ငါ့ ဘဝ။
Vol. 90 Ch. 1252
ချင်းတန် အဝေးသို့ လွင့်ပျံ သွားသည်ကို ကြည့်ပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။
ချင်းတန်မှာ သူ့ အမည်ကို အင်ပါရီယန် တစ်ထောင် အတွင်း၊ ရေးထွင်းထား နိုင် သဖြင့်၊ ပါရမီရှင် တစ်ဦး အဖြစ်၊ သတ်မှတ် ကြ၏။
တစ်ချိန်တွင် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာ မည်မှာ၊ သေချာ သည်။
အစောပိုင်း လှောင်ပြောင် မှုကြောင့်၊ သူ့နက္ခတ် မခေါ်ဘဲ၊ လင်းယွန်အား အနိုင်ယူ နိုင်မည်ဟု ဆိုခဲ့၏။
သို့သော် ပါးရိုက် ခံလိုက် ရသည်။ ဤအရာက ကျန့်တင်းနှင့် ကျန်လူ များကို၊ အသက်ရှူ ကြပ်သွား စေသည်။ ချင်းတန်နှင့် ယှဉ်သော် သူတို့ အဖြစ်မှာ၊ အနည်းငယ် သက်သာ နေပေသည်။
“ မင်း ... သေချင် နေတာပဲ။ ”
ဒေါသကြောင့် ချင်းတန်က၊ ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ ဓား ရောင်ဝါကို ထုတ်ဖော် လေသည်။
ကျန်းလိချန်နှင့် ကျန်သူ များက၊ ရောင်ဝါ အတွင်း၊ သတ်ဖြတ် လိုသော ဆန္ဒကို မြင်နိုင် သဖြင့်၊ ချက်ချင်း ဆုတ်ခွာ လိုက်၏။
ဤမြင်ကွင်းက လင်းယွန်ကို မျက်ဝန်းများ မှေးစင်း သွားစေသည်။ အင်ပါ ရီယန် (၁၀၀၀) အတွင်းရှိ လူ များမှာ၊ အနည်းဆုံး ထောင် ဂဏန်း ခန့်၊ လူသတ်ဖူး နိုင်၏။
“ ရပ် ... ။ ”
ထိုအချိန်တွင် ယဲ့ဇီလင်နှင့် အတူ လျှောက်လာသော မိန်းကလေး တစ်ဦးမှ ဟန့်တား လာသည်။
“ စီနီယာ အစ်မ ... ။ ”
ချင်းတန် မျက်နှာ ပြောင်းလဲ သွားပြီး၊ သူ့ရောင်ဝါအား ချက်ချင်း ပြန်ရုတ် လိုက်လေ သည်။
“ မင်္ဂလာပါ အစ်မ မူ။ ”
အခြားသော ဓားဂိုဏ်း၏ တပည့်များ ကလည်း၊ လက်ဝေှ့ ယမ်းကာ ထိုမိန်းကလေးကို နှုတ်ဆက် လိုက်ကြသည်။
လင်းယွန်က လှည့်ကြည့် လိုက်ရာ၊ ယဲ့ဇီလင်အား မြင်သဖြင့်၊ ပြုံးလျက် မျက်စိမှိတ် ပြလိုက်သည်။
ယဲ့ဇီလင် မှာမူ၊ မပြုံး နိုင်ချေ။ လင်းယွန် တစ်ယောက်ကြောင့် ခေါင်းကိုက် နေရ သည်။ တံခါးပိတ် ကျင့်ကြံ ရာမှ၊ ထွက်လာ သည်နှင့်၊ ပြဿနာကို ဖန်တီး နေ၏။
“ ချင်းတန် ... ၊ ငါတို့ မလာခင် ဆရာရဲ့ စကားကို မှတ်မိ သေးလား။ ”
မိန်းကလေး မူက ချင်းတန်ကို အေးစက်စွာ မေးခွန်း ထုတ်၏။ ထိုမေးခွန်းကြောင့် ပြန်မဖြေ နိုင်ဘဲ၊ နှုတ်ခမ်းကို ကိုက်ထား မိသည်။
“ အစ်မ မူ၊ ဒါက စီနီယာ အစ်ကို ချင်းကို အပြစ် တင်လို့ မရပါဘူး၊ တိမ်လွှာဓား ဂိုဏ်းက၊ တပည့် တွေက မောက်မာ လွန်းတယ်၊ ငါတို့ ဓားသူတော်စင် တောင်ကို တက်ချင် ပေမယ့်၊ သူတို့က ငါတို့ကို၊ ဒဏ်ရာ ရအောင် တိုက်ခိုက် လာတယ်။ ”
“ ဒါဆို ... မင်းတို့က၊ ဂိုဏ်းခွဲက တပည့် တစ်ယောက်ရဲ့ သင်ခန်းစာ ပေးတာကို ခံလိုက် ရတာပေါ့၊ ဂုဏ်ယူ စရာ ပါပဲ။ ”
