← Chapters

မြေအောက်ဝိညာဉ်လှိုဏ်ဂူ (၁)

Vol. 10 Ch. 157

မြေအောက်ဝိညာဉ်လှိုဏ်ဂူ (၁)

Vol. 10 Ch. 157

"ဘာဖြစ်လို့လဲ?"

တပည့်သည် ပတ်ပတ်လည်ကို စိတ်ရှုပ်စွာ ကြည့်ရင်း အဘယ်ကြောင့် လူတိုင်းက သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေကြသည်ကို နားမလည်နိုင်ပေ။

သူငယ်ချင်းကောင်းတစ်ယောက်က သူ့နားကို ပြေးလာပြီး စကားအနည်းငယ် ပြောလိုက်မှ ထိုတပည့်က လင်းရှန်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ ထို့နောက် မျက်နှာနီမြန်းပြီး ခေါင်းငုံ့ကာ ထွက်သွားသည်။

ဤအခိုက်အတန့်တွင် လင်းရှန်က လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို ကျွမ်းကျင်ပြီး ဉာဏ်အလင်းရခြင်းအဆင့် မျက်လုံးဖြူကျားနတ်ဆိုးကို သတ်ခဲ့သော သတင်းသည် လူစုလူဝေးတွင် လျင်မြန်စွာ ပျံ့နှံ့နေပြီဖြစ်သည်။

ချက်ချင်းပင် မရေမတွက်နိုင်သော လေးစားပြီး အံ့အားသင့်သော အကြည့်များက လင်းရှန်ကို စူးစူးစိုက်စိုက်ကြည့်နေလေ၏

ယန်ကျုံးရီနဲ့စုနျန်တို့သည်လည်း ဖြစ်ပျက်ခဲ့သည်များကို သိရှိခဲ့ကြလေသည်။ သူတို့ ထိတ်လန့်နေချိန်မှာတော့ ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။

လင်းရှန်သည် လင်းရှန်ပင်ဖြစ်သည် ။ သူဘယ်ကိုသွားနေပါစေ၊ အမြဲတမ်း ထိတ်လန့်

စရာကောင်းတဲ့ သတင်းတွေကို ဖန်တီးနိုင်သည်။

လူအုပ်ထဲတွင် ယန်ကျင့်ရမ်သည် လင်းရှန်ကို အကြာကြီးကြည့်ပြီး လှည့်ထွက်သွားလေသည်။

လင်းရှန်သည် ထိုနေရာတွင် ကြာကြာမနေတော့ပေ။ သူ့ကို နီးစပ်ချင်သူတွေ

ဝန်းရံမလာခင် ယန်ကျုံးရီ၊ စုနျန်တို့နဲ့အတူ ထိုနေရာကနေ ထွက်သွားခဲ့သည်။

နိုင်ယန်းကျောင်းကို ပြန်ရောက်ပြီးနောက် လင်းရှန်သည် သစ်သားအဆောက်အအုံသို့ ချက်ချင်းပြန်မလာပေ။ အဲဒီအစား အရည်အသွေးခန်းမကို ပြေးလေ၏။

နဂါးချောက်နက်တောင်တန်း၏နောက်ဆုံးသုံးရက်တွင် သူသည် ဝိညာဉ်သားရဲ များစွာကို မသတ်ခဲ့ရသော်လည်း သူ၏ကိုယ်ပွားများသည် နေ့ရောညပါ ကျင့်ကြံခဲ့တာကြောင့် သူ၏ ကြယ်ပွင့်ရွေ့လျားခြင်း ခြေလှမ်းများသည် ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်ရှိခဲ့သည်။

အဲ့တာကိုပေါင်းစပ်ပြီးနောက် တိမ်တိုက်နဂါးစည်းချက်သည် ပြီးပြည့်စုံခြင်း ၇၅%သို့ရောက်ရှိသွားပြီဖြစ်သည်။

သူ၏ ခြေရာမရှိနှင်းခြေလှမ်းများက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သည်နှင့် တပြိုင်နက် တိမ်တိုက်နဂါး စည်းချက်သည် လမ်းကြောင်းအဆင့်ဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။

