← Chapters

ဓားသေတ္တာ။

Vol. 89 Ch. 1237

ဓားသေတ္တာ။

Vol. 89 Ch. 1237

လင်းယွန် ထွက်သွားသော အခါ ကျန့်ကျန်းရှန်၏ အပြုံးမှာ၊ ပျောက်ကွယ် သွား ခဲ့သည်။

အသွင် အပြင်မှာ၊ သူ့သမီး ယဲ့ဇီလင်နှင့် တထပ်တည်း ကျလာ၏။ အချိန် အတော်ကြာ ငြိမ်သက် နေ ပြီးနောက်၊ တစ်စုံ တစ်ရာကို၊ တွေးမိပြီး၊ နွေးထွေးသော အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။

လင်းယွန်မှ အဘယ်ကြောင့် ‘ဓားသမား’ ဟူသော စကား လုံးကို အသုံး ပြုကာ၊ သူ့အား ရန်စ ခဲ့သည့် အပေါ်၊ နားလည် လာခြင်း ဖြစ်၏။

သူ့နည်း သူ့ဟန်ဖြင့် ကြိုးစား လိုက်ပုံ ရသည်။ အသက်ကို ကယ်တင် ပေးထားသော၊ စီနီယာ တစ်ယောက် အပေါ်၊ ဤသို့ ရိုင်းစိုင်း စရာ အကြောင်း မရှိချေ။

လင်းယွန် ကဲ့သို့သော လူငယ် တစ်ယောက်သည်၊ တစ်စုံ တစ်ယောက်အား ကျေးဇူးကျွေး အတင် မခံ လိုသည်မှာ၊ သဘာဝ ပေပင်။

ထို့ကြောင့် ဓားညီလာခံ လွှတ်ရသည့် အဓိပ္ပါယ်ကို သိပြီလောဟု မေးချိန်၌၊ နားမလည် ဟန် ဆောင်ခဲ့ခြင်း ဖြစ်သည်။

သူနှင့် လင်းယွန်မှာ အလွယ် တကူ ဦးညွှတ်ရန် ဆန္ဒ မရှိချေ။ ယင်းက ဓားသမား များ၏ မာန ဖြစ်သည်။ ထိုမာနကို ပုတ်နှိုး ခဲ့သည်။

“ ဒီကောင် … ။ ”

ကျန့်ကျန်းရှန်မှ ပြုံးလိုက်သည်။ အမှန်ပင် သူ့ဓားကို မထုတ် ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ တိတိ ပပ ဆိုရ ပါမူ၊ နှစ်ပေါင်း (၁၈) နှစ် တိုင် လေပြီ။

အတွေးများ လွင့်မေျာ သွားပြီး၊ ကျန့်ကျန်းရှန် မျက်နှာရှိ၊ အပြုံးများ ပျောက်ကွယ် သွားသည် ။

ထို့နောက် နာကျင် စွာဖြင့်၊ မျက်လုံးများ မှိတ်လိုက် မိ၏။ ပါးပြင် ပေါ်သို့ မျက်ရည်များ စီးကျ လာသည်။ နောင်တ တရားနှင့် စိတ်ပျက် အားငယ် မှုများ ဝင်ရောက် လာ၏။

“ ဆရာ ... တပည့် တောင်းပန် ပါတယ် ... ။ ”

( တစ်နေ့ ကျရင် ... ဓားဂိုဏ်းကို မြင့်မြတ်မြေ ဖြစ်အောင် ပြန်လုပ် ပေးပါ့ မယ်လို့ ကတိ ပေး ပါတယ်။ )

အတိတ်က ကတိ စကားများ ပြန်လည် ကြားယောင် လာပြီး၊ မျက်ရည်များ တသွင်သွင် စီးကျ လာတော့သည်။

ပင်မ ခန်းမ အပြင် ဘက်တွင်၊ လျှပ်စီး တစ်ထောင် ဓားကို ကိုင်ကာ၊ မျက်လုံး များကို မှိတ်လျက်၊ လင်းယွန် တစ်ယောက် ငြိမ်သက် နေသည်။

အချိန် အတော် ကြာမှသာ မျက်လုံးကို ပြန်ဖွင့် လိုက်သည်။ သို့သော် နာကျင်မှုများ ပြည့်နှက် နေသေး၏။ အဖိုးကြီး ဓားကို ခံနိုင်ရည် မရှိ ခဲ့ချေ။

“ ဒါက ... နယ်ပယ် သုံးခု လုံးမှာ ... ၊ သူ ပထမ ဖြစ်ခဲ့ ရတဲ့ ... ၊ အကြောင်းရင်း တစ်ရပ်ပဲ။ ”

