အရိယာ ကောင်းကင်ဓား။
Vol. 89 Ch. 1244
လင်းယွန် မျက်လုံးများ ဖွင့်လိုက်သော အခါတွင်၊ သူ့ ဓားရည်ရွယ် ချက်မှာ၊ စူးစူး ရဲရဲ တောက်ပ လာခဲ့ သည်။ ထိုအချိန်၌ သူ့ ခန္ဓာ ကိုယ် အခြေ အနေ ကောင်းလာ သည်ကို၊ ခံစားလိုက် ရ၏။
“ ပိုးအိမ် ကွဲဖို့ လေးကြိမ် ကျန်သေးတယ်။ ”
ပုံရိပ်ယောင် ကိုးပါး နယ်မြေ၏ စည်းမျဉ်း များကို၊ ကောင်းစွာ နားမလည် ခဲ့သဖြင့်၊ ပထမ အဆင့်သည် သူ့ အသက် ပေးရလု နီးပါး ဖြစ် သွား၏။
၎င်းမှာ အန္တရာယ် ရှိနိုင် သော်လည်း၊ သက်ရောက်မှု ကြီးမား ပေမည်။ အမည်ခံ အရိယာ ကောင်းကင် ဓားကို ရရန်၊ အဆင့် ကိုး ဆင့်လုံး ဖြတ်ကျော် စရာ မလို လောက်ဟု ထင်၏။
ထို့ကြောင့် ဖြည်းညှင်းစွာ ထရပ် သည်။ ဤတစ်ကြိမ်တွင် နတ်ကြယ် ပုလဲ (၁၀,၀၀၀) ကို၊ ယဇ်ပလ္လင်ပေါ် ပစ်ထည့် လိုက်၏။
“ တုံ ... တုံ ... တုံ ... ။ ”
ဗုံသံများ ထွက်ပေါ် လာသော အခါ၊ အသိစိတ်မှာ၊ ပုံရိပ်ယောင် ကိုးပါး နယ်မြေထဲ ပြန်ရောက် သွားသည်။
ဒုတိယ အဆင့်သည် ပထမ အဆင့်ထက်၊ ပို၍ ဆိုးရွားသော ပတ်ဝန်း ကျင်မျိုး ဖြစ်၏။ မီးတောက် များကို နေရာ တိုင်းတွင်၊ မြင်တွေ့ နိုင်သည်။
အနက်ရောင် အခိုး အငွေ့များ ဖုံးလွှမ်း နေသည့်၊ ဓား တစ်လက် ကိုင်လျက်၊ လင်းယွန် တစ်ယောက် မတ်တပ် ရပ်နေသည်။
ဒုတိယ စမ်းသပ် မှုသည် မိစ္ဆာများ အားလုံးကို သတ်ပစ် ရမည် ဖြစ်ပြီး၊ သူ့ကိုယ် သူလည်း မိစ္ဆာ ဖြစ်ခြင်းမှ၊ ကာကွယ် ရမည် ဖြစ်သည်။
နှလုံးသား ထဲရှိ၊ စိတ်မိစ္ဆာသည် လူသား မိစ္ဆာ များထက် အမြဲတမ်း ပို၍ ကြောက်စရာ ကောင်း ပေ၏။ ထို့ကြောင့် စိတ်မိစ္ဆာ၏ အလစ် ဝင်တိုက် ခြင်းမှ၊ ကာကွယ်ရန် လိုအပ်သည်။
သို့သော် သွေးအန်လျက် အပြင်သို့ ချက်ချင်း ပြန်ရောက် လာသည်။
“ ဒါက အင်ပါ ရီယန် တစ်ပါး၊ ဖြေရှင်း နိုင်တဲ့ စမ်းသပ်မှုရော ဟုတ် ရဲ့လား။ ”
အံကြိတ် လိုက်ပြီး၊ ပုံရိပ်ယောင် နယ်မြေ ထဲသို့၊ နောက်တစ်ကြိမ် ဝင်ရောက် လိုက်မိ၏။ ခုနစ်ရက် အကြာ၌ ဒုတိယ အဆင့်၊ ရောက်ရှိ လာခဲ့သည်။
