← Chapters

သေခြင်း တရား။

Vol. 88 Ch. 1231

သေခြင်း တရား။

Vol. 88 Ch. 1231

“ ကျီး ... ။ ”

ရွှေကျီးကန်းနှင့် ငွေဖီးနစ်တို့ အော်ဟစ် လိုက်သော အခါတွင်၊ လင်းယွန် လက်သီးမှ အလင်းများ၊ ဖြာထွက် လာသည်။

လက်သီး နှစ်လုံး တိုက်မိ ပြီးနောက်၊ ပေါက်ကွဲ မှုကြီး ဖြစ်ပွား လာ၏။ ရှဟိုကြွယ် နောက်ရှိ ကြက်သွေးရောင် နဂါးကြီး ပေါ်တွင် အက်ကြောင်းများ ထွက်ပေါ် လာကာ၊ လွင့်စဉ် သွားတော့သည်။

မြင်သူတိုင်း ထိတ်လန့် စေသည့် ဖြစ်စဉ် အမျိုးမျိုး ထွက်ပေါ် လာ၏။ မရဏ သွေးလမင်း ၏ တပည့် များမှာ၊ လုံးဝ အံသြ သွားသည်။

လင်းယွန်၏ ဓားရည်ရွယ် ချက်ကို၊ ကန့်သတ် ပြီးနောက်၊ ရှဟိုကြွယ် တစ်ယောက် အဘယ်ကြောင့် ဤမျှ သတိ ထားနေရ သည်ကို နားလည် လိုက်ပြီ ဖြစ်သည်။

သူတော်စင် သွေးနဂါး ခန္ဓာ ကိုယ်သာ၊ ထုတ်ဖော် ထားခြင်း မရှိ ပါက၊ ပို၍ ဆိုးသော ကံကြမ္မာကို ရင်ဆိုင်ရ ပေလိမ့်မည်။

“ စင်ကြယ်သော ဝိညာဉ်တော် နှစ်ပါးကို၊ တစ်ပြိုင် နက်တည်း၊ လေ့ကျင့် နိုင်တာ အံ့သြ စရာပဲ၊ ဒါပေမယ့် ဒါက ...

... မင်းရဲ့ ဝှက်ဖဲ ဆိုရင်တော့ ... ၊ မလုံ လောက် သေးဘူး၊ ငါက တားမြစ် နည်းစနစ်နဲ့၊ လျှို့ဝှက် ရတနာတွေ သုံးပြီး၊ ကြီးပြင်း လာတဲ့ လူ တစ်ယောက် မဟုတ်လို့ စိတ်မကောင်း ပါဘူး။ ”

ရှဟိုကြွယ်က သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ပြီး ပြုံးလိုက်သည်။ ကျင့်ကြံ သူတိုင်းမှာ၊ ခွန်အား အတွက်၊ ရတနာ များနှင့်၊ တားမြစ် ပညာ ရပ်များ သုံးပြီး၊ မြှင့်တင် ကြ၏။

အခြေခံ အုတ်မြစ်အား ၎င်းတို့ အပေါ်၊ တည်ခဲ့ ပါက၊ အလွယ် တကူ ပြိုကျ နိုင်သည်။ ရှဟိုကြွယ်မှာ၊ ထိုသို့ မဟုတ်ချေ။

ဒဏ်ရာ သိသိ သာသာ ရသွား သော်လည်း၊ သူ့ခန္ဓာကိုယ် အတွင်းရှိ ကြယ် စွမ်းအင် များကို စုစည်းကာ၊ ပြန်၍ တိုက်ခိုက် လာနိုင်သည်။

“ သေ လိုက် စမ်း။ ”

ရှည်လျားသော လက်သည်းဖြင့်၊ လင်းယွန် မျက်နှာကို လှမ်းကုပ် လိုက်ရာ၊ နဂါးလက်သည်း တစ်ဖက် ပြေးထွက် လာ၏။

