ပုန်ကန်ခြင်း မည်သော ပစ်မှု။
Vol. 89 Ch. 1234
သူတော်စင် နဂါး ခန္ဓာ ကိုယ်သည်၊ လင်းယွန်မှ မထုတ်ဖော် ရဘဲ၊ သူ့ အလိုလို အသက်ဝင် လာကာ၊ နှလုံး သား၌ တောက်လောင် နေခဲ့သည်။
“ မင်း ... ဘယ်လောက် အထိ၊ ကြီးထွား နိုင်မလဲ ကြည့်ကြည့် ရအောင်။ ”
ထို့ကြောင့် ပြုံးလိုက်ပြီး၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်အား၊ စူးစမ်းလို စိတ်ဖြင့်၊ စိုက်ကြိုက် ဖြန့်ကျက်ခွင့် ပြုမိ၏။
ယခင် အကြိမ်၌ သတိလစ် သွားစဉ်၊ သွေးမီးတောက် မှော်နဂါး မူလ ကျောက်တုံးကို သန့်စင်ကာ၊ သူတော်စင် ရူရ် တစ်ရာ၊ ခန္ဓာ ကိုယ်သို့၊ ရောက်ရှိ စေခဲ့သည်။
ထို့ကြောင့် နောက်ထပ် အသွင်ပြောင်း နိုင်ဦးမည် လောဟု၊ စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်၏။
ရွှေရောင် အလင်းများ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် လာသည်နှင့် အမျှ၊ နဂါး အမှတ် အသားမှာ၊ တစ်စ တစ်စ လင်း လာသည်။
ထို့နောက်တွင် ခရမ်း- ရွှေရောင် နဂါး ရူရ်ပေါင်း (၁၀၈)လုံး လေထု အတွင်း၊ တောက်ပ လာတော့၏။
သူ့ ခန္ဓာကိုယ် အတွင်းမှ၊ နဂါး ဟောက်သံများ ပဲ့တင် ထပ်လာပြီး၊ သွေးများ ပွက်ပွက်ဆူ ကုန်သည်။
လေထု အပူချိန် မြင့်တက်လာ သဖြင့်၊ ယင်းက လက်နက် တစ်လက် သွန်းလုပ်နေ ခြင်းနှင့် တူနေ တော့၏။
ထို့အပြင် အခြားသူ များ၏ အလင်းမှာ၊ သူ့လောက် မတောက် ပကြောင်း၊ မြင်သာနိုင် သည်။
၎င်းတို့က ဓားသုတ္တန်ဖြင့် သန့်စင် နေစဉ်၊ သူ၏ သူတော်စင် နဂါး ခန္ဓာ ကိုယ်မှာ၊ အလော တကြီး စုပ်ယူ နေခဲ့၏။
များ မကြာမီ ပတ်ဝန်း ကျင်၌၊ နဂါး သုံးကောင် ဖြစ်ပေါ် လာသည်။ နဂါး များက အကြေးခွံ များဖြင့် ဖုံးလွှမ်း နေပြီး၊ မျက်လုံး များပင် တောက်ပ နေ၏။
“ ဘာဖြစ် တာလဲ။ ”
အပြာရောင် စံအိမ် နယ်မြေ၊ အကြီး အကဲ များမှာ၊ ဤ မြင်ကွင်းကြောင့်၊ အံသြ သွားကြ လေသည်။
သည်ဖြစ်စဉ်ကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်၏။ ယင်းကြောင့် နဂါး ကြိုး (၃) မျှဉ်ကို သန့်စင် ခြင်းည်၊ ထိတ်လန့် စရာ ဖြစ်လေသည်။
