မင်း ဘယ်သူ လဲ။
Vol. 90 Ch. 1249
ဖုန်းကျွယ်မှာ အလွန် သနား စရာ ကောင်းသော အခြေ အနေတွင် ရှိနေ ခဲ့ပြီး၊ နတ်ကြယ် ပုလဲ ငါးသန်း မရှိသည့် အတွက်၊ လင်းယွန်ကို လိုက်ရှာမည် မဟုတ်ပေ။
နတ်ကြယ် ငါးသန်းသည် သူ့အတွက် အရေးတကြီး လိုအပ် နေပြီး၊ နက္ခတ် အဆင့်သို့ မတက်ရောက် နိုင်ပါက၊ ထိပ်တန်း ပါရမီရှင် များနှင့် ရင်ဆိုင်ရန် အခက် အခဲ ဖြစ်ပေမည်။
“ သွေ့ရော် ကျွန်းမှာ၊ နတ်ကြယ် ပုလဲ ငါးသန်း ရမဲ့၊ နည်းလမ်း ရှာရမယ်။ ”
လင်းယွန်က သက်ပြင်းချကာ ညည်းတွား လိုက်သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ပြင်ဆင်မှု အများကြီး လုပ်ထားပြီး ဖြစ်သဖြင့်၊ ပါရမီရှင် များကို ရင်ဆိုင်ရန် အချိန် တန်ပြီ ဖြစ်သည်။
ကျန့်ကျန်းရှန်အား ယဇ်ပလ္လင်၏ လျှို့ဝှက်ချက် များကို မေးမြန်း မိသည်။ ယင်းက သူ ထင်ထား သည်ထက် လျှို့ဝှက် နေကာ၊ ၎င်းသည်ပင် အကုန် အစင် မသိ ရှိချေ။
“ မင်း ... ဘယ်အချိန် ဓား သူတော်စင် တောင်ထဲကို ဝင်မို့၊ ရည်ရွယ် ထားလဲ။ ”
အရိယာ ကောင်းကင် ဓား ရရှိ သွားပြီ ဖြစ်ရာ၊ သဘော တူညီချက် အတိုင်း၊ အချိန် မရွေး ဝင်ရောက် နိုင်မည် ဖြစ်သည်။
“ သွေ့ရော် ကျွန်းက ပြန်လာတဲ့ အချိန်။ ”
လင်းယွန်မှ ကျန့်ကျန်းရှန် စကားကို ပြန်ဖြေသည်။ ၎င်းကို ရယူ ရာ၌ ခရမ်းငယ်၏ အကူအညီ အချို့ လိုအပ်မည် ဖြစ်သည်။
ယဇ်ပလ္လင်မှ ထွက်ခွာ ပြီးနောက်၊ ဓား သူတော်စင် တောင်ထံ၊ လှည့်ကြည့် မိပြန်သည်။ တပည့် များစွာက တောင်ခြေရှိ၊ စင်မြင့် ပေါ်တွင်၊ ကျင့်ကြံ နေပေသည်။
သူ့ကြောင့် ခေါင်းလောင်းသံ ထွက်ချိန် ကတည်းက၊ ဤစင်မြင့်သည် ဂိုဏ်းအတွက်၊ သန့်ရှင်းသော မြေ ဖြစ်လာ ခဲ့သည်။
အကြွင်း အကျန် တာအို လှိုင်း များကို ဤနေရာ၌ လူတိုင်း ခံစား နိုင်၏။ သူ့အား မြင် သည်နှင့်၊ တပည့် များက လေးစားစွာ မော့ကြည့် ကြသည်။
လက်ရှိ အချိန်၌ လင်းယွန်၏ အမည် ကျော်ကြားမှုသည် ယဲ့ဇီလင်အောက် မလျော့ တော့ချေ။
စင်မြင့်ပေါ် လျှောက်လှမ်း နေစဉ်၊ နှုတ်ဆက်လာ သူတိုင်းကို ခေါင်းညိတ် ပြလိုက် သည်။