သို့သော် လင်းယွန်မှ တည်ငြိမ် စွာဖြင့်၊ ရောင်ဝါ သမုဒ္ဒရာ အတွင်းရှိ ကြယ်မိစ္ဆာ ပန်း များကို ပွင့်စေ လိုက်သည်။

ပန်း (၄၉) ပွင့် တောက်လောင် လာပြီးနောက်၊ အင်ပါ ရီယန် နယ်နိ မိတ်ကို ကျော်လွန်ကာ၊ ကနဦး ပင်မ နတ်ဘုရား နယ်ပယ်၊ ရောက်ရှိ လာသည်။

“ ဒါ ... မဖြစ် နိုင်တာ … ။ ”

ရှဟိုကြွယ်မှာ ကြောက်ရွံ့ မှုများ ထုံမွှန်း နေသော မျက်လုံး များဖြင့်၊ လင်းယွန်ထံ ပြန် ကြည့် သည်။ နောက်ဆုတ်ရန် နောက်ကျ သွားပြီ ဖြစ်၏။

“ ဝှစ် ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါသည်၊ လင်းယွန် ထံမှ လျင်မြန်စွာ တိုးထွက် လာပြီး၊ ရှဟိုကြွယ်ကို ချက်ချင်း ပျံသန်း စေခဲ့သည်။

“ ဝေါ့ ... ။ ”

လေထု အလယ် သွေး အန်လျက်၊ မည်းမှောင်သော အသွင်ဖြင့်၊ ကြမ်းပြင်ပေါ် ပြန်၍ ဆင်းသက် လိုက်၏။

ပန်း ပင်လယ် ပြင်တွင်၊ ရပ်နေသော လင်းယွန်မှာ၊ ပန်း (၄၉) ပွင့်၏ စွမ်းအားသည်၊ ကောင်းကင် ဝိညာဉ်၌ ရှိစဉ် ကထက်၊ ပို၍ အားကောင်း လာ သည်ကို၊ ခံစား မိသည်။

နောက်တစက္ကန့်တွင် ကန့်သတ် ခံရ ခြင်းမှ၊ လွတ်မြောက် သွား သကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထွက်ပေါ် လာ၏။

သွေးထဲရှိ အဆိပ်ကို၊ လေးနာရီ ကြာသည် အထိ၊ တောင့်ခံနိုင် ပေမည်။ ထိုကာလ အတွင်း ရှဟိုကြွယ်အား အနိုင် ယူရန်၊ လုံလောက်၏။

သို့သော် ယင်းမှာ ခန့်မှန်းချိန် မျှသာ ဖြစ်သည်။ တစ်စုံ တစ်ရာ အမှား အယွင်း မရှိ စေရန်၊ အဆိပ်ကို တတ်နိုင် သမျှ၊ အမြန်ဆုံး ဖယ်ရှားဖို့၊ လိုပေသည်။

မျက်လုံးများ မှေးစင်း လာပြီး၊ နီရဲ နေသော လမင်းကို နောက် တစ်ကြိမ်၊ မော့ကြည့် လိုက်မိ သည်။

“ ဒါ ... ။ ”

ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့်ကို မြင်ချိန်၌ ပရိသတ် ထံမှ၊ အာမေဋိတ် သံများ ထွက်ပေါ် လာ ခဲ့သည်။

ကောင်းကင် ဝိညာဉ် ကန့်သတ် ချက်ကို ကြားဖူး သော်လည်း မမြင်ဖူး ကြချေ။ ယင်းက ဒဏ္ဍာရီ တစ်ပုဒ် ပေပင်။

“ ဒါဆို ... ကောလ ဟာလ တွေက အမှန်ပေါ့ ... ။ ”

ချူထျန်းဟောင်၏ အာရုံများ ပျံ့လွင့် လာသည်။ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် မှာ၊ သူ ထင်ထား သည်ထက်၊ အားကောင်း ခေျ၏။

“ ဒီလောက် ယုံကြည် နေရအောင် ... ၊ မင်းမှာ ဘာတွေ ရှိလဲ ဆိုတာ၊ ငါ ကြည့်မယ်။ ”

ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို အသက်သွင်း လိုက်ပြီး၊ ခြေလှမ်း ပြင် လိုက်၏။

“ ဝှစ် ... ။ ”

အကန့် အသတ် မရှိသော အလင်းများ တောက်ပ လာပြီး၊ ခြေ တစ်လှမ်းနှင့် ရှဟိုကြွယ် ရှေ့၊ ရောက်ရှိ လာသည်။

လက်သီးကို ထိုးထုတ် လိုက်ခြင်းသာ ဖြစ်သော်လည်း၊ ဓား တစ်လက် ကဲ့သို့၊ ထက်ရှ သော ခံစား ချက်များ ပေးချေ၏။

တစ်ချိန် တည်းမှာပင် လေဟာနယ်ကို ဓားတစ်လက်မှ ထိုးခွဲ လာသည့် အသွင်၊ လှိုင်း များ ဖြစ်ပေါ် လာသည်။

“ သွေးနဂါး ဖျက်ဆီးခြင်း ... ၊ ဟား ဟား ဟား ... ။ ”

သို့သော် ရှဟိုကြွယ်မှာ၊ သူ့ကိုယ်သူ ကန့်သတ်ချက် ဆီသို့၊ တွန်းထုတ် လိုက်ပြီး နောက်၊ ရယ်မော လေသည်။

“ ဝုန်း ... ။ ”

သည့်နောက် လက်သီး နှစ်လုံး တိုက်မိ သွားပြီး၊ အကြေး ခွံများ ဖုံးနေသော ရှဟိုကြွယ် လက်မောင်း၌၊ ဒဏ်ရာများ ပေါ်လာ၏။

သို့သော် အခြား လက်တစ်ဖက်ဖြင့်၊ ဒဏ်ရာရ ထားသော လင်းယွန် ပခုံးကို ထပ်မံ ကုပ်ဖြဲ လိုက်ပြန်သည်။

လင်းယွန် ဒဏ်ရာမှာ ပိုဆိုး သွားပြီး၊ အဆိပ်များ ဝင်ရောက် လာပြန်၏။ သို့သော် လင်းယွန်က ဂရု မစိုက်ချေ။

“ ဟိတ် ... ။ ”

အကြိမ်ကြိမ် ထိပ်တိုက် ရင်ဆိုင် ပြီးနောက်၊ လင်းယွန်က လက်သီး တစ်လုံးကို၊ အားကုန် ထိုးချ ပစ်လိုက်သည်။

“ ဘုန်း ... ။ ”

ထိုလက်သီးမှာ လျင်မြန် လွန်း သဖြင့်၊ ရှဟိုကြွယ်၏ ညာဘက် ပခုံးအား ထိမှန်သွား တော့သည်။

“ ခရစ် ... ။ ”

ထို့ကြောင့် ပခုံးရှိ၊ နဂါး အကြေး ခွံများ အပိုင်းပိုင်း ကွဲအက် သွားပြီး၊ သွေးများ စီးကျ လာ၏။

တစ်ချိန်တည်း မှာပင်၊ ရှဟိုကြွယ်၏ လက်သီး သည်လည်း၊ လင်းယွန် ဒဏ်ရာသို့၊ ပြန်လည် ဦးတည် လာသည်။

“ ထန် ... ။ ”

သို့သော် ဤတစ်ကြိမ် လက်သီး ထိမိ သွားချိန်၌၊ သတ္ထုရောင် တစ်ချက် လက်သွားပြီး၊ သူ့အား တွန်းထုတ် လာသည်။

တွန်းကန် အားကြောင့် ရှဟိုကြွယ်၏ လက်မောင်းများ ထုံကျင် သွားသဖြင့်၊ နှုတ်ခမ်း တွန့်ကွေး သွား၏။

“ ဟိတ် ... ။ ”

သို့သော် လေထဲ ဂျွမ်းပစ်လျက်၊ တွန်းကန်အားကို ချေဖြတ်ကာ၊ လင်းယွန်၏ နှလုံးထံ ပြောင်းလဲ ထိုးနှက် လိုက်သည်။

