ဖီးနစ် သီချင်း။
Vol. 90 Ch. 1247
ယဇ်ပလ္လင် ပေါ်ရှိ လင်းယွန် မျက်နှာမှာ၊ ဖြူဖျော့ နေသည်။ လွန်ခဲ့သော သုံးရက်က၊ နဝမ မြောက် အဆင့်သို့ ရောက်ရှိ ခဲ့ပြီး၊ အနိုင် ယူရန်၊ အကြိမ် (၃၀) ကျော် မက ကြိုးစား ခဲ့သည်။
ဗုံသံ များက အလွန် အစွမ်းထက် သဖြင့်၊ အရိယာ ကောင်းကင်ဓား သည်ပင်၊ ကြာရှည် မခံ နိုင်ချေ။ မယုံ နိုင်စရာ ပေပင်။
အရိယာ ကောင်းကင် ဓားမှာ ကောင်းကင် အဖြစ် ထင်ရှား နေသော်မှ၊ ဗုံသံ များက ခွဲထုတ် ပစ်ခဲ့သည်။
အချိန် အတော်ကြာ ပြီးနောက် သေွးရောင်များ ပြန်လွှမ်းလျက်၊ လင်းယွန် မျက်လုံးများ ပြန်ဖွင့် လာသည်။
“ ဖီးနစ် သီချင်းကို ကျွမ်းကျင် မှပဲ၊ ဒါကို ထပ်ပြီး ကြိုးစား ရမယ်၊ ငါ့ဓား ရည်ရွယ်ချက် တစ်ခု တည်းနဲ့၊ ဗုံသံ တွေကို ရင်ဆိုင်ဖို့ ခက်တယ်။ ”
အကြိမ်ကြိမ် ကျရှုံး သော်လည်း၊ တိုက်ပွဲဝင် ဆန္ဒ များမှာ၊ ပေါက်ပွား နေဆဲ ဖြစ်၏။ မတ်တပ် ထရပ်ပြီး၊ နတ်ကျောက်စိမ်း ဝါးပလွေကို နှုတ်ခမ်းတွင် တေ့လိုက်သည်။
များမကြာခင် ကြီးကျယ် ခမ်းနားသော တေးသွား တစ်ပုဒ် ထွက်ပေါ် လာသည်။ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားမှာ၊ တောက်ပ နေပြီး၊ ဂီတက အရိယာ ကောင်းကင် ဓားကို ခွန်အား ပေးသည်။
ဓား ရောင်ခြည်များ ဖြာထွက် စုပုံ လာ သောကြောင့်၊ သူ့ အောက်ရှိ ယဇ် ပလ္လင်မှာ၊ တုန်လှုပ် လာခဲ့သည်။
များမကြာခင် တေးဂီတနှင့်၊ ဓား ရည်ရွယ်ချက် ကြောင့်၊ မြေပြင်၌ ဖီးနစ် သစ်ပင် ပေါက်ရောက် လာ၏။ မျက်စိ တစ်မှိတ် အတွင်း အမြင့်ပေ (၁၀၀၀) ကျော် အထိ၊ ကြီးထွား လာသည်။
ဖီးနစ် သီချင်းတွင် ကဏ္ဍကြီး ငါးရပ် ပါရှိသည်။ ပထမ ပိုင်းတွင် တောင်ပေါ်ရှိ ဖီးနစ် သစ်ပင်မှာ၊ ကောင်းကင် တစ်ခု လုံးကို လွှမ်းခြုံ ထားသည့် အကြောင်း ဖြစ်၏။
ဒုတိယ အပိုဒ်သည် မိုင်ပေါင်း များစွာ မွှေးပျံ့နေသော ပန်း များနှင့်၊ ပြည့်နှက် လာ သည့်၊ အကြောင်း ပေပင်။
တတိယ အပိုဒ်သို့ ရောက်သော အခါ၊ ဓားရည်ရွယ် ချက်သည်၊ ဖီးနစ် သစ်ပင်နှင့် တောင်ထိပ်အား၊ ဆက်သွယ် ပေးသော ရွှေရောင် တံတား တစ်စင်းကို ဖွဲ့ကျူးခြင်း ဖြစ်သည်။
