မျက်လုံးဖွင့်ခြင်း (၁)
Vol. 10 Ch. 154
တိတ်ဆိတ်ကုန်လေ၏
လူအုပ်ကြားထဲသို့ တိတ်ဆိတ်မှု ဖြတ်သန်းသွားချေပြီ
ကျယ်ပြောလှတဲ့ စစ်မြေပြင်မှာ ဘယ်သူမှ အသံထွက်မလာပေ။
ကျောင်း၏ တပည့်များနှင့် ကျားမျိုးနွယ်များက ပါးစပ် အဟောင်းသားနဲ့ ကြည့်နေကြသည်။
ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူက ဉာဏ်အလင်းရခြင်းအဆင့် ကျားနတ်ဆိုးကို အနိုင်ယူနိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
မျှော်စင်ထဲမှာတော့ ဆရာနှစ်ယောက်သည် လင်းရှန်ကို ကြောင်တောင်တောင်နဲ့ ကြည့်နေလေ၏ သူတို့ အံ့ဩသွားပြီး အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်ကြပေ။
အချိန်အတော်ကြာပြီးမှ သူတို့နှစ်ယောက်က အသိပြန်ဝင်လာပြီး တစ်ယောက်ကိုတစ်
ယောက်ကြည့်နေကြသည်။
"အဲ့တာကို ရှင်းရှင်းလင်းလင်းမြင်လိုက်တယ် မလား?" ဆရာရှီက တုံ့ဆိုင်းသွားသည်။
ဆရာကုန်းက ခေါင်းခါလိုက်သည်။ " အရိုးတိုက်စားခြင်းလေး စိတ်ဝိညာဉ် ပြည့်လျှံခြင်းကို ဖုံးကွယ်နိုင်တဲ့ အကျိုးသက်ရောက်မှုရှိတယ်လေ”
တစ်ယောက်နဲ့တစ်ယောက်က အံ့သြတုန်လှုပ်စွာ ကြည့်နေကြသည်။
လင်းရှန်သည် ထို ဉာဏ်အလင်းရခြင်းအဆင့် မျက်လုံးဖြူကျားကို မည်သို့သတ်ခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။
သူတို့၏ မူလမျှော်လင့်ချက်များအရတော့ လင်းရှန်သည် မိမိကိုယ်ကို ကာကွယ်နိုင်သည်။
"အခု မြင်လိုက်တဲ့ အနီရောင် အလင်းတန်း..အဲဒါက တခြား လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ် ဖြစ်နိုင်မလား?" ဆရာရှီက ရုတ်တရက်ပြောလိုက်သည်။
"ဆိုလိုတာက... လင်းရှန်က လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်နှစ်ခုကို ကျွမ်းကျင်တယ်လို့ ပြောချင်တာလား” ဆရာကုန်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး ထိုထင်ကြေးများကို ငြင်းချင်လာသည်။ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူသည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်တစ်ခုကို ကျွမ်းကျင်တာနဲ့တင် အံ့ဩစရာဖြစ်နေချေပြီ။
အခုက အမျိုးအစား နှစ်ခုကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်နေတာပါလား
ဒါက စိတ်ကူးလို့တောင် မရပေ။
သို့သော် ဒုတိယအတွေးအရ ထိုသို့မဟုတ်ပါက လင်းရှန်သည် ဉာဏ်အလင်းရခြင်းအဆင့် မျက်လုံးဖြူဝိညာဉ်ကျားအား သတ်ဖြတ်
