ပညာရှိ ဆိုတာ အသက် ကြီးတဲ့၊ လူတွေ ထဲက လာတယ်။
Vol. 89 Ch. 1241
အဖိုးကြီးမှာ စီနီယာ တစ်ယောက် ဖြစ်သော်လည်း၊ နတ်ကြယ် ပုလဲ ချေးငှား ရုံဖြင့်၊ သူ့အား ကျိန်ဆဲ လာခဲ့သည်။
သို့သော် အကြည့် များက၊ အမှန်ပင် အေးစက် နေဆဲ ဖြစ်သဖြင့်၊ ပြန်၍ ကျိန်ဆဲရန် မဝံ့ ခဲ့ချေ။ အဆင် မပြေသော အပြုံးနှင့်၊
“ ငါက နောက်နေ တာပါ ... ၊ ဒီလောက်လည်း အလေး အနက် ထား စရာ မလို ပါဘူး။ ”
-ဟု စကားကို ဖေါ့ချ လိုက်ရ တော့သည်။
“ ဝိုင် မဆိုးဘူး ... ၊ မင်းမှာ ... တခြား ဘာကိစ္စမှ မရှိ တော့ရင်၊ ဝိုင်ကို ထားပြီး၊ အခု ထွက်သွား နိုင်ပြီ။ ”
နတ်ကြယ် ပုလဲ မရရုံ သာမက၊ နဂါး ဝိုင် နှစ်အိုးပင် ဆုံးရှုံးလိုက် ရပြီ ဖြစ်သည်။
“ အမှန်တော့ ငါ ... ၊ မင်းနဲ့ ဆွေးနွေး ချင်တာ တစ်ခု ရှိတယ်၊ ဓား သူတော်စင် တောင် လျှို့ဝှက် ချက်ကို ငါ သိပြီ၊ သူ့မှာ ငါ လိုချင်တဲ့ အရာ တစ်ခု ရှိတယ်၊ ...
... လျော်ကြေး အနေနဲ့၊ တိမ်လွှာဓား (၁၃) ကွက်ကို အစုံလိုက် ချန်ထား ပေးဖို့၊ ကြိုးစားပေး ခဲ့ပါ့မယ်။ ”
တိမ်လွှာဓား (၁၃) ကွက်မှာ၊ ပြဿနာ မဟုတ် သော်လည်း၊ ဓားသုတ္တန်သည် ကိုယ်ပိုင် နားလည် မှုဖြင့်၊ ရယူ သင့်သော အရာ ဖြစ် သဖြင့်၊ ချန်ထားရန် ခက်ခဲ ပေလိမ့်မည်။
သို့သော် ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်း ရှာနိုင် မည်ဟု သူ ယုံကြည်၏။ ကျန့်ကျန်းရှန်က သူ့အား အလေး အနက် စိုက်ကြည့်ကာ၊
“ လက်တလောမှာ၊ တိမ်လွှာဓား (၁၃) ကွက်က၊ မင်း တစ်ဦး တည်းသာ ဆုပ်ကိုင်ထား နိုင်တဲ့၊ ဓားရေး တစ်ရပ်ပဲ၊ ဒါကြောင့် မင်းရဲ့ အစွမ်း အထက်ဆုံး ...
