မဖြစ် နိုင်ဘူး။
Vol. 88 Ch. 1232
အနက်ရောင် သွေးကြော မျှဉ်များက ကင်းခြေများ တစ်ကောင် ကဲ့သို့၊ မျက်နှာ အနှံ့ ပြန့်ကား လာသည်။ ယင်းကို မြင်သည်နှင့်၊ ပရိသတ် များက အသက် ပြင်းပြင်း ရှူလိုက် မိ၏။
ထို့အပြင် သူ့ အရေပြား အောက်၌ ပိုးကောင်များ တွားသွား နေသည့် အလား၊ အဆိပ် များက၊ နှလုံးသားထံ တိုးဝင်လာ သည်ကို၊ လင်းယွန် ခံစား မိသည်။
ဓားရည်ရွယ် ချက်မှာ အစွမ်းထက် လွန်းသဖြင့် သွေးတွင်း အဆိပ် များက၊ ပို၍ ပြင်းထန် လာခြင်း ဖြစ်၏။
“ နတ်မိစ္ဆာ သွေး နဂါး ... ။ ”
ထိုစဉ် ရှဟိုကြွယ်က သူ၏ အပြင်းထန် ဆုံးသော တိုက်ခိုက် မှုကို ထုတ်ဖော် လာသည်။ အရိုး နဂါးက သွေးနဂါး အဖြစ် ပြောင်းလဲပြီး၊ အနက်ရောင် မြူများ ရစ်သိုင်းလျက်၊ လင်းယွန်ထံ ပြေးဝင် လာတော့၏။
သွေးနဂါး အဖြစ် ပြောင်းလဲပြီး သည်နှင့် ရှဟိုကြွယ် မျက်နှာမှာ၊ ဖြူဖျော့ သွားလေသည်။ သွေးနဂါး သွားရာ လမ်း တစ်လျောက်၊ အရာ အားလုံး အက်ကွဲ သွား၏။
ရှဟိုကြွယ် တစ်ယောက်၊ တိုက်ပွဲကို အဆုံးသတ်ရန် ကြိုးစား နေကြောင်း၊ လူတိုင်း ပြောနိုင်သည်။
“ ရွှပ် ... ။ ”
လင်းယွန်က သွေးနဂါးအား ဓားဖြင့် လှမ်းထိုးပြီး၊ ကြက်သွေးရောင် လမင်းထံ တစ်ချက် မော့ကြည့် လိုက်သည်။
“ ရွှပ် ... ။ ”
အဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ကာ၊ ကြက်သွေးရောင် လမင်း ထံသို့၊ ဓားအလင်း နှင့်၊ ပစ်ခတ် မိ၏။
“ ဝှစ် ... ။ ”
အဆိပ်က နှလုံးအား ဖုံးလွှမ်း တော့မည့် အချိန်တွင်၊ ဓား ရောင်ခြည်မှာ သွေး လမင်းအား ဖရဲသီး ကဲ့သို့၊ ထက်ခြမ်း လှီးဖြတ် သွားသည်။
ကြက်သွေးရောင် အရည်များ၊ လမင်း အတွင်းမှ မိုး အဖြစ်၊ ရွာကျ လာသည်။ ထူးထူး ဆန်းဆန်း မြင်ကွင်းကြောင့်၊ လူတိုင်း မှင်တက် နေမိ၏။
နောက်ဆုံးတွင် လမင်း အတွင်းမှ အနက်ရောင် ဖလံကြီး ထွက်ပေါ် လာကာ၊ အတောင်ပံ များကို ခတ်လိုက်သည်။
“ ဖရူး ... ။ ”
ပိုးဖလံ ကြီးက အငွေ့ အချို့ကို မှုတ်ထုတ် လိုက်ရာ၊ လေထုနှင့် လျင်မြန်စွာ ပေါင်းစပ်ပြီး အဆိပ် အဖြစ်၊ ပျံ့နှံ့ သွား၏။
“ အဲဒါ ... ဘာကောင် ကြီးလဲ၊ ရွံစရာ ကောင်း လိုက်တာ။ ”
“ ကောင်းကင် နတ်မိစ္ဆာ ပိုးဖလံ ... ။ ”