အရည်အသွေးခန်းမသို့ရောက်သောအခါ လင်းရှန်သည် အရည်အသွေး အမှတ်များနဲ့ တိုကင်များကိုလဲလှယ်ရန် မစ်ရှင်ခန်းမသို့ ဦးစွာသွားရောက်ခဲ့သည်။

ဒီနေ့ တာဝန်ကျသူကတော့ ကျောင်းယု မဟုတ်ပေ။ သူသိပ်မရင်းနှီးသေးတဲ့ မိန်းကလေးပင်။

လင်းရှန်သည် အရည်အသွေးတိုကင်ကိုးခုကို ထုတ်ယူလိုက်ပြီး ရှစ်ခုက အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ကောင်မလေး အံသြသွားသည်။

ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်တစ်ဦးသည် အရည်အသွေး အမှတ်များအတွက် တိုကင်များစွာနဲ့ လဲလှယ်တာကို သူမ ပထမဆုံးအကြိမ် တွေ့ဖူးတာပင်။

ကံကောင်းထောက်မစွာ ထိုလူသည်ကျောင်း၏ အကျော်ကြားဆုံးတပည့် လင်းရှန် ဖြစ်ကြောင်း သူမ လျင်မြန်စွာ သိခဲ့သည်။ ထို့ကြောင့် သူမသည် ထိတ်လန့်မှုကို မျိုသိပ်ရင်း သူ့အတွက် တိုကင်များကို အမြန်စာရင်းသွင်းပေးလိုက်သည်။

ခဏအကြာတွင် သာမန်အရည်အသွေးအမှတ် ၁၇၃ ခု ရရှိခဲ့သည်။

ထို့နောက် လင်းရှန်သည် လဲလှယ်ရေးခန်းမသို့ ရောက်ရှိလာခဲ့ချေသည်။

ကိုယ်ခံပညာ လဲလှယ်မှုစာရင်းကို ဖွင့်လိုက်တော့ သူ့အကြည့်က ဓားနည်းစနစ် ကိုယ်ခံပညာဆီကို အရင်ဆုံး ရောက်သွားခဲ့သည်။

လက်ဖဝါးနည်းစနစ်များ၊ ရုပ်ပိုင်းဆိုင်ရာမြှင့်တင်မှုနည်းစနစ်များနှင့် ရွေ့လျားမှု နည်းစနစ်များအပြင် သူသည် လက်နက်အမျိုးအစား ကိုယ်ခံပညာကို

လမ်းကြောင်းအဆင့်သို့ ကျင့်ကြံရန် စီစဉ်ထားသည်။

အထူးယန်စွမ်းအားဓားသွား ပြီးပြည့်စုံခြင်းအဆင့်ကြောင့် ဓားနည်းစနစ်များကို အရင်ဆုံးရွေးချယ်ရမည်ပင်။

"ဒါပေမယ့် အထူးယန်စွမ်းအားဓားသွားရဲ့ အဆင့်က နည်းနည်းနိမ့်တယ်။ သူက အရိပ်နဲ့ အဆင့်အတူတူလောက်ပဲ၊ ပေါင်းစပ်ကိုယ်ခံပညာရဲ့ အဓိက ကိုယ်ခံပညာအဖြစ် အဲ့တာက မသင့်တော်ဘူး။ ပိုအစွမ်းထက်တဲ့ ဓားနည်းစနစ်ကို ရွေးတာ အကောင်းဆုံးပဲ”

လင်းရှန်သည် အနက်ပျောက်ကျားနတ်ဆိုးကို ကျန်းဟောင်သတ်ရာတွင် သုံးခဲ့သော နေကိုးစင်း နတ်ဘုရားဓားကို ရုတ်တရက် တွေးမိလိုက်သည်။

အဲ့တာက ဓားနည်းစနစ်ကောင်းတစ်ခုဟု ထင်ရသည်။

သူသည် စာရင်းကို ချက်ချင်းကြည့်လိုက်ပြီး သူ၏ပစ်မှတ်ကို တွေ့ရှိခဲ့သည်။

နေကိုးစင်း နတ်ဘုရားဓား :သာမန်အရည်အသွေးအမှတ် ၁၂ခု

"အဲဒါက အရည်ပျော်ခြင်းထက် အမှတ်တွေ ပိုလိုတာပဲ”

