မြေအောက်ဝိညာဉ်လှိုဏ်ဂူ (၂)
Vol. 10 Ch. 158
နှစ်ဖက်လုံးရှိ ရွှေရောင်ကြေးတိုင်အောက်တွင် လူ ၂၀ ကျော် ထိုင်နေကြပြီး တပည့် ၅၀၀ ကျော်က ခန်းမအပြင်ဘက်တွင် ရပ်နေကြသည်။
ဟိုအန်ရုံသည် မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်ကာ တောက်ပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက အသံတိုးတိုးနဲ့ပြောသည်။
“အားလုံးပဲ တစ်လလောက် အပြင်းအထန်တိုက်ပွဲတွေ အပြီးမှာ ကျားမျိုးနွယ်စုရဲ့ အဓိက အင်အားစုက ၁၀%အောက်ပဲ ရှိတော့တယ်။ ကျန်နတ်ဆိုးအားလုံးက ကျားဖြူတောင်တန်းရှေ့မှာ ရှိနေကြတာ။ ကျားဖြူတောင်ကို ဖြိုဖျက်ပြီး ကျားမျိုးနွယ်ရဲ့ နတ်ဆိုးတွေကို သုတ်သင်လိုက်ရင် ဒီတိုက်ပွဲကို နိုင်ပြီ”
ဒါကို ပြောပြီးသည်နဲ့ လူတိုင်းက လန်းဆန်းသွားပြီး စိတ်အားထက်သန်တဲ့ အမူအရာတွေ ဖြစ်ကုန်သည်။
ပြင်းထန်သော တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားပြီးနောက် ကျားမျိုးနွယ်စု၏ ကျန်တပ်ဖွဲ့ အများစုမှာ ပျက်သုဉ်းသွားခဲ့သည်။ သူတို့၏ခေါင်းဆောင် ပိုင်ရှောင်ကိုပင် အကြီးအကဲဟိုက သတ်ပစ်ခဲ့သည်။ ယခုအခါ ကျားမျိုးနွယ်စုတွင် အသက်ကြီးသော၊ အားနည်းသော၊ ချို့တဲ့သော စစ်သည်တစ်စုသာ ကျန်တော့သည်။ သူတို့ကို သုတ်သင်ရတာ လက်ကိုလှန်ရသလိုပဲ လွယ်ကူပါသည်။
အရေးကြီးဆုံးအချက်မှာ ကျားဖြူတောင်သည် ကျားမျိုးနွယ်စု၏ သားရဲတွင်းဖြစ်သည်။ အဲ့တာကို ဖြိုချနိုင်လျှင် အမှတ်များစွာ ရယူနိုင်မည်ဖြစ်သည်။ ဤသည်မှာ အလွယ်တကူ ရရှိနိုင်သော ကြီးမားသည့် ရရှိမှု ဖြစ်မှာ သေချာသည်။ ဒါက ဘယ်သူမဆို သွေးဆောင်ခံရမည့် အရာပင်။
ဟိုအန်ရုံ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
သူသည် ထျန်းရှုပျံသန်းခြင်းနန်းတော်သုံးခု၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျားမျိုးနွယ်၏ခေါင်းဆောင် ပိုင်ရှောင်ကို သတ်ခဲ့သည်။ တိုက်ပွဲအပြီးတွင် သူ၏ ပံ့ပိုးကူညီမှုများကြောင့် ဆုချီးမြှင့်ခံရမည်ဖြစ်ပြီး အခြားသူများနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ပေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟိုအန်ရုံသည် သူ့၏ ဘယ်နဲ့ ညာမှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။
"တာအိုသခင်ယန်၊ တာအိုသခင်ရွှယ် ၊ မင်းတို့ထဲက ဘယ်တစ်ယောက်က ဒီခရီးကို သွားချင်လဲ "