သက်ပြင်းချကာ ရေရွတ် လိုက်မိသည်။

“ ဒီအဖိုးကြီး ထူးခြား တယ်လို့၊ နင့်ကို ငါပြော ခဲ့တယ် မဟုတ်လား၊ ပိတ်လှောင် ထား လို့သာ၊ မဟုတ်ရင် သူက အခု ချိန်မှာ၊ ဘုရင် ဖြစ်နေ လောက်ပြီ။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ပြေးထွက် လာပြီး၊ လင်းယွန်၏ မျက်ရည် များကို သုတ်ရန် လ်ကကိုင် ပဝါကို ပေးလာသည်။

လက်ကိုင် ပဝါကို ယူပြီး၊

“ ဒါက အရမ်း နူးညံ့တယ်၊ ဘာနဲ့ လုပ်ထား တာလဲ။ ”

-ဟု လင်းယွန်မှ မေးလိုက် မိ၏။

“ ဒီဧကရီရဲ့ တံတွေးနဲ့ သန့်စင် ထားတာ။ ”

“ ဝေါ့ ... ။ ”

“ ဟွန့် ... နင်က စေသနာကို ... နားမလည်တဲ့ ကောင်ပဲ၊ အတိတ်မှာ ဒီအတွက် လူဘယ် နှစ်ယောက် သေခဲ့ ရလဲ ဆိုတာ စိတ်ကူးကြည့် လို့တောင် မရဘူး။ ”

ခရမ်းငယ်က မကျေ မနပ်နှင့် ပြောသည်။ နဂါး တံတွေးအား၊ ရတနာ တစ်ခု အဖြစ် ယူဆ သောကြောင့်၊ ဖီးနစ် တံတွေး သည်လည်း၊ အမှိုက် မဟုတ်ချေ။

ယင်းကို သတိ ထားမိ လာသော လင်းယွန်မှာ၊ အနည်းငယ် အဆင်ပြေ လာလေ သည်။ သို့သော် ခဏ အကြာတွင်၊

“ ဘာပဲ ဖြစ်ဖြစ်၊ တံတွေး ဆိုတာက ရွံစရာ ပါပဲ။ ”

“ နင် ... နင် အရိုင်း အစိုင်းကောင်၊ ဟမ့် ဒီဧကရီ ဒေါသ ထွက်လာ ပြီနော်။ ”

“ ဘာမှား လို့လဲ ... ၊ ဖီးနစ် အစစ် ဆိုရင်တော့ စိတ်၀င်စား မိမယ်၊ ဒါပေမယ့် မင်းက ဖီးနစ် မဟုတ်ဘူး၊ ဒါကြောင့် ဖီးနစ် တံတွေး ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

“ အောင်မယ် ...၊ နင်က ငါ့ တံတွေးကို မလိုချင် ဖူးပေါ့၊ ရတယ်၊ ငါ့ခန္ဓာ အစစ် ပြန်ရတဲ့ အခါ၊ နင့်ကို မီးရှို့ သတ်ပစ်မယ်၊ မလိုချင် ပြန်ပေး။ ”

ခရမ်းငယ်မှ ဒေသ တကြီး အော်ငေါက် လာသည်။

“ ဟား ... ဟား ... ဟား ... ကောင်းပြီ။ ငါပြန်ပေးမယ်၊ အခု ... ငါ့မှာ သူတော်စင် နဂါး ခန္ဓာ ရှိတဲ့ အတွက်၊ ငါ့တံတွေး ကလည်း၊ အစွမ်း ပါတယ်၊ ပြော ... ငါ့ တံတွေး ဘယ်လောက် လိုချင်လဲ။ ”

လင်းယွန်က နှုတ်ခမ်းဆူ ပြ သဖြင့်၊ ခရမ်းငယ် တစ်ယောက် မှင်တက် သွားသည်။ ဤသည်မှာ နမ်းခြင်း အဓိပ္ပါယ် ဖြစ်၏။

“ နင် ... နင်က တကယ် အရိုင်း အစိုင်းကောင်ပဲ၊ ရွံစရာ ကောင်းလိုက်တာ ။ ”

-ဟု ဆိုလျက် ပြေးထွက် သွားသည်။ ထို့ကြောင့် ရယ်မောကာ လိုက်ပါ သွားမိသည်။

“ ဟား ဟား ဟား ... ဧကရီ၊ မပြေးနဲ့ ... ။ ”

“ နင် ... လိုက် မလာနဲ့။ ”

“ ဟား ဟား ဟား ... ဘာလို့လဲ၊ ငါ မင်းကို နဂါး တံတွေး ပေးမယ်လေ။ ”

