← Chapters

တောက်ပသော ဝင်ပေါက်အဆင့်နဲ့ ကြာရှည်စွာအသက်ရှုခြင်း အဆင့်ကွာခြားချက် (၁)

Vol. 10 Ch. 148

တောက်ပသော ဝင်ပေါက်အဆင့်နဲ့ ကြာရှည်စွာအသက်ရှုခြင်း အဆင့်ကွာခြားချက် (၁)

Vol. 10 Ch. 148

နောက်ငါးရက်ကြာသောအခါတွင် စေတီများသည် တောင်တွေတစ်ခုပြီး တစ်ခုကို ရှင်းလင်းခဲ့သည်။ သူတို့ ဖြတ်သွားတိုင်းဝိညာဉ်သားရဲ အားလုံးကို သတ်ပစ်ခဲ့သည်။

ထိုမှော်ရှုခင်းမြေပုံကြောင့် ဝိညာဉ်ရေး သားရဲများသည် မည်သည့်နေရာမှာမှ ပုန်းကွယ်လို့မရပေ။ မည်မျှပင် ပုန်းနေပါစေ…ရှာဖွေတွေ့ရှိပြီး ဖယ်ရှားပစ်မည်ဖြစ်သည်။

တိုက်ခိုက်သူအားလုံးသည် ကောင်းကင် အဆင့်နှင့် မြေကမ္ဘာအဆင့်

တပည့်များဖြစ်သည်။

အနက်ရောင်အဆင့်နှင့် အဝါရောင်အဆင့် တပည့်များကတော့ တိုက်ခိုက်ရန် လုံလောက်သော အင်အားမရှိနေပေ။ အထက်အိမ်တော်ရှိ တပည့်သုံးဦးတို့ကတော့ ၎င်းတို့၏ ခွန်အားကို ထိန်းသိမ်းထားလိုကြသည်။ ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်သားရဲများ မပေါ်လားသေးသရွေ့ ၎င်းတို့သည် ငြိမ်သက်နေမည်ဖြစ်သည်။

ယခင်ပဋိပက္ခများကြောင့် ရှုခင်းမြေပုံ၏အာရုံသည် တိုက်ခိုက်ရန် ထွက်သွားသော လင်းရှန်ဆီတွင် ရှိနေသည်။

ထို့အတွက်ကြောင့် လင်းရှန်၏ သံမဏိလက်သည်းနဲ့ ရွှေရောင်ဘဲငန်းတို့သည် အစပြုသူအဆင့်မှ ကျွမ်းကျင်အဆင့်သို့ရောက်သွားပြီး ငါးရက်အတွင်း အထူး ကျွမ်းကျင်အဆင့်ရောက်လာသည်ကို တပည့်များ မြင်တွေ့ခဲ့ရသည်။

သူတို့၏ ကနဦး အံ့အားသင့်မှုနှင့် ရှုပ်ထွေးမှုများသည် တဖြည်းဖြည်း တုန်လှုပ်မှုနှင့် မယုံကြည်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းရှန်သည် အလားတူ ကိုယ်ခံပညာမျိုးစုံကို ကျင့်ကြံတာကြောင့် ၎င်း၏ စွမ်းအင်နှင့် အချိန်ကို ဖြုန်းတီးနေသည်ဟု လူအများက ခံစားခဲ့ကြရသော်လည်း လင်းရှန်၏ တိုးတက်မှုအရှိန်က ၎င်းတို့အား နားမလည်နိုင်အောင် တုန်လှုပ်သွားစေသည်။

ငါးရက်အတွင်း သူသည် ကိုယ်ခံပညာနှစ်ခုကို ကျွမ်းကျင်အဆင့်ထိ ကျင့်ကြံခဲ့သည်။

ကျင့်ကြံမှု အရှိန်က ဘယ်လိုတောင်လဲ

ဒီကောင်က လူသားရော ဟုတ်လား။

ခဏတာအတွင်းမှာပဲ တပည့်များစွာသည် ပြောမပြတတ်အောင် ထိတ်လန့်သွားကြသည်။

ရှဲ့ကျင့်ရှန်ပင်လျှင် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

“ဆရာကြီးက ဂျူနီယာ ညီလေးလင်းကို အတော်လေး အထင်ကြီးနေတာ အံ့သြစရာတော့ မရှိပါဘူး။ သူ့ရဲ့ ကျင့်ကြံမှုစွမ်းရည်က ကျောင်းမှာ အကောင်းဆုံးပဲ။ရှန်ကျီနင်တောင် သူ့ကိုမမှီဖူး။”

