← Chapters

ဆုံချက်။

Vol. 89 Ch. 1246

ဆုံချက်။

Vol. 89 Ch. 1246

“ ဒီလိုပဲ ဖြစ်ရမယ်။ ”

လင်းယွန်က သူ မှန်သည်ဟု ထင်၏။ ချက်ချင်း မျက်လုံး မှိတ်ချ လိုက်ပြီး၊ ဓားရောင်ဝါ နှင့် မူလ စွမ်းအင်ကို၊ ပြန်လည် စုစည်း နေခဲ့ သည်။

ကံမကောင်း စွာဖြင့်၊ သူ့ဓား ဝိညာဉ် ပြန်လည် ထူထောင်ရေး လုပ်ငန်းမှာ၊ များစွာ နှေးကွေး လာသည်။ နဂါးဓား ဝိညာဉ်ကို ပုံမှန် ပြန်ဖြစ်ရန် နေ့ရော ညပါ အချိန်ယူ ရပေမည်။

မျက်လုံး ပြန်ဖွင့် လိုက်ပြီး၊ အသက် ပြင်းပြင်းရှူကာ၊ လက် နှစ်ဖက်ကို ရင်ဘတ် ရှေ့တွင် ယှက် လိုက်၏။

တစ်ချိန်တည်း မှာပင် နဖူးမှ ရွှေလူသား သည်လည်း၊ တူညီသော အမူ အရာကို ပြုလုပ် လာခဲ့သည်။

ထို့နောက် ရွှေလူသားမှာ၊ နေမင်းကြီး အလား တောက်ပ လာသည်။ သူနှင့် ရွှေလူသား ချိတ်ဆက်နေ သကဲ့သို့၊ ထူးဆန်းသော ခံစား ချက်များ၊ ဝင်ရောက် လာ၏။

ဓားပင်လယ် အတွင်း ပြင်းစွာ လှိုင်းထ လာပြီး၊ ရွှေလူသား၏ ထိန်းချုပ်မှု အောက်၌၊ အပြာရောင် နဂါးကြီး တိုးထွက် လာသည်။

“ ထွက် လာ ခဲ့။ ”

စိတ်ထဲ ဟောက်ထုတ် လိုက်ရာ၊ နဂါး ခေါင်းက သူ့နဖူးမှ ပျံထွက် လာစဉ်၊ ယခင် ကဲ့သို့ ပျောက်ကွယ် တော့မည့် အရိပ် အယောင်များ ပေါ်လာ ပြန်သည်။

“ သည်း ခံ ... ။ ”

ဓားရည်ရွယ် ချက်မှာ၊ နဂါးကို စွဲမြဲ စေသောကြောင့်၊ ပေတစ်ရာ ခန့်ရှိသော ဓား အလင်းအား ထုတ်လွှတ်ပြီး၊ သူ့ရှေ့ရှိ နေရာ လွတ်ကို ချက်ချင်း ဆုတ်ဖြဲ ပစ်လိုက်သည်။

ဓားအလင်း ပျောက်ကွယ် သွားသော အခါတွင်၊ အကြွင်း အကျန် စွမ်းအင် များက၊ ပတ်ဝန်း ကျင်သို့ လှိုင်းလုံး သဖွယ်၊ ပျံ့နှံ့ ကုန်၏။

“ ခ ရစ် ... ။ ”

ရှုခင်းများ မှုန်ဝါး လာပြီး၊ ကမောက် ကမ ဖြစ်လာကာ၊ လေဟာနယ်သည် မှန် တစ်ချပ် ကဲ့သို့ အက်ကွဲ သွားသည်။

ကြောက်စရာ ကောင်းသော ဖြစ်စဉ် အရ၊ သူ့စွမ်းအားမှာ၊ ယခင်ထက် ပို၍ ကောင်းသဖြင့်၊ အသက် ပြင်းပြင်း ရှူ လိုက်မိ၏။

အကယ် ၍သာ ပင်မ နတ်ဘုရား ကျွမ်းကျင်သူ တစ်ဦးသည်၊ ထိုလမ်းကြောင်း ပေါ်မှ၊ ရပ်နေ မိသော်၊ အပိုင်းပိုင်း ကွဲသွားမည် ဖြစ်သည်။

ရုတ်တရက် ပင်ပန်း နွမ်းနယ်မှုကြောင့်၊ မြေပြင် ပေါ်သို့ လဲကျလု နီးပါး ဖြစ် သွားသည်။ အပြာရောင် နဂါးဓား ဝိညာဉ်နှင့် ရွှေလူသား၏ တောက်ပမှု အများ မှာလည်း၊ ကုန်ဆုံး လာသည်။

