ကျန့်ကျန်းရှန်။
Vol. 89 Ch. 1236
သူဆို လျှင်လည်း မခံ နိုင်ချေ။ နေလ မျှော်စင် ပျိုကျ ပါက အကျိုးဆက် မည်မျှ ပြင်း မည်ကို သိသည်။
အရေး အကြီး ဆုံးမှာ နတ်နဂါး ကြိုးမျှဉ် (၇၂)မျှဉ် တိတိကို ဝါးမြိုခြင်း ဖြစ်သည်။ ဆိုလို သည်မှာ သင်းထောက် များနှင့် အကြီးအကဲ များ အတွက်၊ အချိန် အတော်ကြာ၊ အရင်း အမြစ် ပျက်လပ် နေပေမည်။ မှားမှန်း သိသော ကြောင့်၊ ခေါင်းကုတ် လိုက် မိသည်။
နတ်နဂါး ရောင်ဝါ တစ်မျှဉ် တစ်လေမျှ ပြန်ထုတ်ပေး ခဲ့ရမည် လောဟု တွေးမိ လာ၏။ ၎င်းတို့ အားလုံးကို မသန့်စင် ခဲ့သဖြင့်၊ ယင်းက အဆင်ပြေ နိုင်မည်။
သူ့ အတွေးကို ပြောပြ လိုက်ချိန်၌ ယဲ့ဇီလင်က ခေါင်းယမ်း လိုက်ပြီး၊
“ မလိုဘူး ... ၊ လောဟွာက နင့်အတွက် တာဝန်ယူ ပေးလိမ့်မယ်။ ”
-ဟု ပြောလာသည်။
ယင်းက နတ်နဂါး အငွေ့ အသက် အားလုံးကို စုပ်ယူ ပြီးနောက်၊ ထွက်ခွာခွင့် ရခဲ့သည့် အကြောင်းရင်း လည်း ဖြစ်၏။
ရုတ်တရက် ဓားညီလာခံတွင် သူ့အား ကူညီခဲ့သည့် မြင်ကွင်းကို၊ ပြန်မြင် လာသည်။ စိတ်နေ စိတ်ထား အရ၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ (၉) ဦးကို၊ သတ်ပစ် နိုင်မည်။
အမျိုး သမီး တစ်ယောက်၏ ကာကွယ် ပေးခြင်း ခံနေ ရသည့်၊ ယောက်ျား တစ်ယောက် အဖြစ် ခံစား လာရပြီး၊ သူ့ကိုယ်သူ အသုံး မဝင်ဟု၊ ထင်မြင် လာမိသည်။
“ နေလ မျှော်စင်က ပြိုကျမဲ့ အရိပ် အယောင်ပြ လာလို့၊ စံအိမ် သခင်တောင် သတိ လစ် တော့မယ်၊ ဒါပေမယ့် ...
... လောဟွာက သင်္ကေတ တစ်ခုကို ထုတ်ယူပြီး၊ ပြလိုက် တော့မှသာ၊ မျှော်စင်က ပြန်လည် တည်ငြိမ် သွားတာ။ ”
လျူချင်းယန်မှ စိတ် လှုပ်ရှားစွာ ဝင်ရောက် ပြောဆို လာသည်။ တစ်ဖက်တွင် ဖုန်ကျန်းနှင့် ကျန်းလိချန်မှာ ကြောက်ရွံ့ နေကြတုန်း ပေပင်။
“ ဘာ တံဆိပ်လဲ ... ။ ”
လင်းယွန်မှ မေး၏။
“ ဒါတော့ ... ငါလည်း ရှင်းရှင်း လင်းလင်း မမြင်လိုက် ရဘူး၊ အဲဒီတုန်းက အရမ်း စိုးရိမ်နေ မိတာ၊ အစ်မယဲ့ ကတော့ ဒါကို မြင်ခဲ့မယ် ထင်တယ်။ ”
ထိုစဉ်က ယဲ့ဇီလင် တစ်ယောက် ၎င်းအား မြင်ပြီး၊ မျက်နှာ ပြောင်းလဲ သွားသည်ကို၊ သူတို့ သတိ ထားမိ လိုက်သည်။