... ဝှက်ဖဲ ဆိုလည်း မမှားဘူး၊ အခြား တစ်ယောက် ယောက်က ဆုပ်ကိုင် နိုင်ခဲ့ရင်၊ ဒါက ဝှက်ဖဲ ဖြစ်လာ တော့မှာ မဟုတ်ဘူး ... ၊ မင်း သေချာလား။ ”
-ဟု မေးလိုက် တော့သည်။
“ သေချာ ပါတယ်၊ သူတို့ လေ့ကျင့် နိုင်လည်း၊ ငါ့လောက် အစွမ်း မထက်ဖူး ဆိုတာ ပြောရဲတယ်၊ ပြီးတော့ ဒီဓားရေးက ငါ့အတွက် အကြာကြီး အသုံး ဝင်မယ် မထင်ဘူး။ ”
“ မင်းက တကယ့်ကို ယုံကြည်မှု ရှိတာပဲ။ ”
ကျန့်ကျန်းရှန်က မတ်တပ် ထရပ်ပြီး၊
“ မင်း ... ဆန္ဒ ရှိသလို လုပ်နိုင်တယ်၊ ဓားသူတော်စင် တောင်ရဲ့၊ လျှို့ဝှက် ချက်ကို ဘယ်သူမှ မသိလို့၊ စိတ်မဝင် စားဘူး၊ တိမ်လွှာ ဓားဂိုဏ်း တစ်ဂိုဏ်း လုံးက ...
... ဒီတောင် အပေါ်၊ အချိန်ပြည့် မီခို နေကြတယ်၊ ဒါက အာရုံ နောက်စရာပဲ၊ ဒီကမ္ဘာ ပေါ်မှာ ဓား သူတော်စင် တောင် တစ်လုံးပဲ ရှိတယ်များ၊ ထင်နေ ကြလား မသိဘူး။ ”
လင်းယွန် တစ်ယောက် မျက်လုံးပြူး သွားသည်။ ယင်းက ဓား သူတော်စင် တောင်ကို၊ အဖိုးကြီး ဂရု မစိုက် ရသည့် အကြောင်းရင်း ဖြစ်လေသည်။
ဤတောင်သည် အလွန် နာမည်ကြီး သဖြင့်၊ လူများစွာက ၎င်းအတွက် တိမ်လွှာဓား ဂိုဏ်းသို့ ဝင်ရောက် လာကြ၏။
သို့သော် စမ်းသပ် ချက်မှာ၊ တင်းကြပ် လွန်းပြီး၊ လူအများ စုအား ဟန့်တား နိုင်ခဲ့လေ သည်။
ထို့ကြောင့် ၎င်းအပေါ် အလွန် အမင်း အားထား စွဲလမ်းနေ ခြင်းဖြင့်၊ ဓား တာအို၌ ထိခိုက် သွားမည် ဖြစ်သည်။
“ ဒီနှစ်ကုန်ရင် မင်း လိုချင် တာကို၊ လာယူပြီး ထွက်သွားလို့ ရတယ်၊ တိမ်လွှာဓား (၁၃)ကွက် ထားခဲ့ခြင်း- မထား ခဲ့ခြင်း ကိုတော့ ကြိုက်သလို ဆုံးဖြတ်ပါ၊ မင်းဆန္ဒ ပဲ၊ ငါ စိတ်မဝင် စားဘူး။ ”
ကျန့်ကျန်းရှန်မှ ဓားလွှာဓား (၁၃) ကွက် အပေါ်၊ စိတ်မဝင်စား ဟန်ဖြင့်၊ သူ့သဘော ထား ကို၊ ထုတ်ပြော လာသည်။
“ ဒါက နည်းနည်းတော့ စောင့်ရ ဦးမယ် မဟုတ်လား၊ ဒီထက် စောစော လာ ယူလို့ မရ ဖူးလား။ ”
“ ကောင်းပြီ မင်း သဘောပဲ၊ အရိယာ ကောင်းကင်ဓားကို ဆုပ်ကိုင် နိုင်ရင် ပြန်လာခဲ့။ ”
