နောက်ဆုံး အသိ။
Vol. 89 Ch. 1235
နေလ မျှော်စင်သည်၊ အင်ပါယာ၏ နတ်ဘုရား လက်ရာ ဖြစ်သည်။ ဤသည်မှာ ပုံတူ မျှသာ ဖြစ် သော်လည်း၊ အင်ပါယာ၏ အာဏာကို ကိုယ်စားပြု ဆဲဖြစ်သည်။
မျှော်စင် ထိုက်ထူ ထားသော နယ်မြေကို နတ်နဂါး အင်ပါယာမှ ပိုင်ကြောင်း သိရှိ စေရန် သတိ ပေးထားခြင်း ဖြစ်၏။ အင်ပါယာ အလံဟု ဆိုက မမှားချေ။
ထို့ကြောင့် နေလ မျှော်စင် ပြိုကျခြင်း ဟူသည် ကြီးစွာသော အမှု ဖြစ်လေသည်။ စံအိမ် သခင်က၊
“ ငါနဲ့ လိုက်ခဲ့၊ သူ့ကို နှိုးပြီး နတ်နဂါး ရောင်ဝါကို ပြန်ထုတ်ခိုင်း ရုံက လွဲလို့ ငါတို့မှာ ရွေးချယ် စရာ မရှိ တော့ဘူး။ ”
သဘော တရား အရ လင်းယွန်မှာ၊ စည်းကမ်း များကို မချိုးဖောက် ခဲ့ပေ။ သို့သော် မျှော်စင်မှာ ပြိုကျလု နီးနေပြီ ဖြစ်သည်။
ယခင် အချိန် များ၌ မည်သူ မဆို ကိုးမျှဉ်ထက် ပို၍ သန့်စင် နိုင်ခြင်း မရှိချေ။ ထို့ကြောင့် ကန့်သတ်ချက်များ မထားခဲ့ သည်မှာ၊ သဘာဝ ဖြစ်၏။
အင်ပါရီယန် နယ်ပယ်ဖြင့်၊ နတ်နဂါး ရောင်ဝါ (၁၈) မျှဉ်ကို သန့်စင် နိုင်သော လင်းယွန် ကဲ့သို့ လူမျိုး မရှိ ခဲ့ချေ။
“ ရပ် ... ။ ”
သူတို့ ပျံသန်း ခါနီးတွင်၊ လူရိပ် တစ်ရိပ်မှ ဟန့်တား လာသည်။ ထို့ကြောင့် စံအိမ် သခင်က စိတ်ရှုပ် ထွေးသော အသွင်ဖြင့်၊ ထိုလူကို ပြန် ကြည့်၏။
ဟန့်တားလာ သူ၏ အသွင်ကို မြင်သော အခါတွင်၊ ချက်ချင်း မျက်နှာ ပြောင်းလဲ သွားပြီး၊
“ သခင်ငယ် လော ... ။ ”
-ဟု အံ့ဩစွာ ခေါ်လိုက် မိ၏။
“ ဟုတ်တယ် ... ငါပဲ။ ”
“ သခင်ငယ် လောက ... ၊ တိမ်လွှာဓား ဂိုဏ်းနဲ့၊ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိနေ ပေမယ့် ... ၊ ဒါက ပြဿနာပါ၊ သူက ဒီလိုသာ ဆက်သွား နေရင်၊ နေလ မျှော်စင် ပြိုကျသွား လိမ့်မယ်။ ”
စံအိမ် သခင်မှာ လောဟွာ မည်သူ ဖြစ်သည်ကို သိသောကြောင့်၊ ရိုင်းရိုင်း စိုင်းစိုင်း မဆက်ဆံ ဝံချေ။ သူ စော်ကား နိုင်သော လူ မဟုတ်ကြောင်း သိ၏။
“ ပြိုကျမှာ မဟုတ် ပါဘူး ... ၊ ကျခဲ့ ရင်တောင် ... ၊ ငါ တာဝန် ယူမယ်။ ”
လောဟွာမှ ပြောလိုက်သည်။ သူမ စကားကြောင့် စံအိမ် သခင်မှာ၊ တိတ်ဆိတ် သွားတော့သည်။