လျူချင်းယန် စကားကြောင့်၊ ယဲ့ဇီလင်မှာ အဝေးသို့ ငေးနေရာမှ လင်းယွန်ထံ ပြန်လှည့် ကြည့်ပြီး၊
“ အင်ပါယာ ... ။ ”
-ဟု ပြောပြ လာတော့သည်။
“ သူ လော မိသားစုက မဟုတ်ဘူး၊ လော မိသားစု ကသာဆို ... ဒီတံဆိပ်မျိုး ... ၊ အသုံးပြု နိုင်မဲ့၊ နည်းလမ်း မရှိဘူး။ ”
“ အခု ... သူ ဘယ်မှာလဲ။ ”
လင်းယွန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေး လိုက်သည်။
“ ငါ တို့ကို ဂိုဏ်းဆီ အရင် ပြန်ခိုင်း ထားတယ်။ ”
ဖုန်ကျန်းမှ ဝင်ပြောသည်။ မူလ နဂါး ရောင်ဝါပင် ကုန်ဆုံး သွား သဖြင့်၊ ဤအရှုပ်ကို ရှင်းရန်၊ သူမ အချိန် ပေးရမည် ဖြစ်သည်။
ထိုစကားကို ကြားသော အခါ သူမထံ အကြွေး များစွာ တင်လာပြီ ဖြစ်ကြောင်း၊ သိ လိုက် ရသည်။ အသက် ပြင်းပြင်း ရှူလျက် ငြိမ်နေ လိုက် မိ၏။
လူတိုင်း တိတ်ဆိတ် သွားစဉ်၊ ယဲ့ဇီလင်နှင့် ဝမ်ယုဝါ၏ အကြည့် များက လင်းယွန် ပေါ်သို့ ကျဆင်း လာသည်။ ၎င်းတို့ကြား ဇာတ်လမ်း တစ်ပုဒ် ရှိမည်ကို၊ သူတို့ ပြောနိုင်၏။
နက်ရှိုင်းသော ပတ်သတ်မှု မျိုးသာ မရှိထား ပါက၊ လောဟွာ ကဲ့သို့ အမျိုး သမီး တစ်ဦးသည်၊ သူစိမ်း တစ်ယောက် အပေါ်၊ သည်မျှ အာရုံစိုက်နေစရာ အကြောင်း မရှိချေ။
အချိန် အတော်ကြာ ပြီးနောက် လင်းယွန်က ခေါင်းကို မော့ကာ ပြုံးလျက်၊
“ သွား ရ အောင် ... ။ ”
-ဟု ဆိုလိုက် တော့သည်။
ထွက်ခွာ နီး အချိန်တွင်၊ နောက်ပြန် လှည့်ကြည့်ပြီး အံကြိတ် မိ၏။ တစ်နေ့ ခွန်လွန် ထိပ်၌ ရပ်မည်၊ ဟူသော ကတိကို ပြန်ပြောင်း သတိ ရလာ မိသည်။
ငါးရက် အကြာတွင် လျှပ်စီး တိမ်လွှာဓား ဂိုဏ်းသို့ ပြန်လည် ရောက်ရှိ လာသည်။ အဆင့် သတ်မှတ်ချက် တိုက်ပွဲ ရလဒ်ကို၊ ဂိုဏ်းမှ သိရှိပြီး ဖြစ်သဖြင့်၊ ခမ်းနားစွာ ကြိုဆို၏။
အထူး သဖြင့် ဂိုဏ်း၏ အကျိုးကို ဆောင်ခဲ့သော လင်းယွန် ပေါ်လာသော အခါ တွင်၊ အားပေး သံများ ပို၍ ကျယ်လောင် လာသည်။
အလားတူ မြင်ကွင်းမျိုး ကောင်းကင်ဘုံ ဓားနန်းတော်၌ ကြုံဖူး သဖြင့်၊ လင်းယွန် ခမျာ လွမ်းမော သွားသည်။
“ ငါ ... ဂိုဏ်းချုပ်ကို တွေ့ရ ဦးမယ်၊ မင်း ... လိုက်ဦး မလား။ ”