“ ဘုန်း ဘုန်း ... ။ ”

လက်သီးများ ရင်ဘတ်ပေါ် ကျရောက် သွားပြီး၊ ရာနှင့် ချီသော ခရမ်း-ရွှေရောင် ရူရ် များက၊ ချက်ချင်း ထွက်ပေါ် လာ၏။

ဆိုလို သည်မှာ လင်းယွန်၏ နှလုံး သားသည်၊ သူတော်စင် ရူရ် တစ်ရာ ပစ္စည်း အဖြစ်၊ ပြောင်းလဲ သွားခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့လက်သီးမှာ၊ နံရိုး သုံးချောင်း ကျိုးရုံနှင့် ရပ်တန့် သွား၏။ ထိုစဉ် လင်းယွန်က သူ့ နှာခေါင်းအား ပြန်လည် ထိုးနှက် လာသည်။

“ ခွပ် ... ။ ”

“ အ ... ။ ”

နှာခေါင်းရိုး ကျိုးသွားပြီး သွေးများ စီးကျ လာ၏။ ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။ လက်ကောက် ဝတ်ကို ဖမ်းဆုပ်လျက်၊ ကိုင်ပေါက် ခံလိုက် ရသည်။

“ လင်းယွန် ... ၊ မင်း သေချင် နေတာပဲ။ ”

အော်ဟစ် လိုက်မိ သော်လည်း၊ အမှန် တကယ် ခံနေရ သည်မှာ၊ သူ ဖြစ်၏။ ကြမ်းပြင် ပေါ် လဲကျ သွားစဉ်၊ လင်းယွန်က လျင်မြန်စွာ ရောက်ရှိ လာပြီး၊ သူ့ မျက်နှာကို ရက်စက်စွာ တက်နင်း ချလိုက်၏။

“ ဂျွတ် ... ။ ”

“ စီနီယာ အစ်ကို ရှရဲ့ ... ရုပ်ခွန် အားက၊ လင်းယွန်ကို ရှုံးသွား တာလား။ ”

မရဏ သွေးလမင်း၏ တပည့်များ အားလုံးက၊ ထိုမြင်ကွင်းကြောင့် အံသြ ထိတ်လန့် သွားကြသည်။

ကြယ်မိစ္ဆာ ပန်းနှင့် သူတော်စင် နဂါး ခန္ဓာကိုယ်ကို အသုံးပြု ပြီးနောက်၊ လင်းယွန်၏ ကြံ့ခိုင်မှုမှာ မယုံနိုင် စရာ ပေပင်။

သို့သော် အဆိပ်ကို မဖြေရှင်း နိုင် သေးကြောင်း၊ တိမ်လွှာဓား ဂိုဏ်းမှ တပည့် များက၊ သတိရ သွားသည်။

လင်းယွန်၏ ဓားရောင်ဝါမှာ ရုတ်တရက် ကျဆင်းပြီး၊ ခန္ဓာကိုယ် အတွင်းရှိ အဆိပ်များ၊ ပို ပျံ့နှံ့ လာကြောင်း၊ လက္ခဏာ ပြလာ လေသည်။

အချိန် ကြာလာ သည်နှင့် အမျှ၊ သူ့ ခွန်အားမှာ၊ ကုန်ဆုံး ပျောက်ကွယ် သွားမည် ဖြစ်၏။

“ ဝှစ် ... ။ ”

၎င်းကို ခံစား မိသော လင်းယွန်က၊ ရှဟိုကြွယ် ဦးခေါင်းကို နင်းချေ ပစ်ရန်၊ ကြံရွယ် မိစဉ်၊ အရိုး ဆူးတံ တစ်ချောင်း သူ့နဖူး ဆီသို့ ရုတ်တရက် ပြေးဝင် လာသည်။

“ ..... ။ ”

လက်သီး တစ်ချက်ကို ပစ်လွှတ်ကာ တားဆီး လိုက်ရပြီး၊ မူလ အကြံကို စွန့်လိုက် ရတော့သည်။

“ ဖရူး ... ။ ”