ထိုအဖြစ်ကို မသိသော လင်းယွန်မှာ၊ နတ်နဂါး ရောင်ဝါကို သန့်စင်လိုက် သည်နှင့် အမျှ၊ သူ့ခန္ဓာကိုယ် မျက်နှာပြင် ပေါ်ရှိ၊ ခရမ်း ရွှေရောင် ရူရ်များ၊ နှစ်ရာ နီးပါး အထိ၊ တိုးပွား လာသည်အား၊ ကျေနပ် နေမိသည်။
ယခင်က နဂါး သွေးရည် ကြည်ကို သန့်စင် ခြင်းဖြင့်၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်အား ပဉ္စမ အဆင့်သို့ မြှင့်တင် နိုင်ခဲ့၏။ နေ့ဝက် အတွင်း၊ လက်ရှိ တိုးတက် မှုမှာ၊ မယုံ နိုင်စရာ ပေပင်။
“ စိတ်လှုပ်ရှား စရာပဲ ... ၊ နဂါး ရူရ် (၂၀၀) ဆိုတော့ ... ၊ ဓား မဆွဲဘဲ ရှဟိုကြွယ်ကို အနိုင်ယူ နိုင်ပြီ။ ”
ထိုအကြောင်းကို လူအများ သိပါလျှင်၊ မည်သို့ ဖြစ်လာ မည်အား မသိနိုင် သော်လည်း၊ လင်းယွန်မှာ ထပ်မတွေး တော့ဘဲ၊ ခေါင်းထဲမှ ထုတ်လိုက် သည်။
နဂါး ရူရ် အရေ အတွက်၊ တိုးလာ သည်နှင့် အမျှ၊ သူတော်စင် နဂါး ခန္ဓာမှာ ပို၍ အသက်ဝင် လာ၏။
နဂါး အရိုး အစစ်ကို ခရမ်းငယ်ထံ ပေးခဲ့ ခြင်းမှာ၊ များစွာ နစ်နာ လှသည်။ မဟုတ်သော် နတ် ရူရ်ကို ကောက်ကြောင်း ဖွဲ့ နိုင်မည် ဖြစ်သည်။
သွေးမီးတောက် မှော်နဂါး ရူရ် သည်လည်း မဆိုးချေ။ ၎င်းမှာ သူတော်စင် ရူရ် တစ်လုံးဖြစ် သဖြင့်၊ နတ် ရူရ်နှင့် မယှဉ်နိုင် သော်လည်း၊ သူတော်စင် ရူရ်များ၌၊ ပြိုင်ဘက် ကင်း၏။
နတ် ရူရ်သာ ဖြစ်လာ ခဲ့ပါက၊ လက်ရှိ ကိုယ်လုံး ကိုယ်ပေါက်သည် ရူရ် ရာဂဏန်း သူတော်စင် လက်ရာ များကို၊ ဖြတ်ကျော် နိုင်မည် ဖြစ်သည်။
“ ခရစ် ... ။ ”
နဂါး ရောင်ဝါများ ဆက်လက် စီးဝင် လာသည်နှင့် အမျှ၊ နယ်မြေ အတွင်းရှိ လေဟာ နယ်၌၊ အက်ကြောင်းများ ပို၍ ကြီးမား လာ၏။
တစ်ချိန် တည်းမှာပင်၊ သူ့ပတ်ဝန်း ကျင်ရှိ ရွှေနဂါး အရေ အတွက်မှာ၊ (၂၃) ကောင် အထိ တိုးလာ ခဲ့သည်။
ရွှေရောင် အလင်းမှုန် များက၊ စူးရှလွန်း သဖြင့်၊ လင်းယွန်ကို ယဲ့ဇီလင် တို့မှ မမြင်နိုင် တော့ချေ။
“ သွား ရ အောင် ၊ ငါတို့ ဒီမှာ ဆက်နေလို့ မရ တော့ဘူး။ ”
မမြင် နိုင်တော့ သော်လည်း၊ စွန့်ထုတ် ထားသော ရောင်ဝါ အရ၊ မည်မျှ ထိတ်လန့် စရာ ကောင်း မည်ကို၊ ခံစား နိုင်သည်။
“ အဆင်ပြေ ပါ့မလား ... ။ ”
ဖုန်းကျွယ်မှ မေး၏။