ပုလွေသံ ပြောင်းလဲ လာ သည်နှင့် အမျှ၊ အရိယာ ကောင်းကင် ဓားမှာ၊ တိမ်ပင်လယ် အဖြစ်၊ ဖွဲ့တည် လာသည်။
စတုတ္ထ အပိုဒ်သို့ အရောက်တွင် လှပသော ငှက် နှစ်ကောင်က၊ ရွှေရောင် တံတား တစ်လျှောက် ပျံသန်း လာပြီး၊ ဖီးနစ် သစ်ပင်ပေါ် ဆင်းသက် လာသည်။
ထိုငှက် နှစ်ကောင် ရောက်ရှိလာ သည်နှင့်၊ အော်ဟစ်သံများ ထွက်ပေါ် လာပြီး၊ မရေမတွက် နိုင်သော ငှက်များက၊ ဦးညွှတ်ရန် လမ်းကြောင်း အမျိုး မျိုးမှ ပျံသန်း လာကြသည်။
“ အောင် မြင် ပြီ။ ”
တေးသံဆုံး သွားပြီး၊ မျက်လုံး ဖွင့်ကြည့် လိုက်သော အခါတွင်၊ နဖူး၌ ချွေးများ သီးနေ ခဲ့၏။ ပလွေကို ဘေးချလျက်၊ စိတ် လှုပ်ရှားစွာ ပြုံးလိုက်သည်။
နောက်ဆုံး၌ အင်ပါ ရီယန် ထိပ်ဆုံး (၁၀၀) ရှိ၊ ဉာဏ်ကြီးရှင် များနှင့် ယှဉ်ပြိုင်ရန် ယုံကြည်မှု ရှိလာပြီ ဖြစ်သည်။
ထိပ်ဆုံး တစ်ရာသည်၊ ဆန္ဒရှိ ပါက ပင်မ နတ်ဘုရား နယ်မြေသို့ ဝင်ရောက် နိုင်၏။ အင်ပါ ရီယန် နယ်ပယ်၌ နေရသည့် အကြောင်း ရင်းမှာ၊ ၎င်းတို့၏ နက္ခတ်ကို အမြင့်ဆုံး အဆင့်သို့၊ ရောက်စေ လိုခြင်း ဖြစ်သည်။
ဤအယောက် (၁၀၀) စလုံးသည် ဂုဏ်ယူ စရာ ကောင်းသော လူများ ဖြစ်၏။ ထို့ကြောင့် ပင်မ နတ်ဘုရား နယ်ပယ်သို့၊ ဝင်ရောက် ချိန် တွင်၊ မြင့်မားသော အဆင့်ကို၊ ရယူ လိုကြ သည်။
လင်းယွန်သည် ခွန်လွန်သို့ ရောက်ရှိ နေ သည်မှာ၊ တစ်နှစ်ပင် မပြည့် သေးချေ။ ထိုလူ များနှင့် နှိုင်းယှဉ်ရန်၊ သူ့ အတွက် မတရား သည်မှာ မြင်သာ နေသည်။
သို့သော် ကျန့်ကျန်းရှန် ပြောသည်မှာ မှန်ချေ၏၊ ရလဒ် သည်သာ၊ အရေးပါ သည်မို့၊ အကြောင်း ပြချက် များကို၊ စိတ်ဝင်စား ကြမည် မဟုတ်ချေ။
တောင်ထိပ်တွင် နေထိုင် သူများ မှသာ တောင်ခြေရှိ လူသေ အလောင်း များကို တွေ့မြင် နိုင်သည်။ ဖီးနစ် သီချင်းမှာ အမှန်ပင် မရိုး ရှင်းချေ။
ရည်ရွယ် ချက်ကို အဆင့် ငါးဆင့် ခွဲခြား ထားပြီး၊ ပင်မ နတ်ဘုရား ကျွမ်းကျင် သူအား နှိမ်နင်းရန်၊ လုံလောက် အောင် အစွမ်းထက် လေသည်။
