ခရမ်းရောင် လျှို့ဝှက် နယ်မြေ။
Vol. 89 Ch. 1238
ဓားသေတ္တာနှင့် သွေးစက် ရောနှော သွားသော အခါတွင်၊ စိတ်ထဲသို့ အချက် အလက် များ ဝင်ရောက်သည်။
ယင်းက အလွန် ရှေးရိုး ဆန်သော တံဆိပ် တစ်ခု ဖြစ်သည်။ ၎င်းကို ဖန်တီး ချိန်၌ လေထု အလယ် အိုင်းရစ် ပန်း တစ်ပွင့် ဖြစ်ပေါ် လာပြီး၊ နယ်မြေ တစ်ခု ပွင့်လာကာ၊ သူ့အား အတင်း စုပ်ယူ သွား၏။
အတွင်း၌ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် နေသည်။ မည်သည့် အလင်းရောင် ကိုမျှ မမြင် နိုင်ဘဲ၊ အသံများ ဆိတ်သုဉ်း နေ၏။
ထိုအချိန်တွင် ရှေးဟောင်း သစ်ပင် အောက်ရှိ မည်းနက် နေသော မြေပြင် ပေါ်တွင် ရပ်နေမှန်း သိလိုက် ရသည်။
“ ဒါက ဟုတ်ရော ဟုတ်ရဲ့လား။ ”
ပတ်ဝန်းကျင်အား မယုံကြည် နိုင်စွာ ကြည့်ပြီး၊ သံသယ ဝင်လာ၏။ သူ့ စိတ်ကူးနှင့်၊ လုံးဝ မတူချေ။
ဤနယ်မြေ အတွင်း ရတနာများနှင့် အရင်း အမြစ် များမှာ၊ အနည်းဆုံး တောင်ငယ် တစ်လုံး စာခန့် ရှိနေ မည်ဟု ထင်ခဲ့ မိသည်။
“ ဒါက ဓားသေတ္တာ ထဲမှာ ရှိတဲ့၊ လျှို့ဝှက် နယ်မြေပဲ။ ”
ခရမ်းငယ်မှ အတည်ပြု လာသည်။ ထို့ကြောင့် မြေပြင် ပေါ်ရှိ သစ်ရွက်ခြောက် အချို့ နှင့် သစ်ကိုင်း အကျိုး အပဲ့ များကို ကြည့်ကာ၊
“ ဒီနေရာက ဘာလဲ။ ”
-ဟု လင်းယွန်မှ မေးမိသည်။
“ ဒါ ... ငါ့ နေရာ ... ။ ”
“ ဟား ဟား ဟား ... ။ ”
ထိုစကားကို ကြားသော အခါ မရယ်ဘဲ မနေနိုင် တော့ချေ။
“ နင် ... ဘာရယ် တာလဲ။ ”
“ ဒါ ... ငှက် တစ်ကောင်ရဲ့ အသိုက်ပေါ့၊ နေပါဦး ... ငှက် တစ်ကောင်ရဲ့ အသိုက် ဆိုရင် တောင်၊ ဒီထက် အများကြီး ခိုင်ခန့် သင့် ပါတယ်။ ”
မြေပြင်ကို ခြေဖဝါးဖြင့် အသာ ဖိချေ လိုက်ရာ၊ သစ်ရွက် ခြောက်များ ကြေမွလျက် သစ်ကိုင်းများ အမှုန့် ဖြစ်သွားသည်။
“ နင် ... နင် လွန် မလာ နဲ့နော်။ ”
ညင်သာစွာ ထိလိုက် ရုံဖြင့်၊ ပျက်ပြား သွားသောကြောင့်၊ ဖီးနစ် အသိုက် အဖြစ်၊ ယုံနိုင် စရာ မရှိချေ။