ပစ်သည်ကို မည်သို့ရှင်းပြနိုင်မည်နည်း။
ယခင်က လမ်းကြောင်းအဆင့် ကိုယ်ခံပညာ ပညာရပ်ကို လင်းရှန်အသုံးပြုစဉ်က ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်သည့် ကိုယ်ခံပညာရပ်တစ်ခုဖြစ်ကြောင်း ဆရာကုန်းက သေချာသိသည်။ လင်းရှန်သည် လုံလောက်စွာ ကာကွယ်နိုင်သော်လည်း ရန်သူများကို တိုက်ခိုက်ရာတွင် များများစားစား မလုပ်နိုင်ပေ။ လင်းရှန်သည် မျက်လုံးဖြူ ကျားနတ်ဆိုးကို သတ်ရန် ၎င်းကို အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ပေ။
သခင်ရှီ၏ ခန့်မှန်းချက်ကသာ လက်ရှိအခြေအနေကို နားလည်စေနိုင်သည်။
"ဒီလိုဆိုရင် မယုံနိုင်စရာပဲ..." ဆရာကုန်းက ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်မှ ရှဲ့ကျင့်ရှန်သည်လည်း အသိပြန်ဝင်လာခဲ့သည်။ သူက အံ့အားသင့်မှုကို မျိုသိပ်လိုက်ပြီး သူ့အသံကို မြှင့်တင်ကာ စွမ်းအင်တွေကို ချက်ခြင်း ဖြန့်ကျက်လိုက်သည်။
“ဂျီနီယာ ညီလေးလင်းက မျက်လုံးဖြူ ကျားနတ်ဆိုးကို အနိုင်ယူပြီး သတ်ပစ်လိုက်ပြီ။ ဂျူနီယာ ညီလေး ညီမလေးတွေ ကျားမျိုးနွယ်ရဲ့နတ်ဆိုးတွေကိုသတ်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ” သူ၏ ရှင်းလင်းပြတ်သားသော အသံသည် မိုင်ပေါင်းများစွာ ပျံ့နှံ့သွားသည်။ တပည်များသည် တုန်လှုပ်ချောက်ချားနေရာမှ ချက်ချင်းပြန်လည် အသိဝင်လာပြီး ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့၏ စိတ်ဓာတ်သည် မြင့်တက်လာပြီး ဝိညာဉ်သားရဲများကိုပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။
ပိုင်ထန်၏ မမျှော်လင့်ထားသော ရှုံးနိမ့်မှုကြောင့် ကျားမျိုးနွယ်၏ စိတ်ဓာတ်သည် ချက်ချင်းပင် အောက်သို့ ထိုးကျသွားသည်။
ထိုသို့သောအခြေအနေမျိုးတွင် တပည့်များ၏ တိုက်ခိုက်မှုကို မည်သို့ခံနိုင်ရည် ရှိနိုင်မည်နည်း။ တခဏချင်းမှာပဲ ဆုတ်ခွါကုန်ပြီး ရှုံးတဲ့ အရိပ်အယောင်တွေ ပြလာကြသည်။
ထိုအချိန်တွင် ကျန်တဲ့ကျားနတ်ဆိုးသုံးကောင်သည် အခြေအနေအရ မျှော်လင့်ချက်မရှိကြောင်းသဘောပေါက်သွားသည်။ သူတို့အားလုံးလည်း ဆုတ်ခွာဖို့ တွေးနေကြသည်။
ရှဲ့ကျင့်ရှန်သည် ရန်သူ၏ အကြံအစည်ကို ချက်ခြင်းမြင်ပြီး ဖျတ်ခနဲ ပြုံးလိုက်သည်။ “ညီလေးလင်းက ထက်မြက်တယ်။ ငါက သူ့စီနီယာအစ်ကို ဆိုတော့ နောက်မှာ နေလို့မရဘူး။” ပြောပြီးသည်နှင့် သူ၏ဝိညာဉ်ရေးအနှစ်သာရကို အသက်သွင်းပြီး လှံကိုကိုင်ကာ ရှေ့သို့ထိုးချလိုက်သည်။
