← Chapters

မျက်လုံးဖွင့်ခြင်း (၂)

Vol. 10 Ch. 155

မျက်လုံးဖွင့်ခြင်း (၂)

Vol. 10 Ch. 155

သူ့အပေါ် ရောက်သွားသော အကြည့်များသည် သရော်လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေပုံရသည်။ ဤအရာက ကျန်းဟောင်ကို စိတ်မသက်မသာဖြစ်စေခဲ့ပြီး လှည့်ထွက်ချင် လုနီးပါးဖြစ်စေခဲ့သည်။

ကျန်းဟောင်၏ အမူအရာ အပြောင်းအလဲကို မြင်လိုက်ရတော့ ရှဲ့ကျင့်ရှန်က ခေါင်းခါရုံမှတပါး အခြားမတတ်နိုင်ပေ။

ကျင့်ကြံသူများသည် အေးဆေးတည်ငြိမ်ပြီး လျစ်လျူရှုနိုင်သင့်သည်။

ကျန်းဟောင်၏စိတ်နေစိတ်ထား နှင့် ခံယူချက်အရ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ အလှမ်းဝေးနေပုံရသည်။

ခေါင်းယမ်းရင်း ရှဲ့ကျင့်ရှန်က ကျန်းဟောင် ကို လျစ်လျူရှုလိုက်လေ၏ ထို့နောက် သူက လှည့်ပြီး ပြုံးလိုက်သည်။ စေတီသို့ ပြန်လာသော လင်းရှန်ထံသွားကာ ရယ်မောနေလေသည်။

“ ညီလေးလင်း၊ မင်းက ငါတို့ကို အံ့အားသင့်စေခဲ့တာပဲ။ ဉာဏ်အလင်းရခြင်းအဆင့် သားရဲကို သတ်ပစ်တဲ့ ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူကို တစ်သက်လုံး မြင်ရမယ်လို့ မမျှော်လင့်ခဲ့ဘူး”

“အကိုကြီး၊ကျွန်တော်ကို မြှောက်ပင့်နေတာပဲ။ ကျွန်တော် ကံကောင်းခဲ့တာပါ။ မျက်လုံးဖြူ ကျားနတ်ဆိုးက ဒဏ်ရာအပြင်းအထန်ရခဲ့လို့..မဟုတ်ရင် ကျွန်တော်သတ်နိုင်မှာ မဟုတ်ပါဘူး။" လင်းရှန်က ဘာသိဘာသာ ပြုံးလိုက်သည်။

"အဲလို မဟုတ်ပါဘူး။" မူချွမ်ဟွာ က လျှောက်လာပြီး ရယ်မောလိုက်သည်။ “ဒဏ်ရာရတဲ့ သားရဲက ဉာဏ်အလင်းရခြင်းအဆင့်ပဲလေ။ ဉာဏ်အလင်းရခြင်း

အဆင့်ကို ညီလေးလင်းလို ဘယ်နှစ်ယောက်က သတ်နိုင်မှာလဲ။ မင်းက အရမ်းနှိမ့်ချနေတာပဲ”

သူစကားပြောပြီးတာနဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံးက ချက်ချင်းသဘောတူကြသည်။

"အစ်ကိုမူ ပြောတာမှန်တယ်”

"ငါသာ အဲ့ဒီမျက်လုံးဖြူကျားနတ်ဆိုးနဲ့ ရင်ဆိုင်ရရင် တစ်ချက်တောင် မခံနိုင်လောက်ဘူး”

“အစ်ကိုလင်းက အရမ်းနှိမ့်ချတဲ့လူပဲ။ ဘယ်လောက်တောင် မြင့်မြတ်လိုက်လဲ”

အထက်အိမ်တော်မှ တပည့်နှစ်ယောက်သည် လင်းရှန်အား ချီးမွမ်းနေသည်ကို တွေ့လိုက်ရသဖြင့် တပည့်များစွာသည် ချက်ချင်းပင် သူ့နားကပ်လာကြသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းသောအရာကို ပြောခြင်းက သူတို့ ဆုံးရှုံးသွားတာ မရှိပေ။

