ပြော ဘယ်လောက် ယူမလဲ။
Vol. 89 Ch. 1240
လင်းယွန် မျက်လုံးများ ထဲတွင်၊ တောက်လောင် နေသော အပူဒဏ်ကို မြင်လိုက် ရသဖြင့်၊ ခရမ်းငယ်က လက် ဝှေ့ယမ်းပြီး ပန်းချီ ကားအား၊ ပိတ်ပစ်သည်။ ရှုခင်းများ ချက်ချင်း ပျောက်ကွယ် သွား၏။
“ အဲဒီ အဆင့် ... နက္ခတ်ကို ခေါ်ဆောင် နိုင်ဖို့ မလွယ်ဖူး မဟုတ်လား။ ”
“ တခြား လူတွေ အတွက်၊ အခက် အခဲ ရှိတာ သေချာ ပေမယ့်၊ နင် ကတော့ မဟုတ်ဘူး၊ နင်က လိုတဲ့ အချိန်တိုင်း၊ ဒီပန်းချီ ကားကို ထုတ်ကြည့် လို့ရတယ်၊ နင့်မှာသာ ...
... နတ်ကြယ် ပုလဲတွေ အလုံ အလောက် ရှိရင်၊ ဖွဲ့နိုင် ပါတယ်၊ ပြီးတော့ ... နင်က အိုင်းရစ် ဓားသုတ္တန်ကို၊ ကျင့်ကြံ ထားတဲ့ အတွက်၊ သူတို့ထက် ပိုလွယ်ပါ လိမ့်မယ်။ ”
အိုင်းရစ် ဓားသူတော်စင်၏ အမွေကို ဆက်ခံသူ ဖြစ်သောကြောင့်၊ ခရမ်းငယ် စကား များက၊ အဓိပ္ပါယ် ရှိ၏။
“ ဘယ်လောက် လိုမလဲ၊ ငါ့မှာ အပေါ ဆုံးက နတ်ကြယ် ပုလဲ တွေပဲ။ ”
အဆုံးတွင် စစ်မက် နယ်မြေများ ထံမှ၊ နတ်ကြယ် ပုလဲပေါင်း (၁) သိန်းခန့် ရရှိထား လေသည်။ ထို့ကြောင့် (၂) သောင်းခန့် ကျန်သေး၏။
လိုအပ် ပါက ဓားညီလာခံ မှရသော သူတော်စင် ဓားများကို ရောင်းချပြီး၊ တစ်သိန်း သို့မဟုတ် နှစ်သိန်းခန့် ထပ်မံ ရရှိအောင် စွမ်းဆောင် နိုင်မည် ဖြစ်သည်။
ဤပမာဏသည် အပြာရောင် စံအိမ် နယ်မြေ၌၊ မည်သူမျှ စိတ်ကူး မယဉ် နိုင်သော အရေ အတွက် ဖြစ်၏။ ဂိုဏ်း တစ်ဂိုဏ်း လုံး၏ အရင်း အမြစ်များ ပေါင်းလျှင်ပင် မမီ နိုင်ချေ။
ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေမှ ခမ်းနားသော ဉာဏ်ကြီး ရှင်များ သည်လျှင်၊ (၁) သိန်း ထုတ်ယူရန်၊ အခက် အခဲ ရှိမည် ဖြစ်သည်။
“ မများ ပါဘူး၊ အိုင်းရစ် ဓားသူတော်စင် တုန်းက၊ ငါးသန်းလောက် အသုံးပြု ခဲ့ရတယ်၊ နင် ဆိုရင်တော့ နှစ်သန်း ကနေ သုံးသန်း လောက်ပဲ ကုန်မယ် ထင်တယ်။ ”
“ ထွက် သွား စမ်း ... ။ ”
(၅) သန်း ဟူသော ပမာဏ ကြောင့်၊ လင်းယွန် မျက်နှာရှိ အပြုံးမှာ အေးစက် သွား လေသည်။
‘သန်း’ ဟူသော သတ်မှတ် ချက်သည် သူတော်စင် မျိုးနွယ်စုများ ပင်လျှင်၊ ၎င်းတို့၏ သားစဉ် မြေးဆက် များကို ပျိုးထောင်ရန်၊ အသုံးပြု နိုင်ခြင်း မရှိ ကြချေ။
“ နင့်မှာ လုံလုံ လောက်လောက် မရှိရင်၊ ဒါကို ပုံတူ ကူးယူ နိုင်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ စွမ်းအား ကတော့ လျော့နည်း သွားလိမ့်မယ်၊ ...