ထိုစဉ် ရှဟိုကြွယ် နောက်ကျော၌၊ ကြက်သွေးရောင် အတောင်ပံ တစ်စုံ ပွင့်ထွက် လာပြီး၊ ထရပ် လာသည်။

တစ်ချိန်တည်း မှာပင် သူ့မျက်နှာ ပေါ်ရှိ နှာခေါင်းရိုး ကျိုးသွားသော ဒဏ်ရာက၊ (၇၀%) ပြန်လည် သက်သာ လာခဲ့ သဖြင့်၊ လင်းယွန် တစ်ယောက်၊ မျက်မှောင်ကြုတ် မိ၏။

သည့်နောက် ကောင်းကင်ရှိ လမင်းထံ တစ်ချက် မော့ကြည့်ကာ၊ သံသယ ဝင်လာမိ တော့သည်။

“ မင်းက ဓားကို မသုံးနိုင် တာတောင်၊ သူတော်စင် သွေးနဂါး ခန္ဓာ ကိုယ်ကို၊ ဒုတိယ အဆင့်ထိ သုံးရအောင်၊ တွန်းပို့ နိုင်တာပဲ၊ မဆိုး ပါဘူး။ ”

ရှဟိုကြွယ်မှ ပြုံးလျက် နှုတ်ခမ်းရှိ သွေးစ များကို၊ သုတ်လိုက်သည်။ အဆိပ်၏ သော့ချက် သည်၊ သွေး လမင်းတွင် ရှိ၏။

သွေးလ ရောင်ခြည်ကြောင့်၊ လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ အဆိပ် များမှာ၊ နှလုံးထံ ဦးတည် သွားမည် ဖြစ်သည်။

အဆိပ်များ နှလုံးထံ ဦးတည် လာနေ သည်ကို၊ ခံစား လိုက်ရ သဖြင့် လင်းယွန်က၊ အသက် ပြင်းပြင်းရှူ လိုက်မိ၏။

“ အဆိပ် ဖြေနိုင်မဲ့၊ နည်းလမ်းလား ... ၊ မစဉ်းစားနဲ့၊ အဆိပ်ဖြေ နိုင်လို့၊ မင်းဓား ဆွဲနိုင်ခဲ့ ရင်တောင်၊ ငါ့မှာ ဝှက်ဖဲတွေ အများကြီး ရှိပါ သေးတယ်၊ ဟား ဟား ဟား ... ။ ”

ရှဟိုကြွယ်က လှောင်ပြောင် ရယ်မော လိုက်သည်။ သူ့ခန္ဓာ ကိုယ်မှ ကြက်သွေးရောင် အလင်း ရောင်များ ဖြာကျ လာ၏။

“ နတ်မိစ္ဆာ သွေးနဂါး။ ”

ကောင်းကင် မည်းမှောင် သွားပြီး၊ ကြက်သွေးရောင် သွေး လမင်းမှာ၊ ပို၍ နီရဲလာ တော့၏။

လရောင်ကြောင့် လေထု ထဲရှိ ဝိညာဉ် စွမ်းအင်များ လွင့်ပါး သွား လေသည်။ ယင်းကို သတိ ထားမိသော လင်းယွန် ခမျာ၊ မျက်နှာ ပြောင်းလဲ သွား၏။

“ လင်းယွန်၊ ဒါ ... ငါ့ရဲ့ ဝှက်ဖဲပဲ၊ မင်း ဒီတိုက်ခိုက် မှုကို တားဆီး နိုင်ရင် ... ၊ ငါ အရှုံး ပေးမယ်။ ”

ခန္ဓာကိုယ် အတွင်းရှိ အဆိပ် များကို မဖြေရှင်း နိုင် သရွေ့၊ ဤတိုက်ခိုက် မှုအား ရင်ဆိုင် ဖြေရှင်းရန်၊ နည်းလမ်း မရှိချေ။

