မျက်လုံးဖွင့်ခြင်း (၃)
Vol. 10 Ch. 156
အနီးကပ်ကြည့်လိုက်တော့ ကြီးမားတဲ့ အရာဝတ္ထုဟာ ပျံသန်းနေတဲ့ နန်းတော်တစ်ခုဆိုတာ သိလိုက်ရသည်။
ပျံသန်းနေသောနန်းတော်၏ တစ်ဖက်စီသည် မီတာတစ်ထောင်နီးပါးရှည်လျားပြီး အဆောက်အအုံသည် မီတာငါးရာကျော်မြင့်မားသည်။ လေးထောင့်တစ်ခုစီတွင် သုံးထပ်ကင်းမျှော်စင်တစ်ခုရှိသည်။ အဲ့တာကို အနက်ရောင်အုတ်များ၊ ရွှေရောင်ကြွေပြားများနှင့် ကျောက်စိမ်းတိုင်များဖြင့် ပြုလုပ်ထားသည်။ ပတ်ပတ်လည်တွင် အရောင်အသွေးစုံသည့် အရောင်အဝါများ ရှိနေသည်။
"ဒါက ဂိုဏ်းရဲ့ ထျန်းရှု ပျံသန်းခြင်း နန်းတော်"
ရှဲ့ကျင့်ရှန်က အံ့သြသွားသည် ။
အခြားတပည့်များတွင်လည်း အလားတူအမူအရာများရှိသည်။
ကြီးမားလှသော ပျံသန်းခြင်း နန်းတော်ကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
လင်းရှန်လည်း ထိုနည်း၎င်းပင်။
ထိုသို့သော အရာတစ်ခုကို ဖန်တီးရန် လူအင်အားနှင့် ပစ္စည်းများ မည်မျှ လိုအပ်ကြောင်း စိတ်ကူးကြည့်ဖို့ ခက်ခဲသည်။
"ကျင့်ကြံသူကမ္ဘာမှာ အာကာသယာဉ်တွေ၊ ဒုံးပျံတွေမရှိပေမယ့် ဒီထျန်းရှုနန်းတော်နဲ့ သိပ်တော့မကွာခြားပါဘူး" လင်းရှန်က သက်ပြင်းချလိုက်သည်။
တပည့်များ လက်ရှိနေသည့် စေတီနှင့်မတူတာက ၎င်းတို့ရှေ့ရှိ
ထျန်းရှုပျံသန်းခြင်းနန်းတော်သည် ခင်းကျင်းမှုများနှင့် အတားအဆီးများ များစွာရှိရုံသာမက ပြန်လည် ပြုပြင်မွမ်းမံနိုင်သည်။ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နိုင်စွမ်းလည်း ရှိသည်။ ထိုအရာက စစ်မှန်သောလက်နက်ဖြစ်ခဲ့လေ၏
ထို့အပြင် အဆောင်များ၊ စင်္ကြံများ၊ ရေကန်များ၊ ဥယျာဉ်များလည်း ပါရှိသည်။ အထဲမှာ လူတစ်ထောင်လောက် နေထိုင်နေရင်တောင် ကြပ်ညပ်နေမှာ မဟုတ်ပေ ။ လူနေမှုပတ်ဝန်းကျင်အရ စေတီတော်ထက် သာလွန်သည်။
တပည့်များစွာ၏အံ့အားသင့်သောအကြည့်များအောက်တွင် ထျန်းရှုပျံသန်းခြင်းနန်းတော်သည် စေတီတော်ပေါ်မှာ မရပ်တန့်ဘဲ တောင်တန်း၏နက်နဲရာဆီသို့ ပျံသန်းသွားခဲ့သည်။
အဲဒီနေရာက ကျားမျိုးနွယ်ရဲ့ သားရဲတွင်းပင်။
"စစ်ကစတော့မယ်။" ရှဲ့ကျင့်ရှန်က တိုးတိုးလေးပြောသည်။
လင်းရှန်က ဒါကို ရှင်းရှင်းလင်းလင်းကြားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
၎င်းတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြသော်လည်း နေကိုးစင်းဂိုဏ်းနှင့် ကျားမျိုးနွယ်တို့ကြား တိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ခဲ့ပေ။
စစ်ပွဲ၏ရလဒ်ကို အဆုံးအဖြတ်ပေးမည့်သူများသည် မြင့်မားပြီး တန်ခိုးကြီးသော ကျင့်ကြံသူသခင်များပင် ဖြစ်လိမ့်မည်။
သူတို့သည် ဂိုဏ်းအတွက် လမ်းတစ်လျှောက်ရှိ နောက်လိုက်များကို
သုတ်သင်ရှင်းလင်းရာတွင် ကူညီပေးရသော ရှင်းလင်းရေးသမားများသာဖြစ်သည်။
အခု သူတို့ မစ်ရှင် ပြီးသွားပြီဆိုတော့ ကျန်တာဂိုဏ်း၏ ပင်မ စစ်တပ်က လုပ်ရမှာပင်။
အဝေးကို ခဏလောက်ကြည့်ပြီးနောက် ဆရာရှီက သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး အသံတိုးတိုးနဲ့ အမိန့်ပေးလိုက်သည်။