မိန်းကလေး မူက မကျေ မနပ်နှင့် ပြောလာသည်။ ယင်းက ချင်းတန် အတွက် ဝင်ပြောပေး သူများကို၊ ချက်ခြင်း လန့်သွား စေ၏။
“ အစ်မကြီး၊ ငါတို့ ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့် တယ်လို့ ထင်လဲ။ ”
ဓားဂိုဏ်း၏ တပည့်များ အပေါ်၊ ပြစ်တင် ရှုတ်ချ ပြီးနောက်၊ မိန်းကလေး မူက ယဲ့ဇီလင် ထံသို့၊ လှည့်၍ မေးသည်။
ချင်းတန်နှင့် ကျန်သူ များကို ပြစ်တင် ရှုတ်ချနေ သော်လည်း၊ ၎င်းတို့အား ကာကွယ် ပေးလို ကြောင်း၊ ယဲ့ဇီလင် သိသည်။
“ ဓား သူတော်စင် တောင်တန်းက၊ ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက် ပါမှ၊ ဝင်လို့ ရလိမ့်မယ်၊ ဒါပေမယ့် ... ဂိုဏ်းချုပ်ကို ဘယ်မှာမှ ရှာမတွေ့ တော့တာမို့၊ ...
... တက်ဖို့က မဖြစ်နိုင် သေးဘူး၊ သူတို့ ကြားက ကိစ္စ အတွက်တော့ ... ၊ စိတ် မကောင်း ပါဘူး၊ ဂျူနီယာ မောင်လေး လင်း၊ မင်းရော ဘယ်လို ထင်လဲ။ ”
( သူက လင်းယွန်လား။ )
မူချင်းချင်း၏ အကြည့်များ လင်းယွန်ထံ ကျဆင်း သွားသည်။ ပေါ့ပေါ့ ပါးပါး အသွင်နှင့်၊ ချောမောသော လူငယ်လေး တစ်ဦး ဖြစ်၏။
“ အဲ့ဒီ လိုပဲ ထင်ပါတယ် ... ၊ စောစောက ငါနည်းနည်း လွန်သွားတယ်၊ ညီလေး ချင်းတန်၊ မင်း အဆင်ပြေ ရဲ့လား။ ”
လင်းယွန်က မျက်လုံး မှေးစင်းကာ၊ ပြုံးလိုက်သည်။
“ ဒါက အပေါ်ယံ ဒဏ်ရာ လေးပါ၊ အဆင်ပြေ ပါတယ်။ ”
ဒေါသ ပြေသွားပြီး၊ ချင်းတန်မှ ပြန်ပြောသည်။
“ ငါတို့ ... ဓားသူတော်စင် တောင်ကို မတက်နိုင် မှတော့ ... ၊ အရင် သွားနှင့်မယ်။ ”
မူချင်းချင်း၏ အကြည့် များက၊ လင်းယွန် အပေါ်၊ ထပ်မံ ကျဆင်း သွားသည်။ ဤလူငယ် သည် ဓားခန်းမ၏ အစီရင် သုံးရပ်အား၊ ကျော်ဖြတ် နိုင်ခဲ့သူ ဖြစ်၏။
အခြား သူများ အမြင်၌၊ နက္ခတ်ကို မခေါ် ခဲ့သောကြောင့်၊ ချင်းတန် ရှုံးရ သည်ဟု၊ မြင်ကြ သော်လည်း၊ ထိုသို့ မဟုတ်ကြောင်း သူမ သိသည်။
“ သခင်လေး လင်း၊ အနာဂတ်မှာ ဓားဂိုဏ်းကို ဝင်တဲ့ အခါ၊ ကြက်သွေးရောင် တောင်ကုန်းကို၊ မင်း လာလည် နိုင်ပါတယ်။ ”
မူချင်းချင်းမှ ချစ်စရာ ကောင်းသော အပြုံးဖြင့်၊ ဖိတ်ခေါ် စကား ဆို သောကြောင့်၊ ဓားဂိုဏ်း၏ တပည့်များ အားလုံးက၊ ငြူစူစွာ ကြည့်လာ ကြသည်။
လင်းယွန် တစ်ယောက် အဖြေ ပြန်မပေး နိုင်ခင်၊ မူချင်းချင်းမှာ အဝေးသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။
“ ဒီမိန်းကလေးက တော်တော် စိတ်ဝင် စားဖို့ ကောင်းတယ်။ ”
လင်းယွန်မှ ပြုံးကာ မှတ်ချက် ပြု၏။
“ သူ့ အမည်က မူချင်းချင်း၊ ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေရဲ့ မူ မိသားစုက၊ သခင်မ လေးပဲ၊ ကြက်သွေးရောင် တောင်ကုန်းရဲ့ အလှ တရား ...