လျှပ်စီး တစ်ထောင် ဓားကို ပြန်ပေး ရဦး မည်မို့၊ လင်းယွန်မှ ယဲ့ဇီလင်အား မေးလိုက်၏။ ခေါင်းယမ်းလျက် ယဲ့ဇီလင်မှ တုန့်ပြန် လာသည်။
သူမ မျက်နှာတွင် စိတ်ပျက်သော အရိပ် အယောင်များ ရှိနေ ခဲ့သည်။ သူမ အဖေ အမြင် ၌ အဆင့်သတ် မှတ်ချက် ပြိုင်ပွဲမှာ၊ အဓိပ္ပါယ် ရှိပုံ မရချေ။
အဖေနှင့် သမီးကြား သဘောထား ကွဲလွဲမှုများ ရှိသဖြင့်၊ လင်းယွန်က ခေါင်းညိတ် ပြပြီး၊ ထွက်ခွာ လာမိသည်။
“ လင်းယွန် ကျေးဇူး တင်ပါတယ်။ ”
“ အဆင်ပြေ ပါတယ်၊ ငါ မင်းကို သဘောကျတယ်၊ ဒါပေမယ့် အဲ့ဒီ သဘော မဟုတ်ဘူး ... ။ ”
ယဲ့ဇီလင် အသံက နောက်ပါးမှ၊ လိုက်ပါ လာသဖြင့်၊ ပြုံးလျက် လှည့်မကြည့် တော့ဘဲ၊ ပြန်အော် လိုက်သည်။
“ ဒီကောင်က ... အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
လင်းယွန် နောက်ကျောကို ကြည့်ပြီး၊ တင်းမာ နေသော သူမ အသွင်မှာ၊ အနည်းငယ် ပြေလျော့ သွားသည်။
ဤမြင်ကွင်းက တိမ်လွှာဓား ဂိုဏ်း၏ တပည့်များ အားလုံးကို၊ မနာလို စိတ်များ ဝင်ရောက် လာစေ၏။
“ အဟဲ ... ၊ အခု တကယ် စိတ်ဝင်စား လာပြီလား၊ ဒါပေမယ့် စီနီယာ အစ်မ လောကို အနိုင် ယူဖို့၊ ယုံကြည်မှု မရှိဖူး လို့တော့ ... မပြောနဲ့။ ”
ဝမ်ယုဝါက အပြုံးနှင့် ပြောလာသည်။ ယင်းစကားကြောင့် ယဲ့ဇီလင်မှာ နှာခေါင်းကို လက်ဖြင့် ပွတ်သပ် လိုက်ပြီး၊
“ နင်က ... ပိုပိုပြီး တုံးလာပြီ၊ ငါပြောတဲ့ စိတ်ဝင်စား စရာဆို တာက၊ အဲ့လို သဘောမျိုး မဟုတ်ဘူး၊ ဒီကောင် ...
... ဆွဲဆောင်မှု ရှိတယ် ဆိုတာ ကိုတော့ ဝန်ခံပါတယ်၊ ဒါပေမယ့် သူထက် ရင်ခုန် စရာ ကောင်းတဲ့၊ လူ တချို့လည်း ရှိပါ သေးတယ်။ ”
ပန်း သင်္ချိုင်းနှင့် လင်းယွန်တို့ နှစ်ဦး စလုံးသည် သူမ အတွက် အရေးပါ သူများ ဖြစ်သည်။
ယနေ့ အဖြစ် အပျက်များ အပြီး၌၊ သူမ နှလုံးသားမှာ ပန်းသင်္ချိုင်း နှင့်သာ သက်ဆိုင် ကြောင်း၊ သေချာ လာခဲ့၏။
ထိုစဉ်က နှစ်ပေါင်းများစွာ အေးစက် နေသော နှလုံးသားကို ပန်းသင်္ချိုင်းမှ ပူနွေးစေ ခဲ့သည်။
