နတ်နဂါး ရောင်ဝါ။
Vol. 89 Ch. 1233
ဓားပိုးအိမ် အတွင်းမှ တောက်ပ အလင်းများ ဖြာကျ လာပြီး၊ နတ်မိစ္ဆာ နဂါးကို ဖျက်ဆီးကာ၊ ရှဟိုကြွယ်ကို ကြမ်းပြင်ပေါ် ပစ်ချ လိုက်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး၊ မရဏ သွေးလမင်း၏ မဟာ အကြီး အကဲမှာ၊ ပါးစပ် အဟောင်းသား ဖြစ် သွားသည်။ ရှဟိုကြွယ်ရှုံး မည်ဟု၊ မထင် ထား ခဲ့ချေ။
သို့သော် ရှဟိုကြွယ်မှာ ရှုံးနိမ့်ကြောင်း၊ ဝန်မခံ လိုသဖြင့်၊ အံကြိတ်ပြီး ကြက်သွေးရောင် ရူရ် များကို၊ ထပ်မံ သက်သွင်း လိုက်၏။
သို့သော် လင်းယွန် လက်မှ ဓားမှာ၊ သူ့ နဖူးထံသို့ ချိန်ရွယ်လာ သဖြင့်၊ ရေပုံး တစ်ပုံးနှင့် လောင်းချခံ လိုက်ရ သကဲ့သို့၊ အေးစက် သွားသည်။
“ ရှုံးနိမ့် မှုကို ဝန်ခံပါ ... ။ ”
လင်းယွန်က အေးစက်စွာ ပြော၏။ အနိုင် အရှုံး ရလာဒ် ထွက်ပေါ်နေပြီ ဖြစ်ရာ၊ ရှဟိုကြွယ် မှ လက်မခံ ပါက၊ တုံ့ဆိုင်း နေမည် မဟုတ်ချေ။
“ မင်း ... နိုင်တယ် ... ။ ”
ရှဟိုကြွယ်မှ ဝန်ခံ လိုက်၏။ ထို့ကြောင့် ပန်းသင်္ချိုင်း ဓားကို ပြန်သိမ်းကာ၊ မျက်နှာအား ဖြေလျှော့ လိုက်ပြီး၊
“ မင်း ... ငါ့ကို ဒီလောက်ထိ တွန်းပို့ နိုင်တာ မဆိုး ပါဘူး။ ”
-ဟု ပြောလိုက် သည်။
ကုန်းစွန်းယန်နှင့် ဤရှဟိုကြွယ်သည် အင်ပါရီယန် အဆင့်တွင်၊ ထိပ်တန်း (၁၀၀၀) အတွင်း၊ ဝင်နိုင်သော လူများ ဖြစ်၏။
သိုင်းပညာရပ် များ အပေါ်၊ သူတို့၏ နားလည် နိုင်မှုမှာ၊ လင်းယွန်ကို မယှဉ် နိုင်သော် မှ၊ ကျင့်ကြံမှု မြင့်မား လေသည်။
ထို့ကြောင့် ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် သို့သာ မရောက်ရှိ ထားခဲ့ ပါက၊ ၎င်းတို့အား အနိုင်ယူ နိုင်မည် မဟုတ်ချေ။
“ ငါ့ကို မင်း သနား နေစရာ မလို ပါဘူး ... ၊ အရှုံးက အရှုံးပဲ၊ ဓားတစ်ချက် မကလို့၊ ဓားကွက် တစ်ထောင် ကျမှပဲ ရှုံးရှုံး၊ ရှုံးတာက ရှုံးတာပဲ။ ”
စကားဆုံး သည်နှင့်၊ ရှဟိုကြွယ်က စင်မြင့် ပေါ်မှ ခုန်ဆင်း သွားသည်။ ထိုစကားများက မှန် သဖြင့်၊ လင်းယွန်က စကား မဆို တော့ချေ။
နတ်နဂါး ရောင်ဝါဖြင့် သန့်စင် ခွင့် မရ ပါက အနာဂါတ်တွင် သန့်ရှင်းသော သားတော် နေရာ အတွက်၊ ဒုက္ခ ရောက်ရ ပေလိမ့်မည်။