ကြုံတွေ့ နေရသော အခက်အခဲ များကို လမ်းညွှန် ပေးရန်၊ တောင်းဆို လာသူ များအား စိတ်ပါ လက်ပါ ကူညီ ပေးမိ၏။
ယခု အချိန်၌ အရိယာ ကောင်းကင်ဓား ကိုပင်၊ နားလည် နေပြီ ဖြစ်ရာ၊ အကြီး အကဲ အချို့ ထက် ပိုမြင် နိုင်သည်။
ထို့ကြောင့် တပည့်ငယ် များ၏ မေးခွန်း များကို ဖြေကြား ရန်မှာ၊ သူ့အတွက် သဘာဝ အတိုင်း၊ ပြဿနာ မဟုတ် တော့ပေ။
ဤအခိုက် အတန့်တွင်၊ ဓား သူတော်စင် တောင်အဝင် ဝမှ ငြင်းခုံ နေသံ အချို့၊ ထွက်ပေါ် လာသည်။ ကျန်းလိချန်နှင့် မျက်နှာစိမ်း လူငယ် အချို့၊ ငြင်းခုံ နေခြင်း ဖြစ်၏။
မျက်နှာစိမ်း လူငယ် များမှာ၊ အဖြူရောင် ဝတ်ရုံကို ဆင်မြန်း ထားသည်။ သူတို့ ဝတ်ရုံတွင် တိမ်မြူများ ရစ်သိုင်း နေသည့်၊ ဓားတစ်လက် အား ဖျပ်ခနဲ မြင်လိုက် ရသည်။
ဆိုလို သည်မှာ ထိုတံဆိပ်ကို ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ ရေးထွင်း ထားခြင်း ဖြစ်၏။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
လင်းယွန်က မေးမိသည်။
“ သူတို့က ဓားသူတော်စင် တောင်ကို တက်ချင် နေတဲ့၊ ဓားဂိုဏ်းရဲ့ တပည့် တွေပါ၊ ညီအစ်ကို တွေနဲ့ အဆင် မပြေလို့၊ စီနီယာ အစ်ကို ကျန်း ကိုယ်တိုင်၊ ဝင်တား နေရတာ ... ။ ”
“ ဓားသူတော်စင် တောင်က ကန့်သတ် နယ်မြေပဲ၊ ဓားဂိုဏ်းရဲ့ ... တပည့်တေွ ဆိုရင် တောင်၊ ဒီလို လုပ်လို့ မရဘူး။ ”
“ ဂိုဏ်းချုပ်လည်း မရှိဘူး၊ သူတို့ကို ဘယ်လိုလုပ် ဝင်ခွင့် ပေးနိုင် မှာလဲ။ ”
တပည့် များမှ၊ တစ်ယောက် တစ်ပေါက် ဝင်ပြော လာသည်။ ဓားဂိုဏ်း၏ တပည့် များကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သဖြင့်၊ လင်းယွန် မျက်လုံးများ မှေးကျဉ်း သွားသည်။
“ ငါတို့က ဓား သူတော်စင်တောင် အတွက် ဒီကို လာတာ။ ”
“ စိတ်မပူ ပါနဲ့၊ အကြီးအကဲ တေွက ဂိုဏ်းချုပ်ကို သွားရှာ နေပါပြီ၊ ဂိုဏ်းချုပ်က ခွင့်ပြုရင်၊ ငါ မင်းတို့ကို တားမှာ မဟုတ်ဘူး။ ”