ဤလှုပ်ရှားမှုကို အခြား သူများမှ စဉ်းစား မိကြ မည်မှာ သေချာ သော်လည်း၊ ၎င်းတို့တွင် ဝိညာဉ် နှစ်ပါး မရှိ ပါက၊ ထုတ်ဖော် နိုင်မည် မဟုတ်ချေ။

“ ဒီအရွေ့ကို နတ်နဂါး ဖျက်ဆီး ခြင်းလို့ ခေါ်ရအောင်။ ”

လင်းယွန်မှ အမည်ပေး လိုက်၏။ နဂါးနှင့် ဓားကို ပေါင်းစပ်ထား သောကြောင့် ဤအမည် နှင့် လိုက်ဖက် ပေမည်။

ထို့နောက် ရွှေလူသားသည် ရွှေရောင် အလင်းတန်း အဖြစ်သို့၊ ပြောင်းလဲ သွားပြီး သူ့ ခန္ဓာ ကိုယ်မှ လွတ်ထွက်ကာ၊ တိမ် ပင်လယ်နှင့် ပေါင်းစပ်ပြီး၊ ကောင်းကင်ကြီး တစ်စင်းလို ထင်ရှား လာ၏။

“ ဖောင်း ... ။ ”

ထိုဖိအား အောက်တွင် လေဟာနယ် ပေါက်ကွဲ မှုများ၊ အဆက် မပြတ် ဖြစ်ပေါ် လာပြီး၊ အဝေးမှ တောင်ထွတ် တစ်လုံးပင်၊ ချက်ချင်း ပြိုကျ သွား၏။

ဤအတော အတွင်း ဓားရောင်ဝါမှာ၊ မယုံ နိုင်စရာ ကောင်း လောက်အောင် မြင့်တက် လာ ခဲ့သည်။

“ ပုံရိပ်ယောင် ကိုးပါး နယ်မြေကို ... ၊ နောက်တစ်ဆင့် တက်ဖို့၊ အချိန် တန်ပြီ။ ”

လင်းယွန်မှ ပလွေကို ကိုင်ဆောင်ကာ၊ နောက်ထပ် အဆင့် ငါးဆင့်ကို ဖြတ်ကျော်ရန် ကြံစည် လိုက်သည်။

ယခင် အချိန် များ၌ သူ့ခန္ဓာမှာ အားနည်းလှ သဖြင့်၊ အရိယာ ကောင်းကင် ဓားကို စွမ်းအား အပြည့် မထုတ်နိုင် ခဲ့ချေ။

ယခု မူကား အရိယာ ကောင်းကင်ဓား ရှိပြီ ဖြစ်သည်။ သွေ့ရော် ကျွန်းသို့ သွားမည့် ခရီးစဉ် အတွက်၊ ယုံကြည် မှုများ တိုးပွား လာ၏။

မဟာ သူတော်စင်တွင်၊ ပန်းချီကား သို့မဟုတ် ပန်းသင်္ချိုင်း ဓားနှင့် ဆက်စပ် နေသည့်၊ အရာများ ရှိနိုင် လေရာ၊ တစ်စုံ တစ်ယောက်ကို ယူခွင့် မပြု နိုင်ခေျ။

ဤခရီးသည် အပြာရောင် စံအိမ် နယ်မြေရှိ သူ၏ နောက်ဆုံး တိုက်ပွဲ ဖြစ်သည်။ ပြီးနောက် ဓားဂိုဏ်းသို့ ခရီးဆက် ရပေမည်။ ထို့ကြောင့် နောင်တများ မကျန်ရစ် စေလိုပေ။

လင်းယွန်၏ အကြည့်များ တဖြည်းဖြည်း တင်းမာ အေးစက် လာပြီး၊ နတ်ကြယ် ပုလဲများ ထုတ်ယူ လိုက်သည် ။

ယဇ်ပလ္လင် ပေါ်၌ မီးလျှံများ ပြန်၍ တောက်လောင် လာသော အခါတွင်၊ စစ်ဗုံ သံကို အာရုံ ခံလျက်၊ ပလွေအား အသင့်ပြင် မိ၏။

ယခု အခါတွင် ပုံရိပ်ယောင် နယ်မြေနှင့် အကျွမ်း တဝင် ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သွေ့ရော် ကျွန်း၏ သတင်းမှာ၊ လှုပ်ခတ် နေခဲ့သည်။