ရှုံးနိမ့်ခြင်း ဟူသည် သန့်ရှင်းသော သားတော် တစ်ပါး အတွက်၊ သေခြင်း တရား သာဖြစ် သဖြင့်၊ နောင်၌ ရှဟိုကြွယ်အား ပြန်၍ တွေ့ခွင့် ကြုံရ လိမ့်မည်ဟု မထင် တော့ချေ။
“ အနိုင် ရသူ လင်းယွန်။ ”
ဒိုင် အဖိုးအိုက ကြေညာချက် ထုတ်ပြန် လိုက်သော အခါတွင်၊ တိမ်လွှာဓား ဂိုဏ်းမှာ ပျော်ရွှင်စွာ ခုန်ပေါက် လိုက် ကြသည်။
“ ဒါက ဂျူနီယာ ညီလေး လင်းကို အပြာရောင် စံအိမ်မှာ၊ အသန်မာ ဆုံးလို့ ဆိုလို တာပဲ မဟုတ်လား။ ”
“ လင်းယွန်ရဲ့ ခွန်အားက အနည်းဆုံး အင်ပါရီယန် အဆင့်မှာ၊ ထိပ်ဆုံး (၁၀၀၀) ဝင် နိုင်ပြီ။ ”
“ ဂိုဏ်းကို သူ ရောက်လာ တုန်းက၊ အပြာရောင် စံအိမ်က ပါရမီရှင် တွေကို ယှဉ်ပြိုင် နိုင်လိမ့် မယ်လို့၊ မထင်ခဲ့ မိတာ အမှန် ပါပဲ။ ”
လင်းယွန် အမည်မှာ အနာဂတ်တွင် ကျော်ကြားလာ မည်ကို ခံစားမိ သောကြောင့်၊ ကျန်းလိချန် အပါ အဝင် အဖွဲ့ သားများ အားလုံး ကြည်နူးမှု များနှင့် ပြည့်နှက် လာသည်။
များမကြာမီ စံအိမ် သခင်က၊ သူ့ လက်အောက် ငယ်သား အချို့ ခြံရံလျက်၊ တိမ်လွှာ ဓားဂိုဏ်း ထံသို့ ရောက်ရှိ လာ၏။ သည့်နောက် ယဲ့ဇင်လင်ထံ ကြည့်ကာ၊
“ စည်းမျဉ်း အရ ... ၊ ဓား သူတော်စင် တောင်ကို၊ တိမ်လွှာဓား ဂိုဏ်းက ဆက်ပိုင်မယ်၊ ဒါ့အပြင် ကြိုးကြာ တစ်ထောင် မျှော်စင်နဲ့ ... ၊ မိုးကြိုး ကျောင်းတိုက် ပိုင်တဲ့၊ နယ်မြေတွေ ထဲက ကြိုက်ရာ တစ်ခုကို ယူနိုင် ပါတယ်။ ”
ဤတစ်ကြိမ် အဆင့် သတ်မှတ်ချက် တိုက်ပွဲသည် ဂိုဏ်း၏ အဆင့်နှင့် ပတ်သက်ရုံ သာမက၊ နယ်မြေ အသစ်များ ကိုလည်း ပိုင်ဆိုင်ခွင့် ရမည် ဖြစ်၏။
မိုးကြိုး ကေျာင်းတိုက်နှင့်၊ ကြိုးကြာ တစ်ထောင် မျှော်စင်သည်၊ ထိပ်ဆုံး သုံး နေရာ၌ မပါဝင် သောကြောင့်၊ ၎င်းတို့မှာ ဖယ်ရှားခြင်း ခံရမည် ဖြစ်သည်။
“ ဂိုဏ်းကို ပြန်ရောက်တဲ့ အခါ ... ၊ ဆုံးဖြတ်ပြီး အကြောင်း ပြန် ပါ့မယ်၊ နတ်နဂါး ရောင်ဝါကို ဘယ်တော့ သန့်စင် ရမှာလဲ။ ”
ယဲ့ဇီလင်မှ ပြန်မေး၏။
“ စိတ်မပူ ပါနဲ့၊ နတ်နဂါး ရောင်ဝါကို သန်စင်မဲ့ လူ ငါးယောက်ရဲ့ နာမည်တွေ ပေးခဲ့ပါ၊ မနက်ဖြန် လူလွှတ်ပြီး၊ ခေါ်ခိုင်း လိုက်မယ်။ ”