နှလုံးသားမှာ ကျောက်စိမ်းတုံး တစ်တုံး ကဲ့သို့ ကြည်လင် လာပြီး၊ ဓားပိုးအိမ် ကိုလည်း နောက်တစ်ကြိမ် အက်ကွဲ သွားစေ သည်။
ခွန်အားနှင့် ဓား ရည်ရွယ်ချက် တိုးတက် လာသဖြင့်၊ စိတ်အား ထက်သန် မှုများ အသစ် တဖန် ဖြစ်တည် လာပြီး၊ ပုံရိပ်ယောင် နယ်မြေ ထဲသို့၊ ဝင်ရောက် လိုက်သည်။
မျက်စိ တစ်မှိတ် အတွင်း လဝက် ကုန်လွန်ကာ၊ လင်းယွန် သည်လည်း စတုတ္ထ အဆင့်သို့၊ ပြီးမြောက် သွား ခဲ့သည်။
သူ့မြင်ကွင်း၌ မီးတောင် ကဲ့သို့ ပေါက်ကွဲ နေသော လူအုပ် ကြီးကို၊ မြင်လာ ရ၏။ သူ့ဓား ရောင်ဝါမှာ၊ မြင်သာသော အဟုန်ဖြင့် ပွင့်ထွက် လာပြီး၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသား တောက်ပ လာသည်။
ကန့်သတ်ချက် ပြည့်သွား သည်နှင့်၊ ဓားပိုးအိမ် ပေါက်ကွဲ သွားပြီး မရေ မတွက် နိုင်သော ရွှေရောင် အလင်းများ သွန်းလောင်း လာ၏။
ကိုးကြိမ် ပြည့်အောင် ပေါက်ကွဲ နေသော အသံကို နားထောင် လျက်မှ၊ သက်ပြင်း ရှည် ကြီး ချလိုက် မိသည်။
ပုံရိပ်ယောင် ကိုးပါး နယ်မြေသည် ဓားရည်ရွယ် ချက်ကို သက်ရောက်မှု ဖြစ်စေ သည်မှန်း၊ သူ သိသော်လည်း ဤမျှ အထိ အကျိုးထူး လိမ့်မည်ဟု မထင် ထားချေ။
ဓားပိုးအိမ် ကျိုးသွားသော အခါတွင်၊ ရောင်ဝါ သမုဒ္ဒရာ ဖြစ်တည် လာကာ၊ အတွင်းမှ နဂါး ဟောက်သံများ၊ ပဲ့တင်ထပ် လာ၏။
၎င်းနောက် မရေ မတွက် နိုင်သော မိုးကြိုး မုန်တိုင်းများ ဖြစ်ပွား လာပြီး၊ ရွှေပြာရောင် နဂါး တစ်ကောင် ပျံထွက် လာသည်။
“ မိုးပြာ နဂါး ဓားဝိညာဉ်... ။ ”
လင်းယွန်က အံ့သြ သွားသည်။ ဤနဂါးမှာ အရိယာ ကောင်းကင် ဓား ပင်လော။ နဂါး ပုံရိပ် သည် စစ်မှန်သော နဂါး အလား ပြတ်သား နေ၏။
သည့်နောက် နဂါး ကြီးက၊ လေဟာနယ် အတွင်း၊ လှည့်ပတ် သွားလာကာ၊ ဓား သမုဒ္ဒရာ ထဲသို့ ပြန်လည် ဝင်ရောက် သွားသည်။
၎င်း ပျောက်ကွယ် ပြီးနောက်၊ ကွဲနေသော ဓားပိုးအိမ် ပေါ်တွင် ထိုင်နေသည့်၊ ရွှေလူသား တစ်ဦးကို၊ တွေ့လိုက် ရ၏။
ထိုရွှေ လူသားမှာ၊ သေးငယ် သော်လည်း၊ နေမင်း ကဲ့သို့၊ စူးရှသော အလင်း ရောင်အား ထုတ်လွှတ် နေသည်။