ထို့အပြင် လူများစွာသည် လင်းရှန်နှင့် ပိုမိုနီးစပ်ချင်ကြသည်။

သူသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွင် လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ပါရမီရှင်ဖြစ်သည်။

သူ့ရဲ့အနာဂတ်က သေချာပေါက် အလားအလာကောင်းနေချေပြီ

သူနဲ့ ပိုရင်းနှီးဖို့ ဒီအခွင့်အရေးကို အခွင့်ကောင်းမယူရင် အနာဂတ်မှာ သူတို့ကို လျစ်လျူရှုခံရနိုင်သည်။

ခဏအတွင်း လင်းရှန်ကို တပည့်တွေ ဝိုင်းထားကြသည်။

တစ်ဖက်မှာတော့ ကျားနတ်ဆိုးအား ပြင်းထန်စွာ ဒဏ်ရာရစေဖို့ မိမိကိုယ်ကို စတေးခဲ့သော ကျန်းဟောင်သည် လျစ်လျူရှုခံရပြီး တစ်ယောက်တည်း ထိုင်နေခဲ့သည်။

ဒီမြင်ကွင်းကိုမြင်တော့ ကျန်းဟောင်ရင်ထဲ တင်းကြပ်သွားသလို ခံစားလိုက်ရသည်။ သူသည် ဒေါသတောင် မထွက်နိုင်ပဲ နာကျင်လွန်းသည်ဟု ခံစားရသည်။

ခဏအကြာတွင် ရှဲကျင့်ရှန်သည် လူစုလူဝေးကို ခွဲထုတ်ပြီး လူတိုင်းအား ပြန်လည် အားပြည့်လာအောင် အနားယူခွင့်ပေးခဲ့သည်။ သူတို့မှာ ရှင်းလင်းစရာ တောင်ဆယ်တောင်ကျော်ရှိသေးသည်။

ညွှန်ကြားတဲ့အတိုင်း လူစုခွဲသွားကြသည်။ လင်းရှန်က သက်ပြင်းချပြီး တတိယထပ်ရှိ သူ့အခန်းသို့ မပြန်မီ ရှဲ့ကျင့်ရှန်နဲ့ မူချွမ်ဟွာတို့ကို နှုတ်ဆက်ခဲ့သည်။ သူသည် တံခါးကိုပိတ်ပြီးတိုက်ပွဲမှ ရရှိမှုများကို စတင်စစ်ဆေးလေသည်။ ဤတိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အပြင် ရတဲ့အရာတွေကလည်း ပုံမှန်မဟုတ်ပေ။

တိုက်ပွဲအတွင်း သတ်ဖြတ်ခြင်းကို အားပေးသည့် အကျိုးသက်ရောက်မှုသည် အကြိမ် (၂၀)ကျော် ဖြစ်ပေါ်ခဲ့သည်။

လင်းရှန်သည် ဝိညာဥ်သားရဲများစွာကို သတ်ပစ်ခဲ့ခြင်းကြောင့်ဖြစ်သလို ဝိညာဉ်သားရဲများ၏ အရည်အသွေးမြင့်မားမှုကြောင့်လည်းဖြစ်သည်။

လင်းရှန်၏လက်တွင်သေဆုံးသွားသောဝိညာဉ်ရေးသားရဲများ၏ အချိုးအစားမှာ တိုးတက်ခြင်း အလယ်အလတ်အဆင့်နှင့်နှောင်းပိုင်းအဆင့်သားရဲများဖြစ်သည်။

"သံမဏိလက်သည်း၊ ရွှေရောင်ဘဲငန်းနည်းစနစ်၊ ထူးဆန်းသောလက်နဲ့ တိမ်တိုက် နဂါးစည်းချက်... စုစုပေါင်း ကိုယ်ခံနည်းပညာလေးခုက ပြီးပြည့်စုံခြင်းကို ရောက်ရှိသွားပြီ”

