← Chapters

မင်း အတွက်တော့ ချွင်းချက်ပဲ။

Vol. 90 Ch. 1250

မင်း အတွက်တော့ ချွင်းချက်ပဲ။

Vol. 90 Ch. 1250

သူတို့ မရောက်ခင်မှာ ဓားခန်းမ၏ အတားအစီး သုံးရပ်အား ပြီးမြောက် ခဲ့သည့်၊ ပါရမီရှင် တစ်ယောက် အကြောင်း ကြားသိ ခဲ့သည်။

ထိုသူအား မြင်ချိန်၌၊ ငယ်ရွယ် လွန်း သောကြောင့်၊ မယုံချင် ကြချေ။ ကျင့်ကြံမှုမှာ ကြယ်စင်စု အဆင့် ၌သာ ရှိနေသည်။

“ ညီလေး လင်း ... ။ ”

ကျန်းလိချန်မှာ စိတ် သက်သာရာ ရသွား သည်။ လင်းယွန် ကြောင့်သာ မဟုတ်သော်၊ သူ အရှက်ရ သွားပေမည်။

လင်းယွန်က ခေါင်းညိတ် ပြပြီး ကျန့်တင်းထံ လှမ်းကြည့်ကာ၊

“ မင်းတို့ တွေက ... ဓားဂိုဏ်းက လာတာ ဆိုပေမယ့်၊ ဒီမှာတော့ ဧည့်သည်တွေ ဆိုတာကို သတိ ရပါ၊ ဒီထက် လွန်လာရင်၊ ငါတို့က ရက်စက် ရလိမ့်မယ်။ ”

သူ့စကားကြောင့် ဓားဂိုဏ်း၏ တပည့်များ မျက်နှာ ပျက်ယွင်း သွားသည်။ ကျန်းလိချန်နှင့် ယှဉ်သော်၊ လင်းယွန်မှာ ပို၍ ပြတ်သား ချေ၏။

“ ဂိုဏ်း ခွဲရဲ့ တပည့် တစ်ယောက်က၊ ဒီလို မာန ထောင်လွှားဖို့၊ သတ္တိရှိ သလား၊ ပင်မ ဂိုဏ်း ကို၊ ပုန်ကန် ချင်နေ တာလား။ ”

ကျန့်တင်းက သူ့ကိုယ်သူ ပြင်ယူ လျက်မှ လှမ်းပြောသည်။

“ ငါက ဘာများ ပုန်ကန် နေလို့လဲ၊ မင်း ကိုယ်တိုင် တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် ကြီးကို သင်ခန်းစာ တစ်ခု သင်ပေး စရာ မလို ပါဘူး၊ သူက ငါတို့ရဲ့ အစ်ကို ကြီးပဲ၊ ...

... သူ အားနည်း နေရင်တောင် မင်းနဲ့ မဆိုင်ဘူး၊ ဓားသူတော်စင် တောင်ကို တက် ချင်လား၊ လွယ်လွယ် လေးပါ၊ ဂိုဏ်းချုပ်ကို သွားရှာ၊ အခုတော့ ထွက်သွား။ ”

“ ဘာ ပြော တယ်။ ”

“ မင်း ပြန် ပြော စမ်း။ ”

ကျန့်တင်း သာမက၊ ကျန်လူ များ ပင်လျှင် ဒေါသများ တဟုန်းဟုန်း တောက်လောင် လာ လေသည်။

အဆုံးတွင် သူတို့သည် ဓားဂိုဏ်း၏ တပည့်များ အဖြစ်၊ တိမ်လွှာဓား ဂိုဏ်းပေါ်သို့၊ ဤမျှ ဆက်ဆံ ပေးနေ သည်မှာ၊ ယဉ်ကျေး နေပြီ ဖြစ်သည်။

ဓားဂိုဏ်း တွင်ပင် ကြက်သွေးရောင် ကောင်းကင် တောင်ကုန်းမှ၊ တပည့် ငယ်များ ဖြစ်၏။

အကြီးအကဲ များမှ၊ ဤဒေသသို့ မလာမီ ခေါ်ယူ သတိ ပေးခဲ့ခြင်း ကြောင့်သာ မဟုတ် ပါသော်၊ ယခု ကဲ့သို့ ချုပ်တည်း နေမိမည် မဟုတ်ချေ။

“ ညီလေ ... ၊ အဲဒါကို မေ့ထား လိုက်ရအောင်၊ သူတို့က ပင်မ ဂိုဏ်းက ဆိုတော့ အဆင် ပြေ ပါတယ်၊ ဓား သူတော်စင် တောင်နဲ့ ပတ်သက်လို့ ကတော့၊ ဂိုဏ်းချုပ်ကို စောင့်ရမယ် … ။ ”