“ မင်း ... ။ ”
ယင်းက အတူတူ ပေပင်။ နှစ်ကုန်ပိုင်း လောက် မှသာ အရိယာ ကောင်းကင် ဓားကို ရရှိ နိုင်မည်ဟု၊ ခန့်မှန်း ထားသည်။
“ ဒီတောင် တန်းကြီး ပေါ်က ရှုခင်းတွေ အရမ်း လှတယ်၊ ဒါပေမယ့် ... မင်းက မခံစား တတ်တော့ နှမျော စရာပဲ။ ”
ကျန့်ကျန်းရှန်က ပြုံးကာ ပြောသည်။
“ ဓားပိုးအိမ်က ကိုးကြိမ် တိတိ ... ၊ ချိုးဖြတ်ဖို့ လိုတယ်၊ မင်း ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ သွေ့ရော် ကျွန်း မဖွင့်ခင်၊ ပြီးမြောက် နိုင်မှာ မဟုတ်ဘူး။ ”
“ ဟုတ်ပါတယ် ... ၊ ဒီအတွက် မင်းဆီက အကြံ ဉာဏ်များ ရနိုင် မလားလို့ ရောက်လာ ခဲ့တာပါ။ ”
“ ဒါဆို ... ငါနဲ့ လိုက်ခဲ့။ ”
လင်းယွန် စကားက၊ ကျန့်ကျန်းရှန်အား ထိမှန် သွားပုံ ရ၏။ စကားဆုံး သည်နှင့် တောင် ပေါ်မှ၊ ချက်ချင်း ခုန်ဆင်း သွား တော့သည်။
“ ဝှစ် ... ။ ”
နှစ်ဦးသား တိမ်တိုက် များကို ဖြတ်ကျော် ပျံသန်းသော ဓား နှစ်လက် ကဲ့သို့၊ လျင်မြန်စွာ ရွေ့လျား နေသည်။
များမကြာခင် မရဏ အငွေ့ အသက်များ ရစ်သိုင်း နေသည့်၊ ယဇ်ပလ္လင် တစ်လုံးအား လှမ်းမြင် လာ၏။
၎င်းကို တောင်များဖြင့် ဝန်းရံ ထားပြီး၊ တောင်တိုင်းတွင် သားရဲ အရေ ပြားဖြင့် ပြုလုပ် ထားသော ဗုံတစ်လုံးစီ ရှိသည်။
“ ဝူး ... ။ ”
မြေပြင် ပေါ်သို့ ဆင်းသက် လိုက်သော အခါတွင်၊ တောင်များမှာ လှောင်အိမ် တစ်လုံး သဖွယ်၊ ယဇ်ပလ္လင် အား ဝန်းရံထားခြင်း ဖြစ်မှန်း မြင်လာ ရ၏။
ကျန့်ကျန်းရှန်က သူ့လက်ကို ဝှေ့ယမ်း လိုက်ရာ၊ ယဇ်ပလ္လင် ထံမှ သတ်ပစ် လိုသော ရောင်ဝါ တစ်ခု တိုးထွက် လာပြီး၊ ပတ်ဝန်းကျင် အနှံ မီးလျှံများ တောက်လောင် သွားသည်။
“ ဝှစ် ... ။ ”
သည့်နောက် ယဇ်ပလ္လင် ပေါ်သို့ ပျံတက် လိုက်ပြီး၊ ကျန်ရစ် ခဲ့သော လင်းယွန်ထံ ပြန် လှည့် ကြည့်ကာ၊
“ ဒီယစ် ပလ္လင်ကို ... ၊ ရှေးဟောင်း စစ်မြေပြင် တစ်ခု ကနေ ရလာတာ၊ တစ်ချိန်က တိမ်လွှာဓား ဂိုဏ်းကို၊ ဒီနေရာမှာ တည်ခဲ့တယ်၊ တောင်တွေ ပေါ်က ...