ထိုနေရာတွင် မိုးခြိမ်းသံ တဟုန်ထိုး ထွက်ပေါ်လာပုံရသည်။ ရွှေရောင်သက်တံတစ်ခုသည် ကောင်းကင်ကနေ အပေါ်မှအောက်သို့ ထိုးဖောက်ဝင်ရောက်လာပြီး လျှပ်စီးကဲ့သို့ ကျားနတ်ဆိုးကို တိုက်ခိုက်ခဲ့သည်။
လမ်းကြောင်းအဆင့် ကိုယ်ခံပညာ
ပိုင်ထန်ကို ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူက သတ်ဖြတ်
ထားတာကြောင့် ကျားနတ်ဆိုးက ထိတ်လန့်တုန်လှုပ်နေပြီး အသိစိတ်လွတ်နေဆဲပင် ။ ထို့ကြောင့် သူတုံ့ပြန်သည့်အချိန်က နောက်ကျသွားချေပြီ။ ရွှေရောင် သက်တံလှံသည် ချက်ချင်းပင် သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ကျန်ကျားနတ်ဆိုးနှစ်ကောင်က ဒါကိုမြင်တော့ ထိတ်လန့်သွားသည်။ သူတို့က ဘာမှ မစဉ်းစားဘဲ ထွက်ပြေးဖို့ ကြိုးစားကြသည်။
ကံမကောင်းစွာနဲ့ပဲ ရှဲ့ကျင့်ရှန်နဲ့ မူချွမ်ဟွာက သူတို့ကို ကြားဖြတ်နိုင်ခဲ့သည်။ တခြားရွေးချယ်စရာမရှိတော့တာကြောင့် ကျားနတ်ဆိုးများက တိုက်ခိုက်ခဲ့ကြရသည်။
သို့သော် သူတို့၏ အရှိန်အဟုန်နှင့် ခွန်အားများကို ဆုံးရှုံးခဲ့ရလေပြီ။ သူတို့၏ရှုံးနိမ့်မှုကို ကံကြမ္မာက သတ်မှတ်ထားပြီးသားပင်။
အောက်ဘက်တောင်တန်းပေါ်မှာတော့ လင်းရှန်သည် ပိုင်ထန်ကိုသတ်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် မရပ်တန့်ဘဲ အခြားဝိညာဉ်ရေးရာသားရဲများကို တိုက်ခိုက်ခဲ့သည်။
ယခုအချိန်သည် အောင်ပွဲခံရန် အချိန်ကောင်းဖြစ်သည်။ သူသာ ဝိညာဉ်ရေးရာ သားရဲများကို သတ်နိုင်လျှင် အကြိမ်အနည်းငယ်နဲ့ သတ်ဖြတ်ခြင်းကို အားပေးသည့် အကျိုးသက်ရောက်မှုကို စတင်နိုင်မည်ဖြစ်သည်။
တိုက်ပွဲသည် လျင်မြန်စွာပင် တစ်ဖက်သတ် သတ်ဖြတ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သိပ်မကြာခင်မှာပဲ ကျားနတ်ဆိုးနှစ်ကောင် သေဆုံးသွားပြီး ဝိညာဉ်သားရဲတွေက ပြေးသွားကြသည်။
တပည့်များ စေတီသို့ ပြန်လာကြချိန်ကနေဝင်ချိန်အထိတောင် မရောက်ပေ။
ယခုအချိန်တွင် ကျန်းဟောင်သည် ဆေးကုသမှုခံယူပြီးနောက် နိုးလာနေပြီဖြစ်သည်။
သူကထိုင်ခုံမှာ မှင်တက်စွာ ထိုင်နေပြီး ပုံစံက အနည်းငယ် လေးကန်နေသေးသည် ။
လင်းရှန်သည် ပိုင်ထန်ကို သတ်ရန်အတွက် လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို အသုံးပြုခဲ့ကြောင်း သူ့၏ ကုသရေးတာဝန်ခံ တပည့်ထံမှ ကြားခဲ့ပြီးဖြစ်သည်။
