← Chapters

ဓားဂိုဏ်း၏ အရှက် တရား။

Vol. 90 Ch. 1248

ဓားဂိုဏ်း၏ အရှက် တရား။

Vol. 90 Ch. 1248

ကြက်သွေးရောင် အလင်းမှာ၊ ယဇ်ပလ္လင် ပေါ်ရှိ မီးတောက်များ ထဲမှ ပျံထွက် လာခြင်း ဖြစ်သည်။

၎င်းကို စုပ်ယူ ခြင်းသည်၊ နတ်နဂါး ရောင်ဝါအား စုပ်ယူ စဉ်က၊ မြင်ကွင်း မျိုးနှင့် ဆင်တူ၏။ ခန္ဓာကိုယ် တစ်ခုလုံး လျှပ်စီးများ လက်ကာ၊ နဂါး ဟောက်သံ များ ပေါ်ထွက် လာသည်။

တစ်ချိန် တည်းမှာပင်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ လင်းယွန်မှ ဖြာထွက် လာပြီး၊ နဂါး ရူရ် အရေ အတွက် တိုးလာ၏။

ထိုဖြစ်စဉ်သည် နောက်ဆုံး၌ လေးနာရီ ကြာအောင် ဖြစ်ပေါ် နေသည်။ မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင်၊ နဂါး ရူရ်များ မျက်ဆန် အတွင်း တောက်ပ လာ၏။

ခဏ အကြာတွင် လင်းယွန်က သက်ပြင်း ရှည်ကြီးကို မှုတ်ထုတ် လိုက်သည်။

“ ခုနစ်ရာ တောင် ... ။ ”

နဂါး ရူရ် ပမာဏကို စစ်ဆေး ကြည့်ရာ၊ အံ့အားသင့် သွားသည်။ ပုံရိပ်ယောင် ကိုးပါး နယ်မြေ၏ နဝမမြောက် အဆင့်ကို၊ ဖြတ်ကျော် ပြီးနောက်၊ ကြက်သွေးရောင် အလင်းများ အဘယ်ကြောင့် ပေါ်လာ သည်ကို သူ မတွေးတော နိုင်ပေ။

ထိုအလင်းတွင် နတ်နဂါး ရောင်ဝါနှင့်၊ ဆင်တူသော ရှေးခေတ် ရောင်ဝါများ ပါဝင် နေသည်။ ထိုကြောင့် ယဇ်ပလ္လင်ကို အနီးကပ် စစ်ဆေးရန်၊ တိုးကပ် သွားမိ၏။

အဆင့် ကိုးဆင့် စလုံး ကျော်ဖြတ်ပြီး သည့်တိုင်၊ ယဇ်ပလ္လင်၏ အပေါ် ယံကို ထိရုံ မျှသာ ရှိသည်ဟု ခံစား လာရသည်။ ယဇ်ပလ္လင် တွင် အကန့် အသတ်မဲ့ လျှို့ဝှက်ချက် များနှင့်၊ ပြည့်နေ သလို ပေပင်။

ခေါင်းကို ခါယမ်း လိုက်ပြီး၊ အတွေးများ ဖြတ်ချ လိုက်သည်။ နဂါး ရူရ် အရေ အတွက် (၇၀၀) ရရှိလာ လိမ့်မည်ဟု မမျှော်လင့် ထားပေ။

နတ်နဂါး ရောင်ဝါကြောင့်၊ ရူရ် (၅၀၀)ကို ရရှိပြီး ချိန်တွင်၊ နောက်တစ်ဆင့် တက်လှမ်းရန် ခက်ခဲ မည်ဟု ထင်ခဲ့ မိသည်။ အဆုံးတွင်၊ နတ်နဂါး ရောင်ဝါ ဟူသည် အမြဲတမ်း ကြုံတွေ့ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။

ဤအခိုက်တွင် လက်မောင်း ပေါ်ရှိ နဂါး ရူရ်များကို အသက်သွင်း လိုက်သည်။ ထို့နောက် ကြမ်းရှသော စွမ်းအင် များက၊ ကြွက်သား များကို ဖောင်းကား လာစေ၏။