ဤရွှေ လူသားကို အလို ရှိတိုင်း၊ သူ ထိန်းချုပ် နိုင်သည်ဟု၊ ခံစား ရ၏။ အတွေးဖြင့် ရွှေလူသားအား၊ စူးရှ တောက်ပသော အလင်း တန်းကို၊ ထုတ်လွှတ် စေလိုက်သည်။
“ ရွှပ် ... ။ ”
အလင်း တန်းမှာ၊ ပေ (၁၀၀) သို့ ရောက်သော အခါတွင်၊ ဓားရောင် သမုဒ္ဒရာ တစ်ခုလုံး ပွက်ပွက်ဆူ လာပြီး၊ ရွှေလူသား ပျံတက် လာ၏။
၎င်းက လင်းယွန် ခန္ဓာ ကိုယ်မှ ထွက်ခွာ လိုက်သည်နှင့်၊ ရွှေရောင် အလင်းတိုင် အဖြစ် ကောင်းကင်ပေါ် ထိုးတက် သွားသည်။
“ ခရစ် ... ။ ”
ထို့နောက်တွင် ကောင်းကင်ကြီး ကွဲအက် နေသံကို ကြားလိုက် ရသည်။ စစ်တုရင် ကစား နေသော ဖုန်းကျွယ်နှင့် ကျန့်ကျန်းရှန်ပင် မယုံနိုင် ဖြစ်သွား၏။
“ အဲဒါ ကောင်းကင်က ကွဲအက် နေတဲ့ အသံ မဟုတ်လား။ ”
“ Chess ... ၊ မင်း ရှုံး ပြီ။ ”
ကျန့်ကျန်းရှန်မှ ပြန်ပြောသည်။ သူ့စကားကြောင့် ဖုန်းကျွယ်က စစ်တုရင်ခုံကို ပြန်ကြည့် ပြီး၊
“ မင်း ... ငါ့ကို လိမ်တယ်။ ”
“ ဘယ်မှာလဲ သက်သေ။ ”
ကျန့်ကျန်းရှန်မှ ပြုံးလျက်ဖြင့်၊
“ ပေး ... နဂါး မူလ ပုလဲ တစ်လုံး၊ မင်း ဒီနေ့ ရှုံးပွဲ ခုနစ်ပွဲ ပြည့်နေပြီ။ ”
-ဟု ပြော လိုက်သည်။ သို့သော် ဖုန်းကျွယ်က နှုတ်ခမ်း လှုပ်ရုံ ကြိမ်ဆဲ သဖြင့်၊
“ ဘာ လို့လဲ၊ အရှုံးကို လက်မခံ ဖူးလား။ ”
“ ရော့ ... ၊ ပြောဦး ... ကောင်းကင်ကြီး ကွဲအက် နေတဲ့ အသံက၊ ဘာဖြစ် နေတာလဲ။ ”
“ ဘာများ ဖြစ်ရ မှာလဲ၊ အဲ့ဒါ အရိယာ ကောင်းကင် ဓားပေါ့။ ”
ကျန့်ကျန်းရှန်မှ ပြန်ဖြေ၏။
“ အိုး ... အင်ပါ ရီယန် တစ်ပါးက ... ၊ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင်နိုင် တယ်လား၊ ကျန့်ကျန်းရှန်း ... ငါ ဘာပြော ရမှန်း မသိ တော့ဘူး။ ”
“ သူ့ကို မင်းလို လူမိုက်များ ထင်လို့လား၊ ဟား ဟား ဟား ... ။ ”
ကျန့်ကျန်းရှန်က ဖုန်းကျွယ်အား ကြည့်ပြီး၊ ရယ်မော လိုက်သည်။
“ လာ ... ၊ သွား ရ အောင်။ ”
ဖုန်းကျွယ်မှ ခေါင်းကုတ် လိုက်၏။ ဆရာ သခင်၏ တပည့်များ အားလုံးတွင်၊ သူသည်သာ အညံ့ ဖျင်းဆုံး ဖြစ်ပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်မှ သာလျှင်၊ ကောင်းကင်ဓား ရည်ရွယ် ချက်ကို၊ ဆုပ်ကိုင် နိုင် ပေသည်။