အင်အား ဂိုဏ်း ပေါင်းစုံက၊ ဖြစ်ပျက် နေသည် များကို စောင့်ကြည့်ရန်၊ လောက နိယာမ နယ်မြေ ကျွမ်းကျင်သူ များ စေလွှတ် လာ၏။

ထို့ကြောင့် အပြာရောင် စံအိမ် နယ်မြေ အတွင်း၊ ကျွမ်းကျင်သူ များနှင့် ပြည့်နှက် လာ တော့သည်။

လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များသည်၊ ရှေးဟောင်း ပျက်သုန်း နယ်မြေ ၌ပင် ရှားပါး လှ၏။ သူတော်စင်များ မပေါ် သရွေ့၊ ၎င်းတို့မှာ ဂိုဏ်း၏ အသန်မာဆုံး လူများ ဖြစ်သည်။

ထို့ကြောင့် သူတို့ ကဲ့သို့သော ကျွမ်းကျင်သူ များသည်၊ အသေး အဖွဲများ အတွက်၊ ထွက်ပေါ် လာမည် မဟုတ်ချေ။ ပို၍ သန်မာ လေလေ၊ အချိန်မှာ တန်ဖိုး ရှိလေလေ ပေပင်။

ဧကရာဇ် ကိုးပါးသည် အမှောင် ခေတ်၌ ကျော်ကြား လာပြီး၊ အဆုံးတွင် နတ်နဂါး အင်ပါယာကို ထူထောင် ခဲ့သည်။

၎င်းတို့နှင့် ပတ်သက်သည့် မည်သည့် အရာကို မဆို၊ အာရုံ စိုက်မှု ခံရ မည်မှာ သဘာဝ ပေပင်။

ဧကရာဇ် ကိုးပါး အနက်၊ ကွယ်လွန် သွားပြီဟု အတည်ပြု ထားသော တောင်ပိုင်း ဧကရာဇ် သတင်းမှာ၊ ပို၍ ဒဏ္ဍာရီ ဆန်၏။

သူ သေဆုံးမှုသည် ခွန်လွန် အတွက်၊ လျို့ဝှက်ချက် ဖြစ်သည်။ ထို့ကြောင့် တောင်ပိုင်း ဧကရာဇ်၏ တစ်ဦး တည်းသော အမွေ ဆက်ခံ သူ ဖြစ်သည့်၊ မဟာ သူတော်စင် ထံတွင်၊ သဲလွန် စများ ရှိနိုင် မည်ဟု၊ လူတိုင်းက ထင်၏။

ဆယ်ရက် အကြာတွင်၊ သွေ့ရော် ကျွန်း အပေါ် ဖုံးလွှမ်း နေသော မုန်တိုင်းမှာ၊ ဆယ်ရက် အတွင်း အားပျော့ သွားမည့် အရိပ် အယောင် များ၊ ပြသ လာသည်။

သို့သော် မဟာ သူတော်စင်၏ ဆန္ဒ အရ၊ အင်ပါ ရီယန် နယ်ပယ် ကျွမ်းကျင်သူ များသာ ကျွန်းသို့ တက်ရောက် နိုင်မည် ဖြစ်သည်။

သတင်းများ လျင်မြန်စွာ ပျံ့နှံ့ သွားပြီး၊ အင်အား ကြီးသော ဂိုဏ်းများနှင့် သူတော်စင် မျိုးနွယ်စု အသီး သီးကို၊ လှုပ်ခတ် နိုင်ခဲ့သည်။

အင်ပါ ရီယန် အဆင့် အတွင်း၊ ပါရှိသော ထူးချွန်သူ များမှာ၊ ကံစမ်းရန် ဆုံးဖြတ် လာကြ သည်။ အဆုံးတွင် မည်သူ မဆို၊ မဟာ သူတော်စင်၏ အမွေကို လျစ်လျူရှု နိုင်ခြင်း မရှိချေ။

သူတော်စင် ကျောက် မိသား စုတွင် ကျောက်ယန်မှာ အရူး အမူး ကျင့်ကြံ နေသည်။ ယခု အချိန်၌ သူ့ခွန်အားမှာ အင်ပါ ရီယန် အဆင့်တွင်၊ မြင့်မား လာပြီ ဖြစ်သည်။

“ ဘိုးဘေးက သွေ့ရော် ကျွန်းကို သွားဖို့၊ မင်းကို ရွေးချယ် လိုက်ပြီ။ ”

အနက်ဝတ် အကြီး အကဲ တစ်ဦးမှ၊ ကျောက်ယန်အား ရှုပ်ထွေးသော အကြည့်ဖြင့် လှမ်းပြော လေသည်။ ဓားညီလာခံမှ ပြန်ရောက် ပြီးနောက်၊ ကျောက်ယန် ခမျာ ဆယ်ဆ ပို၍ ကြိုးစား လာ၏။

