ဓားဝိညာဉ် နှစ်ပါး။
Vol. 89 Ch. 1245
မကြာ သေးမီက အလားတူ မြင်ကွင်းမျိုး ဖြစ်ပျက်ထား သောကြောင့်၊ ဖုန်းကျွယ် အမူ အရာမှာ၊ စိတ်မသက် မသာ ဖြစ်လာသည်။
မည်သူ့ အပေါ် စော်ကား မိခဲ့ သည်ကို၊ ပြန်လည် တွေးတောမိ လာသည်။ လောက နိယာမ နယ်ပယ်ထံ၊ မည်သို့ ခက်ခက် ခဲခဲ ဖြတ်ကျော် ခဲ့ရ သည်ကို ထုတ်ဖော် ပြသချင် ခဲ့ရုံမျှ ဖြစ်၏။
သို့သော် အကြိမ်ရေ မနည်း ဒုက္ခ များသာ ရလာ ခဲ့သည်။ ပထမ နတ်ကြယ် ပုလဲ (၂) သိန်း ချေးငှား လိုက်ရသည်။
ထို့နောက် စစ်တုရင် လောင်းကြေး အဖြစ်၊ နဂါး မူလ ပုလဲ (၇)လုံး ဆုံးရှုံး သွား၏။ လောက နိယာမ နယ်မြေသို့၊ အောင်မြင်မှု ရရှိ သဖြင့်၊ ဆရာ သခင်မှ (၉)လုံး ချီးမြှင့် ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ကို အသုံး မပြုရက် သော်လည်း၊ ကျန့်ကျန်းရှန်မှ သူ့အား လှည့်စားပြီး၊ ခုနစ်လုံး ယူသွားသည်။ အထက်ပါ အချင်း အရာများ အားလုံးကို၊ လင်းယွန် ကြားပြီးနောက်၊
“ နဂါး မူလ ပုလဲက ဘယ်လောက် တန်လို့လဲ။ ”
-ဟု မေးလိုက် မိသည်။
“ ဒါကို ... သူတော်စင် တေွသာ သန့်စင် ပေးနိုင်တယ်၊ ကောင်းကင် (၃၆) လွှာကို ကျော် လွန်ပြီး၊ နတ်နဂါး ခေတ်ရဲ့ မူလ ...
... အငွေ့ အသက် ကို၊ ဖမ်းယူ ပေးထား တာပဲ၊ နဂါး မူလ ပုလဲ တစ်လုံးကို၊ အကြမ်းဖျင်း အားဖြင့် နတ်ကြယ် ပုလဲ ပေါင်း (၁) သိန်း တန်တယ်။ ”
ကျန့်ကျန်းရှန်မှ ပြုံးပြီး ရှင်းပြသည်။
“ ဟုတ်တယ် ငါ့မှာ နှစ်လုံးပဲ ကျန် တော့တယ်။ ”
ဖုန်းကျွယ်မှ ခေါင်းညိတ် လိုက်၏။ လက်တွေ့တွင် ကျန့်ကျန်းရှန် ပြော သကဲ့သို့၊ သူတော်စင် တိုင်းက နဂါး မူလ ပုလဲ များကို သန့်စင် နိုင်မည် မဟုတ်ချေ။
“ စီနီယာ အစ်ကို၊ မင်း ... ငါ့ကို နှစ်လုံး ချေး ပါလား။ ”
ထိုစကားကြောင့် ဖုန်းကျွယ် ခမျာ၊ သွေးအန်လု မတတ် ပေပင်။ ဤအရာသည် ခေျးငှား နိုင်သော အရာ မဟုတ်ချေ။
“ ဟား ဟား ဟား ... ၊ မင်းရဲ့ စီနီယာ အစ်ကိုကို ကြည့်ရတာ၊ သိပ်ပြီး အထင်ကြီး စရာလည်း မဟုတ် ပါဘူး၊ အဲဒီ အစား မင်းကို ငါချေးမယ်၊ ...