“ နင်... နင် လူယုတ်မာ ... ၊ နှစ်ပေါင်း (၁)သိန်း တည်ရှိ နေတဲ့ ... ၊ ငါ့ နေရာကို ဖျက်ဆီး တယ်။ ”
“ တောင်းပန် ပါတယ်၊ ငါ့ အမှားပါ ... ၊ ဘယ်လို လုပ်ပေးရ မလဲ၊ မင်းကို ပွေ့ချီ ပေးရ မလား။ ”
ပြောသည့် အတိုင်း၊ လှမ်းတက် သွားပြီး ခရမ်းငယ်ကို ချက်ချင်း ပွေ့ချီ လိုက်သည်။
“ သွား ... ငါ့ကို လွှတ် ... ။ ”
ခရမ်းငယ်မှ မှင်တက် သွားပြီးနောက်၊ ရုန်းကန်လာ သော်လည်း၊ လင်းယွန်မှ ပြုံးလျက် လွှတ် မပေး ခဲ့ချေ။
“ ဒီသစ်ပင်က ဘာပင်လဲ။ ”
သွေ့ခြောက် နေသော သစ်ပင်ကို မော့ကြည့်ကာ မေးလိုက်သည်။ ဤအပင်သည် ဝိညာဉ် စွမ်းအင် ပြတ်လပ်ခြင်း ကြောင့်သာ ညှိုးနွမ်း သွားကြောင်း ပြောနိုင်၏။
“ နင် ငါ့နေရာကို ဖျက်ဆီး တယ်လို့၊ ငါ ပြောခဲ့တယ် မဟုတ်လား၊ ဒီသစ်ပင်က သဘာဝ အတိုင်း၊ နတ်ဘုရား သစ်ပင် ငါးမျိုး ထဲက တစ်ပင် ဖြစ်တဲ့၊ ဖီးနစ်ပင်ပဲ၊ ...
... ပေ (၁) သောင်း ကျော်မြင့်ပြီး အသီး၊ အပွင့်နဲ့၊ နတ်ဘုရား သားရဲ မျိုးစုံ၊ နားခို နေထိုင် ကြတယ်။ ”
ထိုစကားကြောင့် ဤသစ်ပင်သည် ဖီးနစ် နေထိုင်ရန်၊ သီးခြား ကမ္ဘာ တစ်ခု ပိုင်ဆိုင်ထား သင့် ပေမည်။
“ ဟိုမှာကြည့် ... ။ ”
ခရမ်းငယ်က မီးလောင်ကျွမ်း နေသော လွင်ပြင် တစ်ခုကို ညွှန်ပြ၏။
“ အဲ့ဒီ နေရာမှာ၊ နင့် ... ပလွေကို ထွင်း ထားတဲ့၊ နတ်ကျောက်စိမ်း ဝါးပင်တွေ ရှိတယ်၊ အဲဒီ အချိန်က ဒီနေရာ ကပဲ၊ ရယူ နိုင်တယ်။ ”
ခရမ်းငယ်မှ လက်ကို ဟန်ပါပါ ဝှေ့ယမ်း လိုက်ရာ၊ ခန္ဓာကိုယ် ပြုတ်ကျ မလို ဖြစ်သွား သဖြင့်၊ လင်းယွန်ကို ပြန်ဖက် လိုက် ရသည်။
“ ပြီးတော့ ... ဟိုနေရာမှာ သူတော်စင် ဆေးခင်းကြီး ရှိတယ်၊ နတ်ဘုရား ဆေးပင် သုံး မျိုးတောင် ရှိခဲ့တယ်။ ”
ထို့နောက် တောင်ငယ် တစ်လုံး ထံသို့ လှည့်သွားပြီး၊
“ အဲဒီ နေရာမှာ ... ၊ ငါ ချိုးနေကျ ရေကန် ရှိတယ်၊ တောင်ပေါ် ကနေ စိမ့်စမ်းရေ တွေက ရေကန် ထဲကို စီးဝင်တယ်၊ သူ့ဘေးမှာ ...