ရုတ်တရက် ကြမ်းပြင် ပေါက်ကွဲ သွားပြီး၊ ကင်းခြေများ ကဲ့သို့၊ အရိုးစု တစ်ခု ထွက်ပေါ် လာ၏။

အရိုးစုသည် အနီရောင် တောက်ပ နေပြီး၊ နဂါးကြီး တစ်ကောင်နှင့် တူ၏။ မျက်စိတစ်မှိတ် အတွင်း အရိုး နဂါး ကြီးက၊ ပေတစ်ရာ အရွယ် အစား အထိ၊ ကြီးထွား လာသည်။

ထိုအရိုး နဂါးကြောင့် လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ အဆိပ်များ ရုန်းကြွ လာပြီး၊ နှုတ်ခမ်း ထောင့်မှ သွေးမည်းများ စီးကျ လာသည်။

“ လင်းယွန် ... ရှုံးနိမ့် မှုကို ဝန်ခံရင်၊ မင်း ခန္ဓာကိုယ် ထဲက အဆိပ် တွေက ... ၊ သုံးရက် အတွင်း ပျောက်ကွယ် သွားမယ်၊ မဟုတ်ရင် မင်းအသက် ရှင်မှာ မဟုတ်ဘူး။ ”

အရိုး နဂါးကြီးကို နောက်ခံ ပြုကာ၊ လင်းယွန်အား လှမ်းပြော လိုက်သည်။ အရိုး နဂါး ဦးခေါင်းမှ အလင်းများ ဖြာထွက် လာ၏။

“ ငါက ... လွယ်လွယ်နဲ့၊ အရှုံးပေး တက်တဲ့ လူ မဟုတ်ဘူး။ ”

လင်းယွန်က ပြုံးကာ ပြန်ပြော လိုက်၏။ သူ့လက်အား ဝှေ့ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားကို ဓားသေတ္တာ ထဲမှ၊ ဆင့်ခေါ် သည်။

“ ဝှစ် ... ။ ”

ဓားရိုးကို ဖမ်းဆုပ် လိုက်သည်နှင့်၊ ဓား ရည်ရွယ်ချက် မြင့်တက် သောကြောင့်၊ မျက်နှာ ပြင်၌၊ အနက်ရောင် သွေးကြောများ ပေါ် လာသည်။

ဓား ရည်ရွယ် ချက်အား မြင်သည်နှင့်၊ အဆိပ်က အစာ မြင်သော သားရဲ ကောင်ကြီး တစ်ကောင် ကဲ့သို့၊ ထိန်းမရ တော့ချေ။

“ ဓား ရည်ရွယ်ချက် ... ၊ အားကောင်း လေလေ၊ အဆိပ်က ပိုပြင်း လေလေ ပါပဲ၊ မင်း သေချင် နေပြီ ထင်တယ်။ ”

ရှဟိုကြွယ်က ထိတ်လန့်မှုကို အမြန် ဖုံးကွယ်လျက် ခြိမ်းခြောက် လိုက်သည်။ ဓားကို မဆွဲစဉ် ကပင်၊ လင်းယွန်မှာ သန်မာ နေပြီ ဖြစ်သည်။ ထို့ကြောင့် ဓားကိုင် လိုက်ရုံဖြင့်၊ အသက်ရှူ ကြပ်လာ မိ၏။

“ မင်း ... ပြောတာ မှန်တယ်၊ ငါက ... သေမင်းကို ဖိတ်ခေါ်တဲ့ လူပဲ၊ ဒါပေမယ့် ငါ့ဓား က သေမင်းထက်၊ မြန်နေတယ် ဆိုရင် ... ။ ”

လင်းယွန်က ကောင်းကင်ရှိ သွေးရောင် လမင်းထံ တစ်ချက် မော့ကြည့် လိုက်လေသည်။ ဓားကိုင် ခြင်းကြောင့် သေရ မည် ဆိုလျှင်ပင်၊ တွေဝေ နေစရာ အကြောင်း မရှိခေျ။

***

All Chapters