တောက်ပသော ဝင်ပေါက်အဆင့်နဲ့ ကြာရှည်စွာအသက်ရှုခြင်း အဆင့်ကွာခြားချက် (၂)
Vol. 10 Ch. 149
"သူတို့က ရက်စက်တဲ့ အကောင်တွေမဟုတ်ရင် သူတို့ကို နတ်ဆိုးလို့ ခေါ်မှာမဟုတ်ဘူး” ကျန်းဟောင်က ရယ်မောပြီး အေးစက်စွာပြောသည်။ “ဒါပေမယ့် သူတို့က အချိန်ကိုက်ရောက်လာတာပဲ။ ငါတို့ အပြီးသတ်နိုင်အောင် ဒီသားရဲအုပ်စုကို မြန်မြန် ဖယ်ပစ်ရမယ်”
ကျန်းဟောင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက စိတ်ပျက်မှုကို ထိန်းထားခဲ့ရပြီး ထွက်ပေါက်ရှာရန် နည်းလမ်းမရှိခဲ့ပေ။ သူ အတော်လေး အရမ်းစိတ်ဆိုးနေခဲ့သည်။
ယခု ကျားမျိုးနွယ်သည် တပ်ဖွဲ့ကို တိုက်ခိုက်ရန် ဦးဆောင်လာသောကြောင့် ဒါက သူ့ဒေါသကို ဖြေဖျောက်ရန် အခွင့်အရေးကောင်းပင်။
ဘန်း ဘန်း ဘန်း
ပြင်းထန်သော လေသည် စေတီတော်ကို ဆက်လက် တိုက်ခတ်နေသည်။
သို့သော်လည်း စေတီတော်၏ အတားအဆီးများသည် လက်ရာမြောက်ပြီး ဖျက်ဆီးမရအောင် ဖြစ်နေသည်။ ဉာဏ်အလင်းရခြင်း အဆင့်သားရဲ အနည်းငယ်မျှသာ မဆိုထားနှင့် ၊ ကျင့်ကြံသူသခင်များ ရောက်လာလျှင်ပင် အချိန်တိုအတွင်း အတားအဆီးများကို ကျော်လွှားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်နောက်တွင် အလစ်တိုက်ခိုက်ခဲ့သော သားရဲများသည် စေတီတော်အား မည်သို့မျှ မလုပ်ဆောင်နိုင်ကြောင်း နားလည်လာပုံရသည်။ သူတို့သည် လေကို ရိုးရိုးရှင်းရှင်း ခွဲထုတ်ပြီး သူတို့ကိုယ်သူတို့ ထုတ်ဖော်ခဲ့ကြသည်။
တခဏချင်းမှာပင် ကျောပေါ်တွင် အတောင်များရှိသော လူသားများကဲ့သို့ မတ်တပ်ရပ်နိုင်သည့် ကျားနတ်ဆိုးငါးကောင်သည် ကောင်းကင်ယံ၌ ပေါ်လာသည်။
စေတီကို ဗဟိုပြုကာ ပတ်ဝန်းကျင်တောင်များပေါ်တွင်လည်း မရေမတွက်နိုင်သော ဝိညာဉ်သားရဲများ ပေါ်လာသည်။ တောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး အကောင်ရေတစ်ထောင်ထက်မနည်းရှိနေသည်။
စေတီတော်မှာ ဘေးကင်းကြောင်း သိသော်လည်း တပည့်များစွာသည် သူတို့ရှေ့မှ တုန်လှုပ်ချောက်ချားဖွယ်ရာ ဝိညာဉ်သားရဲအရေအတွက်ကို မြင်သောအခါ အနည်းငယ် ဖြူဖျော့သွားကြသည်။ သူတို့ကြည့်ရတာ ကြောက်နေကြတဲ့ပုံပင်။
"လူသား ကျင့်ကြံသူတွေ၊ ဘာလို့ ပုန်းနေတာလဲ။ မင်းတို့ ငါ့တို့ကို လာတိုက်ဖို့ သတ္တိ မရှိဖူးလား"
မိုးခြိမ်းသံကဲ့သို့ နက်နဲသော အသံသည် ကောင်းကင်၌ ပဲ့တင်ထပ်နေသည်။