ကျန်းဟောင်သည် မြေပုံကို စိုက်ကြည့်ရင်း အမူအရာ ပြောင်းသွားသည်။

ကံကောင်းထောက်မစွာ ရှုခင်းမြေပုံ၏ အာရုံက တခြားတစ်ယောက်ဆီ ပြောင်းသွားသည်။

ထို့အတွက်ကြောင့် လင်းရှန်၏ ကိုယ်ခံပညာဆိုင်ရာ စွမ်းရည်များ ရုတ်တရက် မြင့်တက်လာသည်ကို မည်သူမျှ မတွေ့ခဲ့ရပေ။

"နောက်ဆုံးတော့ ငါ ဖြတ်ကျော်သွားပြီ”

စိတ်ထဲတွင် ပေါ်လာသည့် ကိုယ်ခံပညာအပေါ် နားလည်နိုင်စွမ်းကို ခံစားရင်း လင်းရှန်က ပြုံးလိုက်သည်။

ဝိညာဉ်သားရဲများကို ငါးရက်ကြာ တိုက်ခိုက်ပြီးသည့်နောက်တွင် သံမဏိ လက်သည်းနှင့် ရွှေရောင်ဘဲငန်းနည်းစနစ်ကို ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံနိုင်ခဲ့သည်။

“အမှန်တော့ သတ်ဖြတ်ခြင်းကို အားပေးတဲ့စွမ်းရည်နဲ့ဆို ကိုယ်ခံပညာတွေ တိုးတက်တာ ပိုမြန်တယ်။ ပုံမှန်အတိုင်း လေ့ကျင့်မယ်ဆိုရင် ကိုယ်ခံပညာ နှစ်ခုစလုံးကို ပြီးပြည့်စုံခြင်းအဆင့်ရောက်ဖို့ အနည်းဆုံး အချိန်နှစ်ဆလောက် အချိန်ယူရလိမ့်မယ်။”

လမ်းကြောင်းအဆင့် ရွေ့လျားမှုနည်းစနစ်သည် တိမ်တိုက်နဂါးစည်းချက်ကို အခြေခံဖို့ လုပ်ထားတာကြောင့် လင်းရှန်သည် ယခုအချိန်တွင် ရွှေရောင်ဘဲငန်းနဲ့ အရိပ်တို့ကို ပေါင်းစပ်ထားခြင်းမရှိပေ။ သူသည် သံမဏိလက်သည်းကိုသာ အရည်ပျော်ခြင်းသို့ ပေါင်းစပ်ခဲ့သည်။

နောက်တစ်စက္ကန့်တွင် အရည်ပျော်ခြင်း ၏တိုးတက်မှုသည် အနည်းငယ် ခုန်တက်သွားပြီး ချက်ချင်းပင် အရည်ပျော်ခြင်း ( လမ်းကြောင်းအဆင့် ၅%) ဖြစ်လာသည်။

"၅% ပဲလား?"

လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။

ဤတိုးလာမှုသည် သိပ်အရေးမပါလှပေ။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့မျက်ခုံးတွေက ပြေလျော့သွားပြန်သည်။

သူသည် လမ်းကြောင်းအဆင့် အရည်ပျော်ခြင်း ၏ စွမ်းအားကို စစ်ဆေးပြီးဖြစ်သည်။ ကြာရှည်စွာအသက်ရှုခြင်းအဆင့်နဲ့တောင် သူသည် ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်သားရဲကို ထိခိုက်စေနိုင်သည်။ တကယ့်ကို အစွမ်းထက်ခဲ့သည်။