... နှစ်ပေါင်း များစွာ အေးခဲ နေတဲ့ ရေခဲအိပ်ယာ တစ်ခု အပြင်၊ ငါ့ ခန္ဓာကိုယ် သန်စွမ်းအောင် ကျင့်ကြံဖို့ အတွက်၊ လျှပ်စီး ရေကန် တစ်ခုလည်း ရှိနေတယ်။ ”
ခရမ်းငယ် ပြောသမျှ နားထောင်ကာ၊ ဤနေရာရှိ အတိတ်မှ မြင်ကွင်း များကို လိုက်လံ ပုံဖော် နေမိသည်။
“ ဒီနေရာမှာ ... မင်း ပြောခဲ့တဲ့ ... အရာ တေွရဲ့၊ တစ်ဝက် လောက်ရှိ ရုံနဲ့၊ မြင့်မြတ်မြေ လို့ ခေါ်နိုင်မယ်။ ”
လင်းယွန်က သက်ပြင်း ချကာ၊ မှတ်ချက် ပြုလိုက်သည်။ သည့်နောက် မီးလောင် ပြင်ဖြစ် နေသော လွင်ပြင် အနီးသို့၊ ချဉ်းကပ် လာစဉ် ဓားရည်ရွယ်ချက် တုန်ခါ လာတော့သည်။
ဂရု တစိုက် ကြည့်ပါက မြေပြင် ပေါ်တွင် လဲကျ နေသော ရှေးဟောင်း ဓားရှည် များစွာကို တေွ့ရှိ ရမည် ဖြစ်သည်။
လေပြည်မှ ဖုန်မှုန့် များကို တိုက်ခတ် သွားရာ၊ ထက်ရှမှု ပျောက်ကွယ် ကုန်သော ဓား အသွားများ ပေါ်လာ၏။
“ ဒီနေရာက ဘာလဲ။ ”
“ ဒါက ဓားကုန်းပဲ၊ ဒီဓား ပိုင်ရှင် တွေက သူတို့ရဲ့ ဓားတွေကို အခြား လူတွေ အသုံးတာ မကြိုက် ကြဖူး၊ ...
... ဒါကြောင့် သူတို့ သေဆုံး ပြီးတဲ့ နောက်မှာတော့ အိုင်းရစ် ဓား သူတော်စင်က စုဆောင်းပြီး၊ ဒီမှာ အနား ယူခွင့် ပေးလိုက်တာ၊ ပိုင်ရှင် တွေက အနည်းဆုံး သူတော်စင် အဆင့်မှာ ရှိကြတယ် … ။ ”
ခရမ်းငယ် လေသံက ၎င်းအကြောင်းကို ဆက်မပြော ချင်တော့ သလို တိုးဖျော့ လာ၏။ ဆက်လျှောက် လာစဉ်၊ သဲသောင်ပြင် အတွင်း ပြိုကျ နေသော အဆောက် အဦး များနှင့် တစ်ဝက် နစ်မြုပ် နေသည့် ပလ္လင်ကို တွေ့လိုက် ရသည်။
“ ဒီပလ္လင်ကို အိုင်းရစ် ဓား သူတော်စင် ပိုင်တယ်၊ သူ့မှာ မတူညီတဲ့ သိုင်း ရည်ရွယ်ချက် ခုနစ်မျိုး ရှိတယ်၊ အဲ့ဒီ ခုနစ်မျိုးနဲ့ ဓား ရည်ရွယ် ချက်ကို ပေါင်းစပ်ပြီး၊ နတ် အလင်း ခုနစ် သွယ်ကို၊ ထုတ်လွှတ် နိုင်တယ်။ ”
ရှေ့သို့ ဆက်သွားသော အခါတွင် နက်ရှိုင်းသော ချောက်နက်ကြီး တစ်ခုမှ၊ သူ့ လမ်းအား ပိတ်ဆို့ နေသည်ကို တွေ့လိုက် ရသည်။