ကျန်းလိချန်က လေးလံသော အသံဖြင့် ပြန်ပြော မိ၏။ သူ့ လေသံ၌ စိတ်ပျက်မှုကို အတိုင်းသား မြင်နေ ရသည်။
“ မင်းတို့ အကြီး အကဲ တွေကို သွားပြောတာ တော်တော် ကြာနေပြီ။ ”
“ ဟုတ်တယ် ... ၊ ငါတို့က ဓားဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လို့၊ ဒီတောင်ကို တက်ဖို့ အရည် အချင်း ရှိတယ်၊ တိမ်လွှာဓား ဂိုဏ်း ဆိုတာက၊ ဓားဂိုဏ်းရဲ့ လက်အောက်ခံ ဆိုတာ မမေ့ ပါနဲ့။ ”
“ ဒီလျှပ်စီး တိမ်လွှာဓား ဂိုဏ်းမှာ၊ ရှိတဲ့ အရာရာကို ဓားဂိုဏ်းက ပေးထားတာ၊ ငါတို့ သွားလို့ မရတဲ့ နေရာ ဆိုတာ မရှိဘူး။ ”
ဓားဂိုဏ်း၏ တပည့် များက အေးစက်စွာ ဝင်ပြော လာသည်။
“ ဓားသူတော်စင် တောင်ကို ဖွင့်ဖို့ မလွယ်ဘူး၊ လျှပ်စီးတိမ်လွှာ ဓားဂိုဏ်းရဲ့ တပည့် တွေတောင်၊ တစ်ကြိမ်ပဲ အခွင့် အရေး ရှိတယ်၊ မင်းတို့တွေ ဝင်ချင်လည်း ဂိုဏ်းချုပ် မရှိရင်၊ မဖြစ် နိုင်ဘူး။ ”
ကျန်းလိချန်မှ ထပ်ရှင်း ပြ၏။
“ မင်းရဲ့ စေတနာ အတွက်၊ ကျေးဇူးတင် ပါတယ်၊ ဒါပေမယ့် ... တစ်ခုတော့ မှတ်ထားပါ၊ ဂိုဏ်းခွဲရဲ့ တပည့် တွေက၊ ပင်မ ဂိုဏ်းရဲ့ တပည့် တေွကို၊ ယှဉ်နိုင်တဲ့ အရည် အချင်း မရှိဘူး။ ”
ထိုစကားကို ပြောလာ သူမှာ၊ ဆံပင် တိုတိုနှင့် လူငယ် တစ်ဦး ဖြစ်၏။ သူ စကား ပြောလာသော အခါတွင်၊ အခြားသော တပည့် များမှာ၊ နှုတ်ဆိတ်သွား ကြသည်။
သူတို့သည် သွေ့ရော် ကျွန်း အတွက်၊ ဤနေရာသို့ လာခြင်း ဖြစ်၏။ ထို့ကြောင့် နိမ့် ကျသော ပုံရိပ်ကို ထိန်းသိမ်း ထားရန် လိုအပ် သော်လည်း၊ ၎င်းကို မေ့သွား ပေပြီ။
“ မင်း ဘာပြောချင် တာလဲ။ ”
ကျန်းလိချန်မှာ ဒေါသ ထွက်လာ တော့သည်။ ဤလူငယ်၏ စကား များသည် အနည်းငယ် လွန်လွန်း ပေ၏။
“ ငါ ဘာကို ဆိုလို တာလဲ ... ၊ မင်း သိပါတယ်၊ ထွက်သွား ... ၊ ငါတို့ ဓားသူတော်စင် တောင်ကို တက်မယ်၊ မင်း ဂိုဏ်းချုပ်က အရမ်း ကြာတယ်၊ တောင်ကို မြန်မြန် ဖွင့်ပေးဖို့ သွားပြောချေ။ ”
“ ဘယ်လိုတောင် ရိုင်းပျ လိုက်လဲ။ ”
ဂိုဏ်းချုပ်ကို စော်ကားလာ သဖြင့် ကျန်းလိချန်မှာ သည်းမခံ နိုင်တော့ချေ။
