မင်းအလုပ် မဟုတ်ဘူး (၂)
Vol. 10 Ch. 147
ရှဲ့ကျင့်ရှန်နဲ့ မူချွမ်ဟွာ၏ မျက်လုံးများတွင် သံသယအရိပ်အမြွက်များ ဖြတ်သန်းသွားသည်။
အောက်အိမ်တော် တပည့်များ၏ ရာထူးစိန်ခေါ်ပွဲကို မကြည့်ခဲ့ကြရသော်လည်း နောက်ပိုင်းတွင် လင်းရှန်နှင့်ပတ်သက်သည့် ကောလာဟလများကို ကြားခဲ့ရသည်။ သို့သော် လင်းရှန်သည် သူတို့ ပြောသလောက် မထူးချွန်ပုံရသည်။
ကျန်းဟောင်က သူ့ကို ခဏလောက် စောင့်ကြည့်ပြီး နှုတ်ခမ်းကို ကွေးလိုက်သည်။
"ကောလဟာလအရတော့ သာမာန်ပါရမီရှင်က ထူးချွန်တယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သူက တော်ရုံတန်ရုံပါပဲ”
ရှဲ့ကျင့်ရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ကျန်းဟောင်ကို ကြည့်လိုက်သည်။
ကျန်းဟောင်သည် သူ့ကိုယ်သူ သြဇာရှိသော မိသားစုများ၏ သွေးအနွယ်ဝင်အဖြစ် တွေးရင်း အမြဲဂုဏ်ယူနေခဲ့ကြောင်း သူသိသည်။ သူသည် ကျောင်းရှိ သာမန်လူများကို နှိမ့်ချတတ်သော်လည်း ထိုအရာကို သူ့သိတ်ထဲတွင် သိမ်းထားပြီး ထုတ်မပြောတတ်ပေ။
ယခုမူ သူသည် လင်းရှန်အပေါ် သူ၏ အထင်အမြင်သေးမှုကို ဖော်ထုတ်ပြနေသည်။ အဲ့တာကလည်း ရှဲ့ကျင့်ရှန်ကြောင့် ဖြစ်နိုင်သည်။
လွန်ခဲ့သောတစ်လက နေကိုးစင်းဂိုဏ်းသည် ရွှေအနှစ်သာရဆေးတစ်သုတ်ကို ကျောင်းသို့ပေးအပ်ခဲ့သည်။ အရေအတွက်ကန့်သတ်ထားသောကြောင့် ထိပ်တန်းတပည့်ဆယ်ဦးတွင် သုံးဦးသာ ရရှိနိုင်သည်။
ထိုအကြောင်းကြောင့် တပည့်ဆယ်ယောက်တို့သည် ရွှေအနှစ်သာရဆေးလုံးကို ပိုင်ဆိုင်ဖို့ တိူက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် ကျန်းဟောင်သည် ရှဲ့ကျင့်ရှန်ကို ရှုံးနိမ့်ခဲ့ပြီး ရွှေအနှစ်သာရဆေးလုံးရရှိရန် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။
ကျန်းဟောင်သည် သြဇာကြီးသော မိသားစုမှမဟုတ်သော ရှဲ့ကျင့်ရှန်ကို မကြိုက်ပေ။ ဒီအဖြစ်အပျက်အပြီးမှာ သူ့ကို မုန်းတီးခဲ့သည်။
ရှဲ့ကျင့်ရှန်က လင်းရှန်အပေါ် အရေးတယူဆက်ဆံတာကို ကျန်းဟောင်သည် အခုတွင်
မြင် လိုက်ရသည်။ ဤအချက်ကြောင့် လင်းရှန်ကို ပစ်မှတ်ထားတာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့ကို နှိမ့်ချခဲ့ခြင်းပင် ။
ရှဲ့ကျင့်ရှန်က “ ညီလေးလင်းက မြေကမ္ဘာအဆင့် တပည့်ဖြစ်လာတာဆိုတော့ သူ့ရဲ့အစွမ်းသတ္တိကို သံသယဖြစ်စရာ မရှိပါဘူး။ သူမှာ တခြားစဉ်းစားထားတာတွေ ရှိမယ်ထင်တယ်။"