“ ဒီနေရာ ကတော့ ... ၊ စိတ်ပျက် စရာ အကောင်း ဆုံးပဲ၊ မြင့်မြတ်သော မီးတောက်ကို မွေးဖွား ပေး နိုင်တဲ့၊ မီးလျှံ သွေးကြောပေါင်း သောင်း နဲ့ချီ ရှိတယ်။ ”
ချောက်ကမ်းပါး ပေါ်တွင် ရပ်ကာ၊ အောက်သို့ ငုံ့ကြည့် လိုက်ပြီး၊ လင်းယွန်မှ
“ ဒီနေရာက ဘာလို့ ... ၊ ဒီလို ဖြစ်လာရ တာလဲ။ ”
-ဟု မေးလိုက်သည်။
“ လွန်ခဲ့တဲ့ ... နှစ်ပေါင်း တစ်ထောင် လောက်က တိုက်ပွဲမှာ၊ တစ်ခုခု ဖြစ်ခဲ့ တယ်လို့ ငါ ထင်တယ်။ ”
“ ဒါနဲ့ ... မင်း အကြောင်း ... ၊ ငါ့ကို ဘာမှ မပြောသေး ဖူးနော်၊ ဘာတွေများ ဝှက်ထားချင် နေတာလဲ။ ”
“ ဟမ့် ... ၊ ငါက ဒီနယ်မြေရဲ့ အကြီးမား ဆုံး လျှို့ဝှက် ချက်ပဲ၊ မင်းကို ပြောပြ စရာလား၊ ဒါပေမယ့် … ”
ခရမ်းငယ်က လင်းယွန် လည်ပင်းကို ပြန်လည် သိုင်းဖက်ကာ၊
“ နင် ... ငါ့ကျွန် ဖြစ်လို စိတ် ရှိရင်၊ စဉ်းစား ပေးမယ်။ ”
-ဟု ဆို လိုက်တော့၏။
“ အိပ်မက် မက် မနေနဲ့။ ”
ဤနယ်မြေသည် ယခင်က မည်မျှပင် ကျက်သရေ ရှိခဲ့ ပါစေ၊ ယခု အခါ ပျက်သုဉ်းမြေ အဖြစ်၊ ပြောင်းလဲ နေပြီ ဖြစ်သည်။
ထို့ကြောင့် ခရမ်းငယ်၏ ကြွားလုံး များကို နားထောင်ကာ၊ သူ့ အတွက် အထောက် အကူ မဖြစ် နိုင်ကြောင်း သိလာ ရ၏။
အကြည့်ကို ပြန်ရုတ်ပြီး၊ ပွေ့ထားသော ခရမ်းငယ်ကို အောက်ကို ချပေး လိုက်သည်။ သို့သော် သူမက လည်ပင်းကို မလွှတ်ဘဲ၊
“ မရဖူး ... ၊ ငါ့ကို ဆက်ချီထား ။ ”
-ဟု တောင်းဆို လာခဲ့သည်။
ထိုစကား ကြားချိန်၌ လင်းယွန် မျက်နှာ ပြောင်းလဲ သွား၏။ ခရမ်းငယ်မှာ သူ့ကိုယ်သူ ကလေး အဖြစ်၊ တကယ် ယူဆ နေပုံ ပေပင်။
“ ငါ ချီတာကို မခံချင် ဖူးလို့ ... ၊ တစ်ယောက် ယောက်က ပြောခဲ့ သလားလို့။ ”
“ ဟမ့် ... နင်က ဒီဧကရီရဲ့ ကျွန်ပဲ၊ ဒါကြောင့် ငါ ခိုင်းတဲ့ အတိုင်း လုပ်ပါ။ ”
“ ဒီနေရာကို ပြန်ပြင်ဖို့ နည်းလမ်း ရှိလား ... ။ ”
လင်းယွန်က ဆက်လက် ငြင်းခုံ မနေ တော့ဘဲ၊ မေးလိုက်သည်။