... အဲဒီ တုန်းက လူတွေဟာ ... ၊ နက္ခတ် တွေကို ဖွဲ့ဖို့ အတွက်၊ (၁၀) သန်းလောက် အထိ၊ သုံးစွဲ နိုင်ကြတယ်၊ ဒါကလည်း အဲ့ဒီ အချိန်က နတ်ကြယ် ပုလဲ သန့်စင်ဖို့၊ ...
... အရမ်း လွယ်တဲ့ အချိန် အခါလည်း၊ ဖြစ်နေ လို့ပါ၊ ဟေး ... လင်းယွန် နင် အဆင်ပြေ ရဲ့လား၊ ဒါဆိုလည်း ... ဒီနက္ခတ်ကို ထားလိုက် ရအောင်။ ”
“ နေဦး ... ၊ ငါ စဉ်းစား ပါရ စေဦး။ ”
ငါးသန်း ဟူသည် အနည်းငယ် များပြား ခေျ၏။ ကြံရာ မရ ဖြစ်နေသော လင်းယွန်အား၊ နောက်ထပ် နည်းလမ်း အချို့ ပေးမိသည်။
“ ဒါမှ မဟုတ်ရင် ... နင့်ရဲ့ ဓားရည်ရွယ် ချက်ကို မြှင့်တင်နိုင် သလို ... ၊ ဂီတ ကိုလည်း လေ့ကျင့်လို့ ရပါ သေးတယ်။ ”
ယင်းက နတ်ကြယ် ပုလဲများ စုဆောင်း ခြင်းထက် ပို၍ လွယ်ကူသည်။
“ အခု ... ငါက ဓားနဲ့ ဂီတ ပေါက်စပ်ခြင်း တံခါး ဝကို ရောက်နေ ပြီလား။ ”
အရိယာ တေးသွားကို ဆုပ်ကိုင် နိုင်သဖြင့်၊ သူ့ ပလွေသံမှာ၊ အလွန် ကြောက်စရာ ကောင်း နေပြီ ဖြစ်သည်။
“ ဆယ်ဆ ... ၊ အနည်းဆုံး ဆယ်ဆ ပို အားကောင်း လာလိမ့်မယ်၊ ဒါပေမယ့် နင့်ရဲ့ ဓား ရည်ရွယ်ချက် မြင့်မား ဖို့တော့ လိုတယ်။ ”
ခရမ်းငယ်မှ အလေး အနက် ပြောကြား လာသည်။
လက်ရှိ လင်းယွန်၏ ခွန်အားမှာ၊ အားကောင်း နေပြီ ဖြစ်သော်လည်း၊ သွေ့ရော် ကျွန်းသို့ မသွား ရောက်မီ၊ ဝှက်ဖဲ အနည်း ငယ်ကို ပြင်ဆင်ရန်၊ လိုနေ သေးသည်။
သူတော်စင် နဂါး ခန္ဓာ ကိုယ်နှင့်၊ တိမ်လွှာဓား (၁၃) ကွက်သည်၊ သူ့ ပြိုင်ဘက် တိုင်းကို ကျော်ဖြတ်ရန် မလုံ လောက်ချေ။
“ အပြင် ပြန်ထွက် ရအောင် ... ၊ ဓား သူတော်စင် တောင် အတွက်၊ အဖိုးကြီနဲ့ စကား ပြောရ ဦးမယ်၊ ပြီးတော့ ငါ့မှာ တခြား မေးစရာ ကိစ္စ တွေလည်း ရှိတယ်။ ”
မျက်စိ တစ်မှိတ် အတွင်း လဝက် ကုန်ဆုံး သွား၏။ ဤကာလ များ၌ အားလပ် ချိန်တိုင်း၊ လောဟွာထံ သွားရောက် လည်ပတ် သည်။
အချိန် အများ စုတွင်၊ နတ်နဂါး ရောင်ဝါကို သန့်စင် နေတက်ပြီး၊ အရိယာ ကောင်းကင်ဓား ရည်ရွယ် ချက်အား၊ သဘော ပေါက်အောင် ကြံဆ နေမိ၏။
တစ်ခါ တစ်ရံတွင် ခရမ်းငယ်၏ လမ်းညွှန်မှုဖြင့်၊ အရိယာ တေးသွားကို လေ့ကျင့် လေ့ ရှိသည်။ တိမ်လွှာဓား ဂိုဏ်းမှာ သူ့အတွက် အထူး လုံခြုံ၏။