လင်းရှန်သည် မျက်ခုံးပင့်ကာ ဝမ်းသာသွားလေသည်။

အမှတ်များများပေးရလေ၊ ဒီဓားနည်းစနစ်က ပိုအားကောင်းလေပင်

ထို့အပြင် လင်းရှန်သည် နေကိုးစင်း နတ်ဘုရားဓား၏ လမ်းကြောင်းအဆင့် စွမ်းအားကို မြင်တွေ့ခဲ့ရပြီးပြီပင် ။

ကျန်းဟောင်သည် နေသုံးလုံးဖြင့် ဉာဏ်အလင်းရခြင်း အဆင့်ရှိ ကျားနတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ သူသည် နေကိုးလုံးကို ကျင့်ကြံနိုင်ခဲ့မည်ဆိုလျှင် ဉာဏ်အလင်းရခြင်း အဆင့် မျက်လုံးဖြူကျားနတ်ဆိုးကို ချက်ချင်း သတ်နိုင်မည်ဖြစ်သည်။

ဒါကိုတွေးပြီး လင်းရှန်က တုံ့ဆိုင်းမနေတော့ဘဲ ထိုဓားနည်းစနစ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက် လင်းရှန်သည် နောက်ထပ်ဓားနည်းစနစ်သုံးမျိုးကို ရွေးချယ်ခဲ့သည်။

တောင်ပိုင်းတောင်တန်းဓား၊

သာမန်အရည်အသွေးအမှတ် နှစ်ခု။

နစ်မြှပ်နေသော သဲဓား ၊

သာမန်အရည်အသွေးအမှတ် သုံးခု

လင်းယုန်ဓားသွား

သာမန်အရည်အသွေးအမှတ် သုံးခု

ဓားနည်းစနစ် လေးခုသည် စုစုပေါင်း

သာမန်အရည်အသွေးအမှတ် ၂၀ ကုန်သည်။

ချက်ချင်းပင် လင်းရှန်သည် နောက်ထပ် လက်ဖဝါးနည်းစနစ် (၁၅) ခုနှင့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှု ကိုယ်ခံပညာ (၅) ခုကို လဲလှယ်ခဲ့သည်။

အရာအားလုံး ပြေလည်သွားပြီးတဲ့နောက်မှာတော့ သူ့မှာသာမန် အရည်အသွေးအမှတ် သုံးခုသာ ကျန်တော့သည်။

လဲလှယ်မှုစာရင်းတွင် ကျန်ရှိသော ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာများအနက် အသက်သာဆုံးသည် သာမန်အရည်အသွေးအမှတ် ငါးခု လိုအပ်သည်။

“အရည်အသွေးအမှတ်တွေကို သုံးလိုက်ရတာ အရမ်းမြန်တာပဲ ။ အရည်အသွေးအမှတ် ဘယ်လောက်ရှိရှိ မလုံလောက်ဘူးပဲ”

လင်းရှန်က သက်ပြင်းချလိုက်သည်။

ခဏလေးအတွင်းမှာပဲ သူရလာတဲ့ အရည်အသွေးအမှတ် အမြောက်အများဟာ လုံးဝကုန်သွားခဲ့ချေပြီ။

"ဒါပေမယ့် ကိုယ်ခံပညာ အခု (၂၀)လောက်ကငါ့ကို အချိန်ခဏတော့ လုံလောက်စေမှာပါ”

လင်းရှန်းသည် စိတ်ထဲတွင် တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ လက်ဖဝါးနည်းစနစ် ၂၀သည် အရည်ပျော်ခြင်းကို၁၀၀% အထိမြှင့်တင်ရန် လုံလောက်ပေသည်။

ထိုအချိန်တွင် သူသည် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း နည်းစနစ် အနည်းငယ်ကို လိုအပ်နေသေးသည်။

များများလဲလှယ်လိုပါက သာမန်အရည်အသွေးအမှတ် ၈၀ မှ၉၀ အထိ လိုအပ်မည်ဖြစ်သည်။

သို့သော် နဂါးချောက်နက်တောင်တန်းရှိ စစ်ပွဲသည် မည်မျှကြာမည်ကို သူမသိပေ။ လောလောဆယ်တော့ အဲဒီမှာ မစ်ရှင်တွေ လုပ်ဖို့ကို သူခဏမေ့ထားရမည်။