ထို့ကြောင့် ကျန့်ကျန်းရှန်နှင့် လင်းယွန် တို့အား ယှဉ်ရန် မဖြစ်နိုင် သည်မှာ သဘာဝ အတိုင်း ဖြစ်၏။
“ ဝှစ် ... ။ ”
နှစ်ဦးသား ယဇ်ပလ္လင် ရှိရာ ပျံသန်း လာစဉ်၊ ကောင်းကင် သို့တိုင် ပျံတက် နေသော ရွှေရောင် အလင်း ကြီးအား ပို၍ နီးကပ်စွာ မြင်လိုက် ရ၏။
ကံကောင်း စွာဖြင့်၊ ဤနေရာသည် ချောင်ကျလွန်း ခဲ့သည်။ ထို့ကြောင့် ဖြစ်စဉ်ကို အခြား သူများ မြင်ခွင့် မရ ခဲ့ချေ။
“ ဒါက တကယ့် အရိယာ ကောင်းကင် ဓားပဲ။ ”
ဖုန်းကျွယ်မှ ရွှေရောင် အလင်း တိုင်ကို ကြည့်ပြီး၊ ခံစား ချက်များ အပြည့်နှင့် ရေရွတ် လိုက်သည်။
နဝမမြောက် ကောင်းကင်ဘုံ လမ်းမှ လာသော လူငယ်သည်၊ ခွန်လွန် နယ်မြေသို့ ရောက်ရှိပြီး၊ တစ်နှစ် မပြည့်မီ၊ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် လာနိုင်၏။
ရုတ်တရက် ရွှေရောင် ဖြစ်စဉ်များ ပျောက်ကွယ် သွားပြီး၊ ဓားရည်ရွယ် ချက်က၊ နဖူးသို့ ပြန်ဆုတ် လာသဖြင့်၊ လင်းယွန်မှ မျက်လုံး ဖွင့်လာသည်။
“ ဝှစ် ... ။ ”
ထိုစဉ် ကျန့်ကျန်းရှန်နှင့် ဖုန်းကျွယ်တို့ နှစ်ဦးမှာ၊ ကောင်းကင်မှ ဆင်းသက် လာသည် ကို၊ မြင်လိုက် ရ၏။
ကျန့်ကျန်းရှန်မှ ခပ်ဖျော့ဖျော့ ပြုံးနေ ချိန်တွင်၊ ဖုန်းကျွယ် မျက်နှာ တစ်ပြင်လုံး ရွှင်မြူး နေခဲ့သည်။
“ မင်္ဂလာပါ ဂိုဏ်းတူ အစ်ကို။ ”
လင်းယွန်က နှုတ်ဆက် လိုက်၏။
“ ဘယ်လိုလဲ လင်းယွန်၊ ဒီက ရှုခင်းတွေ သာယာတယ် မဟုတ်လား။ ”
ကျန့်ကျန်းရှန်မှ ပြုံးကာ မေးလာသည်။
“ နောက်ဆုံးတော့ ဓားရည်ရွယ် ချက်နဲ့ ကောင်းကင်ကို ထင်ရှားအောင် ပြသ တာက၊ ဘာအဓိပ္ပာယ်လဲ ဆိုတာ သိပြီ၊ ကောင်းကင် အောက်က လူတိုင်း ပုရွက်ဆိတ် တွေပါပဲ။ ”
လင်းယွန် အမူ အရာမှာ လေးနက်ပြီး၊ ပုရွက်ဆိတ်ဟု ရည်ညွှန်းချိန်၌ ကျန့်ကျန်းရှန်ထံ လှမ်း ကြည့်သည်။
ဤအမြင့်သို့ ရောက်ရှိ ပြီးနောက်၊ ကျန့်ကျန်းရှန်၏ ခွန်အားကို အနည်း ငယ်မျှ နားလည် လာပြီ ဖြစ်သည်။
“ ညီလေး ... မင်းရဲ့ ဓားပင်လယ်က ဘယ်လောက် ကြီးလဲ၊ ဓားပိုးအိမ် ကရော ... ။ ”