“ ဘာတွေ စိုးရိမ် နေတာလဲ ... ၊ ဒါက ... ဒီလောက်လည်း မဟုတ်သေး ပါဘူး။ ”
အပြာရောင် စံအိမ် သခင်မှ စိတ်ထဲတွင် တုန်လှုပ်သွား သော်လည်း၊ တည်ငြိမ်အောင် ပြင် ယူလျက်၊ နှစ်သိမ့် လိုက်၏။
လင်းယွန် မှာမူ၊ အသက် ပြင်းပြင်း ရှူလိုက် ရုံနှင့်၊ သူ့ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာ သည်ကို၊ မြင်နေ ရသည်။
ဤအခိုက် အတန့်တွင်၊ သူခန္ဓာကိုယ် အတွင်းရှိ ဆဲလ် တစ်ခု စီကို၊ ရှင်းရှင်း လင်းလင်း မြင်နိုင်၏။
ရွှေရောင် အလင်း များက၊ အရည် အဖြစ် ပေါင်းစည်းကာ၊ အပ်စိုက်မှတ် များထံ ပြေးဝင် လာနေသည်။
ကိုယ်လုံး ကိုယ်ပေါက်ကို ထိန်းချုပ် လိုက်တိုင်း၊ အတိတ်က ခံစားခဲ့ ရသော နာကျင် မှုမျိုး၊ မရှိ တော့ချေ။
ဆိုလို သည်မှာ နတ်နဂါး ရောင်ဝါသည် သန့်စင် လွန်းသဖြင့်၊ နားကျင် မှုများ မခံစား ရတော့ခြင်း ဖြစ်သည်။ စိတ်နှလုံး အတွင်း ပျော်ရွှင်မှုများ လှိုင်းထ လာ၏။
နာရီဝက် အကြာတွင် ရွှေနဂါးမှာ၊ (၉) ကောင် အထိ ဖြစ်လာပြီး၊ နဂါး တစ်ကောင်ချင်း စီမှ၊ ကြီးမြတ်သော ရောင်ဝါများ ဖြာထွက် လေသည်။
ထို့ကြောင့် လင်းယွန်၏ ရောင်ဝါမှာ၊ ဧကရာဇ်မင်း တစ်ပါး ကဲ့သို့၊ ကြီးစိုး နိုင်မှုများ လွှမ်းခြုံ နေ၏။
“ ဟမ့် ...။ ”
ယင်းက လင်းယွန်ကို ထိတ်လန့် တုန်လှုပ် စေသည်။ သူ့ သိုင်း ရည်ရွယ်ချက်မှာ၊ ဧကရာဇ် လမ်းစဉ် မဟုတ် သဖြင့်၊ ထိုရောင်ဝါမျိုး ရရှိ နိုင်စရာ အကြောင်း မရှိချေ။
ကြည့်ရ သည်မှာ၊ ထိုရောင်ဝါ အတွက်၊ နတ်နဂါး အင်ပါယာအား၊ ကျေးဇူးကြွေး တင်ရ တော့မည့် ပုံပေပင်။
“ ဒါက အရမ်း ခံစားလို့ ကောင်းတယ်။ ”
ကျန်းလိချန်မှ စိတ်လှုပ်ရှား စွာဖြင့်၊ မျက်လုံးများ ဖွင့်လာသည်။ ကြိုးမျှဉ် (၄)ချောင်း သန့်စင်ထား သောကြောင့်၊ သူ့ တစ်ကိုယ်လုံး စွမ်းအားများ၊ ပြည့်နှက် နေ၏။
၎င်းကြိုးမျှဉ် အားလုံးကို၊ သန့်စင်ရန် အတွက်၊ အနည်းဆုံး နှစ်လမှ သုံးလခန့် အချိန် ယူရ ပေမည်။
ထို့ကြောင့် နှစ်ဝက် အတွင်း၊ ပင်မ နတ်ဘုရား နယ်မြေသို့၊ တက်ရောက် နိုင်မည်ဟု ယုံကြည်၏။ တွေးကြည့် ရုံဖြင့် ပျော်ရွှင် မိသည်။