ဘယ်ဘက်တွင်ထိုင်နေသော ယန်ကျင်းထင်သည် ရွှယ်စစ်ကျွမ်းကို မော့ကြည့်ရင်း ပြောလေသည် ။
"သခင်ရွှယ်က မနေ့ကပဲ နတ်ဆိုး ကျင့်ကြံသူ သခင် ဆယ်ယောက်ကျော်ကို သတ်ဖို့ လူတစ်စုကို ဦးဆောင်ခဲ့ရတာမလား။ သခင်ရွယ်ရဲ့ ဝိညာဉ်ရေးရာအနှစ်သာရက အဲ့လောက် ပြန်ကောင်းမလာလောက်သေးဘူး။ ကျွန်တော်ကို လုပ်ခွင့်ပေးပါလား”
ထိုစကားကိုကြားသောအခါ ရွှယ်စစ်ကျွမ်းသည် သူ၏မုတ်ဆိတ်မွေးကို လက်ဖြင့် သပ်လိုက်သည်။ "အရမ်းထောက်ထားစာနာပေးလို့ ကျေးဇူးတင်ပါတယ်သခင်ယန် " သူက အမူအရာမပြောင်းဘဲ ရယ်ရင်းပြောလိုက်သည်။
ယန်ကျင်းထင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူက မတ်တပ်ထရပ်ပြီး ဟိုအန်ရုံနှင့် ရွှယ်စစ်ကျွမ်းတို့ကို ဦးညွှတ်ကာ ခန်းမထဲမှ ထွက်လာခဲ့သည်။
ရှည်လျားသောအော်သံနှင့်အတူ အဖြူရောင် သိန်းငှက်သည် ၎င်း၏အတောင်ပံများကို ဖြန့်ကာ ပျံတက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ခန်းမထဲမှ လူလေးငါးယောက်သည် မတ်တပ်ရပ်ကာ တပည့် ၃၀ မှ ၄၀ နှင့်အတူ ခန်းမအပြင်ဘက် ထွက်ကာ ပျံသန်းခြင်းနန်းတော်မှ ထွက်လာခဲ့သည်။ သူတို့သည် အလင်းတန်းများအဖြစ်သို့ပြောင်းသွားပြီး ယန်ကျင်းထင်၏နောက်သို့ အနီးကပ်လိုက်ကာ ကျားဖြူတောင်တန်းဆီသို့ ပြင်းပြင်းထန်ထန် ပြေးသွားကြလေသည်။
ခြွင်းချက်မရှိသေချာတာက ဤလူများအားလုံးသည် ယန်မိသားစုမှဖြစ်သည်။ ၎င်းတို့သည် နေကိုးစင်းဂိုဏ်းရှိ ယန်မိသားစု၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။
ရွှယ်စစ်ကျွမ်းသည် ခေါင်းကို အနည်းငယ်ခါယမ်းရင်း အလင်းရောင် ဒါဇင်ပေါင်းများစွာ၏ ထွက်ခွာမှုကို ကြည့်ရှုနေလေ၏
ယန်မိသားစုက အရင်လို မဟုတ်တော့ပေ။
ကြီးကျယ်သော မိသားစုငါးစုတွင် တစ်ခုဖြစ်သော ၎င်းတို့သည် ကျားမျိုးနွယ်နှင့် တိုက်ပွဲတွင် ကျင့်ကြံသူ ခြောက်ဦးသာ စုစည်းနိုင်ခဲ့သည်။
မိသားစုကြီးငါးစုတွင် နှစ်စုဖြစ်သည့် ယန်းနဲ့ရွှယ်မိသားစုများကတော့ ယခုအကြိမ်တွင် ကျင့်ကြံသူ ဆယ်ဦးကျော်ကို စုစည်းခဲ့သည်။
အရင်မိသားစုဝင် ဆုံးပါးသွားကတည်းက ယန်မိသားစုမှာ မှော်ပညာအလင်းအဆင့် ကျင့်ကြံသူသခင် တစ်ယောက်မှ မရှိတော့တာ အနှစ်သုံးဆယ်ရှိပြီပင်။ လက်ရှိမိသားစုအကြီးအကဲ ယန်ကျုံးရုံသည်ပင်လျှင် ဝိညာဉ်မြှင့်တင်ခြင်း နှောင်းပိုင်းအဆင့်တွင်သာရှိခဲ့ပြီး အဆိုးရွားဆုံးအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ပေ။