ရူရ် (၇၀၀) ပြည့်သည်နှင့်၊ သူ့ လက်ဖဝါးကို မြှောက်ကာ၊

“ နဂါး ထွက်သက် ... ။ ”

-ဟု အော်ဟစ် လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော ရေဝဲကြီး တစ်ခု လေထဲ ဖြစ်တည် လာ၏။ ရေဝဲတွင် လေ၊ လျှပ်စီးကို ကိုယ်စား ပြုသည့်၊ ရွှေနှင့် ခရမ်း ရောင်၊ တောက်ပ နေသည်။

“ ခရစ် ... ။ ”

ယင်းက ကြောက်မက် ဖွယ်ရာ၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် အဖြစ်၊ လှည့်ပတ် လာပြီး၊ အာကာသ အတွင်း အက်ကြောင်းများ ပေါ်လာ စေ တော့သည်။

လင်းယွန်က လက်ဖဝါးကို ဆုပ်ကိုင် လိုက်သော အခါတွင်၊ လေဟာနယ် တစ်ခုလုံး ကွဲအက် သွားသည်။

ရေဝဲများ ဆက်လက် လည်ပတ် နေပြီး မိုးကြိုး မုန်တိုင်းများ ပြန့်ကျဲ လာ၏။ လျှပ်စီး လက်လာကာ၊ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားသည်။

“ ဒါဆို ... ဒါက နဂါး ထွက်သက်ရဲ့ စစ်မှန်တဲ့ စွမ်းအားပေါ့။ ”

ထိုစဉ်က ဤလှုပ်ရှားမှုကို နဂါး သခင် အသုံးပြု ခဲ့ရာ၊ မည်မျှ အစွမ်း ထက်ကြောင်း သတိရ လာပြီး၊ ပြုံးလိုက် မိသည်။

“ ပျောက် ကွယ် စမ်း ... ။ ”

လက်ကို ဖြန့်ကာ၊ ယမ်းခါလိုက် သည်နှင့် ရေဝဲကြီး ပျောက်ကွယ် သွားသည်။ ဤသည်မှာ သူ့ဆန္ဒ အတိုင်း လှုပ်ရှားမှုကို အသုံးပြု နိုင်ပြီဟု အဓိပ္ပါယ် ရ၏။ သူမျှော်လင့် ထား သလို ပေပင်။ ခွန်းအား သည်သာ အရာရာ ဖြစ်သည်။

ယခင် အချိန် များ၌၊ သူ့ဆန္ဒ အတိုင်း ထိန်းချုပ် နိုင်ခြင်း မရှိချေ။ နဂါး ရူရ် (၇၀၀)ကို ရပြီးနောက်၊ လွယ်ကူ သွားသည်။

ဝှက်ဖဲ အဖြစ်၊ အရိယာ ကောင်းကင် ဓား၊ ဖီးနစ် သီချင်း အပြင်၊ နေလ လက်သီး လည်း ရှိနေ ပေပြီ။

နေလ လက်သီး၏ လိုအပ် ချက်မှာ၊ မြင့်မားလှ သဖြင့်၊ နက္ခတ် အဆင့် ရောက်မှ သာလျှင်၊ ၎င်းကို စမ်းကြည့် နိုင်မည်။

“ ဖျစ် ... ။ ”

ထိုအချိန်တွင် ကောင်းကင်မှ လျှပ်စီး တစ်စင်း ဆင်းသက် လာသည်။ ဤသည်မှာ ကျန့်ကျန်းရှန် ဖြစ်၏။

သူ့ဘေးတွင် ဖုန်းကျွယ်အား မမြင် ရတော့ချေ။

“ အစ်ကိုဖုန်း မပါ ဖူးလား။ ”

“ စိတ်မပူ ပါနဲ့၊ မင်းရဲ့ စီနီယာ အစ်ကိုကို၊ ကျေးဇူးတင် လိုက်ပါ၊ သူက တော်တော် သနား စရာ ကောင်းတယ်။ ”