“ စိတ် မပူနဲ့ ... ၊ သူ့ ကိုယ်လုံး ကိုယ်ပေါက်က၊ ခံနိုင်ရည် ရှိတယ်။ ”
ယဲ့ဇီလင်မှ ပြန်ဖြေ လိုက်သည်။ ယင်းမှာ မှန်သော စကားများ ဖြစ်သည်။ လင်းယွန်အား သူမ စိတ် မပူချေ။
ဤလူငယ်သည် မဖြစ် နိုင်လျှင်၊ သူ့ အသက်ကို၊ အဆုံးရှုံး ခံမည် မဟုတ်ကြောင်း နားလည် ထားသည်။
အသက်နှင့် သေခြင်း ဆိုင်ရာ၊ အတွေ့ အကြုံ များမှာ၊ သူတို့ အားလုံး ထက်ပင်၊ ပို၍ တွေ့ကြုံ ခံစား ဖူး၏။
တစ်ဖက်တွင် နေလ မျှော်စင် ပြိုကျခဲ့ ရှိသော်၊ နှင်း သူတော်စင် မိသားစုမှ၊ ဆင်းသက် လာသည် ဟူသော၊ သူမ၏ အထောက် အထားကို၊ အသုံပြု ရပေမည်။
ထို့ကြောင့် ဤနယ်မြေမှ ထွက်ကာ၊ စံအိမ် သခင်နှင့် တွေ့ရန် လိုချေပြီ။ တိမ်လွှာ ဓားဂိုဏ်း အနေဖြင့် စံအိမ် သခင် အပေါ်၊ သက်ရောက်မှု မရှိနိုင် သော်လည်း၊ ရှေးဟောင်း သူတော်စင် မျိုးနွယ်သည်၊ ချွင်းချက် ဖြစ်၏။
လင်းယွန်မှာ အထက်ပါ အချင်း အရာ များကို၊ မသိချေ။ ရုပ်ခန္ဓာ ကန့်သတ်ချက်ကို၊ မရောက် သေး သည်သာ သူ သိသည်။
နဂါး ရူရ် များက တဖျပ်ဖျပ် တောက်ပ လာပြီး၊ နတ်နဂါး ရောင်ဝါ စီးဝင် နှုန်းမှာ၊ သိသိ သာသာ နှေးကွေး သွားသည်။
“ ကုန်ပြီလား၊ ဒီပမာဏ လောက်ဆို၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို ဆဋ္ဌမ အဆင့် တက်လှမ်း နိုင်သင့်တယ်။ ”
သုံးရက် အကြာတွင် ဆဋ္ဌမ အဆင့်သို့ ဝင်ရောက် နိုင်ခဲ့၏။ ခရမ်း ရွှေရောင် နဂါး ရူရ် များက၊ အရေ အတွက် (၃၀၀) ဖြစ်လာသည်။
မျက်လုံး ဖွင့်ကြည့် လိုက်သော အခါတွင်၊ သူ့မျက်လုံးများ တောက်ပ လာပြီး၊ ရွှေရောင် အလင်းများ ပြေးထွက် သွားသည်။
“ သူတော်စင် နဂါး ချပ်ဝတ်။ ”
ခရမ်း ရွှေရောင် နဂါး ရူရ် (၃၀၀) လောင်ကျွမ်း သွားသဖြင့်၊ လင်းယွန်၏ နဂါး အမှတ် အသားမှာ နှလုံးသားကို ဖုံးအုပ် သွားသည်။
“ ဖျစ် ... ။ ”
ခန္ဓာ ကိုယ်သည် ခရမ်း ရွှေအိုရောင် ဖြစ်လာပြီး၊ ကြက်သွေးရောင် မီးလျှံများ ရုတ်တရက် တောက်လောင် လာ၏။
သွေးသား စွမ်းအင်မှာ ကြောက်မက်ဖွယ် ကောင်းသော အဟုန်ဖြင့်၊ ပြင်းစွာ လောင်ကျွမ်း တော့သည်။