“ ပေ (၁၀၀၀) လောက် ကျယ်တယ်၊ ဓားပိုးအိမ် ကတော့ မိုးပြာ နဂါးနဲ့၊ ရွှေလူသား တစ်ယောက် ပေါ်လာတယ်။ ”
စိတ်လှုပ်ရှား နေသော ဖုန်းကျွယ်၏ မေးခွန်းကို လင်းယွန်မှ ရိုးရိုး သားသား ပြန်ဖြေ လိုက်သည်။
“ ဓား ဝိညာဉ် နှစ်ပါး။ ”
ကျန့်ကျန်းရှန်မှ အံ့သြ သွား၏။ သာမာန် လူများသည် ဓားပိုးအိမ်မှ ရွှေလူသား ကိုသာ ရရှိ ကြပြီး၊ ဓားဝိညာဉ် နှစ်ပါးအား ရရှိရန်၊ မလွယ် လှချေ။
“ ဒါ ... ၊ အံ့သြ စရာ ရှိလို့လား။ ”
ဖုန်းကျွယ်မှ တိုးတိုးလေး မေးသည်။
“ မိုးပြာ နဂါး ရောင်ဝါက ... ၊ မြင့်မားတဲ့ အလား အလာ ရှိတယ်၊ ဓားဝိညာဉ် အဆင့်ထိ ရောက်နိုင်တယ်။ ”
“ ဓားပင်လယ် ကရော။ ”
ဖုန်းကျွယ်မှ ထပ်မေး၏။
“ ဒါက ... အထင်ကြီး စရာပဲ၊ လင်းယွန် ... မင်းရော ဘယ်လို ထင်လဲ။ ”
ကျန့်ကျန်းရှန်၏ ရယ်မော လိုသော အကြည့်ကို လင်းယွန်မှ၊ ခေါင်းခါပြ လိုက်ပြီး၊
“ ဂိုဏ်းချုပ် ... မနောက် ပါနဲ့၊ မင်းနဲ့ ယှဉ်ရင် ဒါက ဘာမှ မဟုတ် ပါဘူး။ ”
-ဟု ဝန်ခံ လိုက် တော့သည်။ ကျန့်ကျန်းရှန်၏ ဓား ပင်လယ်မှာ၊ ပေ တစ်သောင်းပင် ကေျာ် လေသည်။
“ ပုံရိပ်ယောင် ကိုးမျိုး နယ်မြေမှာ မင်း ဘယ်အဆင့် ရောက်ခဲ့လဲ။ ”
ကျန့်ကျန်းရှန်က မေးသည်။
“ စတုတ္ထ အဆင့် ... ။ ”
လင်းယွန်မှ စိတ်ဓာတ် ကျသော လေသံဖြင့် ဖြေ၏။
“ မဆိုး ပါဘူး။ ”
ပင်မ နတ်ဘုရား ဖြင့်ပင်၊ တတိယ အဆင့် သို့သာ၊ တက်လှမ်း နိုင်သည့် ကျန့်ကျန်းရှန်၏ သရုပ်ဆောင် မှုကြောင့်၊ ဖုန်းကျွယ် ခမျာ မျက်လုံးပြူး သွားသည်။
“ အစ်ကိုကြီး ... ၊ မင်းမှာ နတ်ကြယ် ပုလဲတွေ ရှိသေးလား၊ ပုံရိပ်ယောင် ကိုးပါး နယ်မြေရဲ့၊ အဆင့် ကိုးဆင့်က၊ ဘယ်လို ပုံစံ မျိုးလဲ ဆိုတာ ကြည့်ချင် သေးတယ်။ ”
ဓား ရည်ရွယ်ချက် အရိယာ အဆင့်သို့ ရောက်ရှိရန်၊ နတ်ကြယ် ပုလဲ နှစ်သိန်းအား အသုံး ပြုခဲ့ ရသည်။
“ ညီလေး ... ၊ ငါ မင်းကို လုံးဝ မညာဘူး၊ ငါ့မှာ နတ်ကြယ် ပုလဲ တကယ် မကျန် တော့လို့ ပါ။ ”
ဖုန်းကျွယ်၏ စိတ်မသက် မသာ ဖြစ်နေသော အသံ၊ ထွက်ပေါ် လာလေသည်။
***