ဉာဏ်အလင်းရခြင်း အဆင့်သားရဲကိုသတ်ပါ (၂)
Vol. 10 Ch. 153
လင်းရှန်၏ လက်ရှိစွမ်းဆောင်ရည်ကို အံ့အားသင့်စရာအဖြစ် ဖော်ပြခြင်းသည် ချဲ့ကားခြင်းမဟုတ်ပေ။
ဒါကိုတွေးပြီး ဆရာနှစ်ယောက်က လင်းရှန်အကြောင်းကို ပိုသိချင်လာသည်။ သူတို့သည် ကျားကိုတိုက်ခိုက်ရန် စိတ်ကူးကို ခေတ္တဘေးဖယ်ထားကာ လင်းရှန်သည် ထိုဉာဏ်အလင်းရခြင်းအဆင့် ကျားနတ်ဆိုးကို မည်သို့ကိုင်တွယ်မည်ကို ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။
လမ်းကြောင်းအဆင့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုနည်းစနစ်နဲ့ဆို လင်းရှန်သည် ပြင်းထန်စွာ ဒဏ်ရာရနေသော မျက်လုံးဖြူကျားနတ်ဆိုးကို အနိုင်မယူနိုင်ခဲ့ရင်တောင် သူ့ကိုယ်သူ ကာကွယ်တာလောက်ကတော့ ပြသနာ မရှိလောက်ပေ။
ထိုအချိန်တွင် မရေမတွက်နိုင်သော အကြည့်များက လင်းရှန်ကို အာရုံစိုက်လာခဲ့သည်။
ကောင်းကင်ပေါ်က ကျားနတ်ဆိုးသုံးကောင်တောင် ထိတ်လန့်တကြား ကြည့်နေသည်။
ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူဆီမှာ လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို အမှန်တကယ်မြင်ရမည်ဟု မထင်ထားခဲ့ပေ။
နေကိုးစင်းဂိုဏ်းမှာ အံ့သြစရာကောင်းလောက်အောင် ထက်မြက်တဲ့ တပည့်ငယ် ဘယ်တုန်းက ရှိနေတာလဲ။
ပိုင်ထန်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားသည်။
သို့သော် လင်းရှန်တွင် လမ်းကြောင်းအဆင့်ကိုယ်ခံပညာရှိနေတာကို သူ မတုန်လှုပ်ခဲ့ပေ။ ထိုအချိန်က လင်းရှန်၏ လမ်းကြောင်းအဆင့်ကိုယ်ခံပညာကြောင့် သူ ဒဏ်ရာရခဲ့သည်။ အဲ့ ဒါကို သူဘယ်လို မသိဘဲနေမှာလဲ?
သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသည်မှာ လင်းရှန် ယခုအခိုက်အတန့်တွင်
သုံးသော လမ်းကြောင်းအဆင့် ကိုယ်ခံပညာသည် သူ့အား ဒဏ်ရာရစေသည့် တစ်ခုမဟုတ်ပေ။ ထိုအရာက အခြားတစ်ခုပင်။
ဒီလူသားကလေးက တစ်ချိန်တည်းမှာ လမ်းကြောင်းအဆင့် ကိုယ်ခံပညာနှစ်ခုကို တကယ်ကျွမ်းကျင်ခဲ့တာလား။
ပိုင်ထန်၏ ခံစားချက်က ကမောက်ကမ ဖြစ်နေသည်။
သို့သော် သူသည် အကြာကြီး တုန်လှုပ်မနေပေ။ လင်းရှန်က သူ့ဓားကို ခုတ်ချလိုက်
သောအခါ ချွန်ထက်သော ဓားစွမ်းအင်က သူ့လည်ပင်းဆီသို့ ခုတ်ထစ်သွားသည်။
ပိုင်ထန်သည် နောက်သို့ ဆုတ်သွားရသည်။
ခေါင်းဖြတ်ခံရခြင်းမှ ရှောင်ကြဉ်နိုင်ခဲ့သော်လည်း သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ပြင်းထန်သော ဓားဒဏ်ရာကို ရရှိခဲ့သည်။ ပြင်းထန်သော နာကျင်မှုကြောင့် ပိုင်ထန်က သနားစရာကောင်းလောက်အောင် အော်ဟစ်ခဲ့သည်။
နာကျင်မှုကြောင့် ပိုင်ထန်က ပိုပြီး ဒေါသဖြစ်သွားသည်။ သူက ဂရုမစိုက်ဘဲ သူ့လက်သည်းတွေနဲ့ လင်းရှန်း