ဆိုလို သည်မှာ အင်ပါ ရီယန် အဆင့်မှ ထူးချွန် သူများနှင့် ယှဉ်နိုင် ပေ၏။ အရေးကြီး သည်မှာ၊ သူ့ကိုယ်ပိုင် နက္ခတ်ကို မဖွဲ့စည်း ရ သေးခြင်း ဖြစ်သည်။
နက္ခတ် ရှိခြင်း- မရှိခြင်း တို့သည် ခွန်အား အတွက်၊ ကြီးမားသော ခြားနားချက် ဖြစ်စေ၏။ အင်အား ကြီးသော ဂိုဏ်းများမှ တပည့် များနှင့် မတိုက် ဖူးသော ကြောင့်၊ မည်မျှ သန်မာ မည်ကို သူ မသိချေ။
နက္ခတ် အဆင့်သို့ မရောက် ရှိမီ၊ နိမ့်ကျသော ပုံရိပ် များကို၊ ထိန်းသိမ်း ထားရန်မှာ အကောင်း ဆုံး ဖြစ်သည်။
“ ဖီးနစ် သီချင်း ဘယ်လောက် အားကောင်းလဲ ဆိုတာ ... ငါ ကြည့်မယ် ။ ”
လင်းယွန်က သူ့ အတွေး များကို ဖြတ်လိုက်ပြီး၊ မဆိုင်း မတွဘဲ ယဇ်ပလ္လင် ထဲသို့ နတ်ကြယ် ပုလဲများ ပစ်ထည့်၏။ ယဇ်ပလ္လင် ပေါ်၌ မီးလျှံများ တောက်လောင် လာသည်။
“ ငါ အခု ... နဝမ မြောက် အဆင့်ကို အောင်နိုင် ရမယ်။ ”
ကျောက်စိမ်း ပလွေကို ကိုင်ပြီး၊ ပုံရိပ်ယောင် နယ်မြေထဲ လှမ်းဝင် လိုက်ရာ၊ ကျောက်တုံးကြီး တစ်တုံး ပေါ်၌ ရပ်လျက် ပြန်ပေါ် လာသည်။ သူ့ဝ န်းကျင်၌ မီးလျှံများ ဝန်းရံ နေ၏။
ပတ်ပတ် လည်တွင် စစ်ဗုံ ကိုးလုံး ရှိပြီး၊ ဗုံတစ်လုံး စီသည်၊ သူနှင့် ပေ (၁၀၀) အကွာ၌ ရှိ နေ၏။ သူတို့က သူ့အား ဝိုင်းကာ၊ ပိတ်လှောင် လိုက် ကြသည်။
“ တုံ တုံ တုံ ... ။ ”
ဗုံသံများ ထွက်ပေါ် လာသော အခါတွင်၊ ကြောက်ရွံ့ သွားပြီး၊ ပေါ့ပေါ့ ဆဆ ပြုမူရန် မဝံ့ တော့ချေ။
အရိယာ ကောင်းကင် ဓားအား၊ သူ့ခန္ဓာ ကိုယ်ကို ပြည့်စေပြီး၊ ဓား သမုဒ္ဒရာ၌ မီးလျှံများ တောက်လောင် စေလိုက်သည်။
ထိုစဉ် တောက်ပ နေသော ရွှေရောင် အလင်းများက သူ့အား လွှမ်းခြုံ လာသည်။ သူမှ လွဲ၍ ကျန်အရာများ အားလုံး၊ မည်းမှောင် နေ၏။
သို့သော် သူသည်ပင် အချိန် မရွေး ငြိမ်းသွား နိုင်သည့်၊ မီးအိမ် ကဲ့သို့ မှိန်ကျ လာသည်။
“ တုံ ... တုံ ... တုံ ... ။ ”
အသက် ပြင်းပြင်း ရှူလိုက်ပြီး၊ ပလွေအား စတင် တီးမှုတ် လိုက်၏။ ဖီးနစ် သစ်ပင် သည် ဖြည်းညှင်းစွာ ကြီးထွား လာစဉ်၊ ဗုံသံနှင့် အားပြိုင် တော့သည်။
“ တုံ ... တုံ ... တုံ ... ။ ”