... မင်းသာ သူနဲ့ သုံးပေ အနီး ကပ် မိရင်၊ ဓားဂိုဏ်းက လူတွေ အများကြီး၊ မင်းနောက်ကို လိုက်လာ လိမ့်မယ်။ ”
“ အဲဒီလောက် တောင်လား၊ ဒါပေမယ့် ... မင်းနဲ့ ယှဉ်လို့ မရသေး ပါဘူး။ ”
လင်းယွန်က သူမကို မျက်စိမှိတ် ပြပြီး၊ ပြုံးကာ ပြောလိုက်သည်။
“ နင့် ... ၊ ပါးစပ်က စကား ချိုချိုတွေ ပြောတက် တာပဲ။ ”
“ ဒါပေမယ့် ... အခု နည်းနည်းတော့ သတိကြီးရာ ကျနေ မလားလို့၊ သွေ့ရော် ကျွန်း ဆိုတာက၊ အင်ပါ ရီယန် တွေပဲ ဝင်နိုင်တဲ့၊ နေရာ မဟုတ်လား။ ”
မူချင်းချင်း အနားတွင်၊ နဂါး သွေး လွှတ်ကြော နယ်ပယ်နှင့်၊ ပင်မ နတ်ဘုရားများ ပုန်းအောင်း လိုက်ပါ လာသည်ကို၊ ခံစား မိ၏။
“ မဟာ သူတော်စင်က၊ နင် ထင်ထား တာထက်၊ ပိုပြီး တန်ဖိုး ရှိတယ်၊ ရှေးဟောင်း ပျက်သုဉ်း မြေက၊ အင်အားကြီး ဂိုဏ်းတွေ ...
... အားလုံးကို စွဲဆောင် နိုင်တယ်၊ ပင်မ နတ်ဘုရား အချို့တောင်၊ ဒီအတား အဆီးထဲ ဝင်နိုင် မယ်လို့၊ ထင်ကြေး ရှိတယ်။ ”
ယဲ့ဇီလင် စကားကြောင့် လင်းယွန် ခမျာ အံ့ဩ သွားသည်။ ကောင်းကင် ပင်မ နတ်ဘုရား များသာ ဝင်နိုင် ပါက၊ ခက်ရ ချေမည်။
သာလွန် ပင်မ နတ်ဘုရားများ ရှေ့၌၊ သူ့ခွန်အားမှာ အသုံး မဝင်ချေ။ ကောင်းကင် ပင်မ နတ်ဘုရား ဆိုက၊ ပို၍ ဆိုး၏။
“ အင်အားကြီး ဂိုဏ်းတွေရဲ့ နောက်ခံက၊ နင်စိတ်ကူး ကြည့်လို့ ရတဲ့ အရာ မဟုတ်ဘူး၊ ဘယ်လောက်ပဲ ကုန်ကျ ပါစေ၊ မဟာ သူတော်စင် မူလ ပုလဲ နောက်ကို၊ ...
... လိုက်လိမ့်မယ်၊ ကောင်းကင် ပင်မ နတ်ဘုရားတွေ ဝင်လို့ မရနိုင် ပေမယ့်၊ သာလွန် တွေ အတွက် တော့ ကွဲပြား ပါတယ်၊ ဓားဂိုဏ်းက ...
... အမည်ခံ ပင်မ နတ်ဘုရား တစ်ထောင် တိတိကို၊ ဒီခရီး အတွက် ပြင်ဆင် လာခဲ့တယ်၊ သူတို့က သွေ့ရော် ကျွန်းကို ရောက်တာနဲ့၊ အောင်မြင်မှု ရယူပြီး၊ ...