ပိုးကောင်မှာ စက်ဆုပ် ရွံရှာဖွယ် ကောင်းသဖြင့်၊ အာမေဋိတ် သံများ နှင့် အတူ၊ လူတိုင်း ပျို့အန် ကုန်တော့သည်။
“ ရွှပ် ... ။ ”
ထို့စဉ် အမည်ခံ အရိယာ ကောင်းကင်ဓား ထွက်ပေါ် လာပြီး၊ ပိုးဖလံကို ပိုင်းဖြတ် သွား၏။ ပိုးဖလံ သေဆုံး သည်နှင့်၊ လေထဲရှိ အဆိပ်များ ပျောက်ကွယ် သွားသည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန် မျက်နှာပေါ်ရှိ အမည်း အကွက်များ လျင်မြန်စွာ ပျောက်ကွယ် လာပြီး၊ မူလ အသား အရေကို ပြန်လည် ရရှိ သွားသည်။
ကျန်ရှိ နေသော အဆိပ် များကို ကြယ်စွမ်းအင် များဖြင့်၊ တွန်းထုတ် ဖယ်ရှား ပစ်လိုက်၏။
“ မင်း မလွတ်မြောက် နိုင်ပါဘူး။ ”
ကြက်သွေးရောင် လမင်းကို ဖျက်ဆီး လိုက်သော လုပ်ရပ်ကို ရှဟိုကြွယ်မှ ထိတ်လန့် အံ့ဩခြင်း မရှိပေ။
လမင်းနှင့် အလုပ်ရှုပ် နေစဉ်၊ အပြင်းထန် ဆုံးသော တိုက်ခိုက် မှုကို ထုတ်ဖော်ပြီး ဖြစ်ကာ၊ ထိုအရာက လင်းယွန်အား အနိုင် ယူရန်၊ လုံလောက် သည်ဟု ယုံကြည် မိ၏။
လင်းယွန်ကို စောင့်ကြပ် ပေးရန်၊ ငှက်ပြာ လေးများ ထွက်ပေါ်လာ သော်လည်း၊ အချိန် မမီ လိုက်ချေ။
“ ဝုန်း ... ။ ”
သွေးနဂါး ကြီးက၊ နောက်တစ်ကြိမ် လင်းယွန်အား ဝင်တိုက် လိုက်တော့သည်။ သည်မြင်ကွင်းက မရဏ သွေးလမင်း၏ တပည့် များကို၊ နဖူးမှ ချွေးများ ရွှဲလာ စေကာ၊ အသက် အောင့်မိ စေ၏။
လင်းယွန်၏ ရုပ်ခန္ဓာမှာ သန်မာ နေခဲ့ လျှင်ပင်၊ ထိုတိုက်ခိုက် မှုကို ခံယူနိုင် လိမ့်မည်ဟု မယုံကြည် ချေ။
ရှဟိုကြွယ်မှ သက်ပြင်း တစ်ချက် ချကာ၊ နောက်ဆုတ်လျက် အမောဖြေ လိုက်မိသည်။ မျက်နှာ၌ ပင်ပန်း နွမ်းနယ် မှုများက၊ ထင်ဟပ် လာ၏။
နတ်မိစ္ဆာ သွေးနဂါး ဝိညာဉ် တော်ကို ဆင့်ခေါ်ရ ခြင်းသည် မလွယ်ကူ လှသေးချေ။ သန့်ရှင်းသော သားတော် တစ်ပါး ဖြစ်သော်မှ၊ ဝှက်ဖဲများ ပိုမို လိုအပ်သည်။
ထို့ကြောင့် ဓား သူတော်စင် တောင်နှင့်၊ နတ်နဂါး ရောင်ဝါကို ခံယူရန် ၎င်းကို လုပ်ရ ပေမည်။
နှစ်ပေါင်း (၃၀၀၀) သက်တမ်း ရှိသော ဓားသူတော်စင် တောင်ကြီး၏ နောက်ကွယ်၌၊ လျှို့ဝှက် ချက်များ ရှိမည်ဟု၊ ယုံကြည်၏။
ထို့ပြင် နတ်နဂါး ရောင်ဝါ သည်လည်း၊ များစွာ တန်ကြေး ရှိလေသည်။ နဂါး အင်ပါယာ အတွက်၊ အကျိုးဆောင် ပေးသော သူရဲကောင်း များကိုသာ၊ ဆုချ ပေးသော အရာ ဖြစ်၏။