ကျန်းဟောင်က လှောင်ပြောင်ပြီး “ဘာတွေ စဉ်းစားနေတာလဲ။ ဒါက ငါတို့ တပည့်တွေအကြားက တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ကျားနတ်ဆိုးတွေနဲ့ သေရေးရှင်ရေးတိုက်ပွဲလေ ။ သူက ဘာကို တွေးနေတာလဲ”
"အဲဒါကိုတော့ ဂျူနီယာ ညီလေးလင်းကို နောက်ကျ မေးကြည့်ရင် သိမှာပါ”
ရှဲ့ကျင့်ရှန်က ပြုံးပြီး ကျန်းဟောင်နဲ့ ငြင်းခုံမနေပေ။ သူသည် အကြောင်းအရာကို တိတ်တဆိတ် ကျော်သွားသည်။
ဒါကိုမြင်တော့ ကျန်းဟောင်က တခြားဘာမှ မပြောပေ။
မူချွမ်ဟွာကတော့ သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်ပြီး ပြုံးလိုက်သည်။ သူက မနှောင့်ယှက်ဘဲ ပွဲကြည့်ဖို့ ဘေးနားမှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။
သူသည် ရှဲ့ကျင့်ရှန်နှင့် ရန်သူမဖြစ်ချင်သော်လည်း ကျန်းဟောင်ကဲ့သို့ သဘောထားသေးသော အပေါင်းအသင်းနဲ့လည်း ဖက်မဖြစ်ချင်ပေ ။ ထို့ကြောင့် သူက တစ်ဖက်ကို မကူညီဘဲ ဘေးကနေ ကြည့်နေရုံသာ တတ်နိုင်သည်။
မူချွမ်ဟွာတောင် ဒီလိုမျိုးဖြစ်နေတော့ တခြားတပည့်တွေက မနှောင့်ယှက်ဝံ့ပေ။ သူတို့အားလုံးက အောက်ကို ငုံ့ကြည့်နေပြီး အထက်အိမ်တော်မှ တပည့်နှစ်ယောက်၏ စကားပြောသံကို မကြားချင်ယောင်ဆောင်နေကြသည်။
တောင်ထိပ်မှ တိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားသည်။
မျှော်လင့်ထားသည့်အတိုင်း ဝိညာဉ်သားရဲအားလုံးတို့သည် သုတ်သင်ခံခဲ့ရသည်။ကျောင်းမှ တပည့်များ ပေးရတဲ့တန်ကြေးက တော့ တပည့်တစ်ယောက်သည် ကျားတစ်ကောင်ကြောင့် ရင်ဘတ်တွင် မတော်တဆ ထိခိုက်မိပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခြင်းပင်။
သို့သော်လည်း ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူ၏ ကာယကြံ့ခိုင်မှု၊ ဆေးဖက်ဝင်ဆေးလုံးများ၊ ဖြည့်စွက်စာများနဲ့ ဆို အလွန်ဆုံး လေးရက်မှ ငါးရက်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
ယခုအချိန်တွင် မျှော်စင်သည် ဆေးဘက်ဆိုင်ရာဆေးလုံး ပြတ်လတ်တာ မရှိပေ။
ဤစစ်ပွဲအတွက် နိုင်ယန်းကျောင်း၏ ဆေးလုံးခန်းမသည် ဒဏ်ရာများ သက်သာရန်နှင့် ဝိညာဉ်ရေးအနှစ်သာရများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် စေတီတော်ပေါ်တွင် ဆေးလုံးအမြောက်အမြား ထည့်ပေးထားခဲ့သည်။ တပည့်တွေကို လအတော်ကြာ ထိန်းထားနိုင်လောက်အောင် ဆေူလုံးတွေ ရှိသည်။
အောင်ပွဲခံပြီး ပြန်လာခဲ့ကြသော တပည့်များသည် ရဲတိုက်သို့ ခေါင်းမော့ ရင်ကော့နဲ့ ပြန်လာပြီး လူအုပ်ကြီး၏ ရွှင်လန်းမှုကို ခံယူရန် အဆင်သင့်ဖြစ်နေကြသည်။ သို့သော် ထူးဆန်းသော တိတ်ဆိတ်မှုနဲ့ နှုတ်ဆက်ခံကြရလေ၏