... အနာဂတ်မှာ မင်း ဓားဂိုဏ်းကို ရောက်တဲ့ အခါ၊ ငါ့ အတွက် စကား ကောင်းကောင်း ပြောဖို့ မမေ့ ပါနဲ့။ ”
ကျန့်ကျန်းရှန်မှ ပြုံးပြီး၊ သိုလှောင် အိတ်ကို ကိုင်လိုက်သည်။ သူ့အား ရှေ့ထားကာ၊ ဤသို့ စော်ကား ခြင်းကို မခံစား နိုင် သဖြင့်၊ ဖုန်းကျွယ် အကြည့်များ စူးရှ လာ၏။
“ နေဦး ... ညီလေး၊ ငါ မင်းကို မချေး ဖူးလို့ မပြော ပါဘူး၊ ဒီမြေခွေးကြီး လှည့်စားတာ မခံနဲ့၊ သူက မင်းကို ဘယ်လို ဆက်ဆံမယ် ဆိုတာ မင်း မသိ နိုင်ဘူး၊ ရော့ ... ဒီမှာ နဂါး မူလ ပုလဲ နှစ်လုံးကို ယူလိုက်။ ”
သူပြောသည့် အတိုင်း နဂါး မူလ ပုလဲ များကို ကမ်းပေး လာသည်။
“ စီနီယာ အစ်ကို ... ။ ”
လင်းယွန်က သိုလှောင် အိတ်အား ဖမ်းယူကာ၊ နှုတ်ခမ်း ထောင့်စွန်း လှုပ်ယမ်း သွားသည်။
သူ့ အစ်ကိုသည် နည်းနည်း နုံအ ပေ၏။ ဂိုဏ်းချုပ်မှ မခံ ချင်စိတ် ဖြစ်လာအောင် ရန်စ နေမှန်း၊ သိပုံ မရချေ။
“ မင်း ... စကား မပြောနဲ့၊ မင်းရဲ့ နှလုံးသားကို ထိမိ နေပြီ ဆိုတာ ငါသိတယ်၊ ဒါကြောင့် ယူလိုက်။ ”
ဖုန်းကျွယ်က ကျန့်ကျန်းရှန်ကို လေှာင်ပြုံးဖြင့်၊ လှည့်ကြည့် လိုက်သည်။ ယင်းအား ကျန့်ကျန်းရှန်မှ မမြင် သလို နေပြ၏။
လင်းယွန်က နဂါး မူလ ပုလဲ များကို၊ ယဇ်ပလ္လင် ပေါ်သို့ ပစ်ချရန် ပြင်လိုက်သည်။ သို့သော် ကျန့်ကျန်းရှန်က သူ့အား ဟန့်တား ကာ၊ အိတ်တစ်လုံး ကမ်းပေး လာခဲ့သည်။
“ ယဇ်ပလ္လင် အတွက်နဲ့ ... ၊ နဂါး မူလ ပုလဲကို သုံးရမှာ၊ ဖြုန်းတီး လွန်းရာ ကျပါတယ်၊ အဲ့ဒီ ထဲမှာ နတ်ကြယ် ပုလဲ (၁) သိန်း ရှိတယ်၊ မင်းလိုရင် သုံးနိုင်တယ်။ ”
ထိုစကားကို ကြားသော အခါ၊ ဂုဏ်ယူ ဝင့်ကြွား နေသော ဖုန်းကျွယ်၏ အပြုံးများ၊ ပျောက်ကွယ် သွားပြီး၊
“ ဟမ့် ... အဖိုးကြီး၊ ဘာလို့ စောစောက မထုတ် တာလဲ။ ”
-ဟု မေးလိုက် မိသည်။
“ ငါက မင်းလို ချေးငှား နေတာ မဟုတ်ဘူး၊ သူ့ကို ပေး လိုက်တာ ။ ”
ကျန့်ကျန်းရှန်မှ ပြန်ပြော လိုက်၏။ သူ့ရှေ့တွင် ဖုန်းကျွယ်၏ မာနမှာ၊ ချက်ချင်း ကွယ်ပျောက် သွားသည်။
“ ညီလေး ... ၊ မင်း ငါ့ဆီက ချေးထားတဲ့၊ နတ်ကြယ် ပုလဲ (၂) သိန်းကို ပြန်ပေးစရာ မလို တော့ဘူး။ ”
ရုတ်တရက် မြန်လွန်းသော အဖြစ် အပျက် များကြောင့်၊ လင်းယွင် အံသြ သွား၏။ သို့သော် ချက်ချင်း အပြုံး တစ်ပွင့် ပေါ်လာသည်။ သူ့ အစ်ကိုမှာ အရမ်း ချစ်စရာ ကောင်း ပေသည်။