နှစ်ကုန် ထွက်သွား ပြီးနောက်၊ ဤသို့ ငြိမ်းချမ်းသော အချိန် များကို၊ ပြန်ရ နိုင်မည် မဟုတ်ခေျ။ ထို့ကြောင့် စက္ကန့်တိုင်းက အဖိုးတန် နေသည်။
ထို့စဉ် နဖူး ပေါ်ရှိ ဓားပိုးအိမ်မှာ၊ နောက်တစ်ကြိမ် အက်ကွဲ လာပြန်သည်။ ယခု အကြိမ်၌ ယခင် အကြိမ် များထက် ပို၍ တောက်ပပြီး၊ ရွှေမှုန်များ စိမ့်ထွက် လာသည်။
ဤသည်မှာ တတိယ အကြိမ် ဖြစ်၏။ အရိယာ ကောင်းကင် ဓားကို ရယူရန်၊ နီးကပ် နေပြီ ဖြစ်သော်လည်း၊ အနည်းငယ် နှေးကွေး နေသေးသည်။
“ ကြည့်ရတာ အဖိုးကြီး ဆီကို သွားလည် ရတော့မယ် ပုံပဲ။ ”
လင်းယွန်က ပြုံးကာ၊ ထရပ် လိုက်သည်။ ရုတ်တရက် ညာလက်ကို ဆုပ် လိုက်ရာ၊ နဂါး ရူရ် (၄၀၀) က လက်သီး၌ ပေါ်လာ၏။
“ ဟိတ် ... ။ ”
လေထဲ ခုန်တက်ကာ၊ လက်သီးကို ထိုးချ ပစ်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပြေးထွက် သွား၏။ လက်သီးမှာ လေးလံပုံ မပေါ် သော်လည်း၊ တောင်ကြီး တစ်ခု ကိုပင် ဖြိုခွဲ နိုင်သည်။
“ ဝှစ် ... ။ ”
သည့်နောက် မြေပြင် ပေါ်သို့၊ ပြန်လည် ဆင်းသက် လာပြီး ကျေနပ် စွာဖြင့်၊ အသက် ပြင်းပြင်း ရှူ လိုက်သည်။
သူ စုပ်ယူ ခဲ့သော နတ်နဂါး ရောင်ဝါ အားလုံးကို သန့်စင် ပြီးသော်၊ နဂါး ရူရ် (၅၀၀) အထိ၊ ရနိုင်ဖွယ် ရှိသည်။
ခရမ်း-ရွှေရောင် နဂါး ရူရ်တွင်၊ လျှပ်စီး အတွက် ခရမ်းရောင် ဖြစ်ပြီး၊ ရွှေရောင်မှာ လေ ဖြစ်၏။
၎င်းတို့ နှစ်ခုကို ပေါင်းစပ် ခြင်းဖြင့်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်ကို ရရှိမည် ဖြစ်သည်။ ယင်းက ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ဖြစ်၏။
သူတော်စင်နှင့် ဧကရာဇ် များတွင်၊ ရုပ်ခန္ဓာကို အားပြု၊ ကျင့်ကြံ ကြ သူများ ရှိနိုင် ပေမည်။
၎င်းသည် ဓားတာအို ထက် နိမ့်ကျမည် မဟုတ်ချေ။ ထိုလမ်းသို့ လျှောက်လိုသော် နှစ်ဆ ပင်ပန်း ပေမည်။
ဆိုလို သည်မှာ ဓားနှင့် ရုပ်ခန္ဓာကို အလှည့်ကျ အချိန် ပေးရ မည်ဟု ဆိုကြခြင်း ဖြစ်သည်။
သည့်နောက် အတွေး စကို ဖြတ်ကာ၊ အဖိုးကြီး ကျန့်ကျန်းရှန် ထံသို့ ထွက်ခွာ လာမိ သည်။ နယ်ပယ် သုံးခု ချန်ပီယံ တစ်ပါး ထံမှ အကြံဉာဏ် ရယူ ခြင်းသည် အကျိုး ယုတ်မည် မဟုတ်ချေ။
တစ်နာရီ ကြာ ပြီးနောက်၊ တောင်ပေါ်တွင် မျက်လုံးမှိတ်ကာ တရား ထိုင်နေသော အဖိုးကြီး ကျန့်ကျန်းရှန်ကို တွေ့လိုက် ရသည်။