“ ရှိတယ် နတ်ဘုရင် ရူရ်တွေ အားလုံးကို စုဆောင်း နိုင်ရင်၊ ဒီနေရာက ပြန်လည် အသက် ဝင်လာမှာ။ ”
“ နတ်ဘုရင် ရူရ် ဟုတ်လား။ ”
“ မှန်တယ်၊ လေပြင်း နတ်ရူရ်၊ ငရဲ မီးလျှံ နတ်ရူရ်၊ အနန္တ လျှပ်စီး နတ်ရူရ်၊ ရေခဲ နတ်ရူရ်၊ နေလ နတ်ရူရ်၊ နိဗ္ဗာန် နတ်ရူရ်နဲ့၊ လောက နတ်ရူရ် ဆိုပြီး၊ ဘုရင် ရူရ် ခုနစ်လုံး ရှိတယ်။ ”
“ ငါ့ အတွက် ... ၊ ဘာ အကျိုး အမြတ် ရှိလဲ။ ”
လင်းယွန်က မေးသည်။ နတ် ဘုရား ရူရ်တစ်လုံး ကိုပင်၊ ဆုပ်ကိုင် မထား နိုင်သော ကြောင့်၊ နတ်ဘုရင် ရူရ်အား ရယူ နိုင်စရာ နည်းလမ်း မရှိချေ။ ယင်းက သူ့ အချိန်များ ဖြုန်းတီးရာ ကျ ပေမည်။
“ နင့်ဦးနှောက်က တကယ့်ကို၊ ဝက် ဦးနှောက်ပဲ၊ ဒါက မြင့်မြတ်မြေ တစ်ခု လုံးကို၊ နင်နဲ့ အတူ သယ်ဆောင်ခွင့် ရမှာလေ၊ စဉ်းစား ကြည့်ပါဦး၊ ကျင့်ကြံမှုမှာ နင့်ကို ...
... ဘယ်သူက ယှဉ်နိုင် မှာလဲ၊ ခမ်းနား ပါတယ် ဆိုတဲ့ ပါရမီရှင် တွေတောင်၊ နင့်ကို မမီ နိုင်ဘူး၊ အိုင်းရစ် ဓား သူတော်စင်က သူတော်စင် နယ်ပယ်နဲ့၊ နတ်ဘုရား တေွကို သတ်နိုင်တာ ဘာကြောင့်လို့ ထင်လဲ။ ”
ခရမ်းငယ်မှ အထင် အမြင် သေးစွာဖြင့် ပြောလိုက်သည်။
“ ဒါပေမယ့် ... မလွယ်ဘူး။ ”
သည်နေရာကို ယခင် အတိုင်း၊ ပြန်လည် ပြုပြင်ရန် မဖြစ် နိုင်ချေ။ ထိုနတ်ဘုရင် ရူရ်များ မည်သည့် နေရာ၌ ရှိမှန်း မသိ သောကြောင့် ဖြစ်၏။
တုံ့ဆိုင်း သွားသော လင်းယွန်ကို ကြည့်ကာ၊
“ ဓား သူတော်စင် တောင်မှာ၊ နတ်ဘုရင် ရူရ် တစ်လုံး ရှိတယ်။ ”
-ဟု ခရမ်း ငယ်မှ ပြောပြ လိုက်သည်။ ထို့ကြောင့် လင်းယွန်မှာ တိတ်ဆိတ် သွား၏။
“ ဒီဓား သေတ္တာက ဘယ်လို ဓားမျိုး အတွက်၊ လုပ်ထားလဲ ဆိုတာ နင် တွေးကြည့် ခဲ့ ဖူးလား။ ”
ခရမ်းငယ် စကားကြောင့် လင်းယွန် တစ်ယောက် တိုး၍ နှုတ်ဆိတ်သွား ပေ၏။ ဓားသေတ္တာ များကို၊ ဓားထည့်ရန် အတွက် ရည်ရွယ် သွန်းလုပ်ခြင်း ဖြစ်သည်။
ထိုကြောင့် သည်ဓား သေတ္တာသည် မည်သို့သော ဓားမျိုး သိမ်းရန် ဖြစ်မည်ကို၊ စတင် တွေးတော မိလာ တော့၏။
***