မယုံနိုင် စရာ။
Vol. 90 Ch. 1251
“ လင်းယွန် ... မင်း ဂုဏ်ယူ သင့်တယ်၊ အစ်ကို ချင်းက အင်ပါ ရီယန် အဆင့်မှာ၊ (၉၅၀) ရှိတယ်။ ”
အဆင့် သတ်မှတ် ချက်ကို ကြားသော အခါတွင်၊ လင်းယွန် တစ်ယောက် မျက်လုံးပြူး သွားပြီး၊ အကြည့် များက၊ ချင်းတန်ထံ ပြန်ကျ သွားသည်။
ဤအဆင့် သတ်မှတ်ချက် အရ၊ ကုန်းစွန်းယန် ထက်ပင်၊ အားကောင်း သည်ဟု အဓိပ္ပါယ် ရ၏။ သို့သော် ထိုသို့ မထင်မိ သည်မှာ၊ အံ့သြ စရာ ပေပင်။
ချင်းတန်သည် ကုန်းစွန်းယန် ကဲ့သို့သော ဖိအားမျိုး သူ့အား မပေး နိုင်ချေ။ ကျန့်တင်းသာ ထုတ်ဖော် မပြော ပါက၊ အဆင့် (၉၅၀)တွင် ရှိ နေကြောင်း၊ မသိနိုင် သည်မှာ အမှန်ပင်။
ထို့ကြောင့် သတိထား စစ်ဆေး မိရာ၊ ချင်းတန် တစ်ယောက် အားနည်းခြင်း မဟုတ် ဘဲ၊ သူ သာလျှင် သန်မာ လာမှန်း၊ သိလိုက် ရသည်။
အကြောင်း ရင်းကို သိပြီးနောက်၊ သံသယ မျက်လုံးများ ပျောက်သွားကာ စိတ် လှုပ်ရှားမှု များဖြင့်၊ အစား ထိုးလာ၏။
“ မင်း ကြောက်သွား တာလား၊ နောက်ကျ သွားပြီ၊ ဟား ဟား ဟား ... ။ ”
လင်းယွန် အမူ အရာ ပြောင်းလဲသွား သည်ကို မြင်သော အခါ၊ ကျန့်တင်းမှ ရယ်မော လိုက်သည်။
“ ညီလေး... ၊ ဒီလူက တကယ်ကို သန်မာတယ်၊ မင်း လုပ်နိုင်လား၊ မလုပ် နိုင်ရင် ငါတို့ နောက်ဆုတ်လို့ ရတယ်၊ အရှက် ရစရာ မရှိ ပါဘူး။ ”
အင်ပါရီယန် အဆင့် ကိုးရာ ကျော်တွင် ရှိသော ပါရမီရှင် တစ်ဦး၊ မည်မျှ အားကောင်း သည်ကို မသိ သောကြောင့်၊ ကျန်းလိချန်မှာ ထိတ်လန့် နေသည်။
“ အစ်ကိုကြီး ... မစိုးရိမ်နဲ့၊ မင်း ဘယ်လောက်ပဲ အားနည်း၊ အားနည်း ဘယ်သူမှ မင်းကို သင်ခန်းစာ ပေးခွင့် မရှိ ဖူးလို့၊ ငါ ပြောထား ပြီးသား မဟုတ်လား။ ”
လင်းယွန်က ပြုံးကာ ပြောလာ၏။
“ အစ်ကို ချင်း ... ၊ သူ့ကို သင်ခန်းစာ သင်ပေး လိုက်ပါ၊ ဓားဂိုဏ်းက ဘယ်လောက် အစွမ်း ထက်တယ် ဆိုတာ သိပါစေ။ ”
“ ဟုတ်တယ်၊ စီနီယာ အစ်ကို၊ ငါတို့ ခေါင်းပေါ် တက်နင်း နေပြီ၊ ဆက်ပြီး သည်းခံ နေရင်၊ ငါတို့က ကြောက်တယ်လို့၊ ထင်သွား လိမ့်မယ်။ ”
ဓားဂိုဏ်း တပည့် များက၊ တစ်ယောက် တစ်ခွန်း၊ ဝင်ပြော လာသည်။ သို့သော် ချင်းတန် မှာ၊ မျက်လုံးများ မှိတ်ပြီး ငြိမ်နေ၏။