“ အရိယာ ကောင်းကင် ဓားက အရမ်း လေးနက်တယ်၊ ဒါကြောင့် ကောင်းကောင်း နားလည် အောင် လုပ်ပါ၊ သေွ့ရော် ကျွန်း အတွက်၊ အလျင် မလို သေးဘူး၊ ထူးခြားရင် ငါ အကြောင်း ကြားမယ်။ ”
ကျန့်ကျန်းရှန်မှ လေးနက်သော အမူ အရာဖြင့် ပြောသည်။ ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် ထားရုံသာ ရှိသေး သောကြောင့်၊ အချိန် ပေးရန် လိုအပ် နေသေးသည်။
နှစ်ဦးသား တိမ်ပင်လယ် အတွင်း ပြန်ရောက် သွားသော အခါတွင်၊ ဖုန်းကျွယ်မှ သည်းမခံ နိုင် တော့ဘဲ၊
“ ပြော ... ဘယ်အချိန် ကတည်းက ... ၊ မင်းမှာ ဒီလို စေသနာ ရှိနေရ တာလဲ၊ အဲ့ဒါက မင်း ပုံစံ မဟုတ် ပါဘူး။ ”
“ လင်းယွန်က ဒီအကြောင်းကို မပြော ဖူးလား၊ သူ မသွားခင်၊ တိမ်လွှာဓား (၁၃) ကွက် ကို၊ အစုံလိုက် ချန်ထား ပေးမယ်တဲ့။ ”
နောက်ဆုံးတွင် ထိုနှစ်ခုသည် နတ်ကြယ် ပုလဲ (၁) သိန်းဖြင့် ဝယ်ယူ နိုင်သော အရာမျိုး မဟုတ်ချေ။ ကျန့်ကျန်းရှန်မှ ကြီးကြီး မားမား တစ်စုံ တစ်ရာ ညှိနှိုင်း ခဲ့ရ ပေမည်။
ယဇ်ပလ္လင်ပေါ် ပြန်သွား ရသော်၊ စိတ်လှုပ်ရှား စွာနှင့် လင်းယွန် တစ်ယောက် ငြိမ်သက် နေသည်ကို မြင်လိုက် ရ၏။
အရိယာ ကောင်းကင်ဓား ရည်ရွယ် ချက်သည်၊ သူ့ မျှော်လင့် ချက်ထက် များစွာ ကျော်လွန် သွားခဲ့သည်။ ထို့အပြင် ယခု အချိန်၌ သူချမ်းသာ လာပြီ ဖြစ်၏။
လင်းယွန် နဖူးရှိ ခရမ်းရောင် အမှတ် အသားက တောက်ပ လာပြီး၊ မျက်ဝန်း များမှ ရွှေရောင် ဓားရောင်ခြည် တစ်စင်း၊ ပေါက်ကွဲ ထွက်လာသည်။
လက်များကို ဖြန့်ကာ၊ သူ့ ရင်ဘတ် ရှေ့ ကြက်ခြေခတ် သဏ္ဍာန် ယှက်သမ်း လိုက်စဉ်၊ ဓားပင်လယ်ရှိ ရွှေ လူသား မှာလည်း၊ အလားတူ အမူ အရာမျိုး၊ လိုက်ပါ ပြုလုပ် ပြီးနောက်၊ စူးရှသော အလင်းများ ထုတ်လွှတ် လာ၏။
ယင်းကြောင့် မိုးပြာ နဂါး ကြီးက ဓားသမုဒ္ဒရာကို ခွဲထွက်ပြီး၊ ထိုရွှေ လူသား တစ်ဝိုက်တွင် လှည့်လည် တော့သည်။
သူ့လမ်းကြောင်း ပေါ်ရှိ၊ အရာ အားလုံး ဖုန်မှုန့်များ အဖြစ်သို့၊ ကျဆင်း သွား၏။ လေထု အတွင်းရှိ အကြွင်း အကျန် ဝိညာဉ် စွမ်းအင်များ ပင်လျှင်၊ လျင်မြန်စွာ ပျောက်ကွယ် သွားသည်။
စွမ်းအားက ကြောက်စရာ ကောင်းလွန်း ချေ၏။ တစ်စုံ တစ်ဦးသည် ဤနဂါး ဓား ဝိညာဉ် မှ၊ အလင်း ရောင်ဖြင့် ဖုံးအုပ်ခြင်း ခံရသော်၊ ဝိညာဉ် စွမ်းအင်ကို စုပ်ယူ နိုင်စွမ်း မရှိအောင်၊ ကန့်သတ် ခံထား ရမည် ဖြစ်သည်။