၎င်းဖြင့် သန့်စင်ခွင့် ရပါက၊ အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၏ အခြေခံ အုတ်မြစ်သည် နှစ်ဆတိုး သန်မာ လာမည် ဖြစ်၏။
ယင်းက ပင်မ နတ်ဘုရား နယ်မြေသို့ ရောက်ပါက၊ ပင်မ နတ်ဘုရား အဆင့်တွင်၊ နေရာ တစ်နေရာ ရရှိမည် ဖြစ်သည်။
သို့သော် အနိုင် ရလာဒ်ကို မကြေညာ သေးသဖြင့်၊ မျက်မှောင် ကြုတ်ကာ၊ စံအိမ် သခင်ထံ ပြန်ကြည့် လိုက် မိသည်။
“ တိုက်ပွဲ ပြီးပြီ၊ ဘာလို့ ရလာဒ်ကို မကြေငြာ သေးတာလဲ။ ”
-ဟု မေးမြန်း လိုက်၏။
ထိုမေးခွန်းကြောင့် အပျက် အစီး ပုံထဲ နစ်မြုပ် နေသော၊ လင်းယွန်ထံ ဒိုင် အဖိုးအို များက တစ်ချက် ကြည့်ကာ၊
“ စိတ်လျော့ပါ ... ၊ သူ မသေ သေးဘူး။ ”
-ဟု တုန့်ပြန် လာသည်။
“ သူ မသေတာ ငါ သိတယ်၊ ဒါပေမယ့် ... ငါနဲ့ တိုက်ဖို့ သူ့မှာ၊ ခွန်အား ရှိနေသေး တယ်လို့ ... ထင်နေကြ တာလား၊ ရလာဒ်ကို ကြေငြာပါ၊ မဟုတ်ရင် ဒီကောင်ကို၊ ငါ သတ်မိ လိမ့်မယ်။ ”
ဤပြဿနာကို မည်သို့ ဖြေရှင်းရ မည်ကို မသိကြ သဖြင့်၊ ဒိုင်အဖိုးအို များက ဆွေးနွေးမှု များ ပြုလုပ် လိုက်ကြပြီး၊ ရှဟိုကြွယ်ကို အနိုင် ပေးရန်၊ သဘောတူ လိုက်ကြသည်။
သို့သော် ရလဒ်ကို ကြေညာခါ နီးတွင်၊ ဓားရောင်ခြည် များက အပျက် အစီးပုံ အတွင်း မှ၊ တိုးထွက် လာ၏။
သည့်နောက် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော လင်းယွန်က ဖြည်းညှင်းစွာ ထရပ် လာလေသည်။
သွေးများဖြင့် ဖုံးလွှမ်း နေပြီး၊ အရေပြား ပေါ်ရှိ ခရမ်း- ရွှေရောင် ရူရ်များ ကွဲအက်ကုန် သည်။ သို့သော် ခေါင်းမော့ ပြုံးပြီး၊
“ ရှဟိုကြွယ် ... ငါဒီမှာ ရပ်နေသေး တာတောင်မှ၊ မင်းကိုယ်မင်း အနိုင်ရသူ အဖြစ် သတ်မှတ် ရဲသေး တာလား။ ”
-ဟု မေးမြန်း လိုက် တော့သည်။
ပြီးသည်နှင့် အကန့် အသတ် မရှိသော ဓားရောင်ဝါသည် သူ့ထံမှ ပေါက်ကွဲ ထွက်ပြီး ကောင်းကင် သို့တိုင် ထိုးဖောက် သွားသည်။
ဤသည်မှာ တိုက်ပွဲ စတင်ချိန် ကတည်း ကပင်၊ တိတ်တဆိတ် စုဆောင်း ထားသော ဓား စွမ်းအင်များ ဖြစ်လေသည်။
ရှဟိုကြွယ်၏ တိုက်ခိုက်မှုကို ရုပ်ခွန်အား သက်သက်ဖြင့်၊ ခုခံ နိုင်လိမ့် မည်ဟု မထင်သော ပရိသတ် များမှာ၊ အံ့အားသင့် သွားကြ၏။