ပြောသူမှာ ကျားငါးကောင်တွင် အရပ် အမြင့်ဆုံးဖြစ်သည်။
သူသည် လေးမီတာနီးပါး အရပ်ရှည်ပြီး ရွှေရောင်မျက်လုံးများနှင့် ကားထွက်နေသော နှုတ်ခမ်းများရှိသည်။ ဦးခေါင်းပေါ်တွင် အစင်းကြောင်းများရှိပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တို့သည် ကျယ်ဝန်းသည်။ လက်နှစ်ဘက်လုံးတွင်တော့ ပုဆိန်ကြီးကို ကိုင်ထားလေ၏ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ ခံ့ညားပြီး သူ၏ အမူအရာမှာ သာလွန်သောအသွင်ကို ဆောင်သည်။
ကျားနတ်ဆိုး၏ မောက်မာသောစကားကြောင့် တပည့်များစွာက ဒေါသထွက်ခဲ့သည်။
ကျန်းဟောင်သည် ရုတ်တရက်ထရပ်ပြီး ရှဲ့ကျင့်ရှန်အား လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
“အကိုရှဲ့..နတ်ဆိုးတွေက လူပါးလာဝနေတယ်။ ကျွန်တော်တို့က သူတို့ကို သင်ခန်းစာမပေးရင် နေကိုးစင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာ မဟုတ်ဘူးလား။ သူတို့က တိုက်ခိုက်ချင်နေတာဆိုတော့ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”
ရှဲ့ကျင့်ရှန်တုံ့ပြန်မှုကို မစောင့်ဘဲ စိတ်မရှည်စွာဖြင့် မျှော်စင်မှ ပြေးထွက်လာခဲ့သည်။
ရှဲ့ကျင့်ရှန်သည် ခေါင်းကို အနည်းငယ်ခါယမ်းသော်လည်း မတားခဲ့ပေ။
စေတီတော်ကို အပြင်က မထိုးဖောက်နိုင်သော်လည်း ၎င်းက ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိပေ။
သူတို့ စေတီတော်မှာ နေမယ်ဆိုလျှင် ကျားမျိုးနွယ်ကို ကြောက်စရာမလိုပေမယ့် တစ်ချိန်တည်းမှာပဲ ဂိုဏ်းအတွက် အတားအဆီးတွေကို ရှင်းလင်းသည့် မစ်ရှင်ကို ပြီးမြောက်နိုင်မှာ မဟုတ်ပေ။
ထို့ကြောင့် ကျားမျိုးနွယ်နှင့် တိုက်ပွဲဖြစ်ဖို့က မလွဲမသွေပင်။
အကယ်၍ ဂိုဏ်းကမတိုက်မီ ဉာဏ်အလင်းရခြင်း အဆင့် ကျားတစ်ကောင် သို့မဟုတ် နှစ်ကောင်ကို သတ်နိုင်ခဲ့ပါက နောက်ပိုင်းတွင် ဆုံးရှုံးမှုနည်းပါးသွားမည်ဖြစ်သည်။
ဒါကြောင့်လည်း ရှဲ့ကျင့်ရှန်က ကျန်းဟောင်ကို မတားခဲ့တာပင်။
စေတီတော်မှ ခုန်ဆင်းပြီးသောအခါ ကျန်းဟောင်သည် အစိမ်းရောင်အလင်း
လေးအဖြစ် လင်းလက်သွားသည်။ သူသည် အထောက်အပံ့တစ်စုံတစ်ရာမရှိဘဲ ကောင်းကင်တွင် ပျံဝဲနေသည့် အမွှေးလေးကဲ့သို့ ဝဲပျံနေသည်။
ချွလမ်