မီးတောက်များ ကန့်သတ်ချက် ရောက်ရှိသော အခါ၊ သူ့ကိုယ် ပေါ်ရှိ ခရမ်း ရွှေရောင် နဂါး ရူရ် များက၊ သတ္တု ချပ်ဝတ် တစ်ထည် အဖြစ်၊ ထွက်ပေါ် လာ၏။
“ နောက်ဆုံးတော့ ချပ်ဝတ်ကို၊ ငါ ပြန်ခေါ် နိုင်ပြီ။ ”
ချပ်ဝတ်ကို ကြည့်ပြီး၊ ခံစားချက် အပြည့်နှင့် ပြုံးလိုက်သည်။ ဤချပ်ဝတ်မှာ စစ်မက် နယ်မြေ သခင်ငယ် ဆယ်ပါးကို တိုက်ခိုက် ရာ၌၊ မည်မျှ အားကောင်း ခဲ့သည်အား၊ မှတ်မိ နေသေး၏။
နဂါး အရိုးကို ခရမ်းငယ်ထံ ပေးကမ်း ပြီးနောက်၊ နတ်ရူရ် မရှိ တော့သည် ဖြစ်ရာ၊ ၎င်းအား ဆင့်ခေါ် နိုင်ခြင်း၊ မရှိ ခဲ့ချေ။
ယခုတွင် သူတော်စင် နဂါး ခန္ဓာ ကိုယ်မှာ၊ ဆဌမ အဆင့်သို့ ရောက်ရှိ သွား သောကြောင့်၊ သွေးမီးတောက် မှော်နဂါး ရူရ်မှ၊ အသွင်ပြောင်း လာပြီး၊ ပြန်ခေါ် နိုင်ခဲ့သည်။
ဤချပ်ဝတ်ဖြင့် နောင်တွင် နယ်ပယ်တူ ပါရမီရှင် လူငယ် (၁၀) ဦးအား၊ အခက် အခဲ မရှိ တိုက်ခိုက် နိုင်တော့မည် ဖြစ်သည်။
တိုက်ပွဲဝင် ချပ်ဝတ် စစ်စစ် မဟုတ် သောကြောင့်၊ ခွန်အားကို မြှင့်တင် ပေးနိုင်ခြင်း မရှိ သော်လည်း၊ ခံနိုင်ရည် တိုးစေ၏။
သူ့ခန္ဓာကိုယ် အတွင်း၊ အရှိန် အဟုန် ပြင်းစွာ၊ စီးဆင်း နေသော သွေးသား စွမ်းအင် များကို၊ သတိပြု မိကာ ပြုံးလိုက် မိသည်။
နဂါး ရောင်ဝါမှ ရရှိသော အကျိုး ကျေးဇူး များသည် သူ့ စိတ်ကူးထက် များစွာ ကျော်လွန် သွားခဲ့၏။
ဤရိတ်သိမ်းမှုသည် လျှပ်စီး တိမ်လွှာဓား ဂိုဏ်းတွင်၊ ခြောက်လကြာ ကျင့်ကြံ အားထုတ် ခြင်းနှင့် ညီ၏။
ထို့ပြင် မည်သည့် ဘေးထွက် ဆိုးကျိုးမျှ၊ မရှိချေ။ ရှဟိုကြွယ်နှင့် ထပ်မံ တိုက်ခိုက်ရ ပါက၊ ဆယ်ကြိမ် အတွင်း အနိုင်ယူ နိုင်မည် ဖြစ်သည်။
နဂါး ရူရ် များကို သူ့ ခန္ဓာကိုယ် ထဲသို့ ပြန်ခေါ် လိုက်၏။ သို့သော် ပတ်ဝန်း ကျင်၌၊ ရွှေမှုန်များ ရစ်သိုင်း နေသေးသည်။
“ နောက်ဆုံးတော့ မင်း ထွက်လာပြီ။ ”
နယ်မြေကို စောင့်ကြည့််ရန်၊ တာဝန်ယူ ထားရသည့်၊ အစောင့် နှစ်ဦးမှ လှမ်းပြောသည်။ ဤလူငယ်မှာ နယ်မြေ အတွင်း အချိန်ကြာ နေပြီ ဖြစ်သည်။
ထွက်ခွာ လာရာ လမ်း တစ်လျှောက် အစောင့် များက သူ့ကို စိုက်ကြည့် လာ သဖြင့်၊ လင်းယွန် ခမျာ သံသယ ဝင်မိသည်။
“ ဒါဆို ... မင်းက လင်းယွန်ပေါ့။ ”