“ မလို ချင်ဘူး။ ”

နှစ်ယောက်သား ခေတ္တမျှ ပြေးလိုက် ရပ်လိုက်နှင့်၊ နေအိမ်သို့ ပြန်ရောက် လာခဲ့သည်။

“ ခရမ်းငယ် ... ၊ ကျန့်ကျင်းရှန်က သူ့ဆရာကို ရည်ညွှန်းတဲ့ အချိန်မှာ၊ ဘာလို့ ငေးငိုင် သွားလဲ မင်းသိလား။ ”

“ အဲဒါ ဘာများ ထူးဆန်း လို့လဲ။ ”

ခြံဝန်းထဲ ပြန်ရောက်ပြီ ဖြစ်သဖြင့်၊ မြက်ခင်းပြင်ပေါ် လဲလျောင်းလျက် လင်းယွန်မှ၊ ကောင်းကင်ကို မော့ကြည့် လိုက်သည်။

“ လျှပ်စီး တစ်ထောင် ဓားကို၊ အပ်နှင်း နိုင်တယ် ဆိုတော့၊ သူ့ ဆရာ ဘယ်သူလဲ ဆိုတာ သိချင် လိုက်တာ။ ”

“ ဟမ့် ... ၊ ဒါ ... နင်နဲ့ ဘာမှ မဆိုင်ဘူး။ ”

ခရမ်းငယ်မှ နှုတ်ခမ်း ဆူလိုက်သည်။

“ ဒါတော့ ဟုတ်တယ်၊ ငါနဲ့ မဆိုင်ဘူး။ ”

လင်းယွန်က ပြုံးပြီး၊ ခေတ္တမျှ အာရုံပြောင်း သွားသည်။

“ ဧကရီ ... ၊ သူ့ဓား ရည်ရွယ်ချက်က၊ ဘယ်အဆင့် ရောက်ပြီလို့ မင်း ထင်လဲ၊ အနည်း ဆုံးတော့ ပဉ္စမတန်း ရောက်နေပြီ မဟုတ်လား။ ”

ကျန့်ကျင်းရှန်၏ ဓားရည်ရွယ် ချက်မှာ၊ အလွန် အစွမ်းထက် လှပြီး၊ အဆုံး မရှိသော တွင်းနက်ကြီး ကဲ့သို့၊ ခံစားရ စေသည်။

သူ့ဓား ရည်ရွယ်ချက်မှာ၊ စတုတ္ထ တန်းသို့၊ ခြေတစ်လှမ်း နင်းနေပြီ ဖြစ်သောကြောင့် ဤမျှ ကြောက်စရာ ကောင်းစရာ မရှိချေ။

“ ဒါက ... ပြောဖို့ ခက်တယ်၊ ဓား ရည်ရွယ်ချက်က၊ သတ်မှတ် ထားတဲ့ အဆင့်ကို၊ ရောက်တာနဲ့၊ ကြောက်စရာ ကောင်းတဲ့ ဖိအားမျိုး၊ ထုတ်လွှတ် နိုင်တယ်၊ ...

... နင့်ရဲ့ ဓားရည်ရွယ် ချက်ကို၊ နဂါး ရောင်ဝါနဲ့ ပေါင်းစည်း လိုက်ရင်၊ လူတိုင်းကို ဖိနှိမ် နိုင်သလို မျိုးပဲ၊ ...

... ဥပမာ လျှပ်စီး၊ မီးနဲ့ မိုးကြိုး ရည်ရွယ်ချက်ကို ကြည့် ... ၊ သူတို့ကို ပိုမို သန်မာအောင် ဓားနဲ့ ပေါင်းစပ် နိုင်တယ်၊ ...

... အဖိုးကြီးရဲ့ ဓားက ပဉ္စမတန်း ရောက် နေပြီ၊ ဒါကို ပေါင်းစပ်ဖို့ ...၊ အခြား ရည်ရွယ်ချက် ရှိနိုင်တယ် မမြင်နိုင် ပေမယ့်၊ သန်မာတယ် ဆိုတာ ကိုတော့ ငါ သိတယ်။ ”

ခရမ်းငယ် စကား များမှာ အမှန် ဖြစ်သည်။ အဖိုးကြီး၏ ဓားမှာ သူ့ထက် အဆ များစွာသာ ပေ၏။

ပုန်းကွယ် နေသော ရတနာ တစ်ပါးကို၊ ရှာဖွေတွေ့ ရှိခဲ့ပြီ ဖြစ်သဖြင့်၊ လိုအပ် ပါက အကူ အညီ တောင်းနိုင် ပေမည်။

