← Chapters

သမိုင်းတွင် အမြန်ဆုံး အဆင့်တက်ခြင်း (၁)

Vol. 10 Ch. 159

သမိုင်းတွင် အမြန်ဆုံး အဆင့်တက်ခြင်း (၁)

Vol. 10 Ch. 159

ဖလပ် ဖလပ်

လေ့ကျင့်ရေးအခန်းထဲမှာတော့ အဝတ်အစားတွေ လေထဲမှာ တဖျပ်ဖျပ်ခတ်နေတဲ့ အသံတွေ ထွက်ပေါ်နေသည်။

လင်းရှန်သည် အဆက်မပြတ် လှုပ်ရှားနေလေ၏ ။ သူသည် ကောင်းကင်၌ နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကူးခတ်နေချိန်တွင် အတော်လေး နူးညံ့သိမ်မွေ့နေ၏ ။ အဲ့တာက တော်တော်လည်း လှသည်။

အရှိန်က အထွတ်အထိပ်သို့ရောက်လာသောအခါ လင်းရှန်ပတ်ဝန်းကျင်တွင် နဂါးအရိပ်တစ်ခုပင် ပေါ်လာသည်။ သူ့အရှိန်သည် ရုတ်တရက် မြင့်တက်လာပြီး တိမ်ထဲတွင် ရှိနေသကဲ့သို့ မှုန်ဝါးလာသည်။

အချိန်အတော်ကြာပြီးနောက် လင်းရှန်သည် ရပ်တန့်လိုက်ပြီး အံ့သြသွားခဲ့သည်။

"လမ်းကြောင်းအဆင့် တိမ်တိုက်နဂါး စည်းချက်ရဲ့ အရှိန်က တကယ့်ကို အံ့မခန်းပဲ။ အရိပ်နဲ့ ယှဉ်နိုင်လောက်တဲ့ အရာ မဟုတ်ဘူး”

နဂါးချောက်နက်တောင်တန်းမှ နဂါးမြို့တော်သို့ ပြန်ရောက်ပြီးနောက်တွင် လင်းရှန်သည် ကိုယ်ခံပညာ ကျင့်ကြံမှုတွင် လုံးဝနှစ်မြှုပ်နေခဲ့သည်။

အိုက်ကို စစ်ဆေးဖို့ အိမ်သို့ ပြန်သွားပြီး ကြောင်စာ စည်သွတ်ဘူးတွေ ထားခဲ့တာကလွဲရင် အိမ်ထဲက အိမ်ပြင် မထွက်ပေ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ ကျင့်ကြံမှုနှင့် ခွန်အားတို့သည် ခုန်ပျံကျော်လွှားကာ တိုးတက်လာသည်။

[အမည်: လင်းရှန်]

[စွမ်းရည် :ကျွမ်းကျင်တတ်မြောက်မှု ]

[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း အဌမအဆင့်၊ ၁၂%]

[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း (အထူးကျွမ်းကျင်အဆင့် ၈၃%)၊ အရည်ပျော်

ခြင်း(လမ်းကြောင်းအဆင့် ၁၀%)၊တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ

( လမ်းကြောင်းအဆင့် ၀%)၊ တိမ်တိုက်နဂါးစည်းချက် ( လမ်းကြောင်းအဆင့် ၀%)၊ နေကိုးစင်းနတ်ဘုရားဓား (ပြီးပြည့်စုံခြင်းအဆင့် ၇၅%)၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ပြီးပြည့်စုံခြင်း )၊ အဆီအနှစ်ဓားသွားလက်ချောင်း (ပြီးပြည့်စုံခြင်း )၊ သေခြင်းအတားအဆီး( အထူးကျွမ်းကျင်အဆင့် ၃၄ %)၊လင်းယုန် ဓားနည်းစနစ်

( ကျွမ်းကျင်အဆင့် ၂၁ %) ]

[ကိုယ်ပွားအရေအတွက်- ၆ (၄၉%)]