လမ်းကြောင်းအဆင့်တောင် အလွန် အားကောင်းပါက မြင့်မားသောအဆင့်များသည် မည်မျှထိတ်လန့်စရာကောင်းမည်ကို တွေးကြည့်နိုင်သည်။

ဖြတ်ကျော်မှုတစ်ခုတွင် အခြေအနေများ ပိုမိုကြမ်းတမ်းလာတာက အံ့ဩစရာ မဟုတ် ပေ။

သူသည် ကိုယ်ခံပညာရပ်များကို ကျင့်ကြံရန်အချိန်ပိုပေးရမည်။

လင်းရှန် အသိပြန်ဝင်လာတော့ ဝိညာဉ်သားရဲများကို ဆက်လက် တိုက်ခိုက်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် သံမဏိလက်သည်းနှင့် ရွှေရောင်ဘဲငန်းကို အသုံးမပြုတော့ပေ။ ယင်းအစား သူသည် ကိုယ်ခံပညာနည်းသစ်များကို စတင်အသုံးပြုခဲ့သည်။

တိမ်တိုက်နဂါး စည်းချက်နှင့် ထူးဆန်းသော လက်များ။

ကိုယ်ခံပညာအဆင့်မြှင့်တင်မှုအသစ် စတင်လိုက်ပါပြီ။

တိုက်ပွဲပြီးသောအခါ တပည့်များသည် စေတီသို့ ပြန်ကြသည်။

သူတို့မှာ အားအင်တွေပြည့်နေသေးပေမယ့် ပင်ပန်းနွမ်းနယ်မှုတွေကိုတော့ မျက်နှာမှာ ဖုံးကွယ်မထားနိုင်ပေ။

ဝိညာဉ်သားရဲ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသော်လည်း အသေအပျောက်မရှိခဲ့ကြတာတော့ မဟုတ်ပေ။

လုံလောက်သော အထောက်အပံ့ကြောင့် တိုက်ပွဲတွင် တပည့် နှစ်ဦးလောက်သာ သေဆုံးခဲ့သည်။

သို့သော် ဤအချိန်တွင် တပည့်များသည် ၎င်းတို့၏ ကန့်သတ်ချက်များသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ရှဲ့ကျင့်ရှန်က တပည့်တွေကို ငေးကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။

“ဂျူနီယာ ညီလေး ညီမလေးတွေ ဂိုဏ်းက စာပို့လာတယ်။ သုံးရက်မြောက်တဲ့နေ့မှာ

ဂိုဏ်းရဲ့စစ်တပ်က ကျားမျိုးနွယ်ရဲ့တွင်းကို တိုက်ခိုက်တော့မှာ ။ အခု တောင်

ဆယ်တောင်ကျော်လောက် ရှင်းပြီးရင် ဂိုဏ်းရဲ့စစ်တပ်ရောက်လာတာကိုပဲ စောင့်ရတော့မှာ။ ဒါပြီးရင် ငါတို့ရဲ့တာဝန် ပြီးမြောက်ပြီ”

ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် တပည့်များသည် သက်ပြင်းချကြပြီး အားလုံး ရွှင်လန်းသွားကြသည်။

နောက်ဆုံးတော့ အဆုံးသတ်သွားချေပြီ။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သားရဲအနည်းငယ်ကိုသတ်ခဲ့သော အဝါ

ရောင်အဆင့်တပည့်များကြားမှာပင် တိုကင်၏တစ်ဝက်နီးပါးတွင် ဝိညာဉ်ရေးသားရဲများ၏သွေးအနှစ်သာရများနှင့် ပြည့်နေကြတဲ့သူတွေ ရှိသည်။ အဲ့တာက သာမန်အရည်အသွေးအမှတ် (၁၀)ခုနဲ့ညီသည်။

တခြားအချိန်တွေဆိုရင် သူတို့အနေနဲ့ ထိုသို့အများကြီးရဖို့ နှစ်လကနေ သုံးလလောက် ကြာနိုင်သည်။

ဒါပေမယ့် အခုက လဝက်လောက်ပဲ ရှိသေးသည်။ ဒီခရီးစဉ်က သူတို့အတွက် တော်တော်အကျိုးရှိခဲ့သည်။