ကျန့်ကျန်းရှန်မှာ ရက်စက်လွန်း သဖြင့်၊ လင်းယွန် နှုတ်ခမ်းများ လှုပ်ယမ်း သွားသည်။ အစ်ကို ဖုန်း ဆင်းရဲ သွားသည်မှာ၊ သူ့ကြောင့် ပင် မဟုတ် ပေလော။

“ သူ့ အတွက် စိတ်ပူတယ်။ ”

“ ဟား ... ဟား ... ဟား ... ၊ ငွေလမင်း မျက်နှာ ဖုံးက၊ သူ့ဆီ ကနေ လာတယ် ဆိုတာ ငါသိ ထားတယ်၊ မင်း ကမှ ငါ့ ထက်တောင် ပိုရက်စက် ပါသေးတယ်။ ”

ကျန့်ကျန်းရှန်မှ ရယ်မောကာ၊ ပြန်ပြော လာ၏။

“ ဓားဂိုဏ်းရဲ့ တပည့်တွေ ရောက်လာပြီ၊ ဒါကြောင့် ... မင်း အစ်ကို ကြီးက သွားကြည့်ဖို့ လိုတယ်။ ”

ကျန့်ကျန်းရှန် စကားကြောင့်၊ လင်းယွန် အံ့ဩ သွား၏။ သွေ့ရော် ကျွန်းသည် ဓားဂိုဏ်းမှ တပည့် များကိုပင်၊ ဆွဲဆောင် နိုင်ပေသည်။

ထို့ကြောင့် အခြား အင်အားကြီး ဂိုဏ်း၊ မည်မျှ များများ ရောက်ရှိလာ နိုင်မည်ကို၊ တွေး မရချေ။

ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၏၊ အုပ်စိုးရှင် တစ်ပါး ဖြစ်သော၊ ကောင်းကင်ယံ ဂိုဏ်းမှ တပည့် များလည်း၊ ထိုနေရာတွင် ရှိ နိုင်မည်။

“ ဘာလို့ မသွား တာလဲ။ ”

လင်းယွန်က မေးသည်။ ဓားဂိုဏ်း၏ လက်အောက်ခံ အင်အားစု တစ်ခု အနေဖြင့်၊ ကျန့်ကျန်းရှန်မှာ ၎င်းတို့အား တွေ့ဆုံရန် သွားသင့် ပေသည်။

“ သူတို့ အားလုံးက ကြက်သွေးရောင် ကောင်းကင် တောင်ထိပ် ကပဲ၊ ငါ သူတို့ကို ဘယ်တုန်း ကမှ မကြိုက်ဘူး။ ”

ကျန့်ကျန်းရှန်မှ အထင် အမြင် သေးသော အမူ အရာဖြင့်၊ ပြန်ဖြေ လာသည်။

“ ဂိုဏ်းချုပ်က ဘယ်တောင်က မို့လဲ။ ”

“ အရိယာ ကောင်းကင် တောင်ထိပ်၊ ကောင်းကင် ကိုးပါးကို အစွဲ ပြုပြီး၊ ဓားဂိုဏ်းမှာ တောင်ထွတ် ကိုးခု ရှိတယ်၊ အရိယာ ကောင်းကင်၊ ...

... ကြက်သွေးရောင် ကောင်းကင်၊ မြစိမ်းရောင် ကောင်းကင်၊ မိုးပြာ ကောင်းကင်၊ တော်ဝင် ကောင်းကင်၊ အလင်း အမှောင် ကောင်းကင်နဲ့၊ ရွှေရောင် ကောင်းကင် တို့ပဲ၊ ...