တိမ်တိုက်နဂါးစည်းချက်သည် လမ်းကြောင်းအဆင့်သို့ရောက်သွားသည့်အပြင် အခြားသောဓားနည်းစနစ်သုံးမျိုးသည်လည်း ပြီးပြည့်စုံခြင်းသို့ရောက်ရှိခဲ့သည်။

ထိုအထဲတွင် နေကိုးစင်း နတ်ဘုရားဓားလည်း ပါဝင်သည်။

ယခုတွင် သူသည် နေကိုးစင်း နတ်ဘုရားဓားကို လမ်းကြောင်းအဆင့်သို့ မြှင့်တင်ရန် လင်းယုန်ဓားနည်းစနစ်ပဲ လိုတော့သည်။

ထို့အပြင် ရွှေကျီးကန်းကျမ်းသည်လည်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။

"ကံမကောင်းတာက အဲ့ဒီကျင့်ကြံနည်းစနစ်ကိုပေါင်းစပ်လို့ မရတာပဲ"

လင်းရှန်က ဝမ်းနည်းသွားသည်။

သို့သော် သူသည် အနည်းငယ် လောဘကြီးနေသည်ဟု တွေးကာ ချက်ချင်း ရယ်မောပြီး ခေါင်းကို ခါလိုက်သည်။

အဆင့်တစ်ဆင့်မြှင့်တင်ဖို့ကိုယ်ခံပညာ နည်းစနစ်များကို ပေါင်းစပ်နိုင်တာနဲ့တင် ကောင်းမွန်နေပြီဖြစ်သည်။ လူတော်တော်များများက ဒါကို လိုချင်ပေမယ့် မရခဲ့ကြပေ။ ဒါကို သူကျေနပ်သင့်သည်။

ထို့အပြင် သူသည် ပြီးခဲ့တဲ့လတွင် ကိုယ်ခံပညာရပ်များကို ကျင့်ကြံရန် ခွန်အားအများစုကို သုံးစွဲခဲ့သော်လည်း သူ၏ လေ့ကျင့်မှုအဆင့်သည် ရပ်တန့်နေခြင်း မရှိခဲ့ဘဲ ကြာရှည်စွာအသက်ရှုခြင်း အဌမအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

“ငါ့ရဲ့ အရည်အသွေး အမှတ်အားလုံးကို ကိုယ်ခံပညာတွေးနဲ့ လဲလှယ်ရတာတော့ ဝမ်းနည်းစရာပဲ။ မူလဆေးလုံးကို လဲလှယ်ဖို့ ငါ့မှာ အပိုကို မရှိတော့ဘူး ။ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံမှု အရှိန်က ဒီထက် ပိုမြန်မှာကို”

လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။

မှတ်သားထိုက်သည့်အချက်မှာ ကောင်းကင်ဘုံ မနာလိုမှု ကိုယ်ပွါး သေဆုံးပြီးသည့်နောက်တွင် သူ၏ကျင့်ကြံအဆင့်ကို တိုးမြှင့်ရန်အတွက် မြွေသစ်ခွကဲ့သို့သော သဘာဝရတနာများကို မစားသုံးတော့ပေ။

သူ့ကိုယ်ပွါးတွေကို အသုံးမပြုချင်တာ မဟုတ်ပေမယ့် ထောင်ကျုံးပိုင်မှာလည်း ရိက္ခာတွေမရှိတော့ပေ။

နောက်ဆုံးတွင် ထိုသို့သောရတနာများကို ပိုင်ဆိုင်သောတပည့်အရေအတွက်ကလည်း အကန့်အသတ် ရှိသည်။ နောက်ဆုံးအကြိမ် ရောင်းဝယ်ဖောက်ကားတုန်းက ထိုကဲ့သို့သော ရတနာများအားလုံးနီးပါးကို လင်းရှန်က ညှစ်ထုတ် ယူပစ်ခဲ့သည်။

သူသည် ထပ်ပြီး အရောင်းအဝယ်ပြုလုပ်လိုပါက အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရပေမည်။ သူသည် တပည့်များ ထပ်စုစည်းမှာကို စောင့်ရအုံးပေမည်။