အဆုံးတွင် ကနဦး ပင်မ နတ်ဘုရား၊ သင်းထောက် တစ်ဦးသည်၊ သူ့အား ရန်လိုစွာ ငေါက်ငမ်း လာ၏။
“ ဝှစ် ... ။ ”
ပြီးနောက် လင်းယွန်ကို သင်ခန်းစာ သင်ပေးရန်၊ သူ့လက်အား ဆန့်တန်း လိုက် လေသည်။
သို့သော် အနား မရောက်ခင် မှာပင်၊ လင်းယွန် ခန္ဓာ ကိုယ်မှ ရွှေရောင်များ တောက်ပ လာပြီး၊ သင်းထောက်အား ပြန်တွန်း ထုတ်၏။
“ တောင်းပန် ပါတယ် ... ၊ မင်းကို ငါ မသိဘူး။ ”
လင်းယွန်မှ ပြုံးလျက် ပြောလိုက်ရာ၊ သင်းထောက်မှ ရှက် ဒေါသဖြင့်၊
“ ထွက်သွားစမ်း။ ”
-ဟု မောင်းထုတ် လာ၏။
ဆက်၍ ထွက်ခွာ လာစဉ်၊ လူတိုင်း ထံမှ ထူးဆန်းသော အကြည့်များကို၊ လက်ခံ ရရှိလာ သဖြင့်၊ စိတ်ရှုပ် သွားသည်။
အပြာရောင် စံအိမ် သခင် အပါ အတွင်၊ ၎င်း၏ အဖွဲ့ဝင် တိုင်းမှ၊ သူ့အား အကောင်လိုက် ဝါးစားချင် နေပုံ ရ၏။
ထိုလူများ၏ အကြည့်မှာ၊ သူတို့ ဘိုးဘေး သင်္ချိုင်းကို၊ ဖောက်ထွင်း ဝင်ရောက် လာသူအား မြင်လိုက် ရ သကဲ့သို့၊ မုန်းတီးမှုများ ပြည့်နှက် နေလေသည်။
ယဲ့ဇီလင်က အဖွဲ့ကို ဦးဆောင်ပြီး၊ သူ့ အနားရောက် လာကာ၊ မေးခွန်းများ မထုတ်မိ စေရန်၊ မျက်စိဖြင့် အချက် ပြ၏။
“ လာ ... ငါတို့ အပြင်မှာ၊ စကားပြော ရအောင်။ ”
သည့်နောက် ခပ်တိုးတိုး ဆိုကာ လင်းယွန်ကို ခေါ်ထုတ် လိုက်သည်။
“ သူတို့က ဘာဖြစ် နေတာလဲ၊ သူတို့ ဘိုးဘေး တွေရဲ့ သင်္ချိုင်းကို၊ ဖောက်ထွင်းခဲ့ သူလို၊ ငါ့ကို ကြည့်နေတယ်။ ”
“ နင် ... နတ်နဂါး ရောင်ဝါ ဘယ်နှကြိုး သန့်စင် ခဲ့လဲ။ ”
ယဲ့ဇီလင်မှ ပြန် မဖြေဘဲ၊ မေးခွန်းထုတ် လိုက်သည်။ လင်းယွန်မှ အနည်းငယ် စဉ်းစား ပြီး၊ ငြိမ်သက် သွား၏။
အဆုံးတွင် ရွှေရောင် အရည် တစ်စက် အဖြစ်၊ ဝင်ရောက် လာသည် ကိုသာ၊ သတိ ပြန်ရ မိသည်။
“ (၇၂) ကြိုး ... ၊ ဒါက နေလ မျှော်စင်ကို ပြိုကျ လု နီးနီးပဲ။ ”
ထိုစကား ကြားချိန်၌၊ လင်းယွန် တစ်ယောက် အဆင် မပြေသော အပြုံးကို ထုတ်ဖော်လျက်၊ တုန်လှုပ် သွား မိသည်။
ဤအခိုက်တွင် လမ်း တစ်လျှောက် ရန်လိုနေသော အကြည့်များ အပေါ်၊ နားလည် လာမိ တော့သည်။
ကိုယ့်အိုး ကိုယ်အိမ်ကို လာဖြိုသော လူတစ်ယောက်အား မည်သူမျှ၊ ပြုံး၍ ကြိုဆို နေမည် မဟုတ်ချေ။
***