ဓားကို မျက်လုံးထဲ လောင်းထည့်လျက် ကြည့်လိုက်စဉ်၊ ကျန့်ကျန်းရှန် ခန္ဓာမှ အလင်း များ ဖြာထွက် နေကြောင်း မြင်လာ မိ၏။
၎င်းအလင်း များက၊ သက်ရှိ တစ်ကောင် ကဲ့သို့၊ ကျန့်ကျန်းရှန် အနီး လှည့်ပတ် နေသည်။ ယင်းကို ဖြတ်တောက် လိုက်သော်၊ မည်သို့ ဖြစ် မည်ကို သိချင် လာစေ၏။
“ အန္တရာယ် များတယ် ... ။ ”
ကျန့်ကျန်းရှန် မျက်လုံးများ ပွင့်လာပြီး၊ အေးစက် စွာဖြင့်၊ လင်းယွန်၏ ဓား ရောင်ဝါကို၊ ချက်ချင်း ဖျက်ဆီး ပစ် လိုက်သည်။
ထို့ကြောင့် လင်းယွန် စိတ်ထဲ၌ နာကျင် မှုများ ဖြစ်ပေါ် လာတော့၏။
“ အဖိုးကြီး အဲလောက် လည်း၊ အတွေး လွန်မနေ ပါနဲ့၊ ငါ မင်းနဲ့ တစ်ခွက် တစ်ဖလား သောက်ဖို့ ရောက်လာတာ။ ”
နဂါးဝိုင် နှစ်အိုးအား ထုတ်လျက်၊ ဆက်လျှောက် လာခဲ့သည်။ သူ့ အမူ အရာ ကြောင့် ကျန့်ကျန်းရှန်က ပြုံးကာ၊
“ ပြောပါ၊ မင်း ဘာလို ချင်လဲ။ ”
-ဟု တန်းမေး လာသည်။
“ ဘာမှ မလိုဘူး၊ သောက်ဖို့ သက်သက် ရောက်လာတာ၊ ဒီလို ဖော်ရွေမှု မရှိ လို့လဲ မင်းရဲ့ သမီး ကတောင်၊ မင်းဆီကို မလာ ချင်တာ။ ”
“ အပိုတွေ ပြော မနေနဲ့၊ မင်း ဒီကို ရောက်လာတာ ခြောက်လ ရှိပြီ၊ ဒီခြောက်လ အတွင်း၊ ငါ့ဆီကို လာတဲ့ အချိန် တွေက၊ လက် တစ်ဖက် စာတောင် မပြည့်ဖူး၊ ပြောပါ ... ငါ မင်းကို အစွမ်းကုန် ကူညီ ပေးမယ်။ ”
“ ကောင်းပြီ ... ငါ ဝန်ခံတယ်၊ အကူ အညီ နည်းနည်း လိုနေတယ်၊ ဒါပေမယ့် ... ဒီဝိုင်ကို သောက်ဖို့ အဓိကပါ။ ”
“ ငါ သိတယ်။ ”
ကျန့်ကျန်းရှန်က လှောင်ပြုံးဖြင့် ခေါင်းညိတ် ပြပြီး၊ လင်းယွန် ငှဲ့ ပေးသော ဝိုင်ခွက်ကို ယူကာ၊ သောက် နေစဉ်၊
“ နတ်ကြယ် ပုလဲ နည်းနည်းလောက် ချေးပါလား။ ”
-ဟု လင်းယွန်မှ ပြောလာ တော့သည်။
ထိုတောင်း ဆိုချက်မှာ၊ အရေး မကြီး လှသဖြင့်၊ ကျန့်ကျန်းရှန်က ပေါ့ပေါ့ ပါးပါး ခေါင်းညိတ် ပြပြီး၊
“ မှန်တယ် ... ၊ မင်း နက္ခတ် အဆင့်ကို ရောက်ဖို့ အချိန် အတန်ပြီ၊ ပြော ဘယ်လောက် ယူ မလဲ။ ”
“ အများကြီး မဟုတ် ပါဘူး၊ ငါးသန်း လောက် ပါပဲ။ ”
“ ထွက် သွား စမ်း။ ”
ထို့နောက် ဝိုင်ခွက်အား စောင့်ချ လိုက်ပြီး၊ အရူး တစ်ယောက်ကို မြင်နေရ သကဲ့သို့၊ အထင် အမြင် သေးစွာဖြင့်၊ မောင်းထုတ် တော့သည်။
***