ထို့အပြင် လင်းယွန် ဓားရောင်ဝါက ပို၍ သိပ်သည်း လာသည် ကိုလည်း၊ သတိထား မိလာ၏။
“ ဓားကိုင် နိုင်ရုံနဲ့ ... ၊ ငါ့ကို ... ရင်ဆိုင်နိုင် ပြီလို့၊ ထင် မနေနဲ့ ... ၊ ဒီတစ်ကြိမ် မင်းကို သတ် ပြမယ်၊ နတ်မိစ္ဆာ သွေးနဂါး ။ ”
ရှဟိုကြွယ်က ခံစားချက် မဲ့စွာဖြင့်၊ စင်ကြယ်သော ဝိညာဉ် တော်အား ထပ်မံ ဆင့်ခေါ် လိုက်သည်။
သည်ဝိညာဉ် တော်ကို ထပ်မံ အသုံးပြု ခြင်းဖြင့်၊ အခြေခံ အုတ်မြစ် ယိုင်နဲ့လာ စေမည် ဖြစ်သော်လည်း၊ ဂရု မစိုက် တော့ချေ။
သို့သော် သွေးလမင်း၏ ပံ့ပိုးမှု မရှိ သောကြောင့်၊ ဝိညာဉ် တော်သည် အနည်းငယ် အားနည်း သွား၏။
“ အလကားပဲ။ ”
လင်းယွန်က ပြုံးကာ၊ ဓားကို စတင် လွှဲခုတ် တော့သည်။
“ အနန္တဓား အဖြစ် ပေါင်းစည်းခြင်း။ ”
အပြာရောင် ငှက် (၁၃) ကောင်က၊ ဧရာမ ဓားကြီး တစ်လက် အဖြစ် ပေါင်းစပ် သွားကာ၊ တောက်ပသော အလင်းများ ထုတ်လွှတ် လာ၏။
တစ်ချိန်တည်း မှာပင်၊ အန္တရာယ် ရှိသော အသွက် အသက်များ ပျံ့လွင့် လာပြီး၊ လူတိုင်း ထိုဓားကို စိုက် မကြည့် ရဲတော့ချေ။
အပြာရောင် ဓားကို မျက်နှာမူ ထားသော၊ နတ်မိစ္ဆာ သွေးနဂါးသည် သွေးမြူများ အဖြစ်သို့၊ လျင်မြန်စွာ ပြောင်းလဲ သွားသည်။
“ ရှဟိုကြွယ် အခု ဘယ်သူ နိုင်လဲ။ ”
လင်းယွန်က ပြိုင်ဘက်ကို ခံစားချက် မဲ့စွာ မေးမြန်း လိုက်၏။ သတိထား ကြည့်မည် ဆိုက၊ လင်းယွန် လက်ဖဝါးမှ သွေးများ စီးကျကာ တုန်ယင် နေသည်ကို၊ မြင်ရမည် ဖြစ်သည်။
တိမ်လွှာဓား (၁၃) ကွက်၏ စစ်မှန်သော ဝိညာဉ်တော်ကို ဆင့်ခေါ် ပြီးနောက် လင်းယွန် ခမျာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားခြင်း ဖြစ်၏။
“ ငါ မယုံဘူး ... ။ ”
လင်းယွန်ကို ထပ်မံ တိုက်ခိုက်ရန် ရှဟိုကြွယ်မှ ပြင်လိုက်သည်။
“ ဘယ်လိုတောင် နုံအ လိုက်လဲ။ ”
လင်းယွန်က ဟစ်အော် လိုက်သည်နှင့်၊ ဓားပိုးအိမ်ရှိ ရွှေရောင် အလင်းများ လောင်ကျွမ်း သွားသည်။
မမြင် နိုင်သော လက် တစ်ဖက်ဖြင့်၊ တွန်းထုတ်နေ သကဲ့သို့၊ ရှဟိုကြွယ် ခံစား လိုက်ရ၏။
ချက်ချင်းပင် ကြမ်းပြင်ပေါ် ပြုတ်ကျ သွားပြီး၊ မည်မျှ ရုန်းကန်နေ ကာမူ၊ လင်းယွန် ရှေ့ ဒူးထောက် ကျသွား တော့သည်။
***