ပတ်ဝန်း ကျင်အား လှည့်ကြည့် လိုက်သော အခါ၊ ဖုန်ကျန်းနှင့် လျူချင်းယန်မှာ၊ ကြာမြင့်စွာ ကတည်း ကပင်၊ နိုးထ နေပုံ ရသည်။
နှစ်ယောက် စလုံး ပါးစပ် အဟောင်း သားဖြင့်၊ စိတ်ပျက် လက်ပျက် ဦးတည်ရာ တစ်ရပ်ထံ၊ ကြည့်နေ ကြ၏။
ကြည့်ရ သည်မှာ များစွာ အကျိုးရှိ ခဲ့ပုံ၊ မရချေ။ ယခု အချိန်ထိ၊ တပည့်ကြီး ရာထူးမှာ၊ သူ့ထံ တွင်သာ ရှိနေ ဦးမည့် ပုံ ပေပင်။
ထို့ကြောင့် အပြုံး တစ်ပွင့်ကို ဆင်မြန်းလျက်၊
“ မင်းတို့ နှစ်ယောက် ဘာကြည့် နေတာလဲ။ ”
-ဟု စကား ‘စ’ လိုက်သည်။ အခွင့်သာ ပါက၊ နှစ်သိမ့်ပေး ရပေမည်။
“ ကိုယ့်ဘာသာ ကိုယ်ကြည့် ... ။ ”
လျုချင်းယန်က သူ့အား ကျော်ကာ၊ မေးဆတ်ပြ သဖြင့်၊ လည်ပြန် လှည့်ကြည့် လိုက် မိသည်။
ရွှေနဂါး (၁၃) ကောင်က၊ အရှိန် အဟုန် ပြင်းစွာနှင့်၊ လှည့်ပတ် နေသောကြောင့်၊ ၎င်းတို့ ဗဟိုရှိ အသွင် သဏ္ဍာန်အား၊ ကောင်းစွာ မမြင် ရချေ။
“ ဒါ ... လင်းယွန် လား။ ”
ချက်ချင်းပင် မေ့လဲ ချင်လာ၏။ တစ်ဖက် လူမှာ မည်သည့် နည်းလမ်း သုံးကာ၊ သန့်စင် နေမှန်း၊ မသိနိုင် တော့ချေ။
အဆုံးတွင် အလင်းကြိုး လေးမျှဉ် သန့်စင်ရန်၊ မည်မျှ ခက်ခဲခဲ့ သည်ကို၊ သူ အသိ ဆုံး ဖြစ်သည်။
“ ဂျူနီယာ ညီလေး လင်းက၊ လူ မဟုတ် လောက်ဘူး၊ ငါသူနဲ့ ယှဉ်လို့ မရတာ ...၊ သဘာဝ ပါပဲ၊ မင်းတို့ရော ဘယ်လောက် သန့်စင် ခဲ့လဲ။ ”
“ five ... ။ ”
“ five ... ။ ”
အသံ နှစ်သံက၊ တစ်ပြိုင် နက်တည်း ထွက်ပေါ် လာသည်။ ယင်းသည် အင်ပါ ရီယန် နယ်ပယ်၊ ကန့်သတ်ချက် ဖြစ်၏။
“ အကိုကြီး၊ မင်းကော ... ။ ”
လျူချင်းယန်မှ သတိ တရနှင့်၊ ပြန်မေး လာသဖြင့်၊ ကျန်းလိချန် ခများ ထိတ်လန့် သွား မိသည်။
ထို့ကြောင့် “ မဆိုး ပါဘူး။ ” -ဟု မရေ မရာ ပြန်ဖြေ လိုက်၏။
သို့သော် သူ့ အဖြေကို၊ လျူချင်းယန် တို့မှ စိတ်မဝင် စားဘဲ၊ လင်းယွန်ထံ ပြန်လှည့်ကြည့် နေကြသည်။
“ ဘာတွေ ကြည့်နေ တာလဲ ... ။ ”