ယနေ့တိုင်အောင် ယန်မိသားစု၏ ထိုမျိုးဆက်ရှိ ကျောထောက်နောက်လံသည် ကြီးကျယ်သော မိသားစုငါးခု၏ ဂုဏ်သတင်းနှင့် မထိုက်တန်တော့ပေ။ ၎င်း၏အတိတ်ဂုဏ်ကျက်သရေကြောင့်သာ မိသားစုကြီးတစ်ခုအဖြစ် ယူဆနိုင်ဆဲဖြစ်သည်။
ယင်းအတိုင်းသာဆက်သွားပါက ယန်မိသားစုသည် ဆယ်နှစ်အတွင်း ထင်ရှားသောမိသားစုဆယ်စုမှ ထိပ်တန်းမိသားစုအနည်းငယ်နဲ့ အစားထိုးခံရဖွယ်ရှိပြီး ဆယ်နှစ်အတွင်း ၎င်းတို့သည်လည်း ထိုရာထူးသို့ ကျဆင်းသွားမည်ဖြစ်သည်။
ဒီလိုအခြေအနေမျိုး တကယ်ဖြစ်ခဲ့လျှင် အရင်တုန်းက ယန်မိသားစု ဖိနှိပ်ခဲ့သည့် မျိုးနွယ်စုတွေက သူတို့ပြုတ်ကျချိန်မှာ ကန်ထုတ်တာမျိုး ဖြစ်လာနိုင်သည်။
“ဘယ်လောက် ပျံသန်းနိုင်ပါ့မလဲ…” ရွှယ်
စစ်ကျွမ်းက မသိမသာနဲ့ တိုးတိုးလေးပြောသည်။
ဟိုအန်ရုံက သူ့ကို မော့ကြည့်ကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။
ပျံသန်းခြင်းနန်းတော်မှ ထွက်ခွာပြီးနောက် ယန်ကျင်းထင်သည် ၎င်း၏ မျိုးနွယ်စုများအား ကျားဖြူတောင်သ်ု့ ဦးဆောင်ခဲ့သည်။
နေကိုးစင်းဂိုဏ်း၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ကျားမျိုးနွယ်၏ နတ်ဆိုးကျင့်ကြံသူ အများစုသည် တိုက်ပွဲတွင် သေဆုံးသွားခဲ့ချေပြီ ။အဆင့်မြင့် နတ်ဆိုး ကျင့်ကြံသူ တစ်ဦးမျှ မကျန်တော့ပေ။
ဤအခိုက်အတန့်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာဖို့ ကျင့်ကြံနေသူများမှလွဲ၍ မျိုးနွယ်စုတွင် ဝိညာဉ်မြှင့်တင်ခြင်း အစောပိုင်းအဆင့် သားရဲ အနည်းငယ်သာရှိကြပြီး ၎င်းတို့သည် ယန်ကျင်းထင်နဲ့ အခြားသူများကို မယှဉ်နိုင်ပေ။
နာရီဝက်မပြည့်မီတွင် နတ်ဆိုးကျင့်ကြံသူအားလုံး အသတ်ခံခဲ့ရသည်။
ယန်မိသားစု၏ ကျင့်ကြံသူ သခင်အုပ်စုသည် အရှိန်အဟုန်ဖြင့် ကျားဖြူတောင်တန်းရှိ လိုဏ်ဂူသို့ ရောက်ရှိလာသည်။
ဘုန်း
ယန်ကျင်းထင်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တော့ သူ့လမ်းကို ပိတ်ဆို့နေသော နတ်ဆိုးအနည်းငယ်သည် ကောင်းကင်မှာ ပြည့်နေတဲ့ သွေးအခိုးအငွေ့တွေအဖြစ် ချက်ချင်းပေါက်ကွဲသွားကြသည်။ သူက ၎င်းတို့ကို လှည့်မကြည့်ပေ။