... ဂိုဏ်းချုပ်က ကြက်သွေးရောင် ကောင်းကင် တောင်ထိပ် သခင် ဖြစ်တာ ကြောင့်၊ တပည့် တိုင်းက အဲ့ဒီ တောင်ထိပ်ကို ဝင်လို ကြတယ်။ ”

ကျန့်ကျန်းရှန် စကားတွင်၊ အမြင့်ဆုံး ကောင်းကင် နှစ်ခု ကျန်နေ သေးမှန်း၊ လင်းယွန် သတိထား မိလိုက်သည်။

“ ကျန်တဲ့ တောင်ထိပ် နှစ်ခု ကရော ... ။ ”

“ သူတို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) လောက်က၊ ခုတ်ပိုင်း ခံလိုက် ရတယ်၊ ဒါဟာ ဓား ဂိုဏ်းရဲ့ အရှက် တရား ပါပဲ၊ ...

... ဒီနေ့ ခေတ်မှာ တပည့် တိုင်းက၊ ဂိုဏ်းရဲ့ တောင်ထိပ် ခုနစ်လုံး ကိုသာ သိကြ တော့တယ်၊ တောင်ကိုးလုံး ရှိခဲ့မှန်း မသိကြ တော့ဘူး။ ”

“ ဘာလို့လဲ။ ”

“ မင်း ... ဒီအကြောင်းကို ... ၊ မကြာခင် သိလာ ရမှာပါ၊ အဲ့ဒီ အချိန်က စပြီး၊ ဓားဂိုဏ်းက သန့်ရှင်းသော နယ်မြေ အဖြစ် ကနေ၊ ဆင်းပေး လိုက်ရတယ်။ ”

ဤအရှက် တရားသည်၊ အနည်းငယ် လွန်လွန်း သောကြောင့်၊ အံ့သြ သွား မိ၏။ ထိုမျှ တန်ခိုး ကြီးသော၊ ဂိုဏ်း တစ်ဂိုဏ်းကို၊ မည်သူမှ စော်ကား ခဲ့ သည်အား သိချင် လာ၏။

“ ဒါ ... ဘယ်သူ လုပ်တာလဲ။ ”

ထို့ကြောင့် လင်းယွန်မှ မေးမိသည်။

“ ဓားဧကရာဇ် ယုချင်းဖန် ”

ဧကရာဇ် ကိုးပါးသည် အလွန် တန်ခိုး ကြီးကြောင်း၊ ခွန်လွန် ရောက်ချိန်မှ စကာ၊ ကြား သိခဲ့သည်။

ဧကရာဇ် တစ်ပါး တည်းဖြင့်၊ မြင့်မြတ်မြေ တစ်ခု လုံးကို အနိုင်ယူ နိုင်ခဲ့ သည်မှာ၊ မယုံနိုင် စရာ ပေပင်။

ကျန့်ကျန်းရှန်မှ ထိုအကြောင်းကို ထပ်ပြောရန်၊ ဆန္ဒ မရှိမှန်း သိလိုက် သဖြင့်၊

“ သွေ့ရော် ကျွန်း ဖွင့်ဖို့၊ ဘယ်လောက် ကြာဦး မလဲ။ ”

-ဟု ခေါင်းစဉ် ပြောင်းလဲ လိုက်ရသည်။

“ လဝက် ... ။ ”

ကျန့်ကျန်းရှန်မှ ပြန်ဖြေ၏။

“ သွေ့ရော် မဟာ သူတော်စင် ဆိုတာ၊ တောင်ပိုင်း ဧကရာဇ် တပည့်ပဲ၊ တောင်ပိုင်း ဧကရာဇ်ရဲ့ ရတနာ သုံးပါးက၊ သူ့မှာ ရှိတယ်လို့၊ ထင်ကြေး ရှိတယ်၊ ဒါပေမယ့် ...

... သွေ့ရော် ကျွန်းက ... ၊ ရှေးဟောင်း အပျက် အစီး နယ်မြေ တစ်ခုပါ၊ မဟာ သူတော် စင်ရဲ့ အမွေ အပြင်၊ အခြား ရတနာ တွေလည်း ရနိုင်တယ်၊ အကောင်းဆုံး ရတနာက ...