... စစ်ဗုံ တေွရဲ့ သားရည်ကို၊ ရှေ့ဟောင်း သားရဲ အရေခွံနဲ့ ပြုလုပ် ထားပြီး၊ သားရဲ သွေး၊ ဝိညာဉ် တို့နဲ့ သန့်စင် ထားတယ်။ ”
ကျန့်ကျန်းရှန်က ဗုံများကို ကြည့်ကာ၊ ပြောပြနေ သော်လည်း၊ လင်းယွန်မှာ စိတ် မဝင် စား မိချေ။
အရိယာ ကောင်းကင် ဓားနှင့်၊ အထက်ပါ အကြောင်း အရာ များမှာ၊ မည်သို့ ဆက်စပ်နေ သည်ကို၊ မသိ သောကြောင့် ဖြစ်၏။
ဓားတာအို၌ ဖြတ်လမ်း မရှိချေ။ အောင်မြင်မှု ရယူ လိုသော်၊ နှစ်ဝက်ခန့် စောင့်ရ မည်မှာ သေချာ သည်။
“ အသက်နဲ့ သေခြင်း ကြုံတွေ့ခဲ့ ရ တာတောင်၊ အောင်မြင်မှု တစ်ခုကို မဖန်တီး နိုင်ရင်၊ နောက်ထပ် ...
... နည်းလမ်း တစ်ခုနဲ့ ကြိုးစား ကြည့် ရမယ်၊ အဲ့ဒါက တိုက်ပွဲပဲ၊ ဓားဆိုတာ သတ်ဖို့ ရည်ရွယ် ထားတာ မဟုတ်လား။ ”
“ အရင်က ယဲ့ဇီလင်နဲ့ အခြား လူတွေ အတွက်၊ ဒီနေရာကို ဘာလို့ အသုံးပြုခွင့် မပေး တာလဲ။ ”
ဤနေရာသည် တိုက်ပွဲဝင် စွမ်းအားကို မြင့်တင် နိုင်သော နေရာ ဖြစ်ကြောင်း လင်းယွန် သိလိုက်၏။
“ အရမ်း ... အန္တရာယ် များတယ်၊ ပြီးတော့ သူတို့ ဓားရည်ရွယ်ချက် ကလည်း၊ မလုံလောက် သေးဖူး၊ မင်းတောင် အလေး မထားရင်၊ ကျရှုံး နိုင်တယ်။ ”
ထိုစကားကြောင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။ ဤအစီရင်သည် ဓားခန်းမ၏ နာမည်ကျော် အစီရင် သုံးရပ် ထက်ပင် ခက်ခဲနိုင် မည်လော။
“ မင်း ... မယုံ ဖူးလား၊ ဒါဆို ဒီကို လာခဲ့။ ”
ကျန့်ကျန်းရှန်က လှောင်ပြောင် လိုသော အပြုံးဖြင့် လှမ်းခေါ် လာသောကြောင့်၊ သံသယ စိတ် များနှင့်၊ ပလ္လင် ပေါ်သို့ ပျံသန်း ဆင်းသက် လိုက်သည်။
ပလ္လင်မှာ ကြီးမား လှပြီး၊ မရေ မတွက် နိုင်သော အရိုး များနှင့် ပြည့်နှက် နေသည်ကို မြင်လိုက် ရ၏။ အလယ် ဗဟိုတွင် အဆုံး အစ မရှိသော တွင်းနက်ကြီး ဖြစ်တည် နေသည်။
၎င်း အတွင်းတွင် လူအရိုး များနှင့် သားရဲ အရိုး များကို မြင်နိုင်ပြီး၊ အငွေ့ အသက် များက ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါကြီး တစ်ကောင် အဖြစ်၊ ပေါင်းစပ် လာသည်။