ရုတ်တရက် သူ့ မျက်လုံးများ ပြန်ဖွင့် လိုက်ချိန်၌၊ လှိုင်းများ ကဲ့သို့ အေးစက်သော ရောင်ဝါများ ထွက်လာသည်။
ထိုအရိပ် အာဝါသ အောက်တွင်၊ ကျန်းလိချန်နှင့် တိမ်လွှာဓား ဂိုဏ်း၏ တပည့် များက၊ ခြေလှမ်း များစွာ၊ နောက်ပြန် ဆုတ် လိုက်မိသည်။
ချင်းတန် အကြည့်က လင်းယွန်ပေါ် ကျဆင်း သွားပြီး၊
“ မင်းကို ... တိုက်ခိုက်တယ် ဆိုပေမယ့်၊ ငါက စေတနာ ရှိပါတယ်၊ မင်း ... ငါ့ ဆီကနေ ဆယ်ကြိမ် ခံယူ နိုင်ရင်၊ ဒီကိစ္စကို လွှတ်လိုက် မယ်။ ”
ထိုသို့ ပြောသော အခါ၊ ပတ်ဝန်းကျင် လေထုများ တုန်ခါ လာပြီး၊ တိမ်လွှာဓား ဂိုဏ်း တပည့် များစွာ၏ ဓားများ ပြိုကျ တော့မည့်၊ အရိပ် အယောင်များ ပြသ လာသည်။
ကျန်းလိချန် အမူ အရာမှာ၊ လေးနက် သွားပြီး၊ ပေါ့ပေါ့ ပါးပါး ပြုံးနေသော လင်းယွန် ထံ၊ လှမ်းကြည့် မိသည်။
ဤအရာက သူ့အား ရူးသွပ် သွားစေ၏။ လင်းယွန်သည် ထိုကိစ္စ အပေါ်၊ အလေး အနက် ထားပုံ မရချေ။
လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၏ တပည့် များစွာက၊ တုန်တုန် ယင်ယင်ဖြင့် နောက် တစ်လှမ်း၊ ထပ်ဆုတ် မိသည်။
၎င်းတို့နှင့် ယှဉ်သော်၊ ဓားဂိုဏ်း၏ တပည့်များမှာ ပို၍ ရွှင်မြူး လာသည်။ စီနီယာ အစ်ကို ချင်းတန် သည်သာ လှုပ်ရှား လိုပါက၊ လင်းယွန် အတွက် နည်းလမ်း မရှိ တော့ချေ။
တစ်ချိန်တည်း မှာပင် ယဲ့ဇီလင်းနှင့် လူ တစ်စု ရောက်ရှိ လာသည်။ လင်းယွန်နှင့် ဓား ဂိုဏ်း၏ တပည့် တစ်ဦး၊ မျက်နှာ ချင်းဆိုင် နေ သည်ကို မြင်ချိန်၌၊ ယဲ့ဇီလင် တစ်ယောက်၊ မျက်ခုံး နှစ်ဖက်ကို စုကျုံ့ လိုက်မိသည်။
တားဆီးရန် ခြေလှမ်း ပြင်လိုက်သော အခါ၊ သူမ ဘေးနားမှ မိန်းကလေးက လက်ကောက် ဝတ်ကို ဆုပ်ကိုင် လာ၏။
“ ကြည့်ရအောင် ၊ ချင်းတန်က မျိုးဆက် တူချင်း တိုက်ခိုက်တာ တွေ့ရ ခဲတယ်၊ အဲဒါကို စိတ်မပူ ပါနဲ့၊ သူ့နက္ခတ်ကို မသုံး ပါဘူး။ ”
ထိုစကားကြောင့် အဆိုပါ မိန်းကလေးထံ ပြန်ကြည့်ကာ၊ ယဲ့ဇီလင်က ခေါင်းယမ်းလျက် ငြိမ်သက် သွားမိသည်။