... မဟာ သူတော်စင်ရဲ့၊ သူတော်စင် မူလ ပုလဲပဲ၊ ဒါပေမယ့် သွေ့ရော် နက်ရှိုင်းခြင်း သော့ ရှိတဲ့ လူသာ၊ ဒါကို ရနိုင် တယ်လို့၊ ငါကြား မိတယ်။ ”

ထိုစကားကြောင့် လင်းယွန် နှလုံးသား လှုပ်ခါ သွားသည်။ သစ်သား သော့သည် အရေး ပါပုံ ရ၏။

လင်းယွန်မှ မဟာ သူတော်စင်ကို၊ စိတ်ဝင် စားမှန်း မြင်သဖြင့်၊

“ သူတော်စင် တွေသာ ... မဟာ သူတော်စင်ရဲ့၊ သူတော်စင် မူလ အရင်း အမြစ် ကို၊ သန့်စင် နိုင်တယ်၊ မင်း သန့်စင် ချင်ရင်တော့ အနည်းဆုံး ...

... လောက နိယာမ နယ်ပယ်မှာ၊ ရှိနေ ရမယ်၊ ဒါကြောင့် မင်း ရလည်း၊ အကျိုး မရှိဖူး၊ ဓားဂိုဏ်း ကိုသာ လွှဲပေး သင့်တယ်။ ”

လင်းယွန်မှ ဆိတ်ဆိတ် နေလိုက်၏။ သူတော်စင် တစ်ပါး ဖြစ်ချိန်၌ ခန္ဓာ ကိုယ်မှာ၊ ပုပ်ပွသွား တော့မည် မဟုတ်ချေ။

အချိန်ကြာ လာသည်နှင့် အမျှ၊ ၎င်းတို့၏ ကျင့်ကြံ မှုကြောင့်၊ သူတော်စင် မူလ ပုလဲကို၊ ထင်ရှား လာ စေမည်။

လူတစ်ဦး၌ လုံလောက်သော အရည် အချင်းမျိုး မရှိ ပါက၊ ထိုသူတော်စင် မူလ အရင်း အမြစ်ကို အသုံး ပြုကာ၊ သူတော်စင် ဖြစ် လာသည် အထိ၊ စွမ်းဆောင် နိုင် ပေမည်။

တောင်ပိုင်း ဧကရာဇ်၏ တပည့် တစ်ဦး အနေဖြင့်၊ သွေ့ရော် မဟာ သူတော်စင် ကြီးမှ ချန်ထားသော အရာမှာ၊ အခြား သူတော်စင် များထက် သဘာဝ အားဖြင့်၊ ပို၍ အဖိုး တန်သည်။

ယခု ချိန်၌ မသန့်စင် နိုင်သော်လည်း၊ အနာဂတ်တွင် အသုံးချ နိုင်သည်။ သို့သော် ဓား ဂိုဏ်းကို မပေးဘဲ၊ ထိန်းသိမ်း ထား ပါက၊ ဒုက္ခလည်း ဖြစ်ပေ လိမ့်မည်။

“ သူတော်စင် မူလ ပုလဲကို မေ့လိုက်ပါ၊ နတ်ကြယ် ပုလဲ ငါးသန်း ဘယ်လို ရနိုင် မလဲ ဆိုတာကို၊ စဉ်းစားတာ ပိုလက်တွေ့ ကျမယ်၊ ...

... မင်းရဲ့ စီနီယာ အစ်ကို ဆီကနေ ... ၊ လိမ်ညာ ယူဖို့ မစဉ်းစား တော့နဲ့၊ သူ့ကို ရောင်း ရင်တောင်၊ နတ်ကြယ် ပုလဲ ငါးသန်း မရနိုင် တော့ဘူး။ ”

ကျန့်ကျန်းရှန်မှ ပြုံးကာ ပြောသည်။ ၎င်းအရှက်မဲ့ မှုမှာ ဩချ ရပေမည်။ သူ သည်သာ နဂါး မူလ ပုလဲ (၇)လုံးကို မယူခဲ့ ပါက၊ အစ်ကို ဖုန်းမှ ၎င်းတို့အား ငါးသန်းဖြင့်၊ လဲလှယ် နိုင်မည် ဖြစ်သည်။

***

All Chapters