ဓားရေး အရာ၌၊ မိသားစု အတွင်းမှ ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များပင်၊ သူ့ ပြိုင်ဘက် မဟုတ် တော့ချေ။ ဆယ်ကြိမ် အတွင်း၊ အရှုံး ပေးရ ပေမည်။

ထို့ကြောင့် မိသားစု အကြီး အကဲ များမှာ၊ ပျော်ရွှင်ပြီး ကြောက်လန့် လာသည်။ ကြိုးစားမှု အတွက်၊ ပျော်ရွှင် သော်လည်း၊ စွဲလမ်းမှုကြောင့် နတ်ဆိုး မွေးမြူ မိမည်ကို စိုးရိမ်၏။

သွေ့ရော် ကျွန်း ဖွင့်ခြင်းသည်၊ ထိုအခြေ အနေ အတွက် အကောင်း ဆုံးသော ဖြေရှင်းမှု ပေပင်။

“ သွေ့ရော် ကျွန်းက၊ အပြာရောင် စံအိမ် နယ်မြေမှာ ရှိလား။ ”

ကျောက်ယန်မှ ရုတ်တရက် မေး လာသည်။

“ မှန် တယ် ။ ”

အနက်ဝတ် အကြီး အကဲမှ ပြန်ဖြေ၏။ ကေျာက်ယန် မျက်လုံးများ တောက်ပ လာပြီး၊

“ ဒါဆို တိမ်လွှာ ဓားဂိုဏ်း ရှိတဲ့ ဒေသပေါ့။ ”

-ဟု ရေရွတ် လိုက် တော့သည်။

လင်းယွန် တစ်ယောက်၊ အင်ပါ ရီယန် နယ်ပယ်သို့ ရောက်သင့်ပြီ ဖြစ်သည်။ ၎င်း၏ အလား အလာ အရ၊ အင်ပါ ရီယန် အဆင့်၌ ထိပ်ဆုံး (၁၀၀၀) သို့၊ ဝင်နိုင် မည်ဟု ထင်၏။

ဓားညီလာခံ၌ လင်းယွန်နှင့် တိုက်ပွဲတွင် သူ့အတွက် ကြီးမားသော အကျိုး အမြတ် ရရှိ ကာ၊ ခွန်အားကို သိသိ သာသာ ပြောင်းလဲ သွားစေ ခဲ့သည်။

ထိုစဉ်က ကောင်းကင် ဝိညာဉ်သို့ ကန့်သတ်ကာ၊ တိုက်ခိုက် ရခြင်း အပေါ်၊ အားမရ ခဲ့ချေ။

တစ်ချိန် တည်းမှာပင်၊ ကုန်းစွန်းယန် သည်လည်း၊ သွေ့ရော် ကျွန်းအကြောင်း ကြား သိ လာသည်။

၎င်းသည် အပြာရောင် စံအိမ် နယ်မြေ၌ ရှိသဖြင့်၊ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းအား၊ ပြေး မြင်လာ၏။

မဟာ သူတော်စင်၏ အမွေကို ရရှိရန်၊ လက်တွေ့ အားဖြင့် မဖြစ် နိုင်ကြောင်း၊ သူသိ သည်။ နောက်ဆုံးတွင် သူ့ ခွန်အားမှာ၊ ထိပ်ဆုံး (၁၀၀) တွင်သာ ရှိနိုင် ပေ၏။

ထိပ်ဆုံး ဆယ်ဦး မည်မျှ သန်မာ သည်ကို မြင်ပြီးနောက်၊ သူနှင့် ကွာဟ ချက်အား သဘာဝ ကျကျ သိထားသည်။

သို့သော် ၎င်းတို့သည် မယုံနိုင် ကောင်း လောက်အောင် သန်မာသော၊ ဘီလူးများ ဖြစ် ကြခြင်းဖြင့်၊ သူတော်စင်၏ အမွေကို ဆက်ခံရန်၊ သူ့၌ အခွင့် အရေး မရှိဟု မဆိုလိုချေ။ ကံကောင်း ပါက အမွေ ရနိုင်မည်။

အထူး သဖြင့် လင်းယွန်မှာ၊ ထိုကျွန်းသို့ ရောက်ရှိ လာနိုင်မည်။ ထို့ကြောင့် သူ မည်မျှ သန်မာ လာကြောင်း၊ ပြသခွင့် ကြုံနိုင်၏။

***

All Chapters