လင်းယွန် အတွက် စိတ်ပူခြင်း မဟုတ်ကြောင်း၊ ပြောလို သော်လည်း၊ တစ်ဖက် လူ မျက်နှာ ပေါ်ရှိ ယုံကြည် မှုကို၊ မြင်လိုက် ရသော အခါ၊ မပြော ဖြစ်တော့ချေ။
ရုတ်တရက် လေဟာနယ် တုန်ခါ လာပြီး၊ ချင်းတန် နောက်၌ ကြယ် စွမ်းအင်ဖြင့် ဖန်တီး ထားသော ဓားတစ်လက် ပေါ်လာသည်။
ယင်းက ဓားအစစ် ဖြစ်ကြောင်း ခံစားချက် ပေးလာ သဖြင့်၊ လင်းယွန် တစ်ယောက် အံ့အား သင့် သွား၏။
“ ဝှစ် ... ။ ”
စိတ်ဝင် တစား စောင့်ကြည့် နေစဉ်၊ နောက်ထပ် ဓား ကိုးလက် ထွက်ပေါ် လာသည်။ ဓားဆယ်လက် ပြည့်ချိန်၌ ချင်းတန် ဓားရောင်ဝါ သည်၊ ရုတ်တရက် ပေါက်ကွဲ သွား၏။
“ ပထမ ဓား ... ။ ”
သည့်နောက် လက်ဝှေ့ ယမ်းကာ၊ ဓား တစ်လက်က လေဟာနယ် ထဲသို့၊ ချက်ချင်း ပျံသန်း စေလိုက်၏။
လင်းယွန်မှ ထိုဓားကို ရှောင်လိုက်နိုင် သော်လည်း၊ ဆံပင် အချို့ ပြတ်ကျ သွားသည်။
“ ဒုတိယ ဓား ... ။ ”
ချင်းတန်မှ လက်ကို နောက်တစ်ကြိမ် ခါယမ်း လိုက်သော အခါတွင်၊ မိုးကုပ် စက်ဝိုင်း ကို ဖြတ်ပြီး၊ တိမ်ညိုများ လှိမ့်တက် လာ၏။
“ ဟိတ် ... ။ ”
ကောင်းကင် တစ်ခွင် မှောင်မိုက် သွားစဉ်၊ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးအား အကောင် အထည် ဖော်လိုက်ရာ၊ လွတ်မြောက် သွားသည်။
ခြောက်ကြိမ် တိုင်တိုင် ဤသို့ ရှောင်တိမ်း ပြီးနောက်၊ ဓားစက်ဝိုင်း အတွင်း ပိတ်ဆို့ ခံလိုက် ရကြောင်း၊ သိရှိ လာသည်။
လွဲချော်သွားသော ဓားများက လေထု အလယ် ရပ်တန့်လျက်၊ သူ့အား ချိန်ရွယ်ထား ချေ၏။
တစ်ဖက်တွင် ချင်းတန်မှာ ဘယ်ဘက် လက် တစ်ဖက်ကို တစ်ချက်မျှ မလှုပ်ဘဲ၊ နောက်ကျော ပို့ထားသည်။
ညာလက် တစ်ဖက် တည်းနှင့် သူ့အား ကြောက်စရာ ကောင်းသော အခြေ အနေသို့၊ တွန်းပို့ ထားခြင်း ဖြစ်သည်။
“ ဝှီး ... ။ ”
ဓား ကိုးလက် လွှတ်ပြီးသော အခါတွင်၊ လင်းယွန်၌၊ ရှောင်ရန် နေရာလွတ် မရှိ တော့ချေ ။ ထိုစဉ် ဒသမဓား ပျံတက် လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သို့သော် လင်းယွန်က လက်ဖဝါးဖြင့်၊ ဓားအား ဖမ်းဆုပ် လိုက်၏။ နောက်ကွယ်ရှိ သက်ရောက် မှုကြောင့်၊ ခြေလှမ်း ကိုးလှမ်း ပြန်ဆုတ် လိုက်ရသည်။