မည်သို့ပင် ဆိုစေ ကာမူ၊ သွေ့ရော် နက်ရှိုင်းသော ပင်လယ် ပြင်တွင် တစ်စုံ တစ်ရာ ဖြစ်ပျက် နေခဲ့ပြီး၊ ယင်း အတွက် ပြင်ဆင် ထားရ ပေမည်။

“ ဒီအဖိုးကြီး လွန်ခဲ့တဲ့ ဆယ့်ရှစ် နှစ်မှာ၊ ဘာတွေ ဖြစ်ခဲ့လဲ။ ”

“ ဒီနေ့ လုပ်ခဲ့ သလိုမျိုး ... ၊ မိုက်မဲတဲ့ အရာကို မလုပ်ပါနဲ့၊ သူ့ နှလုံးသားရဲ့ ကြိုးက၊ နင် ထင်ထား တာထက် ပိုကြီးတယ်။ ”

ခရမ်းငယ်မှ ဆို၏။ သူ့ အတွေးကို ခရမ်းငယ်မှ မြင်သည်ဟု မထင်ထား မိခဲ့ချေ။ ခဏ အကြာ၌၊ ပါးစပ် ထဲရှိ မျက်ပင် များကို၊ ထွေးထုတ် လိုက်ပြီး၊ ဓားသေတ္တာ ချွတ်ယူ လိုက်သည်။

ဓားသေတ္တာကို ကြည့်နေစဉ် သူ့ မျက်နှာက တဖြည်းဖြည်း နီရဲ လာ၏။

“ နင် ... ဘာလုပ် မို့လဲ။ ”

“ အထဲကို ဝင်ကြည့်ဖို့ အချိန် တန်ပြီ၊ ဓားသေတ္တာ ထဲက၊ နယ်မြေ အကြောင်း ငါ တကယ် သိချင် နေတယ်။ ”

လင်းယွန်က ဓားသေတ္တာကို လက်သီးနှင့် ထိုးလိုက်ပြီး၊ ပြန်ဖြေ၏။

“ နင် သေချာလား။ ”

“ သေချာတယ်။ ”

လင်းယွန်မှ ပြတ်သားစွာ ခေါင်းညိတ် လိုက်သည်။ သူဝင် လိုက်သော်၊ စီနီယာ အိုင်းရစ် ဓားသူတော်၏ အမွေ ဆက်ခံသူ အဖြစ်၊ သတ်မှတ် နိုင်ပေမည်။

“ အရင် တုန်းက မြင်ခဲ့ ရတဲ့၊ အိုင်းရစ် ဓားသူတော်စင်က ကိုယ်ပွား တစ်ခု ပဲလို့၊ မင်း ပြောခဲ့ ဖူးတယ်၊ ဒါဆို သူ မသေသေး ဖူးလို့ ဆိုလို တာလား။ ”

“ ဒီကောင်က နိဗ္ဗာန် တာအိုကို ဆုပ်ကိုင်ထား နိုင်လို့ ... ၊ လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး။ ”

ခရမ်းငယ်မှ ပြန်ဖြေသည်။

"နိဗ္ဗာန် တာအို။ ”

ဤတာအို အမည် အကြောင်းကို တစ်ခါမှ မကြားခဲ့ ဖူး သောကြောင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။

“ အခု ပြောပြ ဖို့က နင့် အတွက် အသုံး မဝင်ဘူး၊ ဒီဓား သေတ္တာကို အမွေ ဆက်ခံမှာ သေချာလား၊ ခရမ်းရောင် ရေခဲ မီးတောက်ကို၊ အသုံးပြု ရုံနဲ့၊ မင်းဆန္ဒ ရှိသလို၊ ဝင်ရောက် နိုင်မယ်။ ”

ခရမ်းငယ်မှ အလေး အနက် ဆိုသည်။ လင်းယွန်၏ လက်ဖဝါး ပေါ်တွင် ခရမ်းရောင် မီးလျှံ ပေါ် လာသည်။

ထို့နောက် မီးတောက်ကို ဓားသေတ္တာ အတွင်း ကူးစက်စေ လိုက်သည်။ ဓားသေတ္တာ မျက်နှာ ပြင်ပေါ် ရူရ်များ လင်းလက် လာ၏။

“ နင့်ရဲ့ သွေးတစ်စက်ကို အဲဒီ အပေါ်မှာ ချလိုက်။ ”

သူ့သွေး တစ်စက် ဓားသေတ္တာကို ထိလိုက် သည်နှင့်၊ ဓားသေတ္တာမှာ အသက် ဝင်လာ သကဲ့ သို့၊ တုန်ခါ သွားလေသည်။

***

All Chapters