သည့်စဉ် ယဲ့ဇီလင် နိုးထ လာပြီး၊ လျှောက်လှမ်း လာလျက်မှ မေး လေသည်။ (၈) ကြိုးအထိ၊ သန့်စင်နိုင် သဖြင့်၊ သူမ မျက်ဝန်း၌ ရွှေရောင် နှင်းဆီ ပွင့်များ ဖြစ်ပေါ် နေ၏။
သူမ၏ စိတ်နေ စိတ်ထားသည် အသွင်းပြောင်း လဲပြီး၊ ပို၍ မာန ကြီးမားသော အမူရာမျိုး ထင်ဟပ် လာသည်။
“ ..... ။ ”
ဖုန်ကျန်းမှ ပြန် မဖြေဘဲ၊ မေ့ငေါ့ပြ သဖြင့်၊ လှည့်ကြည့် လိုက်ရာ၊ မျက်လုံးပြူး သွားမိသည်။ အချိန် အတော်ကြာ မှင်တက် နေပြီးနောက်၊
“ နည်းနည်းတော့ ရူးစရာ ကောင်းတယ်။ ”
-ဟု ညည်းတွား လိုက်တော့၏။
သူမ သည်ပင် ကြိုး (၈) ချောင်းကို သန့်စင်ရန်၊ မျိုးဆက်သွေး အပေါ်၊ အားကိုးခဲ့ ရသည်။ ထို့ကြောင့် လင်းယွန် မှာမူ၊ ယုတ္တိမဲ့ လွန်းချေ၏။
သူမ အကြည့်က လင်းယွန် ရင်ဘတ် ထံ၊ ကျရောက် သွားသည်။ ၎င်းမှာ သွေး မီးတောက် မှော်နဂါး သူတော်စင် ရူရ် ဖြစ်၏။
ယင်းကြောင့် လင်းယွန်၏ ခန္ဓာကိုယ်ကို သန့်စင် ပေသည့် နည်းစနစ်တွင်၊ ခိုင်မာသော ဇစ်မြစ် ရှိရ မည်ဟု၊ ကောက်ချက် ချမိသည်။
ရွှေနဂါး (၁၃) ကောင်၊ ဖြစ်တည် လာ ပြီးနောက်၊ စုပ်ယူမှု အရှိန် နှေးကွေး သွားသော် လည်း၊ ရပ်တန့် သွားမည့်၊ အရိပ် အယောင် မပြချေ။
“ ညီအစ်ကို လင်းက ... ၊ ရောင်ဝါ အားလုံးကို ဝါးမျို မှာတော့၊ မဟုတ် လောက်ဖူး မဟုတ် လား။ ”
ဖုန်ကျန်းမှ သူတွေးမိ လာသော ပြဿနာကို ရုတ်တရက် မေးချ လာသည်။
“ ညီလေး ... ၊ မင်း တကယ် နောက်တက် တာပဲ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ သူသာ နတ်နဂါး ရောင်ဝါ အားလုံးကို၊ ...
... အမှန် တကယ် ဝါးမြို ခဲ့ရင်၊ စံအိမ် သခင်ရဲ့ ဒေါသကို၊ တိမ်လွှာ ဓားဂိုဏ်း တစ်ခုလုံး ခံရ လိမ့်မယ်။ ”
သို့သော် လေးနာရီ ကုန်လွန်သွား ချိန်၌၊ ရွှေနဂါးမှာ (၁၈) ကောင် အထိ၊ တိုးလာ သဖြင့်၊ ထိုစကား ပြောခဲ့သော ကျန်းလိချန်မှာ၊ သံသယ ဝင်လာ တော့သည်။
ထို့စဉ် ရွှေနဂါးများ အားလုံး ရုတ်တရက် ပျောက်ကွယ် သွားကာ၊ အနည်းငယ် ထူသော ကြိုးမျှဉ် တစ်ချောင်း တည်းသာ ကျန်ရှိ တော့၏။
ယင်းက လင်းယွန် ရင်ဘတ်ရှိ၊ နဂါး အမှတ်အသား နှင့်၊ နေလ မျှော်စင် တို့အား တိုက်ရိုက် ချိတ်ဆက် ပေးထားသည်။