လေထဲ ရပ်တန့် နေသော ဓား(၉) လက်က၊ ချက်ချင်း အသက်ဝင် လာကာ၊ နဂါးများ အသွင်၊ သူ့အား ခြိမ်းခြောက် လာသည်။
ထို့ကြောင့် ဒသမ ဓားကို ဖမ်းခြင်းသည်၊ မည်မျှ အန္တရာယ် များလှကြောင်း မြင်သာ လေ သည်။
“ ဟား ဟား ဟား ... ။ ”
“ စီနီယာ အစ်ကိုက ... ၊ ဒီကောင်ရဲ့ လှုပ်ရှားမှု တိုင်းကို၊ တွက်ချက်ထား နိုင်တာပဲ။ ”
ကျန့်တင်းနှင့် ကိုင်ပေါက်ခံ ထားရသော တပည့် နှစ်ဦးက၊ ဝမ်းသာ အားရ ဝေဖန် လိုက် ကြသည်။
“ စိတ်ကူး ယဉ် မနေနဲ့ ... မလွတ် နိုင်ဘူး၊ မင်းရဲ့ လှုပ်ရှားမှု တိုင်းကို ငါတွက်ချက် ထားပြီး သား ပါ။ ”
“ မင်းက ဘယ်လို ကြွားဝါ ရမယ် ဆိုတာ တကယ် သိတာပဲ၊ ဒါက ငါ ဆံပင်ကို နည်းနည်း လေးပဲ၊ ဖြတ်နိုင် ခဲ့တာပါ၊ အရေပြား ကိုတောင် မခြစ်မိ သေးပါဘူး။ ”
လင်းယွန်မှ ပြုံးကာ ပြန်ပြော သည်။
“ သေခြင်း တရားကို ရင်ဆိုင် နေရ တာတောင်၊ မင်းက မောက်မာ နေတုန်းဘဲ၊ ငါ့ရဲ့ စီနီယာ အစ်ကို ချင်းတန်သာ ဆန္ဒ ရှိရင်၊ မင်းကို အပိုင်းပိုင်း ခွဲပစ် လိုက်ပြီ။ ”
“ ဟုတ်လား ... ၊ ဒါဆို မင်းရဲ့ စီနီယာ အစ်ကိုကို စမ်းကြည့် ခိုင်းလိုက် ပါ … ။ ”
အများ အမြင်၌ တိုက်ပွဲတွင် ချင်းတန် တစ်ယောက် အသာစီး ရနေသည်။ လင်းယွန် အတွက်မူ၊ ထိုဓား များကို မည်သို့ ဖန်တီးခဲ့ သည်အား၊ သိချင် ရုံမျှသာ ရှိ၏။ မဟုတ်သော် ပထမ အကြိမ် ကတည်း ကပင်၊ ပါးရိုက်ပြီး ဖြစ်ပေမည်။
“ သွေးစွန်း ချင်လို့လား၊ မင်း ဆန္ဒ အတိုင်းပဲ … ။ ”
ချင်းတန် မျက်လုံးများ တောက်ပ လာပြီး ညာလက်ကို ဆန့်လိုက်၏။ လင်းယွန်ကို ဝန်းရံ ထားသော၊ ဓားကိုး လက်မှ တုန်ခါလျက်၊ တိုးဝင် လာတော့သည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန် အရေ ပြားကို၊ ဓား(၉) လက်မှ မခွဲနိုင် သည်အား မြင်လိုက် ရ သဖြင့်၊ ချင်းတန် မျက်နှာမှာ အေးခဲ သွားသည်။
ဤဓား (၉)လက် အတွင်း ပိတ်မိနေ ပါက၊ ကနဦး ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦး ကိုပင်၊ အနိုင် ယူရန် ယုံကြည်မှု ရှိလေသည်။
“ မင်း ကြည့်ရတာ ... ၊ မအောင် မြင်ဖူး ထင်တယ်။ ”
လင်းယွန်က စိတ်ပျက် သွားပြီး၊