“ ရိုင်းပျတယ် ဟုတ်လား၊ ကောင်လေး မင်းက တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့်ကြီး ဖြစ်နေ လို့၊ ဒီလို ပြောခွင့် ရှိတယ် မထင်နဲ့၊ အစ်ကို ချင်းတန်၊ ငါ သူ့ကို သင်ခန်းစာ တစ်ခု သင်ပေး ရမလား ... ။ ”
ဓားဂိုဏ်း၏ တပည့် ခုနစ်ဦး အနက်မှ တစ်ဦးက ဝင်ရောက် ပြောဆို လာပြန်သည်။ အစ်ကို ချင်းတန်ဟု အမည်ခေါ် ခံရ သူက၊
“ စောင့်ရတဲ့ အတွက်၊ ငါလည်း စိတ်ဆိုးတယ်၊ ဒီတော့ ငါ့ ညီရဲ့ တိုက်ခိုက် မှုကို ဆယ်ကြိမ် တိတိ တားနိုင်ရင်၊ ငါတို့ စွန့်လွှတ် လိုက်မယ်၊ ဘယ်လို ထင်လဲ။ ”
“ ဆယ်ကြိမ်လား၊ မင်း ငါ့ကို အထင်သေး နေတာပဲ။ ”
ကျန့်ကျန်းရှန်မှ ဒေါသ တကြီး ပြုံးလိုက်ပြီး၊
“ ကောင်းပြီ ... ဆယ်ကြိမ် တိုက်ပါ၊ ပင်မ ဂိုဏ်းရဲ့ တပည့် တစ်ယောက်က၊ ဘယ်လောက် အရည် အချင်း ရှိလဲ၊ ကြည့်ပါ ရစေ။ ”
စကား ဆုံး သည်နှင့် တပြိုင်နက် ဓား ရောင်ဝါအား ထုတ်ဖော်ပြီး ရိုက်ချ လိုက်ရာ၊ ကျန့်တင်း တစ်ယောက် အနည်းငယ် အံ့သြ သွားသည်။
“ မဆိုးဘူး၊ ဒါပေမယ့် ... ငါ့ကို ရင်ဆိုင်ဖို့ မလုံလောက် သေးတာ အမှန်ပဲ ... ။ ”
မထီ မဲ့မြင် နိုင်သော အပြုံးကို ထုတ်ဖော်ပြီး၊ လက်ဖဝါးဖြင့် ပြန်ရိုက် လာသဖြင့်၊ ကျန်းလိချန် တစ်ယောက် အဝေးသို့ လွင့်စင် သွားရသည်။
၎င်းတို့ ကြားတွင် ကြီးမားသော ကွာဟချက် ရှိနေ သည်မှာ ထင်ရှား၏။
“ မင်း ... အားနည်း နေသေးတယ်။ ”
ကျန့်တင်းမှ ရယ်မော လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ လက်ဖဝါး နှစ်ဖက်ကို ခြေသည်းများ ကဲ့သို့ ကုပ်ဆွဲ လိုက်သည်။
“ ခရစ် ... ။ ”
လေဟာနယ် အက်ကွဲ သွားပြီး၊ ကျန်းလိချန်အား ကြောက်မက်ဖွယ် အခြေ အနေသို့ တွန်းပို့ နိုင်လိုက်၏။ သည့်နောက် အကြိမ် အနည်းငယ် ဖလှယ် ကြသည်။
“ ဆယ်ကြိမ် မြောက် ရောက်ပြီ။ ”
ကျန့်တင်းက ပြုံးကာ သတိ ပေး လိုက်သည်။ ပြီး လက်ဖဝါးကို တွန်းထုတ်ရာ၊ ကြယ် စွမ်းအင် များက၊ မုန်တိုင်း တစ်စင်းလို ပေါက်ကွဲ သွား၏။