ကျန်းဟောင်က သူ့ခါးမှာ ဓားကိုဆွဲထုတ်ပြီး ခေါင်းကို မော့ထားကာ လှည့်ကြည့်လိုက်သည်။ "သွေးဆာနေတဲ့ ခွေးကောင်၊ ဘယ်သူက ငါ့ကို တိုက်ချင်တာလဲ" ဟု အေးစက်စွာ ပြောနေစဉ် သူ့မျက်နှာပေါ်တွင် မောက်မာမှုနှင့် ရှုတ်ချမှု အရိပ်အယောင်များ ပေါ်လာသည်။
ထိုစကားကိုကြားသောအခါ လေထဲတွင်ရှိသော ကျားနတ်ဆိုးလေးကောင်သည် ဒေါသတကြီးဖြစ်ကုန်ကြသည်။
သူတို့ထဲက တစ်ယောက်က ထွားကျိုင်းတဲ့ ကျားနတ်ဆိုးပင် ။ သူ၏အမွေးသည် အဝါရောင်တောက်တောက်ဖြစ်ပြီး အနက်ရောင်အစင်းကြောင်းများ ရှိသော်လည်း သူ၏နဖူးမှာ နှင်းဖြူရောင်ရှိသည်။ သူက ခုန်ထွက်ပြီး "မာနကြီးတဲ့ လူသားကောင်၊ ငါ မင်းကို ခေါ်သွားပေးမယ်။"
ကျန်းဟောင်တုံ့ပြန်မှုကို မစောင့်ဘဲ သူ့ပုဆိန်နဲ့ ခုတ်ချလိုက်သည်။
ကျန်းဟောင်သည် ကြောက်ရွံ့ခြင်းမရှိပေ။ သူက ရယ်မောကာ ဓားကို မြှောက်ပြီးတိုက်ခိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ဖက်စလုံးသည် လေထဲတွင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွါးခဲ့သည်။
စေတီတော်၏ ကိုယ်ခံပညာကွင်းမှာတော့အောက်အိမ်တော်မှ တပည့်တစ်စုသည် အသက်ရှုဖို့မေ့ကာ ကောင်းကင်ယံမှ တိုက်ပွဲကို စူးစိုက်စိုက်ကြည့်နေကြသည်။
၎င်းတို့ထဲမှအများစုသည် တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူမှ ဉာဏ်အလင်းရခြင်း ဝိညာဉ်သားရဲအား တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။ ထုံးစံအတိုင်း သူတို့သည် မည်သည့်မြင်ကွင်းကိုမှ လက်လွှတ်မခံနိုင်ပေ။
လင်းရှန်လည်း ထိုနည်း၎င်းပင် ။ စေတီအပြင်ဘက်မှ တိုက်ပွဲကို စူးစူးဝါးဝါး စိုက်
ကြည့်နေသည်။
အနက်ရောင်အစင်းနဲ့ ကျားနတ်ဆိုးသည် အလွန်ပြင်းထန်သည်။ သူ၏ ပုဆိန်ကို ခုတ်ချသောအခါ လေကို ဖောက်ထွက်သည့်အသံများ ထွက်ပေါ်လာသည်။ မိုးခြိမ်းသံများကတော့ အဆုံးမရှိပေ။သူ့ကိုကြည့်ရုံနဲ့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားကြသည် ။
၎င်းသာ ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို တိုက်ခိုက်မည်ဆိုပါက ကျင့်ကြံသူ၏ အသားသည် စုတ်ပြတ်သတ်သွားပေလိမ့်မည်။
သို့သော်လည်း ဤကဲ့သို့ပြင်းထန်သောလေသည် ကျန်းဟောင်အပေါ် သက်ရောက်မှုမရှိပေ။ သူ့ကို မထိခင်မှာပဲ စူးရှတဲ့ ဓားအလင်းကြောင့် လေပြင်းက ပျက်စီးပြီး ပျောက်ကွယ်သွားသည်။