နတ်နဂါး ရောင်ဝါများ ကုန်ဆုံး သွားပြီး ဖြစ်သောကြောင့်၊ ထိုရွှေ ကြိုးမှာ မူလ ရောင်ဝါ ဖြစ်၏။
ယင်းက လူတိုင်း မျက်နှာကို၊ ချက်ချင်း ပြောင်းလဲ သွားစေကာ၊ ဖုန်ကျန်းထံ ပြန်ကြည့် မိစေသည်။
“ ညီလေး ဖုန် ... ၊ မင်း ပါးစပ်ကို သတိ ထားတာ ပိုကောင်းမယ်၊ ငါတို့ အခု ဘာဆက် လုပ်သင့်လဲ။ ”
ကျန်လိချန်မှ ဖုန်ကျန်းကို သတိ ပေးပြီး၊ ဖြစ်ပေါ် လာ နိုင်မည့် အကျိုး ဆက်များ အပေါ်၊ တွက်ဆ နေမိသည်။
“ ငါ … ဒီလိုပဲ ပြောလိုက် တာပါ။ ”
ဖုန်ကျန်း သည်လည်း၊ စိတ်မသက် မသာ ဖြစ်လာ၏။ မျှော်စင်မှ ထွက်သော ရောင်ဝါက၊ တဖြည်းဖြည်း မှိန်ဖျော့လာ သဖြင့်၊ လေထု အတွင်း အက်ကြောင်းများ ပေါ်လာသည်။
“ အစ်မ ယဲ့ ... ၊ ငါတို့ ဘာလုပ် သင့်လဲ၊ လင်းယွန်ကို နှိုးလိုက် သင့်လား။ ”
အားလုံးက ယဲ့ဇီလင်ထံ အကြံဉာဏ် တောင်းခံ လိုက်သည်။
“ ထား လိုက် ပါ ... ၊ ဒီနယ်မြေ ... မပြိုကွဲ သရွေ့၊ သူ့ကို မနှိုး ပါနဲ့ ... ၊ ဒါက သူ့ ကံကြမ္မာ ပါပဲ။ ”
ဤသည်မှာ ရှားပါးသော အခွင့် အရေး ဖြစ်ပြီး၊ လင်းယွန်၏ ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ်သည်၊ နတ်နဂါး ရောင်ဝါနှင့် လိုက်ဖက် နေပုံ ရ၏။
ယင်းက ကောင်းမွန်သော အခွင့် အရေး ဖြစ်သည်။ သို့သော် စံအိမ် သခင် အကြောင်းကို၊ တွေးမိသော အခါတွင်၊ ချွေးပျံလာ တော့၏။
ဤအခိုက်တွင် နေလ မျှော်စင် နယ်မြေ အပြင် ဘက်ရှိ၊ လူအုပ်ကြီး မှာလည်း၊ ထိတ်လန့် လာကြသည်။
“ စံအိမ် သခင် ... ၊ နေလ မျှော်စင် ပြိုကျ တော့မယ်။ ”
အကြီး အကဲများ အားလုံးက၊ စံအိမ် သခင်အား စိုးရိမ် တကြီးနှင့်၊ ပြန်ကြည့် လိုက် လေသည်။
လင်းယွန်သည် နတ်နဂါး ရောင်ဝါ အားလုံးကို ဝါးမြိုနိုင် လိမ့် မည်ဟု မည်သူမှ ထင်မည်နည်း။
သည့်ထက် ပို၍ ဆိုး သည်မှာ၊ မူလ အရင်းအမြစ် ရောင်ဝါထံ၊ ထပ်မံ ပစ်မှတ်ထား လာခြင်း ဖြစ်သည်။
နေလ မျှော်စင် ပြိုကျ ပါက၊ အင်ပါယာ ပုန်ကန်မှု ဖြစ်ကာ၊ ခေါင်းဖြတ် ခံရ ထိုက်သော ရာဇ၀တ် မှုမျိုး ဖြစ်ချေပြီ။
***