ကို လှမ်းဆွဲလိုက်သည်။
ကျန်းဟောင်နှင့် ပြင်းထန်သောတိုက်ပွဲတွင် သူ၏လက်နက်ကို ဖျက်ဆီးခံခဲ့ရလေပြီ။ ဤအခိုက်အတန့်တွင် သူသည် သူ့လက်ဗလာနဲ့သာ တိုက်ခိုက်နိုင်သည်။
ညာဏ်အလင်းရခြင်း နတ်ဆိုးများ၏ ခန္ဓာကိုယ်များသည် အနှိုင်းမဲ့ အစွမ်းထက်သော်လည်း အလယ်အလတ်တန်းစား မှော်လက်နက်ဖြစ်သည့် နေခြောက်စင်းအဆောင်ဓား မပြောနဲ့၊ သာမန်မှော်
လက်နက်ကိုတောင် မကျော်လွန်နိုင်ပေ။
ထိပ်တိုက်တွေ့ဆုံမှုအနည်းငယ်ကြာပြီးနောက်တွင် ပိုင်ထန်၏ ချွန်ထက်သောလက်သည်းများသည် မီးလောင်ကျွမ်းနေသောအပေါက်အချို့ရှိခဲ့ပြီး နာကိင်မှုကို ခံစားခဲ့ရသည်။
ခွေးကောင်
ပိုင်ထန်က ထပ်ခါထပ်ခါ အော်ဟစ်နေသည်။
သို့သော် လင်းရှန်အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ လမ်းကြောင်းအဆင့်၏ အစွမ်းထက်သော ခုခံမှုကြောင့် လက်နက်မဲ့ ပိုင်ထန်ကို မကြောက်ပေ။ သူသည် ဓားကိုပြန်ထုတ်လိုက်တော့ ပိုင်ထန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများကျန်ခဲ့သည်။
ဤဒဏ်ရာများသည် ဉာဏ်အလင်းးခြင်းအဆင့်နတ်ဆိုးအတွက် အရေးမပါ သော်လည်း စုပုံလာတာကြောင့် ဒဏ်ရာပြင်းထန်နေပြီဖြစ်သော ပိုင်ထန်သည် မကြာမီတွင် အားနည်းသွားမည်ဟု ခံစားရသည်။
ပိုင်ထန်က ချက်ချင်းသတိရှိလာသည်။ လင်ရှန်းကို မရှုံးခဲ့ရင်တောင် သူဆက်လက်တိုက်ပွဲဝင်မယ်ဆိုလျှင် လွတ်မြောက်ဖို့ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးမယ်ဆိုတာ သူသိသည်။ ထို့ကြောင့် သူသည် သွားများကို အံကြိတ်ကာ စိတ်ဆုံးဖြတ်လိုက်သည်။
“ဝေါင်း”
ဆူညံသော ကျားဟိန်းသံသည် တောထဲ၌ ပဲ့တင်ထပ်နေသည်။
တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော လေပြင်းများက တခဏချင်းပင် တောင်ထိပ်မှ ထွက်ပေါ်လာသည်။ အချိန်မီ မရှောင်တိမ်းနိုင်သော တပည့်များနှင့် ဝိညာဉ်သားရဲအချို့သည် လေနတ်ဆိုးဖြင့် ထိတွေ့ခံရပြီး အော်ဟစ်ရန် အချိန်ပင်မရှိခဲ့ပေ။ သူတို့က ချက်ချင်း ကြေမွသွားကာ အရိုးများ အရည်ပျော်သွားပြီး ကောင်းကင်တွင် ပြည့်နေသော သွေးအခိုးအငွေ့များအဖြစ် ပေါက်ကွဲသွားကြသည်။
ဤကြောက်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ အနီးနားရှိ တပည့်များ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး နောက်ပြန်လှည့်သွားကြသည်။
ဝိညာဉ်သားရဲများပင် ကြောက်ရွံ့တုန်လှုပ်ကာ ထွက်ခွာသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းရှန်နဲ့ ပိုင်ထန်တို့ ရှိနေတဲ့ တောင်ထိပ်က လေပြင်းတွေနဲ့ ပြည့်နေသည်။