ကျန်းဟောင် ထိုစကားကိုကြားသောအခါ သူ၏ပထမဆုံးတုံ့ပြန်မှုက မယုံကြည်တာပင် ဖြစ်သည်။
သို့သော်လည်းပိုင်ထန်၏ မီးလောင်ထားသော အလောင်းကို မြင်ပြီး တပည့်များ၏ ဆွေးနွေးမှုများနှင့် အာမေဋိတ်များကို ကြားလိုက်သောအခါ အမှန်တရားကို ဝန်ခံလိုက်ရသည်။
သံသယများ ပျောက်ကွယ်သွားပြီးနောက်တွင် ပြင်းထန်သော ဆုံးရှုံးမှုနှင့် မယုံကြည်နိုင်မှုတို့သည် သူ့နှလုံးသား၏ နက်နဲသောနေရာသို့ တိုးဝင်လာသည်။
ယခင်က သူ့ကိုယ်သူ အလွန်ထက်မြက်သည်ဟု ယုံကြည်ခဲ့သည်။ သူသည် ကျောင်းတွင် သုံးနှစ်သာရှိသော်လည်း တောက်ပသောဝင်ပေါက်အဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ သူသည် တောက်ပသောဝင်ပေါက် တတိယအဆင့်နဲ့ပင် နေကိုးစင်း နတ်ဘုရားဓားကို လမ်းကြောင်းအဆင့်သို့ ရောက်အောင် ကျင့်ကြံခဲ့သည်။ သူက တခြားသူတွေထက် အရည်အချင်းပိုရှိတယ်လို့ ခံစားရသည်။
ရှန်ကျီနင်၊ ရှဲ့ကျင့်ရှန်နှင့် အခြားသူတွေသည် သူ့ထက် တစ်နှစ်စောပြီး ကျောင်းသို့ ဝင်ခဲ့သောကြောင့် သူ့ထက်သာလွန်နေသည်ဟု ထင်ခဲ့သည်။
နောက်ထပ်နှစ်အနည်းငယ်အတွင်း ရှန်ကျီနင်နဲ့ ရှဲ့ကျင့်ရှန်တို့ကို ကျော်လွန်နိုင်မည်ဟု ၁၀၀% ယုံကြည်ခဲ့သည်။
သူ၏ အရည်အချင်းနှင့် ခွန်အားသည် ရွယ်တူချင်းများထက် အဆပေါင်းများစွာ ကျော်လွန်သွားတာကြောင့် ကျန်းဟောင်အား ခိုင်မာသော ယုံကြည်မှုကို ပေးစွမ်းခဲ့သည်။
သို့သော် ယနေ့တွင် သူ၏ယုံကြည်မှု ပျက်ပြားသွားသည်။
လင်းရှန်သည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်တွင် လင်းကြောင်းအဆင့် ကိုယ်ခံပညာကို ဆုပ်ကိုင်ထားလေသည်။
ဒီလိုမျိုးက ကောလဟာလတွေမှာသာ ရှိခဲ့ပေမယ့် အခုတော့ တကယ်ဖြစ်သွားပြီပင်။
အဲဒါနဲ့ ယှဉ်လိုက်ရင် ကျန်းဟောင် ဂုဏ်ယူခဲ့တဲ့ အရည်အချင်းနဲ့ ခွန်အားဟာ ရုတ်ချည်း အရေးမပါတဲ့ပုံပေါက်သွားသည်။
သူ့မာနတွေ ကြေမွသွားချေပြီ။ ယင်းကြောင့် ကျန်းဟောင်သည် ဆုံးရှုံးမှုကို ပြင်းထန်စွာ ခံစားခဲ့ရလေ၏။
ပိုလို့တောင် လက်မခံနိုင်တာက သူ့မာနကို ဖြိုခွင်းခဲ့တဲ့သူဟာ မကြာသေးခင်ကမှ သူ့ကိုမထီမဲ့မြင်ပြုခဲ့တဲ့ လင်းရှန်ဖြစ်နေတာပင်။
ထို့အပြင် လင်းရှန်သည် ကျန်းဟောင်ကို ပြင်းထန်စွာ ဒဏ်ရာရစေသော မျက်လုံးဖြူကျားနတ်ဆိုးကို သတ်ပစ်ခဲ့သည်။
ဘယ်လောက်တောင် အထင်နဲ့အမြင် တခြားစီ ဖြစ်လိုက်သလဲ
တပည့်များစွာက သူ့ကို တိတ်တဆိတ် လှောင်ပြောင်နေသည်ဟူသော ထင်ယောင်ထင်မှားများပင် ကျန်းဟောင်တွင် ရှိနေသည်။