုဏ်းနဲ့ ... ၊ မရဏ သွေးလမင်း ဂိုဏ်း ကြားက၊ နောက်ဆုံး ပွဲကို ကျင်းပမယ်၊ အနိုင် ရရှိ သူက ...

... နတ်နဂါး ရောင်ဝါကို သန့်စင်ခွင့်၊ ခွဲတမ်း ငါးနေရာ အပြင်၊ ဓား သူတော်စင် တောင်ကြီးကို ပိုင်ဆိုင်ခွင့် ရမယ်၊ ရလဒ် အတွက် ...

... ဒုတိယ အကြိမ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး၊ မည်သူ မဆို နတ်နဂါး အင်ပါယာကို ရင်ဆိုင် ဝံ့ရင်၊ စမ်းကြည့် နိုင်တယ်။ ”

အဆိုပါ ပြောင်းလဲမှုသည် လူတိုင်းကို အံ့အားသင့် စေခဲ့၏။ သို့သော် ချက်ချင်းပင်၊ စိတ်လှုပ်ရှား လာတော့သည်။

ဤပွဲ အတွက် အသန်မာ ဆုံးသော လူ နှစ်ယောက်ကို ကြည့်ခွင့် ရတော့မည် ဖြစ်ရာ၊ မကျေ နပ်စရာ အကြောင်း မရှိချေ။

“ ချွင် ... ချွင် ချွင်။ ”

ရုတ်တရက် ကောင်းကင်၌ သွေးနီရောင် လမင်း တစင်း မြင့်တက် လာသဖြင့်၊ လင်းယွန် ခန္ဓာကိုယ် အတွင်းမှ၊ ဓားမြည် သံများ ဆူညံ သွားသည်။

“ သတိ ထား ... ။ ”

ဤဖြစ်စဉ်က လူတိုင်းကို ထိတ်လန့် လာစေ၏။ သို့သော် ထိုအချိန်တွင် လင်းယွန်မှ လက်ဝှေ့ယမ်း လိုက်ရာ၊ ဓား အလင်းများ ပြေးထွက် သွားပြီး၊ လမင်းကို ဖျက်ဆီး ပစ်တော့သည်။

“ ကြောက် နေတာလား။ ”

လင်းယွန်မှ အေးစက်စွာ လှမ်းမေးသည်။

“ ဘာလို့လဲ ... ၊ မင်း ငါနဲ့ တိုက်ဖို့ ... ၊ အရည် အချင်း ရှိလား ဆိုတာ သိချင် ရုံပါ။ ”

ရှဟိုကြွယ်က ပြုံးလျက် ပြန်ပြော လိုက်ပြီး၊ ထိုင်ခုံမှ ထရပ် လိုက်သည်။ သည့်နောက်၊

“ တိမ်လွှာဓား (၁၃) ကွက်ကို၊ စိတ်ဝင် စားတယ်၊ မနက်ဖြန် တိုက်ပွဲမှာ ... ၊ ငါ့ကို စိတ် မပျက် ပါစေနဲ့။ ”

-ဟု ဆိုကာ ထွက်ခွာ သွားတော့သည်။

တည်းခို ဆောင်သို့ ပြန်ရောက် သည်နှင့်၊ သူတောင်စင် နဂါး ခန္ဓာ ကိုယ်ကို အသက် သွင်း နေစဉ်၊ ခရမ်း ရွှေရောင် အလင်းများ၊ လင်းယွန် အပေါ်၊ ဖုံးအုပ် လာသည်။

နက္ခတ် အဆင့်ကို ရောက်လိုက၊ ကြယ်တာရာ ပန်းချီကား တစ်ချပ် ဖွဲ့စည်းရန်၊ လို၏။

တစ်ည တည်းဖြင့် ပြီးမြောက်ရန် မဖြစ် နိုင်ချေ။ ထို့ကြောင့် မနက်ဖြန်တွင် သူတော်စင် နဂါး ခန္ဓာကိုယ် ကိုသာ၊ အားကိုး ရပေမည်။

အချိန် အတော်ကြာ ပြီးနောက်၊ ဓား ညီလာခံတွင် ကွဲအက် ခဲ့သော ခရမ်း-ရွှေရောင် နဂါး ရူရ်များ၊ ပြန်လည် ကောင်းမွန် လာသည်။

အဆုံးတွင် နဂါးငယ် အသွင် ရူရ် များက၊ အရေပြား ထဲသို့ ပြန်လည် နစ်မြုပ် သွားခဲ့၏။ အသက် ပြင်းပြင်း ရှူလျက်၊ မျက်လုံး ဖွင့် လိုက်သည်။

ဆဌမ အဆင့်တွင်၊ နဂါး ရူရ်ပေါင်း (၁၀၈) လုံးကို ဖွဲ့စည်း ထားနိုင်သည်။ ထိုရူရ် များကို လောင်ကျွမ်း ခြင်းဖြင့်၊ သူတော်စင် ရူရ် အဖြစ် သို့၊ ပြောင်းလဲ နိုင်မည် ဖြစ်သည်။

ယင်းက သူ၏ ရုပ်ခန္ဓာမှာ သူတော်စင် ရူရ် တစ်ရာ လက်ရာ တစ်ခု ကဲ့သို့၊ မာကျော လာပေ မည်။

ဓားညီလာခံ အတွင်း ထိုရူရ်များ ကွဲကုန် သဖြင့်၊ ယခု အချိန် မှသာ ၎င်းတို့ကို ပြုပြင်နိုင် လေသည်။

“ ရှ ဟို ကြွယ် ။ ”

အမည် ရေရွတ် လိုက်သော လင်းယွန်၏ မျက်ဝန်းများက၊ စူးရှနေခဲ့သည်။ ပြိုင်ပွဲ ရင်ပြင်၌ ခွန်အားကို စမ်းသပ်ခဲ့ ကြချိန်တွင်၊ ပြိုင်ဘက်မှာ အမည်ခံ ပင်မ နတ်ဘုရား တစ်ပါး ဖြစ်ကြောင်း၊ သတိထား မိလိုက်သည်။

၎င်းခန္ဓာ ကိုယ်ရှိ ကြယ် စွမ်းအင်သည် ကနဦး ပင်မ နတ်ဘုရား များကို၊ သတ်နိုင်သည် အထိ၊ သိပ်သည်း နေပေ၏။

အင်ပါ ရီယန် နယ်ပယ်သို့၊ ရောက်ရှိ ပြီးနောက်၊ ရှဟိုကြွယ်မှာ အသန်မာ ဆုံးသော ပြိုင်ဘက် ဖြစ်ချေပြီ။ ကုန်းစွန်းယန်ထက်၊ အားနည်းမည် မဟုတ်ကြောင်း ပြောနိုင်၏။

နတ်မိစ္ဆာ နယ်မြေမှ လူများ ကိုပင်၊ ဖြားယောင်း နိုင်သော ဓားသူတော်စင် တောင် ၏၊ လျှို့ဝှက်ချက် မှာလည်း၊ စိတ်ဝင်စား စရာ ပေပင်။

ခရမ်းငယ်မှ တောင်ထဲတွင် တစ်ခုခု ရှိနေကြောင်း၊ အရိပ် အမြွက် မျှသာ ပြောခဲ့ သဖြင့်၊ မည်သည့် အရာ ဖြစ်မည်ကို၊ မသိ နိုင်ချေ။ ယင်းက တိမ်လွှာဓား (၁၃) ကွက်ထက် တန်ဖိုးရှိ မည်မှာ အမှန် ပေပင်။

မည်သို့ပင် ဆိုစေ ကာမူ၊ ဓား သူတော်စင် တောင်၏ လျှို့ဝှက် ချက်နှင့်၊ နတ်နဂါး ရောင်ဝါ ကို အဆုံးရှုံး မခံနိုင် လေရာ၊ မနက်ဖြန် တိုက်ပွဲမှာ၊ ပြင်းထန်မည် ဖြစ်၏။

ထို့စဉ် အဖြူရောင် အရိပ် တစ်ရိပ်၊ ပျံသန်း ဝင်ရောက် လာ သဖြင့်၊ ခေါင်းမော့ ကြည့်လိုက် ရာ၊ လောဟွာအား မြင်လိုက် ရသည်။

“ လောဟွာ ... ။ ”

“ ငါ့ အပြင်၊ ဘယ်သူများ ရှိဦး မှာလဲ။ ”

“ မင်း ပြောတော့ တိမ်လွှာဓား ဂိုဏ်းမှာ တွေ့မယ်ဆို။ ”

“ မထင် မှတ်ဘဲ ... ၊ ငါ့ ကိစ္စ တွေကို၊ ချောချော မွေ့မွေ့ လက်စသပ် နိုင်ခဲ့တယ်၊ ဒါနဲ့ အချိန်ပို သေးတာကြောင့်၊ မင်း ဆီကို လိုက်လာ လိုက်တာပဲ ... ။ ”

လောဟွာမှ ပြုံးလျက် ပြန်ဖြေ၏။ မတေွ့ ရသည်မှာ၊ နှစ်ရက် မျှသာ ရှိသေး သော်လည်း၊ နှစ်နှစ်ခန့် ကြာသွား သလို၊ ခံစား နေရသည်။

“ မရဏ သွေး လမင်းလား ... ၊ ဒီဂိုဏ်းက နည်းနည်းတော့ ဆန်းကြယ် တယ်။ ”

မနက်ဖြန် ရင်ဆိုင် ရမည့် ပြိုင်ဘက်ကို လင်းယွန်မှ ပြောပြ သဖြင့်၊ လောဟွာမှ စိတ်ဝင် တစား၊ မှတ်ချက်ပြု လိုက် တော့သည်။

***

All Chapters