လေထုသည် ဖြူစင်ဝင်းပနေ၏။ သဲများနှင့် ကျောက်တုံးများသည် နေရာအနှံ့ ပျံ့လွင့်သွားကာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အတွင်းပိုင်းအခြေအနေကို လုံးဝ မမြင်နိုင်ပေ။
တစ်ချိန်တည်းမှာပဲ။
လေနတ်ဆိုးများ ဝိုင်းရံထားရာမှာထူးဆန်းသော စွမ်းအားတစ်ခုသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာကို အဆက်မပြတ် တိုက်စားနေသည်ကို လင်းရှန် သိသိသာသာ ခံစားလိုက်ရသည်။
နှစ်စက္ကန့်မှ သုံးစက္ကန့်အတွင်းတွင် ရွှေရောင်သည် သိသိသာသာ မှိန်လာသည်။
ဤနှုန်းနဲ့ဆို ရွှေရောင်ချပ်ဝတ်တန်ဆာသည် နှစ်မိနစ်အတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။
လင်းရှန် နှလုံးခုန်တက်သွားသည်။
ဒါက ကျားရဲ့ဝှက်ဖဲဆိုတာသိသာသည်။
အမှန်တော့ ကျားက ကျန်းဟောင်ကို တိုက်ခိုက်ရာမှာ ဒဏ်ရာရသွားတာတောင် ဒီလှုပ်ရှားမှုကို ဘယ်တော့မှ အသုံးမချခဲ့ပေ။ အချို့သော နောက်ဆက်တွဲ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်နိုင်ချေများသည်။
ယခု သူအသုံးပြုတာက လင်းရှန်ကိုသတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိသာသည်။
သို့တိုင်အောင် လင်းရှန်၏ မျက်နှာတွင် ကြောက်ရွံ့မှု မရှိခဲ့ပေ။ ယင်းအစား
သူ့ပတ်ဝန်းကျင်ကို လေးနက်သောအမူအရာဖြင့် ကြည့်ရှုခဲ့သည်။
ခဏကြာတော့ လက်သည်းများက လေကိုထိုးဖောက်လာသော အသံသည် ညာဘက်မှ ထွက်ပေါ်လာသည်။
ပိုင်ထန်သည် လေပြင်းများမှ ပေါ်လာပြီး လင်းရှန်ကို ပြင်းထန်သောအမူအရာဖြင့် တိုက်ခိုက်လိုက်သည်။
လင်းရှန်မှန်းဆထားသည့်အတိုင်း အရိုးတိုက်စားခြင်း လေသည် ပိုင်ထန်၏ အစွမ်းအထက်ဆုံး ဝှက်ဖဲဖြစ်သည်။ ၎င်းသည် ဉာဏ်အလင်းရခြင်း အဆင့်သို့ တက်လှမ်းပြီးနောက် နိုးထလာခဲ့သည့် ဆန်းကြယ်သောစွမ်းရည်လည်းဖြစ်သည်။
ဤစွမ်းရည်သည် အစွမ်းထက်သော်လည်း ၎င်းကိုအသုံးပြုသည်နှင့် အနည်းဆုံး သုံးမိနစ်မှ လေးမိနစ်သာ ကြာသည်။ ထို့နောက် အလွန်အကျွံ စွမ်းအား ကုန်ဆုံးမှုကြောင့် အားပျော့သော အခြေအနေသို့ ရောက်သွားမည်ပင်။ ၎င်းသည် သူ့ကို သတ်နိုင်မည့် သို့မဟုတ် ကယ်တင်မည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။
ထို့ကြောင့် မလိုအပ်ဘဲ ပိုင်ထန် သည် အရိုးတိုက်စားခြင်းလေကို အသုံးပြုခဲသည်။
"အရိုးတိုက်စားခြင်းလေမပျောက်ခင် ဒီကလေးကို သတ်လိုက်ရင် လွတ်မြောက်နိုင်တယ်”
“လေက အမြင်အာရုံကို ပိတ်ဆို့စေတယ်။ အဲဒီတောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူ နှစ်ယောက်တောင် ငါ့ထွက်သွားဖို့ကို မတားနိုင်ဘူး”
ပိုင်ထန်စိတ်ထဲမှာ ထိုအတွေးတွေ ဝင်လာတော့ မျက်နှာမှာ ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာတသည်။