သည်မြင်ကွင်းက သူ့ဓား နှလုံးသားကို အက်ကြောင်းများ ထင်ဟပ် လာ စေပြီး၊ စိတ် ဝိညာဉ်ကို နာကျင် လာစေ၏။
ထို့အပြင် အမည်ခံ အရိယာ ကောင်းကင် ဓားကိုလည်း၊ အသုံး မပြု နိုင်တော့မှန်း ခံစား လိုက်ရသည်။
“ ဝှစ် ... ။ ”
ရုတ်တရက် ပခုံးပေါ် လက် တစ်ဖက် ရောက်လာပြီး၊ ဆွဲထုတ် လိုက်မှ သာလျှင်၊ လွတ်မြောက် သွားသည်။
ထိုအခိုက်တွင် ‘ထိတ်လန့်ဖွယ်’ ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို သိရှိ လိုက် ရသည်။ ယင်းကြောင့် မျက်နှာ ဖြူဖျော့ သွားမိ၏။
“ ဘယ် လို နေ လဲ။ ”
ကျန့်ကျန်းရှန်မှ မေးသည်။
“ မပြော တတ်ဘူး။ ”
တုန်တုန် ယင်ယင်နှင့် လင်းယွန်မှ ပြန်ဖြေ မိ၏။ ပလ္လင် တစ်လုံးသည် ဤမျှ ကြောက်စရာ ကောင်းလိမ့် မည်ဟု၊ မယုံကြည် နိုင်သေးချေ။
“ မင်းက ... ၊ ဘာကောင်မှ မဟုတ် သေးဖူးဆိုတာ သိထားပါ၊ ဓားခန်းမက အစီရင် သုံးရပ်ကို ကျော်ဖြတ် နိုင်လို့၊ ဘဝင် မြင့် မနေနဲ့၊ မင်းထက် သန်မာတဲ့ သူတွေ ...
... ဒီကမ္ဘာမှာ အများကြီး ရှိတယ်၊ အင်ပါရီယန် တစ်ရာ အတွင်းက၊ ဘယ်သူ မဆို မင်းကို အနိုင်ယူ နိုင်တယ်၊ ထိပ်ဆုံး ဆယ်ဦး သာဆို ရင်တော့ သေချာတယ်၊ မင်း ပြေး ချိန်တောင် ရမှာ မဟုတ်ဘူး။ ”
ဤသုံးသပ် ချက်မှာ အနည်းငယ် ကြမ်းသဖြင့်၊ လင်းယွန် တစ်ယောက် အလို မကျ ဖြစ်လာ မိသည်။ သူ ခွန်လွန်သို့ ရောက် သည်မှာ တစ်နှစ်ပင် မပြည့် သေးပေ။
“ ဘာလို့လဲ ... ၊ မတရားဖူး ထင်နေ တာလား၊ ပေါ့ ပျက်ပျက် အမူ အရာ တွေကို ရပ်လိုက်ပါ၊ မင်းရဲ့ ပြိုင်ဘက် တွေက ဒါကို ဂရုစိုက်မယ် ထင်လား၊ ...
... အရှုံး သမား တစ်ယောက်ရဲ့ ပါးစပ်က ထွက်သမျှ စကားလုံး တိုင်းက ဆင်ခြေပဲ၊ ရလဒ် ကိုပဲ စိတ်ဝင်စား ကြတယ်။ ”
ယင်းက အမှန် ပေပင်။ ထို့ကြောင့် အကြောင်း အရာ ပြောင်းလိုက်၏။
“ ဒါတွေက ဘယ်သူ တွေလဲ ... ။ ”
“ အများ စုဟာ အပြစ်ရှိ သူ တွေပါ၊ သူတို့ အားလုံးကို ငါ သတ်ခဲ့တာ၊ ဓားသမားက နူးညံ့ နေလို့ မရဘူး၊ အမှန်ဆို ဒီလူတွေက ငါ့ ဓားဆွဲ ဖို့တောင်၊ မထိုက်တန် ပါဘူး၊ ...