အနှေးဆုံးလူကတောင် တစ်ခုခုမှားနေပြီဆိုတာ ရိပ်မိသည်။
မကြာခင်မှာပဲ ဒီထူးဆန်းတဲ့ လေထုရဲ့ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
အနောက်မှနေရစ်ခဲ့သော အနက်ရောင်အဆင့် နှင့် အဝါရောင်အဆင့် တပည့်များသည် လင်းရှန်နှင့် အထက်အိမ်တော် တပည့်သုံးယောက်ကြားတွင် လှည့်ပတ်ကြည့်ရှုနေကြသည်။
လင်းရှန်သည်လည်း ဒါကို သဘောပေါက်ပေမယ့် လုံးဝ ဂရုမစိုက်ပေ။ အေးအေးဆေးဆေးပဲ ပြန်လာကာ သူ့နေရာမှာ ထိုင်လိုက်သည်။
သူထိုင်ပြီးတာနဲ့ ရှဲ့ကျင့်ရှန်က သူ့ဘက်လှည့်လာပြီး ပြုံးပြုံးလေးနဲ့ မေးလေ၏။
" ညီလေးလင်း၊ မင်းရဲ့ ကိုယ်ခံပညာတွေကို အခု မသုံးသလိုပဲ။ ဘာလို့လဲ”
ထိုစကားကိုကြားလိုက်သည်နှင့် လင်းရှန်သည်ဘာဖြစ်နေတာကို ချက်ချင်းနားလည်သွားသည်။ အထက်အိမ်တော် တပည့်တွေက သူ့ကို အခုပဲ စောင့်ကြည့်နေကြတာပင်။
လင်းရှန်က ရယ်မောပြီး ခေါင်းကို ခါလိုက်သော်လည်း သူက ငြိမ်သက်နေခဲ့သည်။ သူက ပြုံးပြီး ပြန်ပြောသည်။
“ မကြာသေးမီကမှ ကျွန်တော်က ကိုယ်ခံပညာအသစ်အချို့ကို ကျင့်ကြံနေတာမလို့ လက်တွေ့တိုက်ပွဲမှာ လေ့ကျင့်ဖို့ ဒီအခွင့်အရေးကို ရယူချင်လို့ပါ”
ရှဲ့ကျင့်ရှန်စကား ဆက်မပြောမီ ကျန်းဟောင်က သူ့ကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။
"မင်း အခုနက သံမဏိလက်သည်းနဲ့ ရွှေရောင်ဘဲငန်းကို သုံးခဲ့တာ မလား။ ဒီကိုယ်ခံပညာတွေက ကျောင်းက ကိုယ်ခံပညာတွေကြားမှာ ပျမ်းမျှအောက်ပဲရှိတာ။ မင်းမှာ အရည်ပျော်ခြင်းနဲ့ အရိပ်ရှိနေပြီးသားလေ ။ဘာလို့ သံမဏိလက်သည်းနဲ့ ရွှေရောင်ဘဲငန်းကို ကျင့်ကြံဖို့ လိုအပ်သေးတာလဲ”
လင်းရှန်က ကျန်းဟောင်ကို တစ်ချက် ကြည့်လိုက်တော့ ရန်ငြိုးထားမှုကို သိသိသာသာ ခံစားလိုက်ရသည်။ ကျန်းဟောင်သည် သူ့ကို ဘာ့ကြောင့် အပြစ်ရှာချင်နေတာလဲဆိုတာကို မသိပေမယ့် လင်းရှန်က သူနဲ့ဖက်ပြီး ရန်ဖြစ်ဖို့ မရည်ရွယ်ပေ။ သူက ချက်ချင်း ရယ်မောပြီး ပြောလေသည်။
"ဘာလို့လဲ? ကျောင်းက တပည့်တွေကို ကိုယ်ခံပညာ တစ်မျိုးထက်ပိုပြီး မကျင့်ကြံဖို့ တားမြစ်ထားလို့လား။”
ကျန်းဟောင်က အံသြသွားသည်။
ကျောင်းမှာ အဲဒီလို စည်းကမ်းမရှိခဲ့ပေ။
သို့သော် ဘယ်တပည့်ကမှ အချိန်နှင့် ခွန်အားကို ဖြုန်းတီးပြီး ထိုအရာမျိုးကို မလုပ်ပေ။