သို့သော် ယခုအခိုက်အတန့်တွင် လင်းရှန်သည် လှည့်လာပြီး သူ့ကို ပြုံးပြသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ပိုင်ထန်နှလုံးတွေ ပိုခုန်လာသည် ။ လင်းရှန်က ဘာကိုဆိုလိုသည်ကို သူမသိမီတွင် လင်းရှန်ရုပ်ကို ရုတ်တရက် မှုန်ဝါးဝါးမြင်လိုက်ရသည်။
ပိုင်ထန်၏ ထိတ်လန့်တုန်လှုပ်သော အကြည့်အောက်တွင် လင်းရှန်သည် ရုတ်တရက် ခုနစ်ယောက်ကွဲသွားသည်။
"ဒါဘာလဲ”
ပိုင်ထန်က အံ့သြသွားပြီး သူ့မျက်လုံးတွေကို မယုံနိုင်ဖြစ်သွားသည်။
မှော်စွမ်းအားလား ..ကိုယ်ပွါးတွေ
သို့သော်လည်း လက်တွေ့တွင် သူ့ကို အံ့သြဖို့ အချိန်မပေးခဲ့ပေ။ နောက်စက္ကန့်တွင် လင်းရှန် ခုနစ်ယောက် ခုန်ထွက်လာပြီး အရပ်ရပ်မှ သူ့ကို ဝိုင်းရံထားသည်ကို မြင်လိုက်ရသည်။
သူတို့ ခုနစ်ယောက်သည် တစ်ချိန်တည်းတွင် လက်ဖဝါးများကို မြှောက်လိုက်ကြလေသည်။
တခဏအတွင်းမှာပင် တောက်လောင်နေသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဆယ်ပေရှည်သော လက်ကြီးတစ်ချောင်းထဲသို့ လျင်မြန်စွာ ပေါင်းစပ်ဝင်ရောက်သွားချေသည်။ အနှိုင်းမဲ့အားကြီးသော အရောင်အဝါနှင့် အရှိန်အဟုန်ပြင်းပြင်း အပူလှိုင်းများကိုသယ်ဆောင်လာရင်း ပိုင်ထန်ဆီသို့ နှင်းတောင်များပြိုကျသွားသကဲ့သို့ တိုက်ခတ်သွားသည် ။
အရည်ပျော်ခြင်း လမ်းကြောင်းအဆင့်
ယခင်အတွေ့အကြုံအရ ပိုင်ထန်သည် လင်းရှန်၏ အရည်ပျော်ခြင်းကို သတိနဲ့ကြည့်နေခဲ့သည်။ သို့သော် လင်းရှန်တွင် ကိုယ်ပွါးများ ရှိနေမည်ဟု မျှော်လင့်မထားပေ။ သို့မဟုတ် တစ်ချိန်တည်းတွင်အရည်ပျော်ခြင်း ခုနစ်ခုကို ရင်ဆိုင်ရမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
နောက်ဆုံးတော့ ပိုင်ထန်မျက်လုံးထဲတွင် ကြီးမားသော လက်ဖဝါးကြီး ခုနစ်ခုတစ်ပြိုင်နက် တိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအခါ စိတ်ပျက်အားငယ်သွားသည်။
"မလုပ်နဲ့..."
ဘုန်း
နားကိုထိုးဖောက်သွားသော အသံသည် ပိုင်ထန်၏ အသည်းအသန် အော်ဟစ်သံကိုကြားဖြတ်လိုက်သည်။
ကြက်သွေးရောင် လက်ဖဝါး ခုနစ်ခုသည် ချက်ချင်းပင် ပိုင်ထန်ကို နစ်မြုပ်သွားစေခဲ့သည်။ တဟုန်ထိုး တောက်လောင်နေသော လက်ဖဝါးနှင့် မီးတောက်များ ပေါက်ကွဲသွားကာ သာမန်မျက်စိဖြင့် မြင်နိုင်သော လှိုင်းလုံးကြီးသည် တိုက်မိရာမှ အရပ်ရပ်သို့ ပျံ့နှံ့သွားလေ၏ ။
စေတီတော်၏ အောက်ထပ်မှာတော့ ဆရာ နှစ်ယောက်က ရုတ်တရက် မတ်တပ်ထရပ်ကာ အဝေးမှ တောင်ကြီးကို စိုက်ကြည့်နေကြသည်။
“အရိုးတိုက်စားခြင်းလေ… ဒီမျက်လုံးဖြူ ဝိညာဉ်ကျားမှာ လှည့်စားစရာ ဝှက်ဖဲရှိမယ်လို့ မျှော်လင့်မထားမိဘူး”
ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ တိုက်ခိုက်သင့်လား။
ဆရာရှီသည် ခဏမျှ တုံ့ဆိုင်းနေပြီး ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
"တိုက်ခိုက်ကြမယ်”
တပည့်များနှင့် ဝိညာဉ်သားရဲများ အကြား တိုက်ပွဲတွင် အလွယ်တကူ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း အချိန်အတော်ကြာကတည်းက ၎င်းတို့က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သော်လည်း လင်းရှန်မှာ အထူးပင်ဖြစ်သည်။ ထို့အပြင် ဉာဏ်အလင်းရခြင်းဝိညာဉ်ရေးရာသားရဲများ၏ ကျင့်ကြံမှုအဆင့်သည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်များ၏ စွမ်းရည်ကို ကျော်လွန်သွားခဲ့သည်။ အခု သူတို့တိုက်ခိုက်ရင်တောင် ဝေဖန်ခံရမှာကို မကြောက်ပေ။
ဆုံးဖြတ်ချက်ချပြီးနောက် ဆရာနှစ်ဦးသည် စေတီတော်မှ ထွက်ခွာတော့မည်ဖြစ်သည်။
သို့သော်လည်း နောက်တစက္ကန့်တွင် သူတို့နှစ်ဦးသည် ရုတ်တရက် ရပ်တန့်ကာ ခေါင်းကို မြှောက်ပြီး တောင်ရှိရာဘက်သို့ မျှော်ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများသည် အံ့သြမှုနှင့် သံသယများဖြင့် ပြည့်နှက်နေသည်။
အပေါ်ကို လှမ်းကြည့်လိုက်တော့ တောင်ထိပ်ကို ပျံ့နှံ့သွားတဲ့ လေသည် တောက်ပနေတဲ့ နေလုံးကြီး ထွက်လာသလို အနီရောင်တွေ လွှမ်းနေသည်။
နောက်အခိုက်အတန့်တွင် မြေကြီးပေါက်ကွဲသံကြီး ရုတ်တရက်ထွက်ပေါ်လာသည်။
တောင်တစ်ခုလုံး တုန်လှုပ်သွားပုံရသည်။ အကန့်အသတ်မဲ့ အနီရောင် လေလှိုင်းများသည် ပြင်းထန်သောလေကို ဖြတ်ကျော်ကာ လမ်းကြောင်းအားလုံးကို ပျံ့နှံ့သွားသည်။ ချက်ချင်းပင် တောင်ကို ဖုံးလွှမ်းထားသော ပြင်းထန်သည့် လေပြင်းများကို သုတ်သင်လိုက်ကြသည်။
တိုက်ပွဲဝင်နေသော တပည့်များနှင့် ဝိညာဉ်သားရဲများသည် တစ်ချိန်တည်းတွင် ရပ်တန့်သွားကာ တောင်ကြီးကိုကြည့်ရင်း မျက်လုံးများပြူးကျယ်သွားကြသည်။
အရင်အခြေအနေသို့ ပြန်ရောက်သွားသော တောင်ထိပ်သည် ပျက်စီးနေပြီ ဖြစ်သည်။ မြေတွင်းများ၊ အက်ကွဲကြောင်းများနှင့် မီးလောင်ကျွမ်းနေသော ကျောက်စရစ်
များသည် မြေပြင်အနှံ့ ပြန့်ကျဲနေသည်။
ရှုပ်ပွနေသော အလယ်ဗဟိုတွင် နှစ်ယောက်ရှိနေသည်။
လင်းရှန်သည် မတ်တပ်ရပ်နေကာ လက်ထဲတွင် အဆောင်ဓားရှည်ကို ကိုင်ထားပြီး တည်ငြိမ်အေးဆေးစွာ ကြည့်နေသည်။
သူနဲ့ ဆန့်ကျင်ဘက်မှာတော့ လုံးဝကို မည်းနက်နေပြီး ဘယ်သူမှ မသိနိုင်လောက်တဲ့ သူတစ်ယောက်ပင်။
အဲ့တာက ပိုင်ထန်ကလွဲလို့ တခြားသူမဟုတ်ပေ။
ဝူး
လေပြေတိုက်ခတ်လာပြီး ပိုင်ထန်၏ ပူလောင်နေသော ခန္ဓာကိုယ်သည် ကြိမ်ဖန်များစွာ လှုပ်ခါရင်း မြေပြင်ပေါ်သို့ လဲကျ တိတ်ဆိတ်သွားသည် ။