နဂါးမြို့တော်၏ အနောက်ဘက်နှင့် အရှေ့ဘက်တောထဲရှိ ရေကန်နဲ့ ရွှံ့ညွန်တွေ မှာတော့ဆက်စပ်မစ်ရှင်များစွာရှိသည်။ အဲဒီမှာ သာမန်အရည်အသွေး အမှတ်တွေ ရနိုင်သည်။

သို့သော် ထိုအကြောင်းကို စဉ်းစားပြီးနောက် လင်းရှန်သည် ယခုအချိန်တွင် မစ်ရှင်ကို မယူရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ့လက်ထဲရှိ ကိုယ်ခံပညာအားလုံးကို ကျင့်ကြံပြီး ပေါင်းစည်းသွားရမည်ဖြစ်သည်။

ကံမကောင်းစွာပဲ အနောက်နဲ့ အရှေ့ဘက်မှာ နတ်ဆိုးကောင်တွေ အတော်လေး နည်းသည်။ အမဲလိုက်စရာ သိပ်မရှိတာ ကြောင့် "သတ်ဖြတ်ခြင်းကို အားပေးသည် " ၏အကျိုးသက်ရောက်မှုကို မထိရောက်စေနိုင်ပေ။

လင်းရှန်က အနည်းငယ် ဝမ်းနည်းသွားသည်။ ဤအချိန်အတောအတွင်း သူသည်တစ်ယောက်တည်း အေးဆေးကျင့်ကြံရတော့မည်ပင်။

ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် ခဏလောက် စဉ်းစားကာ ကျန်ရှိသော သာမန်

အရည်အသွေးအမှတ် ၃ခုကို ကြယ်ခုနစ်ပွင့်ဓား ၃ခုနဲ့ လဲလှယ်ခဲ့သည်။

လောလောဆယ်တွင် သူ့မှာ မှော်လက်နက်ဖြစ်သည့် နေကိုးစင်းအဆောင်

ဓားတစ်ချောင်းသာရှိသည်။ ထို့အပြင် သူ့တွင် အဆောင်ဓားဖြစ်သော ကြယ်ခုနစ်ပွင့် ဓားငါးချောင်း ရှိသည်။

သို့သော် သူအပါအဝင် ကိုယ်ပွါးများနှင့်ဆို စုစုပေါင်း ခုနစ်ယောက်ရှိသည်။ လက်နက် ခြောက်ခုက မလုံလောက်ပေ။ ကျန်တစ်ယောက်သည် ရာနှင့်ချီသော သန့်စင်ရေး လက်နက်ကိုသာ အသုံးပြုနိုင်သည်။

"ဘယ်တော့မှ သူတို့အားလုံးမှာ နေခြောက်စင်း အဆောင်ဓားတစ်လက်စီ ရှိနိုင်မှာလဲ။" လင်းရှန်သည် သက်ပြင်းချလိုက်သည်။

သတိပြန်ဝင်လာသောအခါတွင် ကိုယ်ခံပညာလက်စွဲစာအုပ်တစ်အုပ် နှင့်အတူ အရည်အသွေးခန်းမမှ ထွက်လာခဲ့သည်။

ရှစ်ရက်ကြာပြီးသောအခါ

နဂါးချောက်နက်တောင်တန်း၏ နက်နဲရာအပိုင်းတွင်

ကြီးမားသော ထျန်းရှု ပျံသန်းခြင်းနန်းတော်သည် တိမ်ပေါ်တွင် လွင့်နေလေ၏

ခန်းမကြီးထဲမှာ လူဒါဇင်နဲ့ချီရှိပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ပင်မထိုင်ခုံရှိလူသည် နှာခေါင်းရှည်ပြီး နဖူးကျယ်သည်။ သူ့မျက်လုံးများသည် လင်းယုန်ငှက်နှင့်တူပြီး အလွန်တရာ ကြီးကျယ်ခမ်းနားလှသည်။ သူသည် သာမန်လူထက် နှစ်ဆလောက် သန်မာသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့အငွေ့အသက်က ကြောက်စရာကောင်းလွန်းလှသည်။

All Chapters