လင်းယွန် မှာမူ ယုံယုံ ကြည်ကြည်နှင့် ကေျာချင်း ကပ်ထား၍ ရသော သူငယ်ချင်းမျိုး ဖြစ်၏။ လိုအပ် ပါက တစ်ဦးကို တစ်ဦး အသက် ပေးရန်ပင် ဆန္ဒ ရှိကြသည်။
ပင်မ ခန်းမ တစ်နေရာတွင်။ ဂိုဏ်းချုပ်မှာ မျက်နှာ ပေါ်ရှိ ပျော်ရွှင်မှုကို ဖုံးကွယ် မထားနိုင် တော့ချေ။ လျှပ်စီး တစ်ထောင် ဓားကို ပြုံးကာ ကြည့်နေသည်။
“ အဖိုးကြီး၊ မင်းရဲ့ အပြုံးက စိတ်ပျက် စရာပဲ။ ”
ဤဓားကို ရယူ ရာ၌၊ သူ့ အသက်ကို ပေးရလု နီးပါး ပေပင်။ ထို့ကြောင့် ယခု ကဲ့သို့ ဓားကိုသာ ကြည့်နေ ခြင်းသည် ခံရ ခက်စေ၏။
“ အရမ်း ပျော်တယ် ... ၊ ကောင်းကင် မြို့တော်က အဖိုး ကြီးတောင် ... ၊ ကူကယ် ရာမဲ့ သွားလိမ့် မယ်လို့၊ မမျှော်လင့် ထား မိဘူး၊ ဟား ဟား ဟား၊ ဘယ်လောက် တောင် ကျေနပ် စရာ ကောင်းလိုက်လဲ။ ”
ထို့နောက် လင်းယွန် နဖူးထံ လှည့်ကြည့်ကာ မုတ်ဆိတ်မွေး များကို ပွတ်သပ် လိုက်ပြီး၊
“ ဓားညီလာခံကို ဘာကြောင့် တက်ခိုင်းလဲ ဆိုတာ မင်းသိပြီ မဟုတ်လား။ ”
-ဟု မေးမြန်း လေသည်။
( ဓားပိုးအိမ်ကို ကြည့်ခြင်းကို ဆိုလိုသည်။ ဓားကျွန် အမှတ် အသားကို မဆို လိုချေ။ )
ထိုအချိန်က လင်းယွန် တစ်ယောက်၊ သူ့အပေါ် မိုက်ရိုင်း ခဲ့သည်။ သို့သော် ဤဓားကို ပေးအပ်ရန် ဆန္ဒရှိ နေသည့်နောက်၊ စေသနာ အား ရှင်းရှင်း လင်းလင်း မြင်လာပုံ ရသည်။
လင်းယွန်သည် ဒေါသကြီး သော်လည်း၊ အမှား အမှန် ခွဲခြား နိုင်စွမ်း ရှိနေ သည်ကို သူသိ ၏။
“ ဘာကို ပြောချင် တာလဲ။ ”
လင်းယွန်က မသိ နားမလည် ဟန်ဆောင်ကာ ပြန်မေး လိုက်သည်။
“ မင်း သိတာ ကောင်းပါတယ်၊ ဓားကို ယူလိုက်၊ ဒီဓားကို ပြန်မြင် ရလို့၊ ငါ ကျေနပ်ပြီ၊ ငါ့ ကိုယ်စား သေချာ ဂရုစိုက်ပါ၊ အရမ်း အစွမ်း ထက်တဲ့ ပညာရှင် တစ်ယောက်က၊ ငါ့ကို ပေးခဲ့တာ။ ”
ဂိုဏ်းချုပ်မှ ဓားကို ပြန်ပေး လာသည်။ လင်းယွန်က လက်ခံ လိုက်၏။ ဘိုးဘေး ဟွမ် စကား များက၊ အမှန် ဖြစ်လေပြီ။
အဖိုးကြီး ရည်ရွယ်ချက်မှာ၊ သူ၏ အမည်ခံ အရိယာ ကောင်းကင် ဓားကို၊ နောက်ထပ် ခြေ တစ်လှမ်း လှမ်းခွင့် ပြုခြင်း ဖြစ်သည်။
“ ဝမ်ကျွယ်က နာမည် အမှန် မဟုတ်ဘူး၊ နာမည် အရင်းက ကျန့်ကျန်းရှန်၊ အင်ပါ ရီယန်၊ ပင်မ နတ်ဘုရားနဲ့၊ ...