သို့သော် လင်းရှန်ကို ထိုအရာနဲ့ ပတ်သက်ပြီးမေးခွန်းမထုတ်ချင်သောကြောင့် သူ့ဒေါသကို မျိုချလိုက်ရသည်။
လင်းရှန်သည် အံ့အားသင့်စွာ အနိုင်ရခဲ့သည်။
"စီနီယာ အကိုကျန်း ၊ အကိုက ကျွန်တော်ကို သိပ်ဂရုစိုက်တာကို မသိလိုက်ဘူး။ ကျွန်တော်ရဲ့ စွမ်းရည်အတွက် စိတ်ပူနေတာပဲ။ အကိုက ဘယ်လောက်တောင် စာနာတတ်လိုက်လဲ”
ကျန်းဟောင်ကို သူက ချီးမွမ်းနေပုံရသော်လည်း သူဘာကိုဆိုလိုသည်ကို မည်သူမဆို သိသည်။ သူတကယ်ပြောနေတာက "ဒါ မင်းရဲ့အလုပ် မဟုတ်ဘူးလို့ပင်”
ဤနေရာမှာ အရူးသာဆို လင်းရှန်ပြောသည်ကို ကြားသောအခါတွင် ကွဲပြားစွာ တုံ့ပြန်ကြမည်ပင်။
မူချွမ်ဟွာ၏ပါးပြင်များ လှုပ်ယမ်းသွားပြီး ရယ်မောတာကို ထိန်းရန် ကြိုးစားနေသည်မှာ သိသာသည်။
အောက်အိမ်တော်မှ တပည့် တော်တော်များများက ရယ်သံတွေ ထွက်လာမှာကို စိုးပြီး နှုတ်ခမ်းတွေကို တွန့်လိမ်နေကြသည်။ သူတို့သည် လင်းရှန်ကို တအံ့တသြနှင့် လေးစားစွာ ကြည့်နေကြသည်။
လင်းရှန်သည် ဤကဲ့သို့ အထက်အိမ်တော်၏ တပည့်တစ်ဦးကို ရင်ဆိုင်တာက ရဲရင့်လွန်းလှသည်။
ကျန်းဟောင်၏ မျက်နှာသည် နီရဲနေ၏။ ကုလားထိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူ့လက်ဆစ်တွေက ဖြူဖတ်နေသည် ။ သူ ဘယ်လောက် စိတ်ပျက်နေလဲဆိုတာ သိသာသည်။
သူ ဖြတ်ကျော်ပြီးကတည်းက အောက်အိမ်တော်၏ တပည့်တစ်ယောက်မှ သူ့ကို ဒီလိုစကားမျိုး မပြောရဲခဲ့ပေ။
ဒီကောင်ကွာ
ရှဲ့ကျင့်ရှန်က အပြုံးဖြင့် တုံ့ပြန်လိုက်သောအခါမှ ကျန်းဟောင်၏ ဒေါသကပျောက်ကွယ်သွားတော့သည် ။
"အဲဒါအတွက် မင်းကို လေးစားပါတယ် ။အစ်ကိုကျန်း၊ မင်းက ကျင့်ကြံဖို့ အလုပ်များနေတာတောင် မင်းရဲ့ ငယ်သားတွေကို အမြဲဂရုစိုက်ပေးတယ်။ မင်းက တကယ့်ကို စံနမူနာတစ်ယောက်ပဲ”
ရှဲ့ကျင့်ရှန်အဖို့ ထိုအရာကို ကိုင်တွယ်ဖဖြေရှင်းရတာလည်း မလွယ်ပေ။ သူက ကျန်းဟောင်၏ အခွင့်အရေးကို ဖြတ်တောက်ပြီး နောက်ကျောကို ဓားနဲ့ထိုးသည်။ ထို့နောက် သူ့လက်ကို မြှောက်ကာ ပြောလိုက်လေ၏။
"ရှေ့ဆက်ကြရအောင်။ နေမဝင်ခင် နောက်ထပ် တောင်နှစ်တောင်ကို ရှင်းပစ်ရမယ်”
သူပြောသည်နှင့် တပြိုင်နက် စေတီတော်သည် လှုပ်ခါသွားပြီး ရှေ့သို့ ဆက်သွားလေသည်။
ကျန်းဟောင်၏ မျက်နှာသည် နီရဲသွားသော်လည်း ယခုတော့ ဒေါသကို ဖြေဖို့အပြင် တခြားလုပ်စရာ မရှိပေ။ သူက လင်းရှန်ကိုမကျေနပ်တဲ့ အကြည့်နဲ့ ကြည့်ရုံပင်။
လင်းရှန်က သိပ်ပြီး မတွေးခဲ့ပေ။ သူသည် အဝေးကို မျှော်ကြည့်ပြီး တိုက်ပွဲဆီသို့ ပြန်သွားခဲ့သည်။