လင်းရှန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

သူ၏သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ရေးရာသားရဲများ၏ သွေးအနှစ်သာရနှင့် ပြည့်နေသော တိုကင်သုံးခုရှိသည်။ နောက်ပြီး တစ်ခုက တစ်ဝက်ကျော်တောင် ပြည့်နေပြီပင်။ သူ့တွင် သာမန်အရည်အသွေးအမှတ် (၇၀)ကျော်ရှိပြီး နဂါးချောက်နက်တောင်တန်းတွင် ရွှေရောင်သံတိမ်တိုက်ကို တွေ့ရှိတာထက် များစွာ ကြီးမားသည်။

“ဒီသာမန်အရည်အသွေးအမှတ်ပမာဏက လက်ဖဝါးနည်းစနစ်ကို နောက်ထပ် ၁၀ခုကနေ ၂၀ခုအထိ လဲလှယ်ဖို့ လုံလောက်တယ်။ ငါသူတို့အားလုံးကို ပြီးပြည့်စုံခြင်းအဆင့်ရောက်အောင်ကျင့်ကြံလိုက်ရင် အရည်ပျော်ခြင်းက မြင့်မားတဲ့အဆင့်ကို ရောက်မှာ”

လင်းရှန်က ဝမ်းသာသွားသည် ။

တပည့်များ ငြိမ်သက်သွားပြီးနောက် ရှဲ့ကျင့်ရှန်သည် စေတီတော်ကို ရှေ့သို့ မောင်းနှင်ခဲ့သည်။

သို့သော်လည်း မကြာမီ စေတီတော်သည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် ပြင်းထန်စွာ တုန်လှုပ်သွားပြန်သည်။

အားလုံး အံ့အားသင့်သွားပြီး ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။ ထိုမှသာ စေတီတော်ကို မရေမတွက်နိုင်သော လေပြင်းများ ဝန်းရံထားသည်ကို သိလိုက်ရသည်။

လေပွေပေါင်း ၃၀မှ၄၀အထိရှိပြီး တစ်ခုစီသည် အချင်းငါးမီတာကျော်ရှိသည်။ စေတီတော်သို့ အဆက်မပြတ်ဝင်တိုက်ရင်း လေချွန်သံများ ထွက်ပေါ်လာကာ အရှိန်က မြန်ဆန်ပြီး ကြောက်စရာကောင်းလှသည်။

"ဉာဏ်အလင်းရခြင်းအဆင့် မျက်လုံးဖြူ ဝိညာဉ်ကျားတွေ”

ရှဲ့ကျင့်ရှန်၏ အပြုံးသည် မှိန်ဖျော့သွားကာ တည့်တည့်မတ်မတ်ထိုင်ရင်း သူ့မျက်နှာက လေးနက်သွားသည်။

“ဒီကောင်တွေ ပုန်းနေတာ ကြာပြီ.. နောက်ဆုံးတော့ သူတို့ ပေါ်လာဖို့ ဆန္ဒရှိနေပြီပဲ”

မူချွမ်ဟွာသည် မျက်မှောင်ကြုတ်ထားသည်။ “ငါတို့ဂိုဏ်းရဲ့ အဓိက အင်အားစုတွေ ရောက်လာတော့မယ်ဆိုတာ သူတို့ သိနေတယ်။ အဲ့ဒါကြောင့် သူတို့က ငါတို့ကို အဆုံးသတ်ဖို့ ဒီအခွင့်အရေးကို အသုံးချချင်ကြတာ။ ဒီနတ်ဆိုးတွေက တော်တော်

ရက်စက်တာပဲ။ ငါတို့ခွန်အားတွေ ကုန်ဖို့အတွက် အပြင်မှာ သူတို့ရဲ့ မျိုးနွယ်စုတွေကို စတေးဖို့လည်း မတွန့်ဆုတ်ကြဖူး.. သူတို့က ငါတို့ကို ဖျက်ဆီးဖို့ အခုမှ ပေါ်လာတာပဲ”

All Chapters