... ပင်မ နတ်ဘုရား တစ်ထောင် အဖြစ် ပြောင်းလဲ လိမ့်မယ်၊ ဒီလို အစီစဉ်မျိုး အခြား ဂိုဏ်းတွေ မှာလည်း ရှိတယ်။ ”
ထိုစကားကို ကြားသော အခါ လင်းယွန်၏ အမူ အရာမှာ လေးနက် လာသည်။
“ သွေ့ရော် ကျွန်းမှာ ... ၊ ဝိညာဉ် စွမ်းအင် တွေ အရမ်း သိပ်သည်းတယ်၊ ဒါကြောင့် အင်ပါ ရီယန် အဆင့်က၊ ထိပ်တန်း ပါရမီရှင် တွေက သူတို့ရဲ့ အင်ပါ ရီယန် ပုလဲကို၊ သူတော်စင် ရူရ်နဲ့ သန့်စင် လိုကြတယ်။ ”
“ အိုး ... ။ ”
ကြားရသည့် စကား များမှာ၊ လင်းယွန်အား အံ့အား သင့်စေသည်။
“ အင်ပါ ရီယန် နယ်ပယ်မှာ ... ၊ အစွမ်း ထက်တဲ့ လူတွေ ကသာ၊ သူတော်စင် ရူရ်ကို စိတ်ကူး ယဉ်ရဲ ကြတယ်၊ မဟုတ်ရင် ပေါက်ကွဲ သွား လိမ့်မယ်၊ ...
... ဒီလုပ်ငန်းစဉ်က အရင်း အမြစ် တော်တော် များများ ကုန်တယ်၊ အဲဒီ ကုန်ကျ စရိတ် အတွက်၊ သွေ့ရော် ကျွန်းမှာ၊ သဘာဝ ရတနာတွေ အများကြီး ရှိတယ်၊ ...
... သူတော်စင် ရူရ် ကိုသာ၊ အင်ပါ ရီယန် ပုလဲမှာ ရေးထွင်း နိုင်ရင်၊ နယ်ပယ် တူခြင်း ပြိုင် ဘက် ကင်းပြီ။ ”
သွေ့ရော် ကျွန်းတွင် အခွင့် အလမ်းများ ပြည့်နှက် နေပုံ ရသည်။
“ ဒါပေမယ့် ... သူတော်စင် ရူရ် လောက်တော့၊ သွေ့ရော် ကျွန်းမှာမှ လုပ်စရာ မလိုဖူး မဟုတ်လား။ ”
ဥပမာ အားဖြင့်၊ ကောင်းကင် ဝိညာဉ် ရေးရာ၊ ဆရာ သခင်များ ဖြစ်သည့်၊ ဓားခန်းမမှ ဖန်ရွှမ်ဇီ ကဲ့သို့သော လူမျိုးသည်၊ သူတော်စင် ရူရ်များကို ကိုယ်တိုင် ရေးဆွဲ နိုင်သည်။
“ သူတို့က သူတော်စင် မူလ ရူရ်ကို၊ လိုချင်တာ၊ နင့်ရဲ့ သွေးမီးတောက် နဂါး ရူရ် လိုပေါ့၊ ကိုယ်တိုင် ရေးဆွဲ တာထက်၊ မွေးရာပါ ရူရ် တစ်လုံးက ပိုအစွမ်း ထက်တယ်။ ”
သူတော်စင် မူလ ရူရ် တစ်လုံး၏ တန်ဖိုးသည်၊ ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်ပြီး၊ ၎င်းပေါ် လာသည့် အခိုက်၊ သေချာပေါက် ရုန်းရင်း ဆန်ခတ်များ ဖြစ်လာ ပေမည်။
“ ဘယ်လို ဘီလူးမျိုး တွေလဲ ... ။ ”
လင်းယွန်မှ တအံ့ တဩ ညည်းတွား လိုက်သည်။
“ ဘာလဲ ... ၊ နင် မဟာ သူတော်စင်ရဲ့၊ သူတော်စင် မူလ ပုလဲကို စိတ်ဝင်စား တယ်လို့ မပြော နဲ့နော်၊ အဲဒါကို မစဉ်း သရွေ့ ... အဆင် ပြေပြီ၊ ရှားပါး ရတနာတွေနဲ့၊ ဆေးဖက်ဝင် အပင် တွေကို ရှာနိုင် ပါလိမ့်မယ်။ ”
ယဲ့ဇီလင်က သတိ ပေးသည်။ ထို့ကြောင့် လင်းယွန်မှာ အပြုံး ဖြင့်သာ တုန့်ပြန် မိပေ၏။ နက္ခတ် အဆင့်ပင် မရောက် သေးဘဲ၊ လင်းယွန် မှ ရန်ဖြစ်ရန် ကြံရွယ်နေ သဖြင့်၊ ယဲ့ဇီလင် တစ်ယောက် မျက်မှောင်ကြုတ် မိသည်။
“ လင်းယွန် ... ၊ သွေ့ရော် ကျွန်းမှာ ဂိုဏ်း ပေါင်းစုံက တပည့်တွေ ရှိလိမ့်မယ်၊ သတ်ဖြတ်မှု တွေကလဲ၊ မလွဲ မသွေ ဖြစ်လာ မှာပဲ၊ နင်နဲ့ တိုက်ခိုက် ခဲ့တဲ့ ...