“ ဒီငါးယောက် ပါပဲ၊ ဟုတ်တယ် မဟုတ်လား လင်းယွန်။ ”
ယဲ့ဇီလင်က လင်းယွန်ထံ လှည့်ကြည့်ကာ သေချာအောင် ထပ်မေး လိုက်သည်။ ဤအခွင့် အရေးကို ရယူပေး ထားသော လူ သာလျှင်၊ သဘာဝ အတိုင်း ဆုံးဖြတ် ပိုင်ခွင့် ရှိချေ၏။
“ ကန့်ကွက် စရာ မရှိ ပါဘူး။ ”
ဤသို့ဖြင့် အပြာရောင် စံအိမ် နယ်မြေ၏ ကြီးကျယ် ခမ်းနားသော ပြိုင်ပွဲမှာ ပြီးဆုံး သွားခဲ့ သည်။ လင်းယွန်နှင့် ရှဟိုကြွယ် တို့၏ တိုက်ပွဲ အကြောင်းကို၊ မည်သူ မဆို အချိန် အတော်ကြာ သတိရ နေကြ ဦးမည် ဖြစ်၏။
သည့်အပြင် လင်းယွန် အမည်မှာ အရှေ့ဘက် ပျက်သုဉ်းခြင်း နယ်မြေ တခွင်၊ ပျံ့နှံ့ သွားတော့ ပေမည်။
ယင်းကို လင်းယွန်က မလို ချင်ချေ။ ကောင်းကင်ယံ ဂိုဏ်းမှ အဖိုးကြီးသာ မည်သည့် အရပ်၌၊ သူ ရှိနေ သည်ကို သိသွား ပါက လာသတ် ပေမည်။
၎င်းအန္တရာယ်ကို အစ်ကို ဖုန်းကျွယ် သို့မဟုတ်၊ ဓားဂိုဏ်း မှသာ ကာကွယ် ပေးနိုင် မည်။ သို့သော် ထိုအရေးထက်၊ ယခု အချိန်၌ နတ်နဂါး ရောင်ဝါ ကိုသာ၊ အာရုံစိုက် ရမည် ဖြစ်၏။
နောက်တစ်နေ့တွင် ယဲ့ဇီလင် ဦးဆောင်သော သူတို့ အဖွဲ့အား၊ အစီရင် တစ်ခု ထံသို့ ခေါ်ဆောင် လာသည်။
ထိုအစီရင်မှာ တည်နေရာ ရွေ့ပြောင်း အစီရင် ဖြစ်ပြီး၊ သူတို့ အဖွဲ့အား အပြာရောင် နဂါးရုံ ဘုရား တစ်ဆူ ရှေ့သို့၊ ပို့ဆောင်ပေး ခဲ့သည်။
ပေတစ်ရာ အကွာ၌ ရှိသော နဂါးရုံ ဘုရားထံမှ၊ ဓားခန်းမနှင့် တူသော ရှေးဟောင်း အရိပ် အာဝါသများ၊ ဖြာထွက် နေသည်။
“ ဒါက နတ်နဂါး မျှော်စင်ပဲ၊ နဂါး အင်ပါယာက၊ အင်ပါယာ ကြီးရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး၊ အလားတူ ဘုရားမျိုး ခွန်လွန် တခွင်မှာ၊ ဖြန့်ကျက် ထားတယ်။ ”
ယဲ့ဇီလင်မှ ရှင်းပြသည်။ ထိုစကားကို ကြားလျှင်၊ အပြာရောင် စံအိမ် သခင်က ပြုံးပြီး၊
“ မျှော်စင်ကို ... ၊ နေလ မျှော်စင်လို့ ခေါ်တယ်၊ နတ်ဘုရား လက်ရာ တစ်ပါး ပါပဲ၊ နတ်နဂါး ရောင်ဝါက၊ အဲ့ဒီ မျှော်စင်ရဲ့ ...
... အပေါ်ဆုံး ထပ်ကနေ ထွက်လာ ပေးလိမ့်မယ်၊ ဒါပေမယ့် အလွန် အကျွံ မစုပ်ယူ မိပါ စေနဲ့၊ ငါးကြိုး လောက်က၊ ...