"မြို့ကို ပြန်ကြမယ်”
ရှဲ့ကျင့်ရှန်နှင့် အခြားတပည့်များသည် ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်ကြသည်။
မကြာမီ စေတီတော်သည် ဦးတည်ချက်ပြောင်းကာ နဂါးမြို့တော်သို့ ပျံသန်းခဲ့သည်။
နဂါးမြို့တော်၏အရှေ့ဘက်တံခါးသို့ စေတီတော်ရောက်ရှိသောအခါတွင် အခြားအုပ်စုနှစ်စုသည် ပြန်လည်ရောက်ရှိလာကြပြီး လွန်ခဲ့သည့်
ရက်အနည်းငယ်အတွင်း တွေ့မြင်ကြားသိခဲ့ရသည့်အရာများ သို့မဟုတ် ၎င်းတို့၏အောင်မြင်မှုများကို ပြသရန် စိတ်လှုပ်ရှားစွာ စုစည်းခဲ့ကြသည်။
လင်းရှန်သည် တိမ်များကိုစီးကာ စေတီတော်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ့အဝတ်အစားတွေက သန့်ရှင်းသပ်ရပ်နေသေးသည်။
ယန်စွမ်းအားဝတ်ရုံတွင် အလိုအလျောက် သန့်ရှင်းရေး လုပ်ဆောင်မှု ပါရှိလေသည်။ ထို့အပြင် လင်းရှန်က သူ၏ လက်၊ ခြေထောက်နှင့် မျက်နှာတို့ကို သန့်စင်ရန် ရှင်းလင်းရေးအဆောင်ကိုပင် အသုံးပြုခဲ့သေးသည်။ ယခုအခိုက်အတန့်မှာတော့ သူပုံစံသည် လဝက်ကျော်ကြာမြင့်သော စစ်ပွဲကို မကြုံတွေ့ခဲ့ရတဲ့ပုံ ပေါက်နေသည်။
သူ ဆင်းသက်လာသည်နှင့် တပြိုင်နက် သူ့ကို ပထမဆုံး သတိထားမိသူမှာ ယန်ကျုံးရီဲ ဖြစ်သည်။
"လင်း”
သူ့လက်ကို ဝှေ့ယမ်းရင်း ယန်ကျူံးရီက ပြုံးပြီး လျှောက်လာသည်။
စုနျန်သည်လည်း မျက်နှာပေါ်တွင် အပြုံးမပျက်ဘဲ သူ့ဘေးမှ လိုက်လာသည်။
လင်းရှန်က သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။
"မင်းတို့ ကြည့်ရတာ မကြာသေးခင်ကမှ အကျိုးအမြတ်တွေရလာပုံပဲ။"
"အဲ့လောက်လည်း မဟုတ်ပါဘူး" ယန်ကျုံးရီက ရယ်မောလိုက်သည်။
သူပြောနေသော်လည်း သူ့မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ရှိနေသည်။ ယန်ကျုံးရီသည် အတွေ့အကြုံရှိတွေရခဲ့ပြီး တိတ်တဆိတ် ဝမ်းသာနေသည်ကို လင်းရှန် သိထားသည်။
မျှော်လင့်ထားသည့်အတိုင်း စုနျန်သည် အမှန်တရားကို ထုတ်ဖော်ခဲ့သည်။
"ဒီကောင်က သွေးအနှစ်သာရနဲ့ ပြည့်နေတဲ့အနှစ်သာရ တိုကင်နှစ်ခုကို ရခဲ့လို့ နဂါးချောက်နက်တောင်တန်းကနေ ဒီအထိတောက်လျှောက် ရယ်နေတာ”
"ငါ့အကြောင်းပြောမနေပါနဲ့။ တိုကင်အပြည့်အစုံ နှစ်ခုကို မင်းလည်း မရခဲ့ဘူးလား။ မင်းရေည မပျော်ဘူးလား?" ယန်ကျုံးရီသည် စုနျန်ကို မျက်လုံးကစားကာ ပြောလိုက်သည်။
လင်းရှန်က သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်ပြီး ပြုံးလိုက်သည် ။
အဝါရောင်အဆင့် တပည့်တစ်ဦးအတွက် သွေးအနှစ်သာရနှင့် ပြည့်ဝသော အနှစ်သာရ တိုကင်နှစ်ခုကို ရရှိတာက လုံလောက်နေပြီဖြစ်သည်။ ၎င်းသည် သူတို့အား စုစုပေါင်း သာမန်အရည်အသွေးအမှတ် (၄)ခု ရရှိစေမည်ဖြစ်သည်။
"လင်းရှန် မင်းကော ဘယ်လိုလဲ။" စုနျန်က ရုတ်တရက် လင်းရှန်အား မေးလိုက်သည်။
လင်းရှန်က ပြုံးလိုက်သည်။
သူသည် ယန်ကျုံးရီနဲ့ စုနျန်ထက် တိုကင်များစွာကို ရရှိခဲ့သည်။
အထူးသဖြင့် ပိုင်ထန်ကို သတ်ခဲ့တဲ့ တိုက်ပွဲမှာ စုပ်ယူလိုက်တဲ့ သွေးအနှစ်သာရသည် တိုကင်နှစ်ခုပြည့်ဖို့အထိ လုံလောက်သည်။