... နဂါး သွေးလွှတ်ကြော ဆိုတဲ့ နယ်ပယ် သုံးခုရဲ့ ချန်ပီယံ၊ ယခု အချိန်ထိ နဂါး သွေးလွှတ် ကြော နယ်ပယ်မှာ ပြိုင်ဘက် မရှိ။ ”
ဂိုဏ်းချုပ်က ထိုစကား များကို ငြိမ်သက်စွာ နားထောင် သည်။ လျှပ်စီး တစ်ထောင် ဓားအား၊ စွန့်လွှတ် ထား သကဲ့သို့၊ သူ့ ဒဏ္ဍာရီ ကိုလည်း၊ ပြစ်ပယ် ထားချေ၏။
“ အဲ့ဒီလို လူ တစ်ယောက်ရဲ့၊ ဓား ရည်ရွယ်ချက်က ဘယ်လောက် ထိ ထက်ရှနိုင် မလဲ၊ ဓားသမား တစ်ယောက် အနေနဲ့၊ ငါ့ကို ခံစားခွင့် ပေးပါ။ ”
စကားဆုံး သည်နှင့်၊ လင်းယွန် နဖူးရှိ ဓားပိုးအိမ် အသက်ဝင် လာပြီး၊ ရွှေဝါရောင် အလင်းများ တောက်လောင် လာသည်။
“ ဓားညီလာခံနဲ့၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲမှာ၊ ချန်ပီယံ ဖြစ်လာ နိုင်တာ နဲ့ပဲ၊ မင်းက ယုံကြည်မှု လွန်ကဲ လာပုံ ရတယ် ... ။ ”
ကျန့်ကျန်းရှန်က ပြုံးလျက်နှင့်၊ လင်းယွန် ရှေ့မှ ပျောက်ကွယ် သွားသည်။ အခန်း အတွင်း မြင်ကွင်းများ ပြောင်းလဲ လာပြီး၊ သမုဒ္ဒရာ ထဲ၌ တောက်လောင် နေသော ဥက္ကာခဲကြီး တစ်လုံး အစားထိုး လာ၏။
ဥက္ကာခဲမှ ဖြာထွက်သော အလင်း ရောင်သည် စူးရှလွန်း သဖြင့်၊ လင်းယွန်၏ ဓား ရောင်ဝါကို ချက်ချင်း ပြိုကျလာ စေသည်။
အဆုံးတွင် ခြိမ်းခြောက်မှုကို ခံစားလာ ရသဖြင့်၊ သူတော်စင် နဂါး ခန္ဓာကိုယ်မှာ အလို အလျောက် အသက်ဝင် လာပြီး နဂါး ရူရ် (၃၀၀) ပါဝင်သော ချပ်ဝတ် တစ်ထည်ကို ဖန်တီး လိုက်သည်။
သို့သော် နဂါး အမှတ် အသား မှိန်ဖျော့ အားနည်း လာသည် အထိ၊ ချပ်ဝတ်က တစ်စ တစ်စ ကွဲအက် သွားသည်။
ခန္ဓာကိုယ် အနှံ့ ပြတ်ရှရာ များကြောင့်၊ သွေးများ ရွှဲနစ် လာပြီး၊ ပါးစပ်မှ စီးကျ လာ၏။
“ မင်းက ... ငါ့ရှေ့မှာ ဘာမှ မဟုတ် သေးပါဘူး။ ”
ကျန့်ကျန်းရှန်၏ မာန ကြီးသော အသံ ထွက်လာသည်။
“ ဒါ ... ငါ့ ဓားပဲ၊ မင်းလည်း ဓားသမား မိုလို့သာ ဓားသမား အချင်းချင်း လေးစား စိတ်နဲ့ ... ငါပြတာ၊ မင်းကို မသတ် မိတာ ကံကောင်း တယ်မှတ်။ ”
လင်းယွန်က ရှက်ရွံ့ သွားစဉ်၊ ကျန့်ကျန်းရှန်မှ ပြန်ရုတ် သွားသည်။
“ အခု ထွက်သွား ... ၊ သွေ့ရော် ကျွန်းမှာ အပြောင်း အလဲ အချို့ ရှိလာပြီ၊ ဂိုဏ်းထဲ မှာပဲ နေပြီး၊ အဲ့ဒီ အတွက် ပြင်ဆင် ထားပါ။ ”
ကျန့်ကျင်းရှန်က လက် ဝှေ့ယမ်းကာ၊ ဖြစ်စဉ်များကို ဖယ်ရှား လိုက်သည်။ အဆုံးတွင် လျှပ်စီး တစ်ထောင် ဓားနှင့်၊ ထွက်ခွာ ရုံမှ တပါး၊ အခြား မရှိချေ။ နယ်ပယ် သုံးခု ချန်ပီယံ တစ်ပါး ၏ ခွန်အားမှာ၊ လေးစား စရာ ပေပင်။
***