သူ၏ စွမ်းအားကို အပြည့်အ၀ မသုံးခဲ့တာကြောင့် ဝိညာဉ်သားရဲ အကောင်နှစ်
ဆယ်ကျော်ကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။
သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်သည် တစ်ကြိမ်သာ ဖြစ်ပေါ်ခဲ့သော်လည်း တိုးတက်မှုမှာ အံ့ဩစရာပင်။ ၎င်းသည် သံမဏိလက်သည်းကို ၂၅% ထိတိုးစေခဲ့သည်။
လင်းရှန်က မအံ့ဩပေ။
လွန်ခဲ့သော အချိန်က နဂါးချောက်နက်တောင်တန်းမှာ လေ့ကျင့်နေစဉ်တွင် ဤပုံစံကို သူတွေ့ရှိခဲ့ပြီးဖြစ်သည်။
ကိုယ်ခံပညာ အဆင့်နိမ့်လေ၊ သတ်ဖြတ်ခြင်းကို အားပေးခြင်း၏ အကျိုးသက်ရောက်မှုက တိုးလာလေလေဖြစ်သည်။
ထို့အပြင် သူ၏ ကျင့်ကြံမှု တိုးလာပါက ဤအဆင့်နိမ့် ကိုယ်ခံပညာ၏ စံသတ်မှတ်ချက်သည် ပို၍ တိုးလာမည်ဖြစ်သည်။
ဥပမာအားဖြင့် သူသည် ကြာရှည်စွာ အသက်ရှုခြင်း စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်တွင်ရှိသောအခါ ဝံပုလွေဝိညာဉ်လက်သည်း နှင့် သံမဏိလက်သည်းကဲ့သို့သော အဆင့်နိမ့်ကိုယ်ခံပညာရပ်များသည်
အစပြုသူအဆင့်တွင် ၁၅% ထက်ပို၍ တိုးလာမည်မဟုတ်ပေ။
သို့သော် သတ္တမအဆင့်သို့ရောက်ပြီးနောက် အဆင့်နိမ့် ကိုယ်ခံပညာ၏ အစပြုသူအဆင့်သည် အများအားဖြင့် ၂၀ % ခန့်ဖြစ်လာသည်။ တခါတရံမှာ ယခုလို ၂၅ ရာခိုင်နှုန်းတောင် တိုးလာနိုင်သည်။
သူသည် တောက်ပသောဝင်ပေါက်အဆင့်သို့ဖြတ်ကျော်ပြီး ဉာဏ်အလင်းရခြင်း
အဆင့်ဝိညာဉ်သားရဲကိုသတ်လိုက်ပါက သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းရည်
သည် အဆင့်နိမ့် ကိုယ်ခံပညာရပ်ကို အဆင့်တစ်ဆင့် တက်စေတဲ့ထိ ရောက်နိုင်လောက်မည်ဟု မှန်းဆရသည်။
ဒါကိုတွေးပြီး လင်းရှန်က စိတ်လှုပ်ရှားသွားသည်။
ငြိမ်သက်သွားပြီးနောက် မျက်လုံးကိုမှိတ်လိုက်ကာ သူ့စွမ်းအင်ကို ထိန်းသိမ်းထားလိုက်သည်။
အခုတလော ဖြစ်ပျက်သွားတဲ့အရာကြောင့် တပည့်တွေက အကျယ်ကြီး မပြောရဲတော့ပေ။ ကိုယ်ခံပညာနယ်ပယ်သည် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ နောက်တစ်တောင်သို့ မရောက်ခင်မှာပဲ ရှဲ့ကျင့်ရှန်သည် စေတီတော်မှ ထွက်ခွာရန် အမိန့်
ပေးလိုက်သည်။
ဒီတခါကလည်း ခုနက တိုက်ခိုက်ခဲ့သော ကောင်းကင်အဆင့်နှင့် မြေကမ္ဘာအဆင့် တပည့်များပင် တိုက်ရမှာ ဖြစ်သည်။
လင်းရှန်သည် စေတီတော်မှ ထွက်ကာ တိမ်တိုက်အကူအညီနဲ့ ကောင်းကင်မှ ဆင်းသက်လာသည်။
သူသည် ရွေ့လျားခြင်းနည်းစနစ်ကို လမ်းကြောင်းအဆင့်အထိ ပေါင်းစပ်နိုင်ရန် ဤစစ်ပွဲကို အခွင့်ကောင်းယူချင်သည်။