နောက်အခိုက်အတန့်တွင် သူသည် အရူးအမူး ထွက်ပြေးရန် ကြိုးစားနေသော ကျားနတ်ဆိုး၏ ရှေ့တွင် ပေါ်လာသည်။ သူက လျှပ်စီးလက်သလို အရှိန်ပြင်းပြင်းဖြင့် လည်ပင်းကို လှမ်းဆွဲလိုက်သည်။
ကျားနတ်ဆိုးသည် အားကြီးပြီး ၎င်း၏ အရောင်အဝါသည် ပြင်းထန်လှသည်။ သူ့၏ခွန်အားက ထူးထူးခြားခြား ဖြစ်နေတယ်ဆိုတာ သိသာသည်။ သို့သော် ယန်ကျင်း၏လက်ထဲမှာတော့ လည်ပင်းညှစ်ခံထားရသည့် ကြက်ကလေးနှင့်တူနေ၏ သူက လုံးဝ မခုခံနိုင်ခဲ့ပေ။
ယန်ကျင်းထင်၏ အကြည့်သည် ကျားနတ်ဆိုးကို လွှမ်းခြုံသွားပြီး ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဘယ်လောက်တောင် ချမ်းသာလိုက်တဲ့ မျက်လုံးဖြူတွေလဲ။ ပိုင်ရှောင်က မင်းနဲ့ဘာတော်လဲ"
ကျားနတ်ဆိုး၏အသက်သည် အခြားသူ၏ လက်ထဲတွင် ရှိနေသော်လည်း ဒီစကားကိုကြားတော့ သူက ဘာမှ ပြန်မဖြေပေ။
ယန်ကျင်းထင်၏ မျက်လုံးများ တောက်ပလာလေ၏ ထို့နောက်သူက အော်ပြီး "မင်းရဲ့သွေးသားသိပ်သည်းဆကိုကြည့်ရတာတော့ မင်းက ဒီခွေးကောင်ရဲ့ တိုက်ရိုက်မျိုးရိုးဖြစ်နိုင်ချေများတယ်"
ထိုစကားကို ပြောပြီးတာနဲ့ ကျားနတ်ဆိုးက လဲကျသွားသည်။ သူ့မျက်နှာက နီမြန်းသွားပြီး ဒေါသတကြီးပြောလေသည်။
"အဖေ့ကို မစော်ကားနဲ့”
"မင်းက ပိုင်ရှောင်ရဲ့သားလား” ယန်ကျင်းထင်က ရယ်မောလိုက်သည်။ "ငါ ဖမ်းမိထားတဲ့ နတ်ဆိုးက တကယ်ပဲ ပိုင်ရှောင်သား ဖြစ်မယ်လို့ မျှော်လင့်မထားဘူး။ အတော် ကောင်းတာပဲ။ ငါမင်းကိုမေးစရာရှိတယ်"
ခေတ္တနားပြီးနောက် ယန်ကျင်းထင်က သူ့ကို စိုက်ကြည့်နေသော ကျားနတ်ဆိုးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်သော အပြုံးတစ်ခု မျက်နှာပေါ်တွင် တောက်ပလာသည်။
"ဒါပေမယ့် မင်းက ငါ့စကားကို နာခံပြီး ပြန်ပြောမဲ့ပုံမပေါ်ဘူး။ ငါကြိုးစားအားထုတ်မှုကိုတော့ မဖြုန်းတီးတော့ဘူး။ အဖြေကို မင်းရဲ့ မူလဝိဉာဉ်ထဲမှာပဲ ငါရှာလိုက်မယ်”
စကားပြောပြီးသည်နှင့် ယန်ကျင်းထင်သည် သူ၏အခြားလက်ဖဝါးကို ကျားနတ်ဆိုး၏ဦးခေါင်းပေါ်သို့ ဖိချလိုက်သည်။
နောက်အခိုက်အတန့်တွင် ကျားနတ်ဆိုး၏ မျက်လုံးများ ပြူးသွားကာ ၎င်း၏မျက်နှာသည် ကွဲအက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ဓာတ်လိုက်ခံရသကဲ့သို့ တုန်လှုပ်သွားပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားနေရသည်။ သူ၏ နဖူး၊ လည်ပင်းနှင့် လက်မောင်းတို့မှ သွေးပြန်ကြောများလည်း ပေါက်ထွက်လာသည်။