ဗုံသံ တိုင်းမှာ လျှပ်စီး ကဲ့သို့၊ မြန်ဆန်လှ သဖြင့်၊ သူ့ကိုယ်သူ ကာကွယ်ရန် ဓားရည်ရွယ် ချက်ကို၊ အချိန်ပြည့် ထုတ်ဖော် ထားရ လေသည်။
အဆုံးတွင် ရက်စက် ကြမ်းကြုတ်သော အရိပ် အယောင်များ၊ ထုတ်လွှတ် ထားသည့် သားရဲကြီး တစ်ကောင်၊ ပျံထွက် လာသည်။
မျက်စိ တစ်မှိတ် အတွင်း ကိုးကောင် အထိ၊ တိုးပွား လာပြီး၊ ဖီးနစ် သစ်ပင်သို့ ပျံသန်း ကြ လေသည်။
“ ဝှစ် ... ။ ”
“ အူး ... ။ ”
သစ်ပင်၏ အကိုင်း အခက် များက၊ နှင်တံများ ကဲ့သို့ ချက်ချင်း လွှဲရိုက်လာ သဖြင့်၊ သားရဲ အော်သံများ ညံလာသည်။
သို့သော် ရက်စက် ကြမ်းကြုတ်သော သားရဲများ ပီပီ၊ ဒဏ်ရာ များကို ဂရု မစိုက်ဘဲ၊ ရှေ့သို့သာ ဆက်၍ တိုးလာ၏။
သစ်ပင် အကိုင်း အခက် များကို၊ ဂီတနှင့် ဓားရည်ရွယ် ချက်က ထိန်းချုပ်ပြီး၊ သားရဲများ အား ဟန့်တား တိုက်ခိုက် ကြသည်။
ပလွေသံ မြင့်တက် လာသည်နှင့် အမျှ၊ သစ်ပင် တစ်ပင်လုံး အပြည့်၊ ပန်းများ ပွင့်လာ ၏။
ပန်းပွင့် များမှ ထွက်သော ရောင်ဝါ ဖိအား ကြောင့်၊ သားရဲ ကိုးကောင် စလုံး လွင့်ပျံသွား ကြသည်။
ပျံသန်း နေစဉ် အရိုး ကွဲအက်သံ ထွက်ပေါ် နေ၏။ ဗုံသံ များမှာ ပို၍ ကျယ်လောင် လာပြီး၊ ကောင်းကင်ကို အမြန်ခွဲ တော့သည်။
“ တုံ ... တုံ ... တုံ ... ။ ”
ရွှေတံတား ပေါ်၌ အက်ကွဲ ကြောင်းများ ချက်ချင်း ထွက်ပေါ် လာပြီး၊ ဓား သမုဒ္ဒရာတွင် လှိုင်းလုံးများ ဖြစ်ပေါ် လာသည်။ ရွှေလူသားနှင့် နဂါး ဓားဝိညာဉ်တို့ သည်ပင်၊ ခံနိုင်ရည် ရှိရန် ခက်ခဲ နေသည်။
“ ခရစ် ... ။ ”
နောက် တစ်စက္ကန့်တွင်၊ ငှက် နှစ်ကောင် ဖီးနစ် သစ်ပင်ပေါ် ဆင်းသက် လာပြီး၊ ဂီတမှာ ကန့်သတ် ချက်သို့ ရောက်ရှိ သွား၏။
ထိုအခါ စစ်ဗုံ ကိုးလုံး ကွဲအက်ကာ၊ ပုံရိပ်ယောင် ကိုးပါး အစီရင် ပြိုပျက် သွားလေ သည်။၏
“ ရှူး ... ။ ”
ယဇ်ပလ္လင် ပေါ်တွင် တောက်လောင် နေသော မီးလျှံ များမှာ၊ ကောင်းကင်သို့ ပျံတက် သွားပြီး၊ လင်းယွန် ခန္ဓာကိုယ် ထဲသို့၊ ဝင်ရောက် လာသည်။
၎င်းက ကြက်သွေးရောင် အလင်း အဖြစ် သူတော်စင် နဂါး ခန္ဓာ ကိုယ်ထံ ပျော်ဝင်ကာ၊ နဂါး ရူရ် များကို တိုးလာ စေတော့သည်။
***