“ ဒါဆို ... သွေး ဆိုတာ ဘာလဲ ငါ ပြပေးမယ်။ ”
-ဟု ပြုံးကာ ပြောလိုက် တော့၏။
“ ဝှစ် ... ။ ”
လင်းယွန် ခန္ဓာကိုယ် မျက်နှာ ပြင်၌၊ နဂါး ရူရ်များ လင်းလာပြီး၊ သူ့ ပတ်ဝန်း ကျင်ရှိ ဓား (၉)လက်ကို၊ ကန်ထွက် သွားစေ ခဲ့သည်။
တစ်ချိန် တည်းမှာပင် လင်းယွန် လက်ဖဝါး၌ ရေဝဲ တစ်ခု ပေါ်လာ၏။
“ ငါက မင်းကို ... လက်ညိုး တစ်ချက်ပဲ ပြန်ပေး မှာပါ။ ”
လင်းယွန် နောက်၌ ခရမ်းရောင် ပန်း ပွင့်လာပြီး၊ နတ်ဘုရား ပုံရိပ်ယောင် ဓားကို ပစ်ထုတ် လိုက်သည်။
“ ရွှပ် ... ။ ”
ဤတိုက်ခိုက် မှုအား ဖြေရှင်းရန် ချင်းတန် တစ်ယောက် လက်နှစ်ဖက် စလုံးကို၊ အသုံးပြု လာရ၏။
သို့သော် နောက်ကွယ်မှ စွမ်းအားသည် လျင်မြန် လွန်းသော အဟုန်ကြောင့်၊ ညာဘက် ပခုံးထံ ဖောက်ဝင် သွားခဲ့သည်။
သွေးများ ဖွာခနဲ ကန်ထွက် လာပြီး၊ ခြေ လှမ်းပေါင်း များစွာ၊ နောက်ပြန် ဆုတ်လိုက် ရ သည်။ တည်ငြိမ်မှု ပြန်ရ စေရန်၊ နက္ခတ် ကိုပင် ဆင့်ခေါ် အသုံးပြု လိုက်ရ၏။
“ မင်းရဲ့ နက္ခတ်က တကယ့်ကို အထင်ကြီး စရာ ပါပဲ။ ”
ထိုမြင်ကွင်းကြောင့် လင်းယွန်မှ လှောင်ပြောင် လိုက်သည်။ ယင်းက ချင်းတန်ကို မျက်နှာ ပျက်ယွင်း သွားစေ၏။
“ ငါ့ နက္ခတ်ကို မခေါ်ဘဲ၊ မင်းကို ငါ အနိုင်ယူ နိုင်တယ်။ ”
ဖြည်းညှင်းစွာ ပွင့်နေသော ပန်းချီကား ပျောက်ကွယ် သွားပြီး၊ ချင်းတန်က နောက်ထပ် တစ်ကြိမ်၊ ပြေးဝင် လာ ပြန်သည်။
“ ဖြန်း ... ။ ”
သို့သော် လင်းယွန် ရှေ့ ရောက် သည်နှင့်၊ ပါးရိုက် ခံလိုက်ရ ပြန်၏။ ချက်ချင်း ယောင်ကိုင်း လာသော ပါးကို လျစ်လျူရှုကာ၊ မြေပြင် ပေါ်မှ လူးလဲ ထလိုက်သည်။
“ မင်းရဲ့ နက္ခတ် မရှိရင်၊ မင်းက ဘာကောင်မှ မဟုတ် ပါဘူး။ ”
လင်းယွန်၏ ခွန်အားကြောင့် မူချင်းချင်း မျက်နှာမှာ အံ့သြ တကြီး၊ ပါးစပ်ကို လက်ဝါးဖြင့် အုပ်လိုက် မိသည်။
သူမ တင်မက ကျန်သူများ မှပင်၊ လင်းယွန်၏ ကြီးစိုး နေသော အသွင် အပေါ်၊ မယုံနိုင် ဖြစ်လာ ကြသည်။
ထိုအချိန်တွင် ကျန်းလိချန် တစ်ယောက်၊ စိတ်လှုပ်ရှား လာပြီး၊ အာခေါင် ခြောက်သွေ့ သွားကာ၊ ရေငတ် လာလေ၏။
***