... အင်ပါ ရီယန် နယ်ပယ်ရဲ့ ကန့်သတ်ချက်ပဲ၊ ဒီထက် ကျော်လွန်ရင်၊ ကိုယ်ခန္ဓာ ပေါက်ကွဲ နိုင်တယ်။ ”
“ အဲဒီလောက် တောင်လား ... ။ ”
ကျန်းလိချန်မှ မယုံကြည် နိုင်စွာဖြင့်၊ ပြန်မေး မိသည်။ သူ့ မေးခွန်းကြောင့် အပြာရောင် စံအိမ် သခင်က ပြုံးလိုက်ပြီး၊
“ တစ်ခါ တုန်းက ပင်မ နတ်ဘုရား တစ်ပါးက ရောင်ဝါ ကိုးကြိုးကို သန့်စင်ပြီး၊ ပေါက်ကွဲ သေဆုံး သွားခဲ့တယ်၊ ကယ်ဖို့ အချိန်တောင် မမီ လိုက်ဘူး။ ”
-ဟု ပြန်ဖြေ လာသည်။ လင်းယွန်နှင့် အဖွဲ့ ခမျာ မျက်လုံးပြူး သွား၏။
“ ကဲ ... မင်းတို့ အဆင်သင့် ဖြစ်ရင် ... ၊ ငါအခု တံဆိပ်ကို ဖွင့်ပြီး၊ ဒီမျှော်စင်မှာ စုစည်း ထားတဲ့၊ နတ်နဂါး ရောင်ဝါကို လွှတ်လိုက် တော့မယ်။ ”
ငါးယောက်သား ခေါင်းညိတ် ပြသည်ကို မြင်သည်နှင့်၊ စံအိမ် သခင်က နဂါး အင်ပါယာမှ ပေးအပ် ထားသော တံဆိပ်ကို ထုတ်ယူကာ လေထဲ မြောက်တင် လိုက်သည်။
“ ဝှစ် ... ။ ”
ထို့နောက် စွမ်းအင် အချို့ကို၊ တံဆိပ်ထံ ပစ်သွင်း လိုက်သည့်၊ အခိုက် အတန့်တွင်၊ နဂါး ဟောက်သံများ ညံ လာပြီး၊ ရွှေရောင် အလင်း များ မျှော်စင်မှ ထွက်ပေါ် လာတော့သည်။
ထိုအလင်း ထွက်ပေါ် လာ သည်နှင့်၊ သူတော်စင် နဂါး ခန္ဓာမှ၊ ဝါးမြိုလိုက် လေသည်။ ယင်းက လင်းယွန်ကို အံ့သြ သွားစေ၏။
“ ငါ ပြောတာကို သတိ ရပါ၊ အလွန် အကျွံ မကြိုးစား ပါနဲ့ ... ၊ ကောင်းကျိုးထက် ဆိုးကျိုး ပိုများ ရ လိမ့်မယ်။ ”
စံအိမ် သခင်မှ ထပ်မံ သတိပေး လာသည်။ လူတိုင်းက ခေါင်းညိတ်လျက်၊ ရွှေရောင် အလင်း များကို ဝါးမြိုရန် ထိုင်ချပြီး၊ ဓားသုတ္တန်အား ဖြန့်ချီ လိုက်ကြသည်။
လင်းယွန်မှာ အလျင် စလို မရှိဘဲ၊ ပတ်ဝန်းကျင်ရှိ ဖြစ်ရပ်ဆန်း များကို၊ အကဲခတ် နေလိုက်သည်။
“ ဝူး ... ။ ”
နတ်နဂါး ရောင်ဝါကို ဝါးမျို သည်နှင့်၊ ထိုသူအား ရစ်ခွေ ထားသော နဂါးများ ဖြစ်ပေါ် လာ၏။
၎င်းတို့ အနက် ယဲ့ဇီလင် အနားရှိ နဂါးမှာ၊ အထင်ရှား ဆုံး ဖြစ်သည်။ အခြားသူ များသည် မှုန်ဝါးပြီး၊ ကောက်ကြောင်း မျှသာ ရှိ၏။
ယင်းကြောင့် အတွေးများ သွားသည်။ သည်အတိုင်း ဆက်သွား ပါက၊ ယဲ့ဇီလင် နဂါး မှာ၊ အစစ် အမှန် တစ်ကောင် အလား၊ ထင်ရှား လာနိုင် ပေမည်။
အဆိုပါ အချင်းအရာ အရ၊ အခြား သူများထက်၊ နဂါး ကြိုးမျှဉ် ငါးချောင်းကို၊ အခက် အခဲ မရှိ၊ သန့်စင် နိုင်လိမ့် မည်ဟု အဓိပ္ပါယ် ရပေ၏။
***