လင်းရှန်သည် ဝမ်းသာအားရဖြစ်နေသည်။

ပိုင်ထန်နှင့် တိုက်ပွဲသည် သတ်ဖြတ်ခြင်းကို အားပေးသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အထူးသဖြင့် တိမ်တိုက်နဂါးစည်းချက်တွင် ဖြစ်ပေါ်ခဲ့သည်။

၎င်းသည် ဤကိုယ်ခံပညာကိုအထူးကျွမ်းကျင်အဆင့် ၂၃% မှ ပြီးပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်စေခဲ့သည်။

လင်းရှန်က သက်ပြင်းချလိုက်သည်။ အဆင့်မြင့်လေ၊ နတ်ဆိုးများကို သတ်ရန် ပို၍အန္တရာယ်များလေပင်။ သို့သော် သူအောင်မြင်သည်နှင့် အကျိုးကျေးဇူးများက အံ့ဩလောက်စရာ ဖြစ်နေသည်။

ဒီလိုနည်းနဲ့ သူ၏ ရွေ့လျားမှုနည်းစနစ်တွေကို ပေါင်းစပ်နိုင်တော့မည်ပင်။

မဆိုင်းမတွဘဲ လင်းရှန်သည် တိမ်တိုက်နဂါးစည်းချက်၊ အရိပ်နဲ့ ရွှေရောင်ဘဲငန်းတို့ကို ပေါင်းစည်းခဲ့သည်။

သိပ်မကြာခင်မှာပဲ ကိုယ်ခံပညာ အသစ်တစ်ခုက မျက်နှာပြင်မှာ ပေါ်လာသည်။

[အမည်မဖော်ပြသော ကိုယ်ခံပညာ (ပြီးပြည့်စုံခြင်းအဆင့် ၅၀ %)]

ထုံးစံအတိုင်း လင်းရှန်က ၎င်းကို တိမ်တိုက်နဂါးစည်းချက်ဟုခေါ်သည်။

“လမ်းကြောင်းအဆင့် ကိုယ်ခံပညာရောက်ဖို့ ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာနှစ်ခုလိုသေးတယ်”

လင်းရှန်သည် အလွန်စိတ်လှုပ်ရှားသွားသည်။

ငြိမ်သက်သွားပြီးနောက် သူသည် ထူးဆန်းသောလက်ကို အရည်ပျော်ခြင်းထဲ ပေါင်းလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ၅% တိုးလာသည်။

[အမည်- လင်းရှန်]

[စွမ်းရည် :ကျွမ်းကျင်တတ်မြောက်မှု]

[အဆင့်-ကြာရှည်စွာအသက်ရှုခြင်းသတ္တမအဆင့် ၊ ၃၄ %]

[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း (အထူးကျွမ်းကျင်အဆင့် ၈၃%)၊ အရည်ပျော်

ခြင်း(လမ်းကြောင်းအဆင့် ၁၀%)၊တားမြစ်ထားသော ရွှေရောင်

ချပ်ဝတ်တန်ဆာ ( လမ်းကြောင်းအဆင့် ၀%)၊ တိမ်တိုက်နဂါးစည်းချက်

(ပြီးပြည့်စုံခြင်း ၅၀%)၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ပြီးပြည့်စုံခြင်း )၊ အထူးယန်စွမ်းအားဓားသွား (ပြီးပြည့်စုံခြင်း ), အဆီအနှစ်ဓားသွားလက်ချောင်း (ပြီးပြည့်စုံခြင်း ),သေခြင်းအတားအဆီး( ကျွမ်းကျင်အဆင့် ၉၂%)]

[ကိုယ်ပွားအရေအတွက်- ၆ (၃၃%)]

ကိုယ်ခံပညာအသစ်လေးခုသည် ပြီးပြည့်စုံခြင်းသို့ရောက်ရှိသွားသည်နှင့်အမျှ

နားလည်မှု စွမ်းရည်သည်လည်း တစ်ဖန်တိုးလာခဲ့သည်။

"ကိုယ်ခံပညာ လေ့ကျင့်မှု အရှိန် +၁၈၀ %, ကိုယ်ခံပညာစွမ်းအား +၉၀%”