အချိန်အတော်ကြာပြီးနောက် ကျားနတ်ဆိုးသည် ရုတ်တရက် တုန်ခါသွားလေ၏ ။ ထို့နောက် သူ့ခန္ဓာကိုယ်က လျော့ကျသွားကာ မျက်လုံးထဲမှ အလင်းရောင်သည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ယန်ကျင်းထင်သည် အလောင်းကို လွှင့်ပစ်လိုက်ပြီး သူ့မျက်နှာမှာ အံ့ဩမှုများဖြင့် ပြည့်နေသည်။
“မြေအောက်ဝိညာဉ်လှိုဏ်ဂူ …တကယ်တော့ နဂါးချောက်နက်တောင်တန်းရဲ့ နက်နဲတဲ့ နေရာမှာ ဝှက်ထားတဲ့ မြေအောက် ဝိညာဉ်ဂူတစ်ခု ရှိနေတာပဲ”
“အံ့ဩစရာတော့ မရှိပါဘူး။ကျားမျိူးနွယ်က နဂါးမြို့တော်ထက် သိသိသာသာ အားနည်းပေမဲ့ ငါတို့ကို နှိုးဆော်ဖို့ အစပြုခဲ့တယ်။ မြေအောက် ဝိညာဉ်လှိုဏ်ဂူကို ဖွင့်ဖို့ အဲဒါကို လုပ်ခဲ့ကြတာပဲ။ ဟဲ ဟဲ..သူတို့ရဲ့ နှစ်ရှည်လများ ဆန္ဒကို မဖြည့်ဆည်းနိုင်ခင် အသတ်ခံခဲ့ရတော့ သနားစရာပဲ”
“အရူးအုပ်စုနှစ်စု ဝက်ဝံမျိုးနွယ်နဲ့ စပါးအုံးမျိုးနွယ်စုကတော့ ဘာမှမသိဘဲ ဒီအခြေအနေထဲကို ဆွဲခေါ်ခံလိုက်ရတယ်။ သူတို့ကိုယ်သူတို့ အချည်းနှီးသက်သက် စတေးခဲ့ကြတာပဲ။ အခု ဒီမြေအောက် ဝိညာဉ်လှိုဏ်ဂူက ငါတို့ကို အကျိုးပြုပေးတော့မယ်”
ယန်ကျင်းထင်သည် မျက်လုံးများကို မှိတ်ထားပြီး မြေပြင်ပေါ်တွင် ရပ်နေစဉ် သူ့အမူအရာက ပြောင်းလဲသွားသည်။
ဝူး
အဝတ်အစားများ တဖျပ်ဖျပ်ခတ်သံကို ကြားနေရသည်။ ယန်မိသားစု၏ တပည့်တစ်ဦးသည် ခြံဝင်းထဲသို့ ဝင်လာပြီး ယန်ကျင်းထင်၏ နောက်သို့ အမြန်လိုက်လာသည်။ သူက ဦးညွှတ်လျက် ပြောလေ၏
“အကြီးအကဲယန် ဂူထဲမှာ ခုခံရဲတဲ့ နတ်ဆိုးတွေ အကုန်လုံးကိုတော့ သတ်ပြီးပြီ ။ကျန်တဲ့သူတွေကိုတော့ ဖမ်းထားပြီး အရေးယူဖို့ စောင့်နေပါတယ်”
တပည့်က လေးလေးစားစားပြောသော်လည်း အချိန်အတော်ကြာသည့်အထိ တုံ့ပြန်ခြင်းမရှိပေ။ သူက ပဟေဋ္ဌိဖြစ်သွားလေ၏။ တပည့်က မော့ကြည့်လိုက်တော့ ယန်ကျင်း၏ အေးစက်သောအသံကို ကြားလိုက်ရသည်။
"သူတို့အားလုံးကိုသတ်ပစ်”
"အကြီးအကဲ…”
တပည့်သည် တစ်ခုခုမှားသည်ဟု ထင်မြင်၍ ထိတ်လန့်စွာ ကြည့်နေလေ၏။
ကျားဖြူ လှိုဏ်ဂူ စံအိမ်ကြီး၏ တော်လှန်နေသည့် တပ်ဖွဲ့တွေကို ဖျက်ဆီးပစ် ပြီးပြီပင်။ ကျန်တဲ့ နတ်ဆိုးတွေက ဘာမှ စိုးရိမ်စရာမရှိပေ။ ပုံမှန်လုပ်နေကျက ၎င်းတို့ကို ကျွန်အဖြစ်အသုံးပြုရန် မစေလွှတ်မီ ဖမ်းဆီးပြီး ကျွန်စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းလေ့ရှိသည်။