၎င်းသာ အနည်းငယ် အားနည်း ပါက၊ ဓားရောင်ခြည်သည် ချက်ချင်းပင် ပြာ အဖြစ်သို့ လျော့ချ ပစ်မည် ဖြစ်၏။
ရန်သူ မည်မျှပင် သန်မာနေ စေကာမူ၊ ဝိညာဉ် စွမ်းအင် မရှိသော ဒေသ၌ ရှိနေ ရမည် ဆိုပါက၊ ကူကယ် ရာမဲ့ နေပေ လိမ့်မည်။
“ ဓားရောင်ခြည် မဖြန့် ထုတ်ရင်၊ ဘာဖြစ် မလဲ။ ”
သူ့အား ဖုံးလွှမ်း နေသော ဓား ရောင်ခြည်သည် ဖြည်းညှင်းစွာ ပျောက်ကွယ် သွားပြီး၊ နဖူး ဆီသို့ ပြန်ဆုတ် လာကာ၊ ဓား ပင်လယ်၌ နဂါးကြီး ပေါ်လွင် လာသည်။
သို့သော် ယခင်နှင့် ယှဉ်ပါက နဂါး၏ ရောင်ဝါမှာ၊ အလွန်မှိန် နေလေသည်။ အသက် ပြင်းပြင်း ရှူလျက်၊ ဓားဝိညာဉ်ကို ပြန်လည် ကောင်းမွန် လာအောင်၊ ကြိုးစား လိုက် သော်လည်း၊ မအောင်မြင် ချေ။
နဂါးဓား ဝိညာဉ်မှာ၊ အားနည်း လာပြီး ပုံသဏ္ဍာန် အဖြစ်၊ ဆက်၍ မထိန်း နိုင် တော့ဘဲ၊ အလင်းတန်း အဖြစ်သို့ ပြောင်းလဲ သွား၏။
ထိုအလင်းမှာ ဗုံသံနှင့် တိုက်မိ သွား သောကြောင့်၊ ပါးစပ်မှ သွေးစ အနည်းငယ် စီးကျ လာသည်။
“ ထူးဆန်းတယ် ... ၊ ဒါက ဘာလို့ အောင်မြင် တာလဲ။ ”
ရုတ်တရက် စိတ်ဓာတ်ကျ လာသည်။ အဆုံးတွင် ဝှက်ဖဲကို မထိန်းချုပ် နိုင်ခဲ့ ပါက၊ တန်ဖိုး အလွန် ကျဆင်း သွားမည် ဖြစ်၏။
သူ့ပြိုင် ဘက်ကို မတိုက်ခိုက် နိုင်ခင် ဓားဝိညာဉ်မှာ အရူး တစ်ယောက် ကဲ့သို့၊ ကုန်ဆုံး သွားပေ လိမ့်မည်။
သူ့တွင် ဝှက်ဖဲ ရှိပြီ ဖြစ်ပြီး၊ ဤအရာအား မည်သို့ အမည် ပေးရ မည်ကို တွေးတော နေစဉ်၊ တစ်စုံ တစ်ရာ မှားယွင်း နေမှန်း သိလာ ရသည်။
အရေး ကြီးသော အစိတ် အပိုင်းကို သူ လွတ်သွား ပုံရသည်။ သို့သော် အချိန် အတော် ကြာ သည့်တိုင်၊ ၎င်းအား ရှာ မတွေ့ချေ။
“ ခရမ်းငယ် သာဆို သေချာပေါက် သိမှာ။ ”
နတ်ကျောက်စိမ်း ဝါး ပလွေကို ထုတ်ကာ၊ တီးမှုတ် လိုက်သည်။ ပလွေ သံမှာ တောင်တန်း တစ်လျှောက် ပျံ့နှံ့ သွားပြီး၊ သီချင်း အဆုံးတွင် တဖြည်းဖြည်း ငြိမ်သက် လာခဲ့သည်။
“ ဓား ဝိညာဉ် နှစ်ပါး။ ”
ဖုန်းကျွယ်၏ စကား များကို သတိရ သွားသည်။ ရွှေလူသားသည် နဂါး ဓား ဝိညာဉ်ကို ချုပ်ကိုင် နိုင် သည်လော။
ဤသို့ ဆိုသော် သူ့ ရွှေလူသားသည် အခြားသော ဓားဝိညာဉ် များကို ထိန်းချုပ်နိုင် ပေမည်။ အတွေးများ ရှင်းသွားပြီး၊ မျက်နှာ ပေါ်၌၊ အပြုံး တစ်ပွင့် ပေါ်လာ တော့၏။
***