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက်တွင် အနက်ရောင် ကျားနတ်ဆိုးသည် အသာစီးရရှိခဲ့ရုံသာမက လျှပ်စီးကြောင်းများကဲ့သို့ မြန်ဆန်သော ဓားတန်း များဖြင့်လည်း အခုတ်ခံရသည်။ သူ့ခန္ဓာကိုယ်မှာ သွေးထွက်သံယို ဒဏ်ရာတချို့ ချက်ချင်းပေါ်လာခဲ့သည် ။
ဤအသေးစားဒဏ်ရာသည် အရေထူသော အနက်ရောင်အစက်အပြောက် ကျားနတ်ဆိုးအတွက် ဘာမှမဟုတ်သော်လည်း ၎င်း၏ရက်စက်မှုကို လုံး၀ နှိုးဆွခဲ့သည်။
“ဝေါင်း”
အနက်ရောင် ကျားနတ်ဆိုးသည် ကောင်းကင်မှာ ဒေါသတကြီး ဟိန်းဟောက်နေသည်။ ရုတ်တရက် ပုဆိန်နှစ်ချောင်းက အပြင်းအထန် တိုက်မိသွားသည်။ စူးရှသော သတ္တုပေါက်ကွဲသံနှင့်အတူ ပုဆိန်နှစ်ချောင်းကြားတွင် အစိမ်းရောင် လေပြင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာက အဆိပ်ပြင်းမြွေတစ် ကောင်လိုပဲ ပုဆိန်ရဲ့မျက်နှာပြင်ကို ရစ်ပတ်ထားသည်။
နောက်အခိုက်အတန့်တွင် ကျားနတ်ဆိုးသည် ကျန်းဟောင်ပေါ်သို့ ခုန်တက်ကာ ပုဆိန်နှင့် ခုတ်ချခဲ့သည် ။
လေက ထပ်ပြီးတိုက်နေပေမယ့် ဒီတစ်ခါတော့ သနားစရာကောင်းတဲ့ အော်သံပါ ပါလာသည်။
စေတီပေါ်ရှိ တပည့်များသည် ထိုအသံကိုကြားသောအခါ ခေါင်းတွန့်သွားကြသည်။ သူတို့သည် ကတုန်ကယင်ဖြစ်ကုန်ကာ တညီတညွတ်တည်း ဖြူဖျော့သွားကြသည်။
သို့သော်လည်း ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နေသည့် ကျန်းဟောင်သည် လုံးဝထိတ်လန့်ခြင်းမရှိပေ။ အဲဒီအစား သူက ရယ်ပြီး သူ့ဓားနဲ့ ရှေ့ကို ခုတ်ချလိုက်သည်။
ထိုအရာက သာမာန်ခုတ်ချက်တစ်ခုမျှသာဖြစ်သော်လည်း အနီရောင် အလင်းတန်းသည် ရုတ်တရက် တောက်လောင်လာသည်။ လေဖိအားနည်းရပ်ဝန်းကနေ နေသုံးစင်း ထွက်လာသလိုပင်။ အလွန်လောင်မြိုက်သော မီးတောက်များကို သယ်ဆောင်လာပြီး အနက်ရောင် ကျားနတ်ဆိုးဆီသို့ ပြေးသွားကြသည်။
ဒါကိုမြင်တဲ့အခါမှာ ရှဲ့ကျင့်ရှန်နဲ့ မူချွမ်ဟွာ၏ရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့သည်။
"နေသုံးစင်း” မူချွမ်ဟွာက အော်လိုက်သည် ။ "ဂျူနီယာ ညီလေးကျန်းရဲ့ နေကိုးစင်း နတ်ဘုရားဓားက နောက်ထပ်အဆင့်ကို ရောက်နေပြီပဲ”
ဤသို့ ပြောလိုက်သည်နှင့် တပြိုင်နက် အောက်အိမ်တော်မှ တပည့်အချို့သည် ရှုပ်ထွေးသလို ဖြစ်နေကြသည်။
"စီနီယာ အစ်ကိုမူ..အကိုကျန်းက နေကိုးစင်း နတ်ဘုရားဓားကို သုံးနေတာလား။ ကျွန်တော်လည်း ဒီဓားနည်းစနစ်ကို ကျင့်ကြံနေတာ အထူးကျွမ်းကျင်အဆင့်ကိုရောက်နေပြီ။ ဒါပေမယ့် ဒီလိုအထင်ကြီးလောက်စရာတော့ မဟုတ်ဘူး”
ကောင်းကင်အဆင့်ရှိ တပည့်များစွာက ခေါင်းညိတ်ကြသည်။
နေကိုးစင်း နတ်ဘုရားဓားကို အရည်အသွေးခန်းမ၌ လဲလှယ်နိုင်သည်။
အထူးယန်စွမ်းအား ဓားသွားကို ကျင့်ကြံခဲ့သော တပည့်များစွာသည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့် တိုးလာပြီးနောက် ပိုမိုအားကောင်းသည့် နေကိုးစင်း နတ်ဘုရားဓားကို ပြောင်းလဲကျင့်ကြံကြသည်။
နိုင်ယန်းကျောင်း၏ အောက်အိမ်တော်တွင် ကောင်းကင်အဆင့် တပည့် ၅၀ ရှိပြီး ၎င်းတို့ထဲမှ အနည်းဆုံး ၁၀ ဦးသည် နေကိုးစင်း နတ်ဘုရားဓားကို ကျင့်ကြံခဲ့သည်။ သို့သော်လည်း သူတို့သည် မည်သည့်အဆင့်တွင်ရှိနေပါစေ ၊ ကျန်းဟောင်ကဲ့သို့ ထိတ်လန့်စရာကောင်းသော စွမ်းအားကို ပြသနိုင်မည်မဟုတ်ပေ။
ဒါကိုကြားတော့ မူချွမ်ဟွာက ရယ်လိုက်သည်။ သူ့ဂျူနီယာညီလေးတွေ၏ သံသယတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။
"မင်းတို့ကို ပြောရရင် ဒါက ဘာပြသနာမှမဟုတ်ဘူး။ အဲ့တာက တောက်ပသော ဝင်ပေါက်အဆင့်နဲ့ ကြာရှည်စွာအသက်ရှုခြင်းအဆင့်အကြားက ခြားနားချက်ပဲ”
ကျင့်ကြံသူတစ်ယောက်က တောက်ပသောဝင်ပေါက်အဆင့်သို့ ရောက်လျှင်
ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ ဝိညာဉ်ရေးရာအနှစ်သာရသည် ကြာရှည်စွာအသက်ရှုခြင်း အဆင့်ထက် အများကြီးမသာလွန်ပေ။ အဓိသော့ချက်မှာ ၎င်းတို့၏ ဝိညာဉ်ကို ဝိညာဉ်ရေးရာ အနှစ်သာရဖြင့် အားဖြည့်ရင်း လျင်မြန်စွာ ကြီးထွားလာကာ ဝိညာဉ်ရေးရာ ပြည့်လျှံလာအောင် လုပ်ပေးမည် ဖြစ်သည်။ ဤဝိညာဉ်ရေးရာ ပြည့်လျှံလာမှုသည် အဆင့်နှစ်ခုကြားတွင် အရေးကြီးဆုံးကွာခြားချက်ဖြစ်သည်။
"ဝိညာဉ်ရေးရာပြည့်လျှံလာခြင်းနှင့်အတူ တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံ
သူများသည် လေနှင့်မိုးကဲ့သို့ အကျိုးသက်ရောက်မှုများဖန်တီးရန် ပြဒါးနဲ့ မက်မွန်ပင်ကဲ့သို့သော စွမ်းအားဖြည့်ဆေးများကို အသုံးပြုနိုင်သည်။ တစ်နည်းအားဖြင့် မှော်စွမ်းအားကို သုံးနိုင်သည်။
ထို့အပြင် ဝိညာဉ်ရေးရာပြည့်လျှံခြင်းကို ရရှိပြီးနောက် ကျင့်ကြံသူများသည် ကိုယ်ခံပညာဆိုင်ရာ အပြောင်းအလဲများကို ရရှိမည်ဖြစ်သည်။ သူတို့၏ ကိုယ်ခံပညာများကို နားလည်သဘောပေါက်မှုက ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ ကိုယ်ခံပညာကျင့်ကြံမှုအရှိန်သည်လည်း အလွန်တိုးမြင့်လာမည် ဖြစ်သည်။ အချိန်အလုံအလောက်ရှိသရွေ့ မည်သည့်ကိုယ်ခံပညာကိုမဆို ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် ကျင့်ကြံနိုင်သည်။
ဤကဲ့သို့ လျှို့ဝှက်ချက်ကို အောက်အိမ်တော်မှ တပည့်များစွာ ကြားသိရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့သည် အံ့ဩမှင်သက်ကုန်ပြီး လိုချင်တောင့်တမှုများက မျက်နှာများပေါ်တွင် ပေါ်လာသည်။
ကိုယ်ခံပညာကို ကျင့်ကြံရန် မည်မျှခက်ခဲသည်ကို အားလုံးသိကြသည်။
ပြီးပြည့်စုံခြင်းမပြောနဲ့၊ အထူး ကျွမ်းကျင်အဆင့် ရောက်အောင် ကျင့်ကြံဖို့ကပင် မလွယ်ပေ။
ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိခြင်းသည် ကံကောင်းမှသာလျှင် ရရှိနိုင်သောအရာဖြစ်သည်။ အရည်အချင်းနှင့် အခွင့်အလမ်းများသည် မရှိမဖြစ် လိုအပ်သည်။
ထိုအရေးကြီးဆုံးသော လက္ခဏာများမရှိလျှင် သူတို့သည် ပြီးပြည့်စုံခြင်းအဆင့်ကို ဘယ်တော့မှ ရရှိနိုင်တော့မည်မဟုတ်ပေ။
မူချွမ်ဟာ၏ အဆိုအရ တောက်ပသော ဝင်ပေါက်အဆင့်ကျင့်ကြံသူများအနေနဲ့ ထိုပြသနာကို မကြုံရပေ။ သူတို့ အစွမ်းကုန် ကြိုးစားနေသရွေ့ ကိုယ်ခံပညာတွေပြီးပြည့်စုံခြင်းအဆင့် ရောက်ဖို့ အချိန်တစ်ခုသာ လိုသည်။ သူတို့ ဘယ်လိုတောင် မနာလိုမဖြစ်ပဲ
နေမလဲ။
သို့သော် မူချွမ်ဟွာ၏ နောက်ဆက်တွဲစကားများက သူတို့ကို တုန်လှုပ်စေပြန်သည်။
"ဒါပေမယ့် ပြီးပြည့်စုံခြင်းအဆင့်က အဆုံးသတ် မဟုတ်ဘူး။ အရည်အချင်းရှိတဲ့ တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူတွေက ပြီးပြည့်စုံခြင်းထက် ကျော်လွန်တဲ့ ကိုယ်ခံပညာ အဆင့်အသစ်ကို ရောက်ရှိနိုင်တယ်။ အဲ့ဒီအဆင့် ကိုယ်ခံပညာက မှော်စွမ်းအားထက်တော့ အစွမ်းထက်တာ မလျော့ဘူး”
တပည့်တွေ အံဩသွားကြသည်။ပြီးပြည့်စုံခြင်းအဆင့် ပြီးရင် ပိုမြင့်တဲ့ အဆင့်ရှိမည်ဟု သူတို့ မျှော်လင့်မထားပေ။
တပည့်တစ်ယောက်က တံတွေးမျိုချလိုက်ပြီး မထိန်းနိုင်ဘဲ "စီနီယာ အစ်ကိုမူ၊ အဲဒါ ဘယ်အဆင့်လဲ။"
မူချွမ်ဟွာက ပြုံးပြီး ပြောသည် ။
"အဲ့တာကို လမ်းကြောင်း အဆင့်လို့ခေါ်တယ်”