... အဲဒီ တိုက်ပွဲ တွေမှာ၊ ချင်းတန် ဆိုတာက၊ ပမွှား လေးပါ၊ မူချင်းချင်း တောင် အဝေး ကနေ ရပ်ကြည့် နေရ လိမ့်မယ်။ ”
“ ဒါဆို ဓားဂိုဏ်းက သန်မာတဲ့ လူတွေ မလွှတ် ဖူးလား။ ”
လင်းယွန်မှ မေးသည်။
“ အင်ပါ ရီယန် စတုတ္ထ အဆင့်မှာ ရှိတဲ့၊ ကြက်သွေးရောင် တောင်ကုန်းက၊ စစ်ခုန်ကျိုး ကို လွှတ်ထားတယ်။ ”
ယဲ့ဇီလင်မှ လေးနက်သော အမူ အရာဖြင့် ပြောလာသည်။ သူမ မျက်လုံး များ၌၊ လေးစား မှုကို မြင်နိုင်၏။
“ သူ အခု ဘယ်မှာလဲ။ ”
“ သူတို့လို ဘီလူး တွေရဲ့ ... အနားမှာ၊ အကာ အကွယ် ပေးမယ့် လူတစ်ဦး ... ၊ အမြဲ ရှိတယ်၊ သူတို့ရဲ့ ဦးတည် ရာကို ...
... ဘယ်သူက ထုတ်ပြော မှာလဲ ... ၊ သူ ဒီကို ရောက်နေ နိုင်သလို၊ လမ်း မှာပဲ ရှိရင်လည်း၊ ရှိနေ မှာပါ။ ”
ယဲ့ဇီလင်မှ ပြုံးကာ ပြန်ဖြေသည်။
“ သွေ့ရော် ကျွန်း ရောက်ရင်၊ ငါ့ စကား တွေကို သတိ ရပြီး၊ နင့် လေသံကို နည်းနည်း လျှော့ပါ၊ ဒါနဲ့ ... အခု ချိန်ထိ၊ ပန်းသင်္ချိုင်း သတင်း မကြားရ သေးဖူး၊ သူ လာမယ်လို့ နင် ထင်လား။ ”
ယဲ့ဇီလင်မှ အကြောင်း အရာအား ရုတ်တရက် ပြောင်းပြီး၊ လင်းယွန်ထံ စိတ်ဝင် တစား မေး လာသည်။
လင်းယွန် တစ်ယောက်၊ ပုံရိပ်ယောင် ကိုးပါး နယ်မြေ အတွင်း၊ ကျင့်ကြံ နေသဖြင့်၊ ပန်းသင်္ချိုင်း မှာ ပေါ်လာ နိုင် စရာ နည်းလမ်း မရှိချေ။
“ သူ လာမယ် ထင်တယ်။ ”
လင်းယွန်မှ အနည်းငယ် စဉ်းစား လိုက် ပြီးနောက်၊ ပြန်ဖြေ လာသဖြင့်၊ ယဲ့ဇီလင် ခမျာ သက်ပြင်း ချ လိုက်သည်။
“ တစ်ခါ တလေ၊ ကောင်းကင်ဘုံ ကြယ်ခန်းမမှာ၊ မြင်ခဲ့ ရတာ တွေက အိပ်မက် တစ်ခု ဖြစ်ပြီး၊ ပန်းသင်္ချိုင်း ဆိုတာက၊ ငါ့ စိတ်ကူး ထဲက လူလို့၊ ထင်နေ မိတယ်။ ”
“ ဒါပေမယ့် ... ဒါက အိမ်မက်မှ မဟုတ်တာ။ ”
“ ထားပါ ဒါက ... ၊ အရေး မကြီးဘူး၊ ငါ့ကိုယ်ငါ ထိန်းချုပ်ထား ရမယ်၊ ကဲ ... မင်းရဲ့ မိန်းကလေး လောဆီ၊ သွား မလည် ဖူးလား။ ”
ယဲ့ဇီလင်က ပြုံးရွှင်သော အသွင်ဖြင့်၊ လင်းယွန်အား စနောက်ကာ၊ လှည့်ထွက် သွား တော့သည်။
***