အသုံးမပြုလျှင်ပင် သူတို့ကို အမြုတေကျောက်တုံး အမြောက်အမြားဖြင့် ရောင်းချနိုင်သည်။
နေကိုးစင်းဂိုဏ်းသည် ကြီးမားသောဂိုဏ်းဖြစ်ပြီး နေရာများစွာတွင် လူအင်အား လိုအပ်နေသည်။ နတ်ဆိုးကျွန်များသည် ရောင်းရလွယ်ကူသည်။
ဒါကလည်း အစကတည်းက ကျားဖြူတောင်တန်းကို ယန်ကျင်းထင် တိုက်ခိုက်ဖို့ အစပြုခဲ့တဲ့ အဓိက အကြောင်းအရင်းပင်။
ကျားဖြူအိမ်တော်ကြီးကို ဖြိုဖျက်ခဲ့တဲ့ ပထမဆုံး ဩဇာကြီးမားသည့် မိသားစုအနေနဲ့ သူတို့မှာ ကျွန်တွေကို ရယူဖို့ နည်းလမ်းများစွာ ရှိသည်။ ကျွန်အချို့ကို သူတို့ကိုယ်တိုင် လျှို့ဝှက် ခေါ်ထားနိုင်သည်။ ဤသည်မှာ နေကိုးစင်းဂိုဏ်းမှ တိတ်တဆိတ်သဘောတူထားတာလည်းဖြစ်သည်။
ယခုမူ ယန်ကျင်းထင်သည် သုံ့ပန်းအားလုံးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။
ယန်မိသားစု၏ ဆုံးရှုံးမှုသည် အကြီးမားဆုံးကိစ္စမဟုတ်ပေ။ နောင်တွင် ဂိုဏ်းကို မည်သို့ရှင်းပြမည်နည်း။
သို့သော် တပည့်စကားမဆုံးခင်မှာပဲ ယန်ကျင်းထင်က လှည့်ကြည့်နေလေ၏ ။ သူက အေးစက်စွာ စိုက်ကြည့်ရင်း တစ်လုံးချင်းပြောလေသည်။
"မင်း ငါ့အမိန့်ကို မကြားဘူးလား။ အကျဉ်းသားအားလုံးကိုသတ်ပစ်..ဘယ်သူ့ကိုမှ အသက်မရှင်စေနဲ့”
တပည့်သည် ယန်ကျင်းထင်၏ အေးစက်သောအကြည့်ကို တွေ့လိုက်ရပြီး ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူက ခေါင်းငုံ့ကာ ကမန်းကတန်း သဘောတူလိုက်သည်။
“ဟုတ်တယ် အကြီးအကဲယန်။ ကျွန်တော် အမိန့်ကို ဖြန်ဝေပေးလိုက်ပါမယ်”
ထိုစကားကို ပြောပြီးသည်နှင့် ခြံဝင်းထဲမှ အမြန်ထွက်လာခဲ့သည်။
ယန်ကျင်းထင်သည် သူ့တပည့် ခြံအဝင်ဝတွင် ပျောက်ကွယ်သွားသောအခါမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူ့အမူအရာက ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။
ရုတ်တရက် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တော့ ချက်ချင်းပင် မီးတောက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် လမ်းကြောင်းအားလုံးကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး ၎င်း၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို လွှမ်းခြုံထားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးမားလှတဲ့ ခြံဝင်းကြီးဟာ မီးပင်လယ် ဖြစ်သွားခဲ့ချေသည်။