သူ့ တိုက်ခိုက်မှုကို ရင်ဆိုင် လိုက် ရသော ကျန်းလိချန်မှာ၊ သတိ မမူဘဲ မနေ ဝံ့တော့ချေ။ ကံကောင်း စွာဖြင့် နတ်နဂါး အငွေ့ အသက်ကို သန့်စင် နိုင်ခဲ့ သည်မှာ၊ ကျေးဇူးတင် စရာ ပေပင်။
လက်နှစ်ဖက်က လေထု အလယ် ရိုက်မိသွားပြီး၊ ကျန်းလိချန်မှာ ခြေလှမ်း ဆယ် လှမ်းခန့် နောက်ပြန် ဆုတ် လိုက်ရသည်။
ကျန့်တင်း မှာမူ၊ သုံးလှမ်း ခန့်သာ ဆုတ်ခွာလိုက် ရ၏။ ဓားများ နက္ခတ် များကို မသုံး ကြသဖြင့်၊ အနိုင် အရှုံးမှာ၊ မပြတ်သား ခဲ့ချေ။
“ ကျန့်တင်း ... ၊ မင်းရဲ့ ခွန်အား မျိုးနဲ့ တခြား လူတွေကို သင်ခန်းစာ ပေးချင် နေသေး တာလား။ ”
ချင်းတန်မှ အေးစက်စွာ ငေါက်လိုက်သည်။ ထိုစကားကြောင့် ကျန့်တင်း မျက်နှာ ပျက်ယွင်း သွားသည်။
တိုက်ပွဲတွင် အသာစီး ရခဲ့ သော်လည်း၊ ပြိုင်ဘက်ကို ပြတ်ပြတ် သားသား အနိုင် မယူ နိုင်ခဲ့ချေ။
“ ဟိတ် ... ။ ”
အလင်းတန်း အသွင် ပြောင်းကာ၊ သူ့ နေရာမှ ပျောက်ကွယ် သွားသည်။ ဆယ်ကြိမ် ပြည့်သွား သော်မှ၊ ထပ်မံ ရောက်ရှိ လာသော ကျန့်တင်းကြောင့်၊ ကျန်းလိချန်မှာ မျက်လုံး ပြူးသွားသည်။
သည်တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင် ရပါက သူ ရှုံးရပေ လိမ့်မည်။ ဓားကို ဆွဲသော် ပြဿနာမှာ ပိုမို ကြီးထွား လာနိုင်၏။
ကျန်းလိချန် တစ်ယောက် မည်သို့ ဆက်လုပ်ရ မည်ကို ဆုံးဖြတ်ချက် မချ နိုင်ခင်၊ ဓားရောင်ဝါ တစ်ခု ပြိုကျ လာပြီး၊ ကျန့်တင်း အား အဝေးသို့၊ ပြန်လည် တွန်းထုတ် ပစ်သည်။
ထို့ကြောင့် ချင်းတန်က ကျန့်တင်းအား ဖမ်းထိန်းပေး လိုက်ရပြီး၊ ကျန်းလိချန် ရေှ့တွင် ရပ်နေသော လူငယ်ထံ ကြည့်ကာ၊
“ မင်းလည်း တိမ်လွှာဓား ဂိုဏ်းရဲ့၊ တပည့် တစ်ယောက် ပဲလား။ ”
-ဟု မေးမြန်း လိုက်သည်။
“ တိမ်လွှာ ဓားဂိုဏ်းရဲ့ လင်းယွန်။ ”
လင်းယွန်မှ ပြုံးကာ ပြန်ဖြေ၏။
“ သူက လင်းယွန်လား ... ၊ ဒါဆို ငါတို့ ကြားခဲ့ ရတဲ့၊ တိမ်လွှာဓား ဂိုဏ်းရဲ့၊ ပါရမီရှင် ပေါ့။ ”
သူ့ အမည်ကို ကြားသော အခါတွင်၊ ဓားဂိုဏ်း၏ တပည့်များ အားလုံး စိတ်ဝင် တစား ကြည့်လာ ကြတော့သည်။
***