ဒါတောင် လင်းရှန်က သိပ်ဂရုမစိုက်ပေ။

သူ၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ မြွေသစ်ခွကဲ့သို့သော သဘာဝ ရတနာများ၏ အကျိုးသက်ရောက်မှုများသည် အလွန်လျော့နည်းသွားသည်။ အခုတော့ သူတို့၏ အကျိုးသက်ရောက်မှုက ကိတ်မုန့်ပေါ်မှာ သကြားအမှု့န်ဖြူးသလောက်ပင် ။ သူ့မှာ ထိုအရာတွေ မရှိရင်တောင် အရေးမကြီးပေ။

သူ၏လက်ရှိ ကျင့်ကြံမှုအရှိန်နဲ့ဆို ကိုယ်ပွားအများစုက ကိုယ်ခံပညာများကို

ကျင့်ကြံနေရင်တောင် သူသည် သာမန် တပည့်များထက် များစွာ ပိုမြန်နေသေးသည်။

“ စစ်ပွဲပြီးသွားပြီဆိုတော့ လက်ရှိမှာ ငါ့ရဲ့ တိုက်ခိုက်ရေးအင်အားကို တိုးမြှင့်ဖို့ အလျင်လိုနေစရာ မလိုပါဘူး။ ငါ့ရဲ့ ကိုယ်ခံပညာ ကျင့်ကြံမှုတွေကို လျော့ချပြီး ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ဖို့ ပိုအာရုံစိုက်ရမယ်။"

ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်သည် အစီအစဉ်တစ်ခုကိုဆွဲကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ဇွဲလုံ့လနှင့် ကျွမ်းကျင်တတ်မြောက်မှု ကိုယ်ပွားများသည် ရွှေကျီးကန်းကျမ်းကို ကျင့်ကြံရန် တာဝန်ရှိသည်။ ကျန်လေးယောက်၏ ပင်ကိုယ်စွမ်းရည်များသည် ကိုယ်ခံပညာ ကျင့်ကြံမှုတွင် အကျိုးရှိသောကြောင့် ၎င်းတို့သည် ကိုယ်ခံပညာကို ကျင့်ကြံရန် အာရုံစိုက်ကြရသည်။

သူ့ကိုယ်ပွားအတွက် ကျင့်ကြံရေးမစ်ရှင်များ စီစဉ်ပြီးနောက် လင်းရှန်သည် ခြေဆန့်ကာ အပြင်ထွက်ရန် ပြင်ဆင်ခဲ့သည်။

အိုက်အတွက် ကြောင်အစာ စည်သွပ်ဘူးကကုန်တော့မှာပင် ။ သူမ၏ စားသောက်ခန်းကို ဖြည့်ဆည်းပေးရန် အချိန်တန်ချေပြီ။

"သူမရဲ့ လူသားပုံစံကို ပြောင်းနိုင်ရင် သူ့ဘာသာ ဂရုစိုက်နိုင်ပြီမလို့ သူ့ကို တစ်နေ့လုံး စိတ်ပူနေစရာ မလိုတော့ဘူး။"

အိုက်၏ ကျင့်ကြံမှုအရှိန်သည် သာမန် ဝိညာဉ်ကြောင်များထက် အဆပေါင်းများစွာ ကျော်လွန်နေတာကြောင့် သူမသည် အနည်းဆုံး လေးနှစ်မှ ငါးနှစ်အတွင်း လူသားအသွင်ကို ဆောင်နိုင်မည်ဟု လင်းရှန်က ခန့်မှန်းခဲ့သည်။

အဲဒီအရှိန်က ကြောက်စရာကောင်းနေပြီပင်။

ဝိညာဉ်ရေးရာ သားရဲများစွာရှိသော်လည်း ၎င်းတို့၏ ကျင့်ကြံမှုအမြန်နှုန်းသည် လူသားကျင့်ကြံသူများထက် မြန်သည်မဟုတ်ပေ။

ဘာကြောင့်လဲဆိုတော့ သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကို နိုးကြားဖို့ အချိန်အများစုကို ကုန်ဆုံးခဲ့ရလို့ပင်။