အခု သူ့မှာ သွေးအနှစ်သာရနဲ့ ပြည့်နေတဲ့ တိုကင် ရှစ်ခုလောက် ရှိပြီး တစ်ခုက တစ်ဝက်ကျော် ပြည့်သွားပြီပင်။ စုစုပေါင်း၊ သူသည် သာမန်အရည်အသွေးအမှတ် ၁၇၀ ကျော်ကို လဲလှယ်နိုင်သည်။
သူသည် ယခင်ကရထားသော သာမန်အရည်အသွေးအမှတ်များထက် ပိုမိုရရှိခဲ့သည်။ ဒါက မယုံနိုင်လောက်အောင်ဖြစ်ခဲ့သည်။
“တပည့်တွေ စစ်တိုက်ဖို့ကို မစောင့်နိုင်တာက အံ့သြစရာတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ အင်အားအလုံအလောက်ရှိနေရင် စစ်မြေပြင်က သာမန်အရည်အသွေးအမှတ် အများအပြားရနိုင်တဲ့ နေရာကောင်းတစ်ခုပါပဲ။”
ဤအတွေးသည် စိတ်ထဲတွင် လင်းခနဲဖြစ်သွားပြီး လင်းရှန်က ထိုမေးခွန်းကို ဖြေတော့မည့်အချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က သူ့ကို မြှောက်ပင့်ပေးနေတဲ့ တပည့်များစွာနဲ့ ဝန်းရံနေတာကို တွေ့လိုက်ရသည်။
လင်းရှန်၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး "ဒါ ဘယ်သူလဲ " ဟု စပ်စုရင်း မေးလိုက်သည်။
ယန်ကျုံးရီက တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။ " အဲ့တာ ယန်ရှင်းရဲ့အကိုကြီး ယန်ကျင့်ရမ်လေ”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။ သူအနည်းငယ်ရင်းနှီးသလို ခံစားရသည်မှာ အံ့သြစရာမဟုတ်ပေ။ ယန်ကျင့်ရမ်၏မျက်နှာသွင်ပြင်သည် ယန်ရှင်းနှင့် အတော်လေး ဆင်တူသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယန်ရှင်းက ဉာဏ်အလင်းရခြင်းအဆင့်နတ်ဆိုးကို သတ်ခဲ့တယ်လို့ ပြောတယ်။ အဲ့တော့ အခု သူက မှိုရလို ခံစားနေရတာ ဖြစ်နိုင်တယ်။"
ယန်ရှင်းကြောင့် ယန်ကျုံးရီသည် ယန်ကျင့်ရမ်ကို အထင်ကြီးခြင်း မရှိသဖြင့် သူ့လေသံသည် အနည်းငယ် ရိုင်းစိုင်းနေသည်။
“သူက တောက်ပတဲ့ဝင်ပါက်အဆင့်မှာ ရှိနေတာလေ။ ပြောရရင် ဉာဏ်အလင်းရခြင်း နတ်ဆိုးကိုသတ်တာကို ဘာတွေ ဂုဏ်မောက်နေစရာရှိလဲ။ သူတကယ် အစွမ်းထက်တယ် ဆိုရင် ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှာ ရှိနေတုန်းက တစ်ကောင်လောက်ကို ဘာလို့ မသတ်ခဲ့တာလဲ”
ယန်ကျုံးရီဘေးမှ တပည့်တစ်ဦးသည် ယန်ကျင့်ရမ်၏ ထောက်ခံသူဖြစ်နိုင်သည်။ ဒါကိုကြားတော့ သူက ချက်ချင်းလှည့်ပြီး ယန်ကျုံးရီကို စိုက်ကြည့်နေသည်။
“ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူက ဉာဏ်အလင်းရခြင်း သားရဲကို သတ်တာလား။ ဒါ ငါကြားဖူးသမျှထဲမှာ ရယ်စရာအကောင်းဆုံးဟာသပဲ။ စီနီယာ အစ်ကို ယန်ကို မနာလိုဖြစ်ပြီး သူ့ကို ရွေးပြောချင်ရင်တောင် အနည်းဆုံးတော့ ကျိုးကြောင်းဆီလျော်တဲ့ အရာတစ်ခုကို ရွေးသင့်ပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့ကိစ္စတွေကို မင်းဘာလို့ပြောနေတာလဲ"
တပည့်က လှောင်ပြောင်နေချိန်မှာတော့ အကြောင်းတစ်ခုခုကြောင့် သူ့ပတ်ဝန်းကျင်က လူတွေသည် ကမ္ဘာကြီးကို မမြင်ဖူးတဲ့ အဖော်တစ်ယောက်ကို ကြည့်နေသလိုမျိုး ထူးဆန်းတဲ့အမူအရာတွေနဲ့ သူ့ကို စိုက်
ကြည့်နေကြတာကို သိလိုက်ရသည်။