"ငါ့စွမ်းရည်တွေကို အမြင့်ဆုံးအထိ မြှင့်တင်ဖို့ ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာနှစ်ခု ကျန်သေးတယ်။"

လင်းရှန် မျက်နှာပေါ်တွင် အပြုံးတစ်ခု တောက်ပလာသည်။

သူ့သိုလှောင်အိတ်ထဲက စွမ်းအင်ပြန်လည်ရရှိခြင်းဆေးကို ထုတ်ပြီး မျိုချလိုက်သည်။ ထို့နောက် သူကုန်ဆုံးခဲ့သော ချီအစစ်ကို ပြန်လည်ရယူခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် ကိုယ်ပွားခြောက်ခုသည် ကြယ်ပွင့်ရွေ့လျားခြင်းခြေလှမ်းများနှင့် ခြေရာမရှိသော နှင်းခြေလှမ်းများကို ကျင့်ကြံခဲ့သည်။

ကျားမျိုးနွယ်၏ ရှေ့ပြေးတပ်ကို အနိုင်ယူပြီးသည့်နောက်တွင် လမ်းမှာ ထိုက်သင့်သော ခုခံမှုမျိုး မတွေ့ရတော့ပေ။

စေတီတော်သည် တဟုန်ထိုး ပျံဝဲနေပြီး ဝိညာဉ်သားရဲ အနည်းငယ်သာ တွေ့ရသည်။

သူတို့သည် တပည့်များ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိပြီး ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြတာပင်။

လင်းရှန်ကတော့ စိတ်ပျက်သွားသည်။

နောက်သုံးရက် နေ့လယ်မှာတော့

စေတီတော်သည် တောင်ထိပ်ပေါ်တွင် ပျံဝဲနေ၏။ အထက်အိမ်တော်မှ တပည့်သုံးယောက် အပါအဝင် လူတိုင်းသည် ပထမအဆင့်တွင် ငြိမ်သက်စွာ ရပ်ကာ တစ်ခုခုကို စောင့်ဆိုင်းနေသကဲ့သို့ ကောင်းကင်ကို မျှော်ကြည့်နေကြသည်။

ဆရာ နှစ်ယောက်တောင် ပေါ်လာခဲ့သည်။ ဆရာတွေက ကျောနောက်မှာ လက်နှစ်ဖက်ယှIက်ထားရင်း မတ်တပ်ရပ်ကာ မျက်လုံးတွေကိုမှိတ်ထားကြသည်။

နာရီဝက်လောက်ကြာတော့ ဆရာနှစ်ယောက် က ရုတ်တရက် မျက်လုံးဖွင့်ကာ အဝေးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"သူတို့ ဒီမှာပဲ” ဆရာရှီက အသံနက်ကြီးဖြင့်ပြောသည်။

သူပြောပြီးသည်နှင့် ဝေးကွာသော တောင်ထိပ်ပေါ်ရှိ တိမ်များသည် ရုတ်ချည်း တုန်လှုပ်သွားသည်။ ကြီးမားသော အတားအဆီးတစ်ခုသည် ရုတ်တရက် တိမ်များကိုဖြတ်၍ လွင့်ထွက်သွားပြီး တောင်ထိပ်ပေါ်တွင် အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

မီတာထောင်ပေါင်းများစွာ အကွာအဝေးတွင် ရှိနေသော်လည်း လူတိုင်း၏ အမြင်အာရုံထဲတွင် အနည်းငယ် မှောင်သွားသည်ဟုပင် ထင်ယောင်ထင်မှား ရှိခဲ့ကြသည်။ ကြီးမားသော တည်ရှိနေမှုကြောင့် သူတို့၏ အမြင်အာရုံတစ်ခုလုံး ပြည့်သွားသလိုပင်။

All Chapters