... တကယ်တော့ မြင်မြင် သမျှသာ သတ် နေရရင်၊ ယဇ်ပလ္လင် ပေါ်မှာ သေနေတဲ့၊ ဒီအရိုင်း အစိုင်း တွေနဲ့၊ ဘာများ ကွာခြား နေဦး မှာလဲ။ ”
ကျန့်ကျန်းရှန်မှ ပြန်ဖြေသည်။ ထို့နောက် လင်းယွန်အား ယဇ်ပလ္လင်၏ အစွန်း ဘက်သို့ ခေါ်ဆောင် လာပြီး၊
“ လျှပ်စီး တစ်ထောင် ဓားကို ထုတ်လိုက်။ ”
-ဟု အမိန့်ပေး လိုက်သည်။
သည့်နောက် လျှပ်စီး တစ်ထောင် ဓားကို လင်းယွန် ထံမှ လှမ်းယူကာ သုံးလက် မခန့် ဆွဲ လိုက်သည်။
ဓားထွက် လာသည်နှင့်၊ ယဇ်ပလ္လင် တစ်ခုလုံး တုန်လှုပ် သွားပြီး၊ ညည်းတွားသံ အချို့ ထွက်လာ သည်ဟုပင်၊ ထင်မြင်လာ မိသည်။
လျှပ်စီး တစ်ထောင်ဓား ထံမှ သွေးဆာ နေသော အငွေ့ အသက်များ ပြင်းစွာ ထွက်လာ သဖြင့်၊ လင်းယွန်မှာ အံ့သြ သွား၏။
ဤဆန္ဒများ အပေါ်၊ အခြေခံ သုံးသပ် ရသော်၊ ဓားသည် လူပေါင်း မြောက်များ စွာ၏၊ သွေးကို သောက်သုံး ခဲ့ပုံ ပေပင်။
“ နတ်ကြယ် ပုလဲ တစ်ထောင်က၊ ယဇ်ပလ္လင်ကို မိနစ် သုံးဆယ်ကြာ အသက် သွင်း နိုင်တယ်၊ ငါးထောင် ဆိုရင် မိနစ် သုံးဆယ် အပြင်၊ နံ့သာတိုင် တစ်ဝက် အထိ၊ ပိုတိုး လာမယ်၊ ...
... တစ်သောင်း သုံးရင် လေးနာရီ ရမယ်၊ ဒီတော့ တစ်ထောင်နဲ့ အရင် စဖို့ အကြံ ပြုချင် ပါတယ်၊ ပြီးတော့ ဒီအလောင်းတွေ သွေးစွန်းဖို့ ဆိုရင်၊ ယဇ်ပလ္လင် ပေါ်မှာ၊ ...
... မီးလျှံ တောက်လောက် လာဖို့က၊ သွေးလိုတယ်၊ ရေှးဟောင်း သားရဲ တွေရဲ့ သွေးက အဆင်ပြေ ပေမယ့်၊ ...
... မင်းရဲ့ သွေး လောက်တော့ ... သင့်လျော်မယ် မထင်ဘူး၊ ကိုယ့်ရဲ့ သတ်ဖြတ် လိုတဲ့ ဆန္ဒကို၊ ကိုယ် ရင်ဆိုင် ရတာက၊ အုပ်စိုးရှင် သားရဲ တစ်ကောင်ကို ...
... ရင်ဆိုင် ရတာထက် ခက်ခဲ မယ်၊ ဓားရည်ရွယ်ချက် ကိုယ်လုံး ကိုယ်ပေါက်၊ ဓား နည်းစနစ်နဲ့ ဂီတ၊ ကြိုက်တာကို စမ်းကြည့် လို့ရတယ်။ ”
သည့်နောက် ကျန့်ကျန်းရှန်က လင်းယွန်အား တစ်ချက် ကြည့်ကာ၊ စကား ဆက် မပြော တော့ဘဲ၊ လှည့်ထွက် သွား တော့သည်။
လင်းယွန် မှာမူ၊ နတ်ကြယ် ပုလဲများ ချေးငှားရန် လာမိခြင်း ဖြစ်သော်လည်း၊ ရှိတာ ကုန်ရမည့် အခြေ အနေ မျိုးနှင့်၊ ကျန်ရစ် ခဲ့ တော့၏။
***