ထို့အပြင် ၎င်းတို့ သားရဲပုံစံများ၏ ချုပ်နှော င်မှုကို ခံကြရပြီး ကျင့်ကြံမှု အရှိန်သည် ပုံမှန်အားဖြင့် နှေးကွေးကြသည်။

သာမန် ဝိညာဉ်သားရဲများ မဆိုထားနှင့်၊ မျက်လုံးဖြူ ကျားနတ်ဆိုးများကဲ့သို့ ရှားပါးသော သွေးသွားများရှိသည့် နတ်ဆိုးများပင်လျှင် ဉာဏ်အလင်းရခြင်း အဆင့်အထိ ကျင့်ကြံရန် အနှစ်တစ်ရာကျော် ကြာသည်။

ထိုအချိန်ဆို အရည်အချင်းရှိသော လူသား ကျင့်ကြံသူအများစုသည် ကျင့်ကြံသူ သခင်များ ဖြစ်လာကြပေလိမ့်မည်။

ထို့အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်၏ စွမ်းအားများသည် လူသားမျိုးနွယ်၏ စွမ်းအားများထက် များစွာ နိမ့်ကျသည်။ ဒါကြောင့်လည်း ၎င်းတို့သည် နှစ်ထောင်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံခဲ့ရပြီး ခေါင်းမထောင်နိုင်ခဲ့ကြပေ။

အကယ်၍ လူသားမျိုးနွယ်သည် စွမ်းအင်အများအပြားကို သိမ်းပိုက်ထားသည့်

မိစ္ဆာဒိဌိနှင့် ရှေးရိုးရာကိုထိန်းသိမ်းသောသူများဟူ၍ နှစ်ဖက် ကွဲပြားခြင်းမရှိပါက ဝိညာဉ်ရေးသားရဲများသည် ဤကမ္ဘာပေါ်တွင် နေထိုင်ရန် နေရာတစ်ခုပင် ဆုံးရှုံးရပေလိမ့်မည်။

အတိုချုပ်ပြောရလျှင် အိုက်၏ ကျင့်ကြံမှုအရှိန်သည် ဝိညာဉ်ရေးသားရဲများကြားတွင် အလွန်ရှားပါးသည်။

သူ့အတွေးတွေ လွင့်နေချိန်မှာ လင်းရှန်က Bအဆင့် ဧရိယာထဲမှာ လမ်းလျှောက်နေသည်။

သူသည် မြေကမ္ဘာအဆင့် တပည့်အဖြစ် အဆင့်မြင့်ခံရပြီးကတည်းက ၎နေအိမ်ကို B အဆင့် သင်ကြားရေးခန်းမှာ ပြေင်းလဲခဲ့သည်။

လမ်းတစ်လျှောက်တွင် တပည့်များစွာက သူ့ကို လက်ညှိုးထိုးပြီး အချင်းချင်း တီးတိုးပြောနေသည်ကို လင်းရှန် သိလိုက်ရသည်။

လင်းရှန် သည် အံ့သြသွားသည်။ နဂါးချောက် တောင်တန်းမှာ တိုက်ပွဲဖြစ်ပြီးတာ တစ်လနီးပါး ရှိနေပြီပင်။ အခုထိ ဒါက မငြိမ်သက်သေးဘူးလား။

သူ အံ့သြသွားစဉ် အသံတစ်ခုကို ကြားလိုက်ရသည်။

"စီနီယာ အစ်ကို လင်း”

လင်းရှန် လှည့်ကြည့်လိုက်တော့ မီတာအနည်းငယ်အကွာမှာ ရပ်နေပြီး သူ့ကို အံ့ဩစွာကြည့်နေသော အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

နှစ်ယောက်စလုံးကို သူ ရင်းနှီးနေပုံရသည်။

အတန်ကြာစဉ်းစားပြီးနောက် ၎င်းတို့နှစ်ဦးသည် ဖီရွန်တောင်ပေါ်တွင် သူတွေ့ဖူးသော ကျန်းဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံ ဖြ စ်ကြောင်း လင်းရှန် အမြန်ပြန်သတိရလာသည်။

All Chapters