ကျန်းလိချန်မှ ပြဿနာအား၊ သည့်ထက် ပို၍ မချဲ့စေ လိုသောကြောင့်၊ သတိပေး လိုက်သည်။

“ ဘယ်သူနဲ့ ... စကား ပြောနေ တယ်လို့ မင်းတို့က ထင်နေ တာလဲ၊ ဒီနေ့တော့ ရှင်းမပြ နိုင်ရင်၊ ငါတို့ ... ဒီကိစ္စကို မထား နိုင်ဘူး၊ ဂိုဏ်းခွဲ ရဲ့ တပည့် တစ်ဦးက၊ သတ္တိ ရှိတယ်လား။ ”

“ ငါ ပြောတာ မင်း မကြားလိုက် ဖူးလား ... ၊ ဒါဆို ထပ်ပြောမယ်၊ မင်းတို့ အခု ချက်ချင်း ... ငါ့ ရှေ့ ကနေ ထွက်သွား။ ”

လင်းယွန် ဟူသည် ဒေါသ ကြီးမား သူ တစ်ဦး ဖြစ်၏။ သည်လူကို သဘော မကျ ပါက၊ ယဉ်းကျေး ပြနေမည် မဟုတ်ချေ။

ကျန်းလိချန်မှာ အားနည်း သော်လည်း၊ တိမ်လွှာဓား ဂိုဏ်း အတွက်၊ ရပ်တည်ပေး နေသူ ဖြစ်သည်။ သည်မြင်ကွင်းက သဘာဝ အတိုင်း၊ မျက်နှာ လွှဲစရာ မြင်ကွင်းမျိုး မဟုတ်ချေ။

လင်းယွန် စကားသည် ကျန့်တင်း တစ်ယောက်တည်း ကိုသာ မက၊ လူတိုင်း အပေါ်၊ ရည်ရွယ် နေ သဖြင့်၊ ချင်းတန်မှ ရှေ့တစ်လှမ်း တိုးလိုက်သည်။

လင်းယွန်မှာ ယခင် ကဲ့သို့ မာနကြီး သော်လည်း၊ နောက်ဆုံးတွင် သူ့တို့ အတွက် ရှိနေ ပေးသည်။

“ ဟုတ်တယ် ငါတို့တောင် ... ၊ ဓား သူတော်စင် တောင်ကို မတက် ဖူးဘူး၊ ဒါဆို မင်း တို့ကိုယ် မင်းတို့၊ ဘယ်သူလို့ ထင်နေလဲ။ ”

“ အစ်ကို လင်း ပြောတာ မှန်တယ်၊ ထွက်သွား။ ”

လင်းယွန်၏ စကား များကြောင့်၊ လူတိုင်း တက်ကြွ လာသည်။ သူတို့ အနေြဖင့်၊ ဓားဂိုဏ်း တပည့် များ အပေါ်၊ မကျေ မနပ် ဖြစ်နေကြ သည်မှာ၊ ကြာပြီ ဖြစ်၏။

“ ကောင်းပြီ ... ၊ ငါ့စီနီယာ အစ်ကိုက စိတ်ကူး မရှိသေး ပေမယ့်၊ ငါမင်းကို သင်ခန်းစာ တစ်ခု ပေးမယ်။ ”

ကျန့်တင်းက လင်းယွန်အား ပြေးဝင် တိုက်ခိုက် လာသည်။ သို့သော် လင်းယွန်မှာ၊ အပြုံး မပျက်ချေ။

တောင်ကြီး တစ်လုံး ကဲ့သို့၊ သူ့ဓား ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။ ဖိအားများ ရုတ်တရက် ခံစား လာရသဖြင့်၊ ကျန့်တင်း ခမျာ၊ ကောင်းကင်မှ ပြုတ်ကျ သွားသည်။

“ ဝှစ် ... ။ ”

သူ့ဓားကို ဖြန့်ထုတ် လို သော်လည်း၊ လင်းယွန်၏ ဓားရောင်ဝါက ကန့်သတ်ထား သဖြင့်၊ မအောင်မြင် လိုက်ချေ။

“ အရိယာ ကောင်းကင်ဓား ။ ”

ကျန့်တင်း တစ်ယောက် မျက်လုံး ပြူးသွားသည်။ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ တွင်ပင်၊ ကောင်းကင်ဓား ရည်ရွယ် ချက်ကို၊ အင်ပါရီယန် နယ်ပယ်နှင့် ရခဲ ပေ၏။

အင်ပါ ရီယန်နှင့် ကောင်းကင် ဓားကို ဖမ်းနိုင်ပါက၊ ဓားဂိုဏ်းတွင် အထက် တန်းစား ပါရမီရှင်များ အဖြစ် သတ်မှတ် ပေမည်။

ဤလင်းယွန်တွင် ၎င်းကို ကျော်လွန်ကာ၊ အရိယာ ကောင်းကင် ဓားပင် ရှိနေ၏။ သူ့ စိတ် မသက် မသာ ဖြစ်လာစဉ်၊ ဓား ရောင်ဝါမှာ၊ ပို၍ လေးလံ လာပြီး၊ ဒူးထောက် ခိုင်း တော့သည်။

လင်းယွန်၏ ဓား ရည်ရွယ်ချက်သည် ဓားဂိုဏ်း၏ တပည့်များ အားလုံးကို ဆွံ့အသွား စေခဲ့၏။

ကြယ်စင်စု အဆင့်ဖြင့်၊ ယုံနိုင်ဖွယ် မရှိသော အောင်မြင်မှု ပေပင်။ ကျန့်တင်း တစ်ယောက်၊ အသက်ရှူ ကြပ်လာသည်။

“ ဘယ်လိုတောင် ... ၊ သန်မာနေ ရတာလဲ၊ ဂိုဏ်းခွဲ တစ်ခုရဲ့ တပည့် တစ်ဦးပဲ၊ မဟုတ်လား၊ ပါရမီရှင် ဖြစ်နေ ရင်တောင်၊ ငါတို့ကို ယှဉ်နိုင် စရာ မရှိ သင့်ဘူး။ ”

ကျန့်တင်း ဟူသည်မှာ၊ ကြက်သွေးရောင် ကောင်းကင် တောင်ကုန်း၏ ပါရမီရှင် မဟုတ် သော်လည်း၊ ညံ့ဖျင်း သူ တစ်ယောက် မဟုတ်ချေ။

“ ရပ် စမ်း ... ။ ”

ကျန့်တင်း တစ်ယောက် မည်မျှပင် ကြိုးစား အားထုတ် နေကာမူ၊ မလွတ် မြောက်နိုင် ဖြစ်နေ သည်ကို၊ မြင်လိုက် ရသဖြင့်၊ ၎င်းနှင့် ရင်းနှီး သော၊ တပည့် နှစ်ဦးမှ ဝင်ရောက် လာသည်။

“ ဝှစ် ... ။ ”

မျက်စိ တစ်မှိတ် အတွင်း လင်းယွန်ရှေ့ ရောက်လာပြီး၊ လက်ဖဝါးနှင့် ရိုက်ချ လိုက်၏။ နက္ခတ် အဆင့်မှ၊ ကျွမ်းကျင်သူ ပင်လျှင်၊ သူတို့ တိုက်ခိုက် မှုကို ရင်ဆိုင် ရပါက၊ ဒဏ်ရာ ရရှိ ပေလိမ့်မည်။

“ ထန် ... ထန် ... ။ ”

သို့သော် လက်ဖဝါး များက၊ လင်းယွန် ပေါ်သို့ ကျရောက်သော အခါတွင်၊ သတ္တုအား ရိုက်မိ သကဲ့သို့၊ အသံများ ထွက်ပေါ် လာသည်။

လင်းယွန်ကို တွန်းမထုတ်၊ နိုင်သည်သာ မက၊ သူတို့၏ လက်များပင် ထုံကျင်သွား ပေ၏။ ချက်ချင်း ပြန်ဆုတ် လိုကြ သော်လည်း၊ သူတို့ လက်ကောက် ဝတ်ကို၊ ဆုပ်ကိုင် ခံလိုက် ရသည်။

“ ပြန် သွား ... ။ ”

တပည့် နှစ်ယောက်ကို လက်မှ ဆွဲကာ၊ အချင်းချင်း ကိုင်ရိုက် ပစ်လိုက်သည်။ အရိုးကွဲ သံများ ထွက်ပေါ် လာ၏။

“ ဒုန်း ... ။ ”

ပြီးသည်နှင့် အရုပ်များ ကဲ့သို့၊ ပစ်ထုတ် လိုက် တော့သည်။ ထိုအချိန်တွင် ဒူးတစ်ဖက် ထောက်ပြီး၊ အံကြိတ် ခံနေသော ကျန့်တင်းမှ တောင့်မခံ နိုင်တော့ဘဲ၊ ကျန်ဒူး တစ်ဖက်ကို ထောက်ချ လိုက်ရသည်။

“ မင်းရဲ့ နိမ့်ချ မှုလား ... ၊ တောင်းပန် ပါတယ်၊ ဒီလောက် အထိ၊ အရို အသေ ပေးစရာ မလို ပါဘူး၊ မင်းက ဓားဂိုဏ်းရဲ့ တပည့်ပဲ။ ”

သူ့လက်ကို ဝှေ့ယမ်း လိုက်ရာ၊ မမြင် နိုင်သော စွမ်းအား တစ်ခုက၊ ကျန့်တင်း ရင်ကို ထိမှန်ပြီး၊ သွေးအန်လျက် လွင့်စဉ် သွားသည်။

မြေပြင်ပေါ် ပြုတ်ကျ သွားသော အခါတွင်၊ ကြောက်မက်ဖွယ် အက်ကြောင်းများ ဖြစ်ပေါ် လာ၏။

ဤမြင်ကွင်းက တိမ်လွှာဓား ဂိုဏ်း၏ တပည့်ကို၊ အသက်ရှူ ရပ်သွား စေသည်။ ဤမျှ ပြတ်သား လိမ့်မည် သူတို့ မမျှော်လင့် ထားချေ။

လင်းယွန်က ပြုံးလိုက်ပြီး၊

“ မင်းတို့က ဒီခွန်အား လေးနဲ့ ... ၊ တခြား သူတွေကို သင်ခန်းစာ ပေးချင် နေကြ တာလား၊ နောက်နေ တာတော့ မဟုတ် ပါဖူးနော်။ ”

-လှောင်ပြောင် လိုသော အသွင်နှင့်၊ မေးလိုက်သည်။

“ စီနီယာ အစ်ကို ချင်း။ ”

ဓားဂိုဏ်း၏ တပည့် များက ချင်းတန်ထံ၊ အကူအညီ တောင်းခံ လိုသော မျက်ဝန်းများနှင့်၊ ပြန်ကြည့် လိုက်မိသည်။

ချင်းတန် မျက်နှာတွင် ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိဘဲ၊ လင်းယွန်ထံ တစ်ချက် မျှသာ မော့ ကြည့်ပြီး၊

“ သူတို့က ... နက္ခတ်ကို မခေါ်ခဲ့ သလို၊ ဓားကိုလည်း မဆွဲခဲ့ ကြပါဘူး၊ မင်း လုပ်ရပ်က နည်းနည်း ရက်စက် လွန်းတယ် မဟုတ်လား။ ”

-ဟု အေးစက်စွာ ဝေဖန် လိုက် တော့သည်။

“ ဟား ဟား ဟား ကောင်းပြီ၊ သူတို့ရဲ့ ဓားကို ဆွဲရဲ လားလို့ ... ၊ မင်း မေးကြည့်လိုက်၊ ရက်စက်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို၊ မင်း တကယ် မသိသေး ပါဘူး။ ”

နောက်ဆုံးတွင် ကျန်းလိချန်မှာ၊ ဒဏ်ရာ ရခဲ့ပြီး၊ ကျန့်တင်းမှ ထိုစဉ်က ရပ်တန့် သွားမည့် အရိပ် အယောင် မပြ ခဲ့ချေ။

“ ဒီကို မလာ ခင်မှာ ... ၊ ဂိုဏ်းချုပ်က ငါတို့ကို နောက်ခံ အားကိုးနဲ့၊ ဂိုဏ်းခွဲက တပည့် တွေ အပေါ်၊ မနှိပ် စက်ဖို့ သတိပေး ခဲ့တယ်၊ ဒါပေမယ့် ...

... ဒီမှာ မင်းလို မောက်မာတဲ့ လူတစ်ယောက် ရှိနေတော့၊ ချွင်းချက် ထားရ တော့မယ် ထင်ပါရဲ့။ ”

ထိုစကားကြောင့် ဓားဂိုဏ်း၏ တပည့်များ အားလုံး ရွှင်မြူး လာသည်။ အဆုံးတွင် သူတို့၏ အစ်ကို ချင်းတန် လှုပ်ရှား တော့မည် ဖြစ်၏။

ချင်းတန် ဟူသည်၊ အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်၌၊ အဆင့် (၉၅၀) တွင် ရပ်တည် ထား နိုင်သူ တစ်ဦး၊ ဖြစ်လေသည်။

***

All Chapters