ဉာဏ်အလင်းရခြင်း အဆင့်သားရဲကိုသတ်ပါ (၁)
Vol. 10 Ch. 152
ရုတ်တရတ်ပြောင်းလဲမှုသည် လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့သည်။
ကျားနတ်ဆိုးများပင် အံ့အားသင့်စွာ ငေးကြည့်နေကြသည်။ ပိုင်ထန့်က ဘာကြောင့် ဒီလောက်ဒေါသ ထွက်နေမှန်း သူတို့ မသိခဲ့ကြပေ။
အေးစက်တဲ့ သတ်ပစ်ချင်စိတ်တွေကြောင့် လင်းရှန်က ချက်ချင်း အသိဝင်လာခဲ့သည်။ သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် သူ့ဆီပြေးလာနေသော ပိုင်ထန့်ကို လှည့်ကြည့်လိုက်သည်။ ပထမတော့ သူ အံ့သြသွားပေမယ့် နောက်တော့ သဘောပေါက်လာသည်။
သားရဲကို မသိတဲ့အတွက် သူကို့ အပြစ်တင်လို့မရပေ။
မျက်လုံးဖြူ ဝိညာဉ်ကျားများ အားလုံး က ဆင်တူသည်။
စေတီတော်ဝန်းကျင်ရှိ မျက်လုံးဖြူကျားများကြားတွင် တစ်နေ့က သူလှည့်စားခဲ့သော တစ်ကောင် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားပေ။
ဘုန်း
ပိုင်ထန်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာသည်။ သူ၏ လေးလံပြီး ကြွက်သားတောင့်တင်းနေသော ခန္ဓာကိုယ်သည် မြေကြီးထဲတွင် နက်ရှိုင်းသော တွင်းကိုပင်ဖြစ်စေကာ သူ့လမ်းကြောင်းက နတ်ဆိုး တစ်ကောင်ကို
လွင့်သွားစေသည်။ သူသည် လင်းရှန်ကို သွေးထွက်သံယိုမျက်လုံးများဖြင့် စိုက်ကြည့်ပြီး မျက်နှာပေါ်တွင် ရက်စက်သော လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။
"သားလေး၊ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ..နောက်ဆုံးအကြိမ်တုန်းက မင်းငါ့ကို နာကျင်စေခဲ့တာကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။ ငါ ဒီနေ့ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်မယ်”
လင်းရှန်သည် ဘာစကားမှ မပြောနိုင်ပေ။
သူက ပါးရိုက်ခဲ့ရုံပဲ မလား? အခုကျ သူ့အဖေကိုသတ်ခဲ့တဲ့ ရန်သူကို မြင်နေရသလို လုပ်နေတာပါလား။
"မင်းကရော ပြန်မတိုက်လို့လား"
လင်းရှန်က အတွင်းကျကျ ကျိန်ဆဲနေချိန်မှာ ရှဲ့ကျင့်ရှန်နဲ့ တခြားသူတွေ အံ့သ
ဩသွားကြသည်။
သူတို့ ဘာကြားခဲ့တာလဲ။
လင်းရှန်သည် တစ်ချိန်က ထိုမျက်လုံးဖြူ ဝိညာဉ်ကျားကို ဒဏ်ရာရအောင် လုပ်ခဲ့ဖူးသည် ။
အဲဒါ ဘယ်လို ဖြစ်နိုင်လဲ။
ကျားသည် ဉာဏ်အလင်းရခြင်း အဆင့်ရှိ သားရဲဖြစ်သည်။
ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူသည် ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်ရေးရာသားရဲနှင့် ကြုံတွေ့ပါက အသက်ရှင်ကျန်တာတောင် ကံကောင်းတာပင်။ တစ်ဖက်သားကို ဒဏ်ရာရအောင် လုပ်ဖို့ဆိုတာက အိပ်မက်မက်နေတာသာ ဖြစ်လိမ့်မည်။
ဒါကို လင်းရှန် သာပြောခဲ့မယ်ဆိုရင် လူတိုင်းက သူကြွားလုံးထုတ်နေတယ်လို့ ထင်ကြလိမ့်မည်။
သို့သော် ပြောပြတဲ့လူက မျက်လုံးဖြူ ဝိညာဉ်ကျား ဖြစ်သည် ။ သူ့ချို့ယွင်းချက်တွေကို ဖော်ထုတ်ဖို့ လိမ်ညာနေမှာ မဟုတ်ပေ။
ချက်ချင်းပင် တပည့်များသည် လင်းရှန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
မယုံနိုင်လောက်အောင်ပင်။
သူသည် ဉာဏ်အလင်းရခြင်ူအဆင့်သားရဲကိုပင် ထိခိုက်စေနိုင်သည်။
ပိုင်ထန်သည် သူ့ပတ်ဝန်းကျင်ရှိ အကြည့်များကို လျင်မြန်စွာ သတိပြုမိပြီး ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူ၏လက်တွင် သူခံစားခဲ့ရသည့် အရှက်တရားများကို ထုတ်ဖော်ပြသမိသည်ကို ချက်ချင်းသိလိုက်ရသည်။ သူသည် အရှက်တရားကြောင့် ဒေါသနှင့် ချက်ချင်း ပြေးသွားခဲ့သည်။ တခြားဘာမှ မပြောဘဲ လင်းရှန်ကို အော်လိုက်သည်။
ဉာဏ်အလင်းရခြင်း အဆင့်သားရဲနှင့် ရင်ဆိုင်ရသည့် လင်းရှန် သည် ပြီးပြည့်စုံခြင်း အဆင့်သို့မရောက်သေးသော သူ၏လက်ဖဝါးနည်းစနစ်ကိုအသုံးမပြုဝံ့ပေ။ သူသည် နေခြောက်စင်း အဆောင်ဓားကို ချက်ချင်းထုတ်ကာ ဝှေ့ယမ်းလိုက်တာကြောင့် ကြီးမားသော မီးလှိုင်းကြီးသည် ရှေ့သို့ လွင့်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူသည် တိမ်နဂါး စည်းချက်ကို အသုံးပြုကာ အဝေးသို့ ဆုတ်ခွာသွားခဲ့သည်။
ပိုင်ထန်က သူ့ကို လွတ်သွားတော့ ဒေါသပိုကြီးလာသည်။
ကျန်းဟောင်နဲ့ တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရခဲ့လို့သာ မဟုတ်ရင် ဒီတိုက်ခိုက်မှုက ဒီကလေးကို သေစေမှာ သေချာသည်။
လူတိုင်းရှေ့မှာ ရှုံးနိမ့်မှုသည် ပိုင်ထန်ကို ဒေါသပိုထွက်စေသည်။ သူ့အရိုးတွေထဲက အထိ ရက်စက်မှုတွေကို နှိုးဆွနေ၏ ။ သူ ချက်ချင်း ဟိန်းဟောက်လိုက်သည်နှင့် ပြင်းထန်သော အရောင်အဝါက သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ တပည့်များ၏ ထိတ်လန့်သော အကြည့်များအောက်တွင် မရေမတွက်နိုင်သော အဖြူရောင် လေဆင်နှာမောင်းများက လေဖိအားနည်းရပ်ဝန်းမှ စိမ့်ထွက်လာပြီး ပိုင်ထန်၏ ခန္ဓာကိုယ်ကို ပတ်နေလေ၏။
တိမ်တွေက နဂါးနောက်ကို လိုက်သွားပြီး လေက ကျားနောက်ကို လိုက်သွားသည်။
ကျားနတ်ဆိုးများသည် လေကို ထိန်းချုပ်နိုင်စွမ်း ကြီးမားသည်။ လေ၏အကူအညီဖြင့် ၎င်းတို့သည် ပို၍ပင် စွမ်းဆောင်နိုင်ခဲ့သည်။
ပိုင်ထန်သည် လင်းရှန်ကို ခုန်အုပ်လိုက်ပြီး ယခင်ကထက် ပိုမြန်လာသည်။ သူက မှုန်ဝါးဝါးနဲ့ အရိပ်ဖျော့ဖျော့လို လှုပ်ရှားသွားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာပင် လင်းရှန်ရှေ့မှာ ရောက်လာသည်။ သူ၏ ချွန်ထက်သော လက်သည်းများက လင်းရှန်၏ ခေါင်းကို လေပြင်းနဲ့အတူ ရိုက်ချလိုက်သည် ။
အဝေးမှပင် အခြားတပည့်များက တိုက်ခိုက်မှူသည် ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲကို ခံစားသိရှိနိုင်သည်။
လင်းရှန်ကိုသာ ထိပါက သူ့၏ ရုပ်ပိုင်းဆိုင်ရာ မြင့်တင့်ခြင်း လက်နက်ဖြင့်ပင် ရှင်သန်နိုင်မည်မဟုတ်ပေ။
ကောင်းကင်ယံမှာတော့ ရှဲ့ကျင့်ရှန်နဲ့ မူချွမ်ဟွာတို့သည် ဤအရာကိုမြင်သောအခါ ရင်တွေပူလာသည်။
သူတို့နှစ်ဦးသည် ကူညီချင်သော်လည်း တိုက်ခိုက်နေသော ကျားနတ်ဆိုးများက တားဆီးထားကြသည်။ ပိုင်ထန်၏လက်သည်းတွေ လင်းရှန်ပေါ်ကို ရောက်သွားချိန်မှာတော့ သူတို့ စောင့်ကြည့်ရင်းသာ နေနိုင်ကြသည်။
တပည့်များစွာကလည်း သူ့အတွက် စိတ်မကောင်းဖြစ်ရသည်။
ဒါပေမယ့် သွေးထွက်သံယိုဖြစ်မလာပေ။
နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းများ ပြင်းထန်လာသည်။
လူတိုင်း အံ့အားသင့်စွာ ကြည့်နေချိန်တွင် လင်းရှန်သည် မှောင်မိုက်သော ရွှေရောင် အလင်းတန်းတစ်ခုဖြင့် တောက်ပလာပြီး ချပ်ဝတ်တန်ဆာကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေသော အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ကို ဖုံးအုပ်ထားသည်။
ထို့နောက် ပိုင်ထန်၏ချွန်ထက်သော လက်သည်းများက ရွှေရောင်ချပ်ဝတ်တန်ဆာကို ထိမှန်ပြီး ကျယ်လောင်သော မြည်သံထွက်လာသည်။
လူတိုင်းက လင်းရှန်ကို ထိတ်လန့်တကြားစောင့်ကြည့်နေကြစဉ်တွင် နေခြောက်စင်းအဆောင်ဓားကို ဆွဲထုတ်ကာ ပိုင်ထန်၏ လည်ပင်းကို ထိုးချလိုက်သည်။
အခြားသောတပည့်များသည် အံကြိတ်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ရှဲ့ကျင့်ရှန်သည် အံ့အားသင့်သွားသည်။
မူချွမ်ဟွာကလည်း အံ့အားသင့်စွာ အော်ပြောလိုက်သည်။
"လမ်းကြောင်းအဆင့် ကိုယ်ခံပညာ”
လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို အသုံးပြုသောအခါ ဖြစ်စဉ်တစ်ခု ပေါ်လာသည်။ ထိုအရာက မှော်စွမ်းအားတစ်ခုလိုပင်။ ၎င်းသည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာရပ်၏ ထူးခြားချက်ဖြစ်သည်။
လင်းရှန်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာသည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာ၏ သရုပ်သဏ္ဍာန်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ရှဲ့ကျင့်ရှန်နဲ့ မူချွမ်ဟွာတို့က ထိတ်လန့်သွားကြသည်။
လင်းရှန်သည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှာတင် လမ်းကြောင်းအဆင့် ကိုယ်ခံပညာသို့ အမှန်တကယ်ရောက်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
စေတီတော် မြေညီထပ်ရှိ ဆရာ နှစ်ယောက်က လည်း ထပ်တူ အံ့သြတုန်လှုပ်သွားကြသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ မျက်လုံးတွေထဲမှာ အံ့ဩတကြီးအရိပ်အယောင်များကို မြင်နေရသည်။
"ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှာတောင် လမ်းကြောင်းအဆင့်ကို ရောက်နေတာ.. သူက ပါရမီရှင်ပဲ”
ဆရာရှီက အသက်ပြင်းပြင်းရှူကာ အံ့အားသင့်သွားသည် ။
အခြားဆရာကလည်း အံ့အားသင့်စွာခေါင်းညိတ်ပြပြီး သူ့လက်ထဲက ဓားရှည်ကို ပြန်သိမ်းလိုက်သည်။
ပိုင်ထန်က လင်းရှန်ကို ခုန်အုပ်လိုက်တဲ့အခါမှာတော့ သူက ကယ်တင်ဖို့ အသင့်ဖြစ်နေပြီပင်။
တခြားတပည့်တွေကို ထားအုံး… လင်းရှန်သည် ဆရာစစ်၏ မျှော်လင့်ချက်ကြီးကြီးမားမားရှိသော တပည့်ဖြစ်ပြီး မကြာသေးမီက အလွန်ရေပန်းစားခဲ့သော ကျောင်းမှာ ထူးချွန်သူလည်းဖြစ်သည်။ ဒီမှာ သူ ဘာမှဖြစ်လို့မရပေ။
သို့သော်လည်း သူမလှုပ်မရှားခင် လင်းရှန်သည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို အသုံးပြုခဲ့သည်ကို တွေ့ခဲ့ရသည်။ သူက အံ့သြသွားမိသည်။
ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူသည် လမ်းကြောင်းအဆင့်
ကိုယ်ခံပညာကို ကျင့်ကြံနိုင်တာက သီအိုရီတွင်သာ ရှိသောအရာဖြစ်သည်။
အနည်းဆုံးတော့ နဂါးမြို့တော်မှာ ထို့သို့လုပ်နိုင်တဲ့သူကို သူ တစ်ခါမှ မကြားဖူးသေးပေ။
ထိုအချိန်က ကျောင်းတစ်ခုလုံးရှိ တပည့်အားလုံးကို အနိုင်ယူနိုင်လောက်အောင် ထက်မြက်သော စုလျူရင် ပင်လျှင် တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်လှမ်းပြီးမှသာ လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို ကျွမ်းကျင်ခဲ့သည်။