ရှဟိုကြွယ် ဟူသည်။
Vol. 88 Ch. 1229
“ သူတို့ အကြောင်း သိလား။ ”
လင်းယွန်က မေးသည်။
“ ကြက်သွေးရောင် လမိစ္ဆာနဲ့ ... ဆက်ဆံ ဖူးတယ်၊ ဒီလူ တွေက ရှေးဦးခေတ် ကတည်းက ရှင်သန် နေထိုင် လာတဲ့၊ အဖွဲ့အစည်း တစ်ခုပဲ၊ နတ်မိစ္ဆာ နယ်မြေ တစ်ခု လုံးကို ...
... သိမ်းဖို့ ကြံရွယ် ကြတယ်၊ နတ်မိစ္ဆာ ဧကရာဇ် ကြောင့်သာ မဟုတ်ရင်၊ သူတို့ အုပ်စိုး သွားတာ ကြာပြီ၊ ပြီးတော့ ဒီရှဟိုကြွယ်က၊ သန့်ရှင်းသော သားတော် တစ်ပါးပဲ။ ”
သန့်ရှင်းသော သားတော် ရွေးပွဲသည် စည်းကမ်း ချက်များ တင်းကြပ်သည့်၊ လူသတ်ပွဲ တစ်ခု ဖြစ်၏။ ပါရမီရှင် ထောင်ပေါင်း များစွာ အနက်မှ၊ လူကိုး ယောက်သာ ကျန်သည် အထိ၊ အချင်းချင်း သတ်ဖြတ် ရလေသည်။
ရှဟိုကြွယ်မှာ နိမ့်ကျသော ပုံရိပ်အား ထိန်းသိမ်း ထားသဖြင့်၊ ထိုကိုးဦးတွင် ပါဝင် နေကြောင်း၊ လူသိပ် မသိချေ။
“ သူတို့မှာ သန့်ရှင်းသော သားတော်၊ ကိုးယောက် တောင် ရှိတာလား ... ။ ”
“ သူတို့ အထက်မှာ၊ သူတော်စင် တစ်ပါး ရှိသေးတယ်၊ သန့်ရှင်းသော သားတော် တွေက၊ အဲ့ဒီ သူတော်စင်ရဲ့ ကိုယ်ပွား တေွပဲ၊ ...
... သူတော်စင် တစ်ပါး သေဆုံးရင်၊ သန့်ရှင်းသော သားတော် ကိုးပါး ထဲက တစ်ပါး၊ ရွေးချယ် ခန့်အပ်တယ်၊ အဲ့ဒီ သူတော်စင် ကသာ၊ ...
... ကြက်သွေးရောင် လမိစ္ဆာ အမွေိကို ဆက်ခံ နိုင်မယ်၊ လက်ရှိ သူတော်စင် သားတော် ဘယ်သူ ဆိုတာ၊ လုံးဝ လျှို့ဝှက် ထားတယ်။ ”
ဤအခိုက် အတန့်တွင် ယနေ့ အချိန်ထိ ကြုံဆုံ သိထား သမျှသည်၊ ခွန်လွန် ဘုံ၏ အစွန် အဖျား မျှသာ ဖြစ်ကြောင်း၊ နားလည် လိုက်၏။
ထိုအသိက တိုက်ခိုက် ပွဲဝင် ဆန္ဒများ၊ တဖွားဖွား တောက်လောင် လာစေ တော့သည်။ သန့်ရှင်းသော သားတော် ကိုပင် အနိုင် မယူနိုင် ပါက၊ သူတော်စင် သားတော်အား၊ ရင်ဆိုင် နိုင်မည် မဟုတ်ချေ။
မနက်လင်း ချိန်၌၊ ပြိုင်ပွဲ ရင်ပြင်တွင်၊ လူအများ ပြည့်လျှံ နေ၏။ ယနေ့ အပြာရောင် စံအိမ် နယ်မြေ၏၊ အရှင် သခင် အသစ်ကို၊ ရွေးချယ်မည် ဖြစ်သည်။
ထို့ပြင် ပြိုင်ဝင် နှစ်ဦး လုံးမှာ၊ မည်သည့် အရပ်မှ လာမှန်း မသိသော ထူးထူး ခြားခြား အစွမ်း သတ္တိ ရှိသူ နှစ်ဦး ဖြစ်နေ၏။
ရင်ပြင် တစ်နေရာ၌၊ မျက်လုံး မှိတ်လျက် အနားယူ နေသော ရှဟိုကြွယ်အား ကြည့်ကာ၊ လူတိုင်း စိတ်လှုပ်ရှား သွားသည်။
မည်သူ မဆို နှစ်ကြိမ် ကြည့်မှသာ သူရောက်ရှိ နေသည်ကို၊ သတိပြု မိနိုင်မည် ဖြစ်သည်။
သူ့ အမည်မှာ အင်ပါ ရီယန် အဆင့်တွင် ထိပ်တန်း (၃၀၀၀) အတွင်း၌ ရှိ သော်လည်း၊ လူအုပ်နှင့် မရင်းနှီး ကြပေ။
“ လင်းယွန် လာပြီ။ ”
တိမ်လွှာ ဓားဂိုဏ်း ရောက်လာပြီ ဖြစ် သောကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်၏။ ဤတစ်ကြိမ် လင်းယွန် ဘေး၌၊ မျက်နှာကို ပဝါ စဖြင့် ဖုံးကွယ် ထားသော၊ အဖြူဝတ် အမျိုး သမီး တစ်ဦး တိုးလာသည်။
အမျိုးသမီး နှစ်ဦးကို ခြံရံလျက်၊ လိုက်ပါ လာသော လင်းယွန်၏ အသွင်မှာ ပေါ့ပေါ့ ပါးပါး နိုင်နေ ပေသည်။
သတ်မှတ် ထားသော နေရာသို့ အရောက်တွင်၊ မျက်မှိတ် အနား ယူနေသည့် ရှဟိုကြွယ်ထံ ကြည့်မိ၏။
ထိုအကြည့်ကို ခံစား မိသော၊ ရှဟိုကြွယ်က မျက်လုံးအား ဖြည်းညှင်းစွာ ဖွင့်သည်။ မျက်လုံး ပွင့်သည်နှင့်၊ အတွင်းမှ အနီရောင် အလင်းများ လျှံထွက် လာပြီး၊ ကောင်းကင် တခွင် ရဲရဲနီ သွားစေ၏။
သူ့အသွင် အပြင် အရ၊ ယနေ့ ပြိုင်ပွဲ အပေါ် ခံစားချက် မရှိဘဲ၊ နိုင်မည်ဟု အပိုင် တွက်ထားပုံ ရသည်။
ဤအရာက လင်းယွန် တစ်ယောက် ရှုံးလိမ့်မည် လောဟု၊ စိုးရိမ် စိတ်များ ဝင်ရောက် လာလေသည်။
သို့သော် တိမ်လွှာဓား ဂိုဏ်း မှာမူ၊ ယုံကြည် နေဆဲ ဖြစ်သည်။ ထိုည ပြီးနောက် ဒဏ္ဍာရီလာ လျှပ်စီး တစ်ထောင် ဓားကို ရယူ နိုင်ခဲ့သော၊ လင်းယွန် ခွန်အား အပေါ်၊ နားလည် လာပြီ ဖြစ်၏။
ဤသတင်းသာ ပြန့်နှံ့ သွားပါက၊ အပြာရောင် နယ်မြေ တစ်ခုလုံး တုန်လှုပ် သွား မည်မှာ သေချာသည်။
ထိုခွန်အား အရ၊ လင်းယွန် သည်လည်း၊ အင်ပါ ရီယန် အဆင့်တွင်၊ ထိပ်ဆုံး (၃၀၀၀) သို့ ဝင်ရောက် နိုင်ပြီ ဖြစ်သည်။
“ တိမ်လွှာဓား ဂိုဏ်းက ... ၊ ဒီလို ဓားသမားမျိုး ဘယ်ကနေ တွေ့လာ တာလဲ။ ”
မရဏ သွေးလမင်း၏ အကြီး အကဲ အချို့က လင်းယွန်ကို ကြည့်ကာ ညည်းတွား လိုက်သည်။ ဤနယ်မြေ၌ ရှဟိုကြွယ် အတွက် ပြိုင်ဘက် မရှိ နိုင်ဟု သူတို့ ယုံကြည် ခဲ့သည်။
ရှဟိုကြွယ် ဟူသည် သူတော်စင် အဖြစ် ရည်ရွယ်ကာ၊ ပြုစု ပျိုးထောင် ပေးထားသော ဝှက်ဖဲ ဖြစ်၏။
လင်းယွန် ကြောင့်သာ မဟုတ် ပါက၊ အပြာရောင် စံအိမ်ကို သိမ်းယူရန် အခက် အခဲ ရှိလာမည် မဟုတ်ချေ။
“ အိုး ... စိတ်မပူ ပါနဲ့၊ ဒီအပြာရောင် စံအိမ်မှာ ဘယ်သူမှ ရှဟိုကြွယ်ရဲ့ ပြိုင်ဘက် ဖြစ်လာ နိုင်မှာ မဟုတ် ပါဘူး။ ”
အဖွဲ့ကို ဦးဆောင် လာသူ အနက်ဝတ် လူကြီး တစ်ဦးက၊ ပြုံးပြုံးလေး ပြောလာသည်။ အမည်မှာ ချမ်းမူ ဖြစ်ပြီး၊ ရှဟိုကြွယ် အကြောင်း ကို၊ အခြားသော အကြီးအကဲ များထက် ပိုသိ၏။
ဤပြိုင်ပွဲ၌ အမှား အယွင်း တစ်စုံ တစ်ရာ မရှိ စေရန်၊ မဟာ အကြီး အကဲ ဟူသော ရာထူး ကို မေ့ကာ၊ ချမ်းမူ ကိုယ်တိုင် ဦးဆောင် လာခြင်း ဖြစ်သည်။
ပြိုင်ပွဲပုံစံကိုပြောင်းလဲရန်အကြံပြုသူမှာ သူပင် ဖြစ်၏။ သူ့ အမြင် အရ၊ တိမ်လွှာဓား ဂိုဏ်းနှင့် ငါးပွဲရင်ဆိုင်ရန်မှာ၊ မိုက်မဲသော အတွေး ဖြစ်သည်။
ထို့ပြင် ရှဟိုကြွယ် ဟူသည် မျိုးဆက်သစ် လူငယ်များ ကြား၌၊ သန့်ရှင်းသော သားတော် တစ်ပါး အဖြစ်၊ တက်လှမ်း ထားနိုင်ရာ၊ လုံလောက်သော ခွန်အား ရှိပေမည်။
“ ဝှစ် ... ။ ”
လင်းယွန်က စင်မြင့် ပေါ်သို့ ပျံသန်း ဆင်းသက် လိုက်သည်။ ရှဟိုကြွယ် အကြောင်း သိပြီးနောက်၊ တိုက်ပွဲဝင် ဆန္ဒများ တဟုန်းဟုန်း တောက်လောင် နေခဲ့သည်။
“ မင်း ... နောက်ကျတယ်။ ”ရှဟိုကြွယ်က စင်မြင့်ပေါ် ပျံသန်း လာကာ စကား ဆိုသည်။
“ အရေး မကြီး ပါဘူး။ ”
လင်းယွန်မှ အေးစက်စွာ ပြန်ပြော၏။
“ နိုင်ပွဲက ငါ့ အတွက်ပဲ။ ”
လင်းယွန်အား စူးရှစွာ စိုက်ကြည့်ပြီး၊ ရှဟိုကြွယ် တစ်ယောက် ပြုံးမိ၏။ ရုတ်တရက် လေထုမှာ တင်းကြပ် လာတော့သည် ။
“ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ၊ နောက်ဆုံး အဆင့် စတင်မယ်။ ”
ဒိုင် အဖိုးအို အသံ ထွက်ပေါ် လာ သော်လည်း၊ လင်းယွန်တို့ နှစ်ဦးမှာ မလှုပ်ချေ။ တစ်ယောက် အားနည်းချက်ကို၊ တစ်ယောက် ရှာဖွေ နေကြသည်။
“ ဝှစ် ... ။ ”
ရှဟိုကြွယ်က ဦးစွာ လှုပ်ရှား လာသည်။ လက်ကို ဆန့်ထုတ် လိုက် သည်နှင့်၊ သတ္တု ရောင်များ တောက်ပ လာ၏။
အကန့် အသတ်မဲ့၊ ကြက်သွေးရောင် အလင်းများ ကြမ်းပြင်တွင်၊ ပြန့်ကျဲ လာလေရာ၊ လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။
သွေးလမင်း၏ ရောင်ခြည် အောက်တွင် တိုက်စား နိုင်စွမ်း ပြင်းသော အနက်ရောင် မြူ များ၊ ပါရှိ လေသည်။
ထိုမြူများက၊ သွားရာ လမ်းကြောင်း ပေါ်ရှိ၊ ထိမိ သမျှ အရာ ရာတိုင်းကို၊ ဖျက်ဆီး ပစ်တော့ သည်။
“ ဘယ်လို ကိုယ်ခံ ပညာ မျိုးလဲ။ ”
လင်းယွန် တစ်ယောက် မျက်လုံးပြူး လာသည်။ အနက်ရောင် မြူ အတွင်းရှိ တိုက်စား နိုင်သော စွမ်းအား အချို့ကို၊ သူ ခံစား မိ၏။
ရှဟိုကြွယ်၏ တိုက်စား နိုင်စွမ်းမှာ၊ ကြောက်မက်ဖွယ် ကောင်းနေ သဖြင့်၊ သာမာန် မဟုတ်